ကုမ္ပဏီတစ်ခုလျှင် စီးရေ (၅၀ဝ) နှုန်းဖြင့် EV ကားတင်သွင်းခွင့် ကုမ္ပဏီအသစ် (၅၁) ခု ထပ်မံ ရရှိ

 1024

အေဝိုင်အီး (NP News ) - ဖေဖော်ဝါရီ ၁၃

ကုမ္ပဏီတစ်ခုလျှင် EV ကား Brand နှစ်မျိုးနှုန်း၊ ကုမ္ပဏီတစ်ခုလျှင် ကားစီးရေ (၅၀ဝ) နှုန်းဖြင့် ကုမ္ပဏီပေါင်း (၅၀)ကျော်ကို တင်သွင်းရောင်းချခွင့်လိုင်စင် အသစ် ထပ်မံချထားပေးလိုက်ကြောင်း သတင်းရရှိသည်။

လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီက ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၃၁) ရက် တွင် ယင်းကဲ့သို့ လုပ်ငန်းလိုင်စင်သစ်များ ထပ်မံချထား ပေးခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီ(၃၀)ရက် အစည်းအဝေးကို တက်ရောက်ခဲ့သော သတင်းရင်းမြစ်တစ်ဦးက NP News ကို အတည်ပြုပြောကြားသည်။

“ကုမ္ပဏီတစ်ခုကို အစီး(၅၀ဝ)အထိ တင်သွင်းခွင့်ပြုမယ်။ ဒါပေမဲ့ ၁၀ ရာခိုင်နှုန်းကို တက္ကစီသွင်းပေးရမယ်။ ပြီးတော့ တင်သွင်းခွင့်မှာ Sale Contract နဲ့ မရတော့ဘူး။ Authorized dealar လိုင်စင်နဲ့မှ ရမယ်။ နောက်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့သံရုံးထောက်ခံချက်တွေ ပါရမယ် ဆိုတဲ့ အချက်တွေနဲ့ ပြန်ချုပ်ထားတယ်” ဟု သတင်းရင်း မြစ်က NP News ကို ပြောသည်။

တင်သွင်းလိုင်စင် ရရှိခဲ့သော ကုမ္ပဏီအသစ်များအနေဖြင့် ယခင်က ခွင့်ပြုချက်ရရှိခဲ့ဖူးသော EV ကား တင်သွင်းခွင့်ရကုမ္ပဏီများနှင့် မတူသောအချက်များကို စတင်ရင်ဆိုင်လာရခြင်း မှာ ယခင်က တင်သွင်းခွင့်ရခဲ့သော ကုမ္ပဏီများ၏ တရားလက်လွတ်လုပ်ဆောင်ခဲ့သော အားနည်းချက်များကြောင့်ဖြစ်ကြောင်းလည်း သိရသည်။
ကုမ္ပဏီတစ်ခုလျှင် ကားစီးရေ (၅၀ဝ) အထိ ဆိုသည်မှာလည်း တစ်ကြိမ်တည်း တင်သွင်းခွင့်ပြု လာစေခြင်းမျိုး မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံထံမှ အော်ဒါမှာယူမှုနှင့် လျှပ်စစ်ကားကြီးကြပ်ရေးဆိုင်ရာကော်မတီထံမှ လိုင်စင် ခွင့်ပြုချက်များ တန်းစီစောင့်ဆိုင်းမှုဆိုသောအဆင့်များကို ဖြတ်သန်းရဦးမည်ဟု ဆိုသည်။
“လိုင်စင်ချပေးလိုက်လို့ ကုမ္ပဏီတွေကချက်ချင်း သွင်းလာ နိုင်မှာလားဆိုတော့ မရပါဘူး။ အနည်းဆုံး သုံးလ လောက်တော့ကြာဦးမယ်။ ပြီးတော့ (၆)လအတွင်း လုပ်ငန်းအကောင်အထည်မပေါ်ရင် လိုင်စင်ပြန်သိမ်းမယ်လို့ ပြောတယ်” ဟု တင်သွင်းခွင့်ရထားပြီးသော ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်အထိတွင် EV ကား တင်သွင်းရထားသော ကုမ္ပဏီပေါင်း (၃၀)ကျော်ရှိထားပြီး ဇန်နဝါရီ(၃၁)ရက်က အသစ်ထပ်မံ ချထားပေးသော ကုမ္ပဏီမှာ(၅၁)ခုအထိ ရှိနေသဖြင့် စုစုပေါင်း ကုမ္ပဏီ(၈၀) ကျော်ရှိလာပြီဖြစ်သည်။

ယင်းအတွက်ကြောင့် ၂၀၂၃ ခုနှစ် ပထမလေးလအတွင်းက စတင်ခဲ့သော လျှပ်စစ်ကားပေါ်လစီ၌ တင်သွင်း ခွင့်ရထားသောကုမ္ပဏီ(၃၀)ကျော်၏ Brand အမှတ်တံဆိပ်များနှင့် အသစ်ထပ်မံရရှိခဲ့သော လိုင်စင်ရကုမ္ပဏီ (၅၁)ခု၏ EV ကား Brand အမှတ်တံဆိပ်တို့မှာ တူညီ လာနိုင်သည့်သဘောမျိုးလည်း ရှိနေသည်။ သို့သော်လည်း လက်ရှိအသစ်တင်သွင်းခွင့်ရထားသော ကုမ္ပဏီ (၅၁)ခုထဲတွင် BMW ၊ Hondai အစရှိသော ကားအ မျိုးအစားများ ပါဝင်လာနေကြောင်း သိရသည်။ ယင်း အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက တင်သွင်းခွင့်ပြုခဲ့သော ကုမ္ပဏီ (၅၁)ခုထံမှ ကားစီးရေ(၂၅၀ဝဝ)ကျော် ဝင်ရောက်လာတော့မည့်သဘောလည်း ဖြစ်နေသည်။

Zawgyi Version;
ကုမၸဏီတစ္ခုလွ်င္ စီးေရ (၅၀ဝ) ႏႈန္းျဖင့္ EV ကားတင္သြင္းခြင့္ ကုမၸဏီအသစ္ (၅၁) ခု ထပ္မံ ရရွိ
ေအဝိုင္အီး (NP News ) - ေဖေဖာ္ဝါရီ ၁၃

ကုမၸဏီတစ္ခုလွ်င္ EV ကား Brand ႏွစ္မ်ိဳးႏႈန္း၊ ကုမၸဏီတစ္ခုလွ်င္ ကားစီးေရ (၅၀ဝ) ႏႈန္းျဖင့္ ကုမၸဏီေပါင္း (၅၀)ေက်ာ္ကို တင္သြင္းေရာင္းခ်ခြင့္လိုင္စင္ အသစ္ ထပ္မံခ်ထားေပးလိုက္ေၾကာင္း သတင္းရရွိသည္။

လွ်ပ္စစ္သုံးယာဥ္ႏွင့္ဆက္စပ္လုပ္ငန္းမ်ား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ တင္သြင္း၊ တင္ပို႔ တပ္ဆင္ထုတ္လုပ္မႈျမႇင့္တင္ေရး လုပ္ငန္းေကာ္မတီက ၂၀၂၄ ခုႏွစ္ ဇန္နဝါရီ (၃၁) ရက္ တြင္ ယင္းကဲ့သို႔ လုပ္ငန္းလိုင္စင္သစ္မ်ား ထပ္မံခ်ထား ေပးခဲ့ျခင္းျဖစ္ေၾကာင္း ဇန္နဝါရီ(၃၀)ရက္ အစည္းအေဝးကို တက္ေရာက္ခဲ့ေသာ သတင္းရင္းျမစ္တစ္ဦးက NP News ကို အတည္ျပဳေျပာၾကားသည္။

“ကုမၸဏီတစ္ခုကို အစီး(၅၀ဝ)အထိ တင္သြင္းခြင့္ျပဳမယ္။ ဒါေပမဲ့ ၁၀ ရာခိုင္ႏႈန္းကို တကၠစီသြင္းေပးရမယ္။ ၿပီးေတာ့ တင္သြင္းခြင့္မွာ Sale Contract နဲ႔ မရေတာ့ဘူး။ Authorized dealar လိုင္စင္နဲ႔မွ ရမယ္။ ေနာက္ၿပီး သက္ဆိုင္ရာႏိုင္ငံရဲ႕သံ႐ုံးေထာက္ခံခ်က္ေတြ ပါရမယ္ ဆိုတဲ့ အခ်က္ေတြနဲ႔ ျပန္ခ်ဳပ္ထားတယ္” ဟု သတင္းရင္း ျမစ္က NP News ကို ေျပာသည္။

တင္သြင္းလိုင္စင္ ရရွိခဲ့ေသာ ကုမၸဏီအသစ္မ်ားအေနျဖင့္ ယခင္က ခြင့္ျပဳခ်က္ရရွိခဲ့ဖူးေသာ EV ကား တင္သြင္းခြင့္ရကုမၸဏီမ်ားႏွင့္ မတူေသာအခ်က္မ်ားကို စတင္ရင္ဆိုင္လာရျခင္း မွာ ယခင္က တင္သြင္းခြင့္ရခဲ့ေသာ ကုမၸဏီမ်ား၏ တရားလက္လြတ္လုပ္ေဆာင္ခဲ့ေသာ အားနည္းခ်က္မ်ားေၾကာင့္ျဖစ္ေၾကာင္းလည္း သိရသည္။
ကုမၸဏီတစ္ခုလွ်င္ ကားစီးေရ (၅၀ဝ) အထိ ဆိုသည္မွာလည္း တစ္ႀကိမ္တည္း တင္သြင္းခြင့္ျပဳ လာေစျခင္းမ်ိဳး မဟုတ္ဘဲ သက္ဆိုင္ရာႏိုင္ငံထံမွ ေအာ္ဒါမွာယူမႈႏွင့္ လွ်ပ္စစ္ကားႀကီးၾကပ္ေရးဆိုင္ရာေကာ္မတီထံမွ လိုင္စင္ ခြင့္ျပဳခ်က္မ်ား တန္းစီေစာင့္ဆိုင္းမႈဆိုေသာအဆင့္မ်ားကို ျဖတ္သန္းရဦးမည္ဟု ဆိုသည္။
“လိုင္စင္ခ်ေပးလိုက္လို႔ ကုမၸဏီေတြကခ်က္ခ်င္း သြင္းလာ ႏိုင္မွာလားဆိုေတာ့ မရပါဘူး။ အနည္းဆုံး သုံးလ ေလာက္ေတာ့ၾကာဦးမယ္။ ၿပီးေတာ့ (၆)လအတြင္း လုပ္ငန္းအေကာင္အထည္မေပၚရင္ လိုင္စင္ျပန္သိမ္းမယ္လို႔ ေျပာတယ္” ဟု တင္သြင္းခြင့္ရထားၿပီးေသာ ကုမၸဏီတစ္ခုမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိအခ်ိန္အထိတြင္ EV ကား တင္သြင္းရထားေသာ ကုမၸဏီေပါင္း (၃၀)ေက်ာ္ရွိထားၿပီး ဇန္နဝါရီ(၃၁)ရက္က အသစ္ထပ္မံ ခ်ထားေပးေသာ ကုမၸဏီမွာ(၅၁)ခုအထိ ရွိေနသျဖင့္ စုစုေပါင္း ကုမၸဏီ(၈၀) ေက်ာ္ရွိလာၿပီျဖစ္သည္။

ယင္းအတြက္ေၾကာင့္ ၂၀၂၃ ခုႏွစ္ ပထမေလးလအတြင္းက စတင္ခဲ့ေသာ လွ်ပ္စစ္ကားေပၚလစီ၌ တင္သြင္း ခြင့္ရထားေသာကုမၸဏီ(၃၀)ေက်ာ္၏ Brand အမွတ္တံဆိပ္မ်ားႏွင့္ အသစ္ထပ္မံရရွိခဲ့ေသာ လိုင္စင္ရကုမၸဏီ (၅၁)ခု၏ EV ကား Brand အမွတ္တံဆိပ္တို႔မွာ တူညီ လာႏိုင္သည့္သေဘာမ်ိဳးလည္း ရွိေနသည္။ သို႔ေသာ္လည္း လက္ရွိအသစ္တင္သြင္းခြင့္ရထားေသာ ကုမၸဏီ (၅၁)ခုထဲတြင္ BMW ၊ Hondai အစရွိေသာ ကားအ မ်ိဳးအစားမ်ား ပါဝင္လာေနေၾကာင္း သိရသည္။ ယင္း အျပင္ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလကုန္ပိုင္းက တင္သြင္းခြင့္ျပဳခဲ့ေသာ ကုမၸဏီ (၅၁)ခုထံမွ ကားစီးေရ(၂၅၀ဝဝ)ေက်ာ္ ဝင္ေရာက္လာေတာ့မည့္သေဘာလည္း ျဖစ္ေနသည္။

Related news

© 2021. All rights reserved.