မြန်မာနိုင်ငံသား (၆၈၈၀)ထက်မနည်း အသတ်ခံရပြီးသော်လည်း . . . .

23545

မြူနစ် (NP News) - ဖေဖော်ဝါရီလ - ၁၄
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက် နိုင်ငံအတွင်း၌ ပဋိပက္ခများစွာ ဖြစ်ပွားလျက်ရှိသည်။
ယင်းကဲ့သို့ ပဋိပက္ခများစွာအနက် မြန်မာနိုင်ငံသား အချင်းချင်း ရက်စက်စွာသတ်ဖြတ်နေသည့် ဖြစ်စဉ် များသည်လည်း ပိုမိုဖြစ်ပွားနေလျက်ရှိသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်အထိ PDF အမည်ခံ အကြမ်းဖက်သမား များ၏ သတ်ဖြတ်ခြင်းကို ရဟန်းသံဃာအပါအဝင် လူပုဂ္ဂိုလ်ပေါင်း (၆၈၈၀)ဦး ခံခဲ့ရကြောင်း လက်ရှိနိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား ထား သည်။ ရဟန်းသံဃာ (၇၇)ပါး၊ သီလရှင် (၂)ပါး၊ အပြစ်မဲ့ပြည်သူ (၅၆၇၇) ဦးနှင့် နိုင်ငံ့ဝန်ထမ်း (၁၁၂၄)ဦး စုစုပေါင်း (၆၈၈၀)ဦးသည် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ ရသည်ဟု နိုင်ငံတော်အကြီးအကဲ က ပြောသည်။
ထိုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်များသည် မြန်မာနိုင်ငံသားအချင်းချင်းကြား ဖြစ်ပွားနေခြင်းဖြစ်ပြီး PDF အမည်ခံ အကြမ်းဖက်သမားများက သတ်ဖြတ်မှုများရှိနေသကဲ့သို့ သွေးသောက်အဖွဲ့ အမည်ခံ အကြမ်း ဖက်သမားများကလည်း သတ်ဖြတ် မှုများ ရှိနေသည်။ အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်များထဲတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဓားအသုံးပြုကာ အုပ်စုလိုက် လည်လှီးသတ်ဖြတ်ခြင်း၊ ဓားဖြင့်ခုတ်သတ်ခြင်း၊ မီးရှို့ သတ်ဖြတ်ခြင်း စသော ဖြစ်စဉ်များရှိခဲ့သည်။ ထို့ပြင် ယင်းကဲ့သို့ အကြမ်း ဖက်သတ်ဖြတ်ခံရမှုဖြစ်စဉ်များ ထဲ တွင်လည်း မိသားစုလိုက်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။ အကြမ်းဖက် သတ် ဖြတ်ခံ ရသူများသည် များသောအားဖြင့် သတင်းပေး၊ ဒလန် ဟု စွပ်စွဲကာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သကဲ့သို့ အကြမ်းဖက်အားပေးဆိုသော စွပ်စွဲမှုမျိုးဖြင့်လည်း သတ်ဖြတ်ခံခဲ့ရမှုများ ရှိခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်သတ်ဖြတ်မှုဖြစ် စဉ်အမျိုးမျိုးထဲတွင် မိသားစုဝင် (၃)ဦးနှင့်အထက် အပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရ သော ဖြစ်စဉ် (၇၆) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ပလောက်မြို့ ညောင်ရှင် ကုန်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်အောင် အပါအဝင် မိသားစုဝင် (၇) ဦးစလုံးသည် အကြမ်း ဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း နစ ကထံမှ သိရသည်။ ဦးမြင့်အောင်နှင့်အတူ ၎င်း၏ဇနီး၊ မြေးများဖြစ်သော အသက် (၁၇) နှစ်အရွယ် မောင် နေထက်သိန်း၊ (၁၆)နှစ်အရွယ် မောင်ဇေယျာအောင်၊ (၁၃) နှစ်အရွယ် မောင်စိုးမင်းပိုင်း၊ (၉)နှစ်အရွယ် မမေဇင်ဖြူနှင့် တစ်နှစ်အရွယ်ကလေးတို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
အလားတူ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် လည်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နန္ဒဝန်ရပ် ကွက် တွင်နေထိုင်သော ဦးထွန်းဝင်း၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်မြင့်မာအေး၊ ဒေါ်မြင့်မာအေး၏မောင်ဖြစ်သူ ကို သန်းဇော်တို့သည် နေအိမ်အတွင်းရှိနေစဉ် အကြမ်းဖက်သမား (၃) ဦးက သေနတ်ဖြင့် ဝင် ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။ ဦးထွန်းဝင်းနှင့် မိသားစုဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များနှင့် ရင်းနှီး သူများဖြစ်သဖြင့် ဒလန်ဟု စွပ်စွဲခံရကာ သတ်ဖြတ်ခံခဲ့ ရခြင်းဖြစ်နိုင်ကြောင်း နစကဘက်က ဆိုသည်။
ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် တစ်ရက်တည်းတွင်လည်း မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် သရက်ကန်ကျေးရွာနှင့် မြင်းဦးလှည့် ကျေးရွာတို့တွင် သံဃာတော်တစ်ပါးအပါအဝင် (၅)ဦးသည် အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ထို့ပြင် လတ်တလောကာလ၌ လူငယ်(၂)ဦးကို သံကြိုးဖြင့်တုပ်ကာ အရှင်လတ်လတ်မီးရှို့ သတ်ဖြတ် သည့် ဖြစ်စဉ်တစ်ရပ်သည်လည်း မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော် တာဝန်ရယူထားသည့် နစက အစိုးရအနေ ဖြင့် အပြည့်အဝအကာအကွယ်ပေးနိုင်ခြင်း မရှိသကဲ့ သို့ အကြမ်း ဖက်သမားများအနေဖြင့်လည်း ရက်စက် စွာသတ်ဖြတ်နေမှုများကို ရပ်တန့်ခြင်း မရှိသေးပေ။
“တကယ်တော့ မြေပြင်မှာ အဲဒီလောက်မကဘူး ပိုပြီးတော့များတယ်။ စစ်တမ်းကောက်နိုင်တဲ့ဟာ လောက်ပဲ အဲဒီလောက်ရှိတာ။ စစ်တမ်းမကောက် နိုင်ဘဲနဲ့ သတ်ဖြတ်ခံရတဲ့မိသားစုတွေ၊ လူတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေ ဒါထက်ပိုများတာတော့ ခန့်မှန်းမိတယ်။ ဒါတွေက ဘယ်သူ့ပေါ်မှာ တာဝန်ရှိသလဲဆိုတော့ တိုင်းပြည်တစ်ပြည်မှာကတော့ တိုင်းပြည်ကို အုပ်ချုပ် တဲ့သူတွေမှာ တာဝန်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေမဲ့တာကိုး။ အဲဒီလို မစီမံနိုင်တဲ့အခါမှာ အကြမ်း ဖက်မှုတွေ နေရာတိုင်းမှာ ဖြစ်လာ တယ်။ ဒါကြောင့် မို့လို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတော့ အကြမ်းဖက်လိုတဲ့သူတွေနဲ့ အုပ်ချုပ်တဲ့သူတွေ အဲဒီ နှစ်ဖက်စလုံးမှာ တာဝန်ရှိတာပေါ့”ဟု စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊ IBEC ဆရာတော် ဦးသောဘိတက NP News ကို သုံးသပ်မိန့်ကြားသည်။
တိုင်းပြည်ကို အုပ်ချုပ်သူများအနေဖြင့် ပြည်သူ ကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်မှုမပေးနိုင်ကြောင်းနှင့် သတ်ဖြတ်နေသူများသည်လည်း သမိုင်းတရားခံများ ဖြစ်လာမည်ဟု ဆရာတော်ဦးသောဘိတ က ဝေဖန်မိန့်ကြားထားသည်။
“ အုပ်ချုပ်တဲ့သူတွေက တိုင်းပြည်ကို တည်ငြိမ် အောင် ဥပဒေအတိုင်းလွှမ်းမိုးအောင် ဥပဒေအရ မစီမံနိုင်တဲ့အခါမှာ အုပ်ချုပ်တာမခေါ်ဘူးပေါ့ကွာ။ ပြည်သူကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ရမယ့် အချိန်အခါကာလမှာ စောင့်ရှောက်မှုမပေးနိုင်တဲ့အတွက် အုပ်ချုပ်သူလူတန်းစားရဲ့ အရည်အချင်း
ညံ့ဖျင်းမှုလို့ အကြမ်းဖျင်းပြောလို့ရတာပေါ့။ တစ်ဖက်ကလည်း သတ်ဖြတ်တာမျိုးတွေကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချပြီးလုပ်တာကလည်း သမိုင်းမှာတရားခံတွေ ဖြစ်လာကြမှာ” ဟု ဦးသောဘိတက မိန့်ကြားသည်။
ထို့ပြင် အပြစ်မဲ့ပြည်သူလူထုကို အုပ်စုလိုက် အကြမ်းဖက်သတ်ဖြတ်နေခြင်းသည် ပွင့်ပွင့် လင်းလင်းပြော ဆိုပါက (၁၈)ရာစု၏ တောတွင်းယဉ် ကျေးမှုအဆင့်လောက်သာရှိကြောင်းလည်း IBEC ဆရာတော်က မိန့်ကြားသည်။
“နောက်ပိုင်းမှာ အကြမ်းဖက်တဲ့လူတွေ အပြစ် မဲ့ပြည်သူလူထုကို အုံနဲ့ကျင်းနဲ့ သတ်ဖြတ်တယ်ဆိုတာ တွေက ပွင့်ပွင့်လင်းလင်းပြောရတော့ (၁၈)ရာစုက တောတွင်းယဉ်ကျေးမှုတွေအဆင့်လောက်ပဲရှိတယ်။ (၂၁)ရာစုမှာ ကမ္ဘာကြီးပေါ်မှာ ဒါတွေက ဘယ် သူမှလည်း လက်မခံဘူး” ဟု ဆရာတော်က မိန့်ကြား သည်။
ဆက်လက်ပြီး ဆရာတော်ဦးသောဘိတက “ တို့ နိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့သိရမှာက လူတွေကို မမုန်းဘဲနဲ့ အကြမ်းဖက်ရင် အကြမ်းဖက်တာကို မုန်းရမှာ။ ဥပဒေကို မလေးစားဘူးဆို ဥပဒေမလေးစား တာကို မုန်းရမှာ။ တို့က အပြစ်တွေနဲ့ အကြမ်းဖက်မှု တွေကို မမုန်းဘဲနဲ့ လူတွေကိုမုန်းနေတဲ့ ပြဿနာပေါ့။ အဲဒီလိုဖြစ်အောင်လည်း ခေတ်အဆက်ဆက်မှာ ဆောင်ရွက်ခဲ့ကြတဲ့လူတွေရဲ့ ချင်း(ဂျင်း)တွေပေါ့ နော်။ သူတို့ရဲ့တာဝန်တွေပေါ့။ ပစ္စုပ္ပန်မှာလည်း ဒါတွေဟာ တာဝန်ရှိသလို အတိတ်က လူတွေလည်း တာဝန်ရှိတယ်။ အကြမ်းဖက်တဲ့ အုပ်စုတွေမှာလည်း တာဝန်ရှိသလို အုပ်ချုပ်တဲ့သူတွေက တိုင်းပြည်ကို တကယ်တည်ငြိမ်အောင် မဆောင်ရွက်နိုင်တဲ့အတွက် သူတို့မှာလည်း တာဝန်ရှိတယ်”ဟု မိန့်ကြားသည်။
ထို့ပြင် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်များနှင့်ပတ်သက်၍လည်း အစိုးရအဖွဲ့၊ လုံခြုံရေးအဖွဲ့အစည်းနှင့် ပြည်သူလူထု တို့ ပူးပေါင်းကာ ကာကွယ်ရန် တာဝန်ရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ယာယီဥက္ကဋ္ဌ ဦးမြင့်မောင် ထွန်းက NP News ကို သုံးသပ်ပြောကြား သည်။
“ အစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းတယ်။ နောက် တစ်ခါ တာဝန်ရှိတဲ့လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ ပါဝင် ဆောင်ရွက်နိုင်မှုအပိုင်းမှာလည်း လိုအပ်ချက်တွေ ရှိနေတယ်လို့မြင်တယ်။ နောက် ကျန်တဲ့ ပြည်သူလူထု ကလည်း မိမိအန္တရာယ်ကို ထိန်းသိမ်းကာကွယ်ဖို့ သွားတာ၊ လာတာနေထိုင်တာကအစ သတိပြုနိုင်ဖို့နဲ့ အဲဒီအကြမ်းဖက်တွေကို ပူးပေါင်းတိုက်ဖျက်ဖို့ လက်နက်ကိုင်ပြီး တိုက်ဖျက်တာ မဟုတ်သေးဘူးပေါ့။ ကျွန်တော်တို့က ရရှိတဲ့သတင်းတွေကို တာဝန်ရှိတဲ့ သူတွေကို သတင်းပေးဖော်ထုတ်ပြီးတော့ အမြန်ဆုံး ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ ပြည်သူလူထုမှာလည်း တာဝန်ရှိပါတယ်။ (၃)ဦး (၃)ဖလှယ်တာဝန်ရှိတယ်လို့ မြင်ပါတယ်”ဟု ဦးမြင့်မောင်ထွန်းက ပြောသည်။ပြည်သူလူထုကို ထိထိရောက်ရောက် အကာအ ကွယ်ပေးရန် အစိုးရ၊ လုံခြုံရေးအဖွဲ့အစည်းများသည် တာဝန်အရှိဆုံးဖြစ်ပြီး များပြားလှသည့်တာဝန်များ ကြောင့် အားနည်းနေသည့်သဘောမျိုးရှိကြောင်း လည်း ၎င်းက ဆက်လက်ပြောသည်။
အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်များသည် တိုင်းနှင့် ပြည်နယ်အားလုံးနီးပါးတွင် ဖြစ်ပွားခဲ့သော် လည်း အများစုမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အဓိက ဖြစ်ပွားခဲ့သည်ကို အချက်အလက်များအရ သိရသည်။
“ အခုဟာက စစ်တိုက်တာမဟုတ်တော့ ဘဲနဲ့ လူသတ်တာတွေပဲ အမြဲတမ်းတွေ့နေရတာ။ ဒါကပြောရရင် စစ်ပွဲဆိုင်ရာ ကျင့်ဝတ်တွေအရ ဘယ်သူပဲ ချိုးဖောက်ချိုးဖောက် ဒါရာဇဝတ်မှုတွေပဲ။ ကျွန်တော်ကတော့ အဲဒီလိုမြင်ပါတယ်။ ဒါကြောင့် အခုဟာက ကြာလာရင် စစ်ဖြစ်တာ မဟုတ်တော့ဘဲနဲ့ အငြိုးတကြီးနဲ့ တစ်ယောက်ကိုတစ်ယောက် သတ်မယ်၊ လက်စားချေမယ်ဆိုတာမျိုး ဖြစ်လာရင် တိုင်း ပြည်က ဒါတွေပြီးသွားရင်တောင် ပြန်ပြီးတော့ တည်ဆောက်ဖို့ ခက်လိမ့်မယ်လို့ ကျွန်တော်က မြင်တယ်”ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက NP News ကို သုံးသပ်ပြောကြားသည်။
ယင်းကဲ့သို့ အငြိုးတကြီးသတ်ဖြတ်နေသည့် ဖြစ်စဉ် များကြောင့် နိုင်ငံ၏ယဉ်ကျေးမှုသည် အတော်ပင် ပျက်စီးသွားသော အခြေအနေမျိုးဖြစ်ပေါ်နေသည် ဟုလည်း သုံးသပ်ထားသည်။
“ အခုဟာက ဘာကျင့်ဝတ်မှ မရှိတော့ဘူး။ ဖြစ်နေတာက သူဦး သူသတ်၊ ကိုယ်ဦး ကိုယ်သတ် ဆိုတာမျိုး။ တိုင်တဲ့သူတွေလည်း ဒလန်သူလျှိုဆိုပြီး တော့ စွပ်စွဲပြီး သတ်တာမျိုးဖြစ်နေတာက ပြောရရင် ယဉ်ကျေးမှုတော်တော်ကို ပျက်စီးသွားတဲ့ အခြေအနေလို့ မြင်ပါတယ်”ဟု ပြည်သူ့ပါတီဥက္ကဋ္ဌက ဆက် လက်ပြောသည်။ ထို့ကြောင့် ဘက်အသီးသီးရှိ ခေါင်း ဆောင်များအနေဖြင့် အကြမ်းဖက်မှုများ၊ စစ်ပွဲများကို အမြန်ဆုံး ရပ်တန့်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဦးကိုကိုကြီးက ထပ်မံတိုက်တွန်း ပြောကြားသည်။
“ အဓိကတော့ နိုင်ငံရေးပြဿနာကနေစပြီး အခြေတည်တာပဲ။ နိုင်ငံရေးပြဿနာကနေ နောက်တော့ ဘာဖြစ်လာလဲဆိုတော့ တစ်ဖက် အကျိုးစီးပွား ပြဿနာတွေပါ ပါလာတယ်။ နောက်တော့ တကယ့် ကို အငြိုးတကြီးနဲ့ နာနာကြည်းကြည်းနဲ့ တစ်ယောက် ကိုတစ်ယောက် သတ်ဖြတ်တဲ့ပုံစံ ပေါ်လာတာ။ စစ် တိုက်တာနဲ့မတူတော့ဘူး။ နာနာကြည်းကြည်းနဲ့ သတ်ဖြတ်တဲ့ပုံစံမျိုး ဖြစ်လာတယ်။ ဆိုတော့ ဒါက တစ်စုံလုံးကို ပြန်သုံးသပ်ပြီးတော့ ဘက်အသီးသီးက ခေါင်းဆောင်တွေက ဒီကိစ္စကို အမြန်ဆုံးရပ်တန့်ဖို့ လိုတယ်။ အဲဒီတော့ ကျွန်တော်ဆိုလိုချင်တာက နိုင်ငံရေးပြဿနာ အဆုံးစွန် မဖြေရှင်းနိုင်ရင် တောင် မှ အကြမ်းဖက်မှုတွေကို၊ စစ်ပွဲတွေကို အမြန်ဆုံး ရပ်တန့်ဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြော သည်။
လက်ရှိတွင် နိုင်ငံအတွင်းရှိ ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့်အတူ အားပေးထောက်ခံသူ၊ ဝန်းရံသူများသည် အကြမ်းဖက်သတ်ဖြတ်နေသော ဖြစ်စဉ်များကို စိတ်ကုန်မုန်းတီးခြင်း မရှိသေးဘဲ အမုန်းတရားနှင့်ရန်ငြိုး ရန်စများကို ဆက်လက်မွေးမြူ နေသည့်သဘောရှိနေသည်။ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်အ ထိ မြန်မာနိုင်ငံသားအချင်းချင်း လုပ်ကြံသတ်ဖြတ်မှု ကြောင့် လူဦးရေပေါင်း (၆၈၈၀)ဦး သေဆုံးခဲ့ရပြီး ထပ်မံ၍ လည်း နိုင်ငံသားများ သေဆုံးရနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရလျက်ရှိသည်။ မြန်မာနိုင် ငံ၏ပြဿနာကို မြန်မာနိုင်ငံသားများသာ အဓိက ဖြေရှင်းရမည်ဖြစ်ပြီး အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေမှုနှင့် စစ်ပွဲများကို ရပ်တန့်ရန်လိုအပ်နေပြီဖြစ် ကြောင်း တိုက်တွန်းပြောဆိုမှုများလည်း ရှိနေသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ပဋိပက္ခတွင် ပါဝင်နေ သည့် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေဖြင့် အနာဂတ်နိုင်ငံတော်အတွက်မျှော်တွေးကာ အ ပြန်အလှန် အကြမ်းဖက်သတ်ဖြတ်နေမှုများကို လုံးဝ ရပ်တန့်ရန် လိုအပ်နေပြီ ဖြစ်သည်။

Zawgyi Version;
ျမန္မာႏိုင္ငံသား (၆၈၈၀)ထက္မနည္း အသတ္ခံရၿပီးေသာ္လည္း . . . .
ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီလ - ၁၄
ျမန္မာႏိုင္ငံတြင္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ ႏိုင္ငံအတြင္း၌ ပဋိပကၡမ်ားစြာ ျဖစ္ပြားလ်က္ရွိသည္။
ယင္းကဲ့သို႔ ပဋိပကၡမ်ားစြာအနက္ ျမန္မာႏိုင္ငံသား အခ်င္းခ်င္း ရက္စက္စြာသတ္ျဖတ္ေနသည့္ ျဖစ္စဥ္ မ်ားသည္လည္း ပိုမိုျဖစ္ပြားေနလ်က္ရွိသည္။
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္အထိ PDF အမည္ခံ အၾကမ္းဖက္သမား မ်ား၏ သတ္ျဖတ္ျခင္းကို ရဟန္းသံဃာအပါအဝင္ လူပုဂၢိဳလ္ေပါင္း (၆၈၈၀)ဦး ခံခဲ့ရေၾကာင္း လက္ရွိႏိုင္ငံေတာ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကား ထား သည္။ ရဟန္းသံဃာ (၇၇)ပါး၊ သီလရွင္ (၂)ပါး၊ အျပစ္မဲ့ျပည္သူ (၅၆၇၇) ဦးႏွင့္ ႏိုင္ငံ့ဝန္ထမ္း (၁၁၂၄)ဦး စုစုေပါင္း (၆၈၈၀)ဦးသည္ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ ရသည္ဟု ႏိုင္ငံေတာ္အႀကီးအကဲ က ေျပာသည္။
ထိုကဲ့သို႔ အၾကမ္းဖက္သတ္ျဖတ္မႈျဖစ္စဥ္မ်ားသည္ ျမန္မာႏိုင္ငံသားအခ်င္းခ်င္းၾကား ျဖစ္ပြားေနျခင္းျဖစ္ၿပီး PDF အမည္ခံ အၾကမ္းဖက္သမားမ်ားက သတ္ျဖတ္မႈမ်ားရွိေနသကဲ့သို႔ ေသြးေသာက္အဖြဲ႕ အမည္ခံ အၾကမ္း ဖက္သမားမ်ားကလည္း သတ္ျဖတ္ မႈမ်ား ရွိေနသည္။ အၾကမ္းဖက္သတ္ျဖတ္မႈျဖစ္စဥ္မ်ားထဲတြင္ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ျခင္း၊ ဓားအသုံးျပဳကာ အုပ္စုလိုက္ လည္လွီးသတ္ျဖတ္ျခင္း၊ ဓားျဖင့္ခုတ္သတ္ျခင္း၊ မီးရႈိ႕ သတ္ျဖတ္ျခင္း စေသာ ျဖစ္စဥ္မ်ားရွိခဲ့သည္။ ထို႔ျပင္ ယင္းကဲ့သို႔ အၾကမ္း ဖက္သတ္ျဖတ္ခံရမႈျဖစ္စဥ္မ်ား ထဲ တြင္လည္း မိသားစုလိုက္၊ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခံခဲ့ရသည့္ ျဖစ္စဥ္မ်ား ရွိခဲ့သည္။ အၾကမ္းဖက္ သတ္ ျဖတ္ခံ ရသူမ်ားသည္ မ်ားေသာအားျဖင့္ သတင္းေပး၊ ဒလန္ ဟု စြပ္စြဲကာ သတ္ျဖတ္ခံခဲ့ရျခင္းျဖစ္သကဲ့သို႔ အၾကမ္းဖက္အားေပးဆိုေသာ စြပ္စြဲမႈမ်ိဳးျဖင့္လည္း သတ္ျဖတ္ခံခဲ့ရမႈမ်ား ရွိခဲ့သည္။
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားလ်က္ရွိေသာ အၾကမ္းဖက္သတ္ျဖတ္မႈျဖစ္ စဥ္အမ်ိဳးမ်ိဳးထဲတြင္ မိသားစုဝင္ (၃)ဦးႏွင့္အထက္ အပါအဝင္ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခံခဲ့ရ ေသာ ျဖစ္စဥ္ (၇၆) ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့သည္။ ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၁ ရက္တြင္ တနသၤာရီတိုင္းေဒသႀကီး ပေလာက္ၿမိဳ႕ ေညာင္ရွင္ ကုန္းေက်း႐ြာ၏ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးျမင့္ေအာင္ အပါအဝင္ မိသားစုဝင္ (၇) ဦးစလုံးသည္ အၾကမ္း ဖက္သမားမ်ား၏ သတ္ျဖတ္ျခင္းကို ခံခဲ့ရေၾကာင္း နစ ကထံမွ သိရသည္။ ဦးျမင့္ေအာင္ႏွင့္အတူ ၎၏ဇနီး၊ ေျမးမ်ားျဖစ္ေသာ အသက္ (၁၇) ႏွစ္အ႐ြယ္ ေမာင္ ေနထက္သိန္း၊ (၁၆)ႏွစ္အ႐ြယ္ ေမာင္ေဇယ်ာေအာင္၊ (၁၃) ႏွစ္အ႐ြယ္ ေမာင္စိုးမင္းပိုင္း၊ (၉)ႏွစ္အ႐ြယ္ မေမဇင္ျဖဴႏွင့္ တစ္ႏွစ္အ႐ြယ္ကေလးတို႔ အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္ခံခဲ့ရျခင္းျဖစ္သည္။
အလားတူ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္တြင္ လည္း စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕ နႏၵဝန္ရပ္ ကြက္ တြင္ေနထိုင္ေသာ ဦးထြန္းဝင္း၊ ၎၏ဇနီးျဖစ္သူ ေဒၚျမင့္မာေအး၊ ေဒၚျမင့္မာေအး၏ေမာင္ျဖစ္သူ ကို သန္းေဇာ္တို႔သည္ ေနအိမ္အတြင္းရွိေနစဥ္ အၾကမ္းဖက္သမား (၃) ဦးက ေသနတ္ျဖင့္ ဝင္ ေရာက္ပစ္ခတ္ သတ္ျဖတ္ခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။ ဦးထြန္းဝင္းႏွင့္ မိသားစုဝင္မ်ားသည္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ ရင္းႏွီး သူမ်ားျဖစ္သျဖင့္ ဒလန္ဟု စြပ္စြဲခံရကာ သတ္ျဖတ္ခံခဲ့ ရျခင္းျဖစ္ႏိုင္ေၾကာင္း နစကဘက္က ဆိုသည္။
ယခု ၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလ ၅ ရက္ တစ္ရက္တည္းတြင္လည္း မႏၲေလးတိုင္းေဒသႀကီး မလႈိင္ၿမိဳ႕နယ္ သရက္ကန္ေက်း႐ြာႏွင့္ ျမင္းဦးလွည့္ ေက်း႐ြာတို႔တြင္ သံဃာေတာ္တစ္ပါးအပါအဝင္ (၅)ဦးသည္ အၾကမ္းဖက္သမားမ်ား၏ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံသတ္ျဖတ္ျခင္းကို ခံခဲ့ရသည္။
ထို႔ျပင္ လတ္တေလာကာလ၌ လူငယ္(၂)ဦးကို သံႀကိဳးျဖင့္တုပ္ကာ အရွင္လတ္လတ္မီးရႈိ႕ သတ္ျဖတ္ သည့္ ျဖစ္စဥ္တစ္ရပ္သည္လည္း ျမန္မာႏိုင္ငံအတြင္း၌ ျဖစ္ပြားခဲ့သည္။ အဆိုပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္ တာဝန္ရယူထားသည့္ နစက အစိုးရအေန ျဖင့္ အျပည့္အဝအကာအကြယ္ေပးႏိုင္ျခင္း မရွိသကဲ့ သို႔ အၾကမ္း ဖက္သမားမ်ားအေနျဖင့္လည္း ရက္စက္ စြာသတ္ျဖတ္ေနမႈမ်ားကို ရပ္တန႔္ျခင္း မရွိေသးေပ။
“တကယ္ေတာ့ ေျမျပင္မွာ အဲဒီေလာက္မကဘူး ပိုၿပီးေတာ့မ်ားတယ္။ စစ္တမ္းေကာက္ႏိုင္တဲ့ဟာ ေလာက္ပဲ အဲဒီေလာက္ရွိတာ။ စစ္တမ္းမေကာက္ ႏိုင္ဘဲနဲ႔ သတ္ျဖတ္ခံရတဲ့မိသားစုေတြ၊ လူေတြ၊ အျပစ္မဲ့ျပည္သူေတြ၊ အစိုးရဝန္ထမ္းေတြ၊ ဆရာ၊ ဆရာမေတြ ဒါထက္ပိုမ်ားတာေတာ့ ခန႔္မွန္းမိတယ္။ ဒါေတြက ဘယ္သူ႔ေပၚမွာ တာဝန္ရွိသလဲဆိုေတာ့ တိုင္းျပည္တစ္ျပည္မွာကေတာ့ တိုင္းျပည္ကို အုပ္ခ်ဳပ္ တဲ့သူေတြမွာ တာဝန္ရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဥပေဒမဲ့တာကိုး။ အဲဒီလို မစီမံႏိုင္တဲ့အခါမွာ အၾကမ္း ဖက္မႈေတြ ေနရာတိုင္းမွာ ျဖစ္လာ တယ္။ ဒါေၾကာင့္ မို႔လို႔ ဘယ္သူေတြမွာ တာဝန္ရွိသလဲဆိုေတာ့ အၾကမ္းဖက္လိုတဲ့သူေတြနဲ႔ အုပ္ခ်ဳပ္တဲ့သူေတြ အဲဒီ ႏွစ္ဖက္စလုံးမွာ တာဝန္ရွိတာေပါ့”ဟု စေတာ့ဟုမ္း ကမာၻ႔ၿငိမ္းခ်မ္းေရးဆုရွင္၊ IBEC ဆရာေတာ္ ဦးေသာဘိတက NP News ကို သုံးသပ္မိန႔္ၾကားသည္။
တိုင္းျပည္ကို အုပ္ခ်ဳပ္သူမ်ားအေနျဖင့္ ျပည္သူ ကို ရင္ဝယ္သားကဲ့သို႔ ေစာင့္ေရွာက္မႈမေပးႏိုင္ေၾကာင္းႏွင့္ သတ္ျဖတ္ေနသူမ်ားသည္လည္း သမိုင္းတရားခံမ်ား ျဖစ္လာမည္ဟု ဆရာေတာ္ဦးေသာဘိတ က ေဝဖန္မိန႔္ၾကားထားသည္။
“ အုပ္ခ်ဳပ္တဲ့သူေတြက တိုင္းျပည္ကို တည္ၿငိမ္ ေအာင္ ဥပေဒအတိုင္းလႊမ္းမိုးေအာင္ ဥပေဒအရ မစီမံႏိုင္တဲ့အခါမွာ အုပ္ခ်ဳပ္တာမေခၚဘူးေပါ့ကြာ။ ျပည္သူကို ရင္ဝယ္သားကဲ့သို႔ ေစာင့္ေရွာက္ရမယ့္ အခ်ိန္အခါကာလမွာ ေစာင့္ေရွာက္မႈမေပးႏိုင္တဲ့အတြက္ အုပ္ခ်ဳပ္သူလူတန္းစားရဲ႕ အရည္အခ်င္း
ညံ့ဖ်င္းမႈလို႔ အၾကမ္းဖ်င္းေျပာလို႔ရတာေပါ့။ တစ္ဖက္ကလည္း သတ္ျဖတ္တာမ်ိဳးေတြကို အခြင့္အေရးတစ္ခုအျဖစ္ အသုံးခ်ၿပီးလုပ္တာကလည္း သမိုင္းမွာတရားခံေတြ ျဖစ္လာၾကမွာ” ဟု ဦးေသာဘိတက မိန႔္ၾကားသည္။
ထို႔ျပင္ အျပစ္မဲ့ျပည္သူလူထုကို အုပ္စုလိုက္ အၾကမ္းဖက္သတ္ျဖတ္ေနျခင္းသည္ ပြင့္ပြင့္ လင္းလင္းေျပာ ဆိုပါက (၁၈)ရာစု၏ ေတာတြင္းယဥ္ ေက်းမႈအဆင့္ေလာက္သာရွိေၾကာင္းလည္း IBEC ဆရာေတာ္က မိန႔္ၾကားသည္။
“ေနာက္ပိုင္းမွာ အၾကမ္းဖက္တဲ့လူေတြ အျပစ္ မဲ့ျပည္သူလူထုကို အုံနဲ႔က်င္းနဲ႔ သတ္ျဖတ္တယ္ဆိုတာ ေတြက ပြင့္ပြင့္လင္းလင္းေျပာရေတာ့ (၁၈)ရာစုက ေတာတြင္းယဥ္ေက်းမႈေတြအဆင့္ေလာက္ပဲရွိတယ္။ (၂၁)ရာစုမွာ ကမာၻႀကီးေပၚမွာ ဒါေတြက ဘယ္ သူမွလည္း လက္မခံဘူး” ဟု ဆရာေတာ္က မိန႔္ၾကား သည္။
ဆက္လက္ၿပီး ဆရာေတာ္ဦးေသာဘိတက “ တို႔ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြအေနနဲ႔သိရမွာက လူေတြကို မမုန္းဘဲနဲ႔ အၾကမ္းဖက္ရင္ အၾကမ္းဖက္တာကို မုန္းရမွာ။ ဥပေဒကို မေလးစားဘူးဆို ဥပေဒမေလးစား တာကို မုန္းရမွာ။ တို႔က အျပစ္ေတြနဲ႔ အၾကမ္းဖက္မႈ ေတြကို မမုန္းဘဲနဲ႔ လူေတြကိုမုန္းေနတဲ့ ျပႆနာေပါ့။ အဲဒီလိုျဖစ္ေအာင္လည္း ေခတ္အဆက္ဆက္မွာ ေဆာင္႐ြက္ခဲ့ၾကတဲ့လူေတြရဲ႕ ခ်င္း(ဂ်င္း)ေတြေပါ့ ေနာ္။ သူတို႔ရဲ႕တာဝန္ေတြေပါ့။ ပစၥဳပၸန္မွာလည္း ဒါေတြဟာ တာဝန္ရွိသလို အတိတ္က လူေတြလည္း တာဝန္ရွိတယ္။ အၾကမ္းဖက္တဲ့ အုပ္စုေတြမွာလည္း တာဝန္ရွိသလို အုပ္ခ်ဳပ္တဲ့သူေတြက တိုင္းျပည္ကို တကယ္တည္ၿငိမ္ေအာင္ မေဆာင္႐ြက္ႏိုင္တဲ့အတြက္ သူတို႔မွာလည္း တာဝန္ရွိတယ္”ဟု မိန႔္ၾကားသည္။
ထို႔ျပင္ ႏိုင္ငံအတြင္း ျဖစ္ပြားေနသည့္ အၾကမ္းဖက္သတ္ျဖတ္မႈျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍လည္း အစိုးရအဖြဲ႕၊ လုံၿခဳံေရးအဖြဲ႕အစည္းႏွင့္ ျပည္သူလူထု တို႔ ပူးေပါင္းကာ ကာကြယ္ရန္ တာဝန္ရွိေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ ယာယီဥကၠ႒ ဦးျမင့္ေမာင္ ထြန္းက NP News ကို သုံးသပ္ေျပာၾကား သည္။
“ အစိုးရရဲ႕ စီမံခန႔္ခြဲမႈ အားနည္းတယ္။ ေနာက္ တစ္ခါ တာဝန္ရွိတဲ့လုံၿခဳံေရးအဖြဲ႕အစည္းေတြရဲ႕ ပါဝင္ ေဆာင္႐ြက္ႏိုင္မႈအပိုင္းမွာလည္း လိုအပ္ခ်က္ေတြ ရွိေနတယ္လို႔ျမင္တယ္။ ေနာက္ က်န္တဲ့ ျပည္သူလူထု ကလည္း မိမိအႏၲရာယ္ကို ထိန္းသိမ္းကာကြယ္ဖို႔ သြားတာ၊ လာတာေနထိုင္တာကအစ သတိျပဳႏိုင္ဖို႔နဲ႔ အဲဒီအၾကမ္းဖက္ေတြကို ပူးေပါင္းတိုက္ဖ်က္ဖို႔ လက္နက္ကိုင္ၿပီး တိုက္ဖ်က္တာ မဟုတ္ေသးဘူးေပါ့။ ကြၽန္ေတာ္တို႔က ရရွိတဲ့သတင္းေတြကို တာဝန္ရွိတဲ့ သူေတြကို သတင္းေပးေဖာ္ထုတ္ၿပီးေတာ့ အျမန္ဆုံး ထိန္းသိမ္းေဆာင္႐ြက္ႏိုင္ဖို႔ ျပည္သူလူထုမွာလည္း တာဝန္ရွိပါတယ္။ (၃)ဦး (၃)ဖလွယ္တာဝန္ရွိတယ္လို႔ ျမင္ပါတယ္”ဟု ဦးျမင့္ေမာင္ထြန္းက ေျပာသည္။ျပည္သူလူထုကို ထိထိေရာက္ေရာက္ အကာအ ကြယ္ေပးရန္ အစိုးရ၊ လုံၿခဳံေရးအဖြဲ႕အစည္းမ်ားသည္ တာဝန္အရွိဆုံးျဖစ္ၿပီး မ်ားျပားလွသည့္တာဝန္မ်ား ေၾကာင့္ အားနည္းေနသည့္သေဘာမ်ိဳးရွိေၾကာင္း လည္း ၎က ဆက္လက္ေျပာသည္။
အၾကမ္းဖက္သတ္ျဖတ္မႈျဖစ္စဥ္မ်ားသည္ တိုင္းႏွင့္ ျပည္နယ္အားလုံးနီးပါးတြင္ ျဖစ္ပြားခဲ့ေသာ္ လည္း အမ်ားစုမွာ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းတို႔တြင္ အဓိက ျဖစ္ပြားခဲ့သည္ကို အခ်က္အလက္မ်ားအရ သိရသည္။
“ အခုဟာက စစ္တိုက္တာမဟုတ္ေတာ့ ဘဲနဲ႔ လူသတ္တာေတြပဲ အၿမဲတမ္းေတြ႕ေနရတာ။ ဒါကေျပာရရင္ စစ္ပြဲဆိုင္ရာ က်င့္ဝတ္ေတြအရ ဘယ္သူပဲ ခ်ိဳးေဖာက္ခ်ိဳးေဖာက္ ဒါရာဇဝတ္မႈေတြပဲ။ ကြၽန္ေတာ္ကေတာ့ အဲဒီလိုျမင္ပါတယ္။ ဒါေၾကာင့္ အခုဟာက ၾကာလာရင္ စစ္ျဖစ္တာ မဟုတ္ေတာ့ဘဲနဲ႔ အၿငိဳးတႀကီးနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ သတ္မယ္၊ လက္စားေခ်မယ္ဆိုတာမ်ိဳး ျဖစ္လာရင္ တိုင္း ျပည္က ဒါေတြၿပီးသြားရင္ေတာင္ ျပန္ၿပီးေတာ့ တည္ေဆာက္ဖို႔ ခက္လိမ့္မယ္လို႔ ကြၽန္ေတာ္က ျမင္တယ္”ဟု ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက NP News ကို သုံးသပ္ေျပာၾကားသည္။
ယင္းကဲ့သို႔ အၿငိဳးတႀကီးသတ္ျဖတ္ေနသည့္ ျဖစ္စဥ္ မ်ားေၾကာင့္ ႏိုင္ငံ၏ယဥ္ေက်းမႈသည္ အေတာ္ပင္ ပ်က္စီးသြားေသာ အေျခအေနမ်ိဳးျဖစ္ေပၚေနသည္ ဟုလည္း သုံးသပ္ထားသည္။
“ အခုဟာက ဘာက်င့္ဝတ္မွ မရွိေတာ့ဘူး။ ျဖစ္ေနတာက သူဦး သူသတ္၊ ကိုယ္ဦး ကိုယ္သတ္ ဆိုတာမ်ိဳး။ တိုင္တဲ့သူေတြလည္း ဒလန္သူလွ်ိဳဆိုၿပီး ေတာ့ စြပ္စြဲၿပီး သတ္တာမ်ိဳးျဖစ္ေနတာက ေျပာရရင္ ယဥ္ေက်းမႈေတာ္ေတာ္ကို ပ်က္စီးသြားတဲ့ အေျခအေနလို႔ ျမင္ပါတယ္”ဟု ျပည္သူ႔ပါတီဥကၠ႒က ဆက္ လက္ေျပာသည္။ ထို႔ေၾကာင့္ ဘက္အသီးသီးရွိ ေခါင္း ေဆာင္မ်ားအေနျဖင့္ အၾကမ္းဖက္မႈမ်ား၊ စစ္ပြဲမ်ားကို အျမန္ဆုံး ရပ္တန႔္ရန္ လိုအပ္ေနၿပီျဖစ္ေၾကာင္း ဦးကိုကိုႀကီးက ထပ္မံတိုက္တြန္း ေျပာၾကားသည္။
“ အဓိကေတာ့ ႏိုင္ငံေရးျပႆနာကေနစၿပီး အေျခတည္တာပဲ။ ႏိုင္ငံေရးျပႆနာကေန ေနာက္ေတာ့ ဘာျဖစ္လာလဲဆိုေတာ့ တစ္ဖက္ အက်ိဳးစီးပြား ျပႆနာေတြပါ ပါလာတယ္။ ေနာက္ေတာ့ တကယ့္ ကို အၿငိဳးတႀကီးနဲ႔ နာနာၾကည္းၾကည္းနဲ႔ တစ္ေယာက္ ကိုတစ္ေယာက္ သတ္ျဖတ္တဲ့ပုံစံ ေပၚလာတာ။ စစ္ တိုက္တာနဲ႔မတူေတာ့ဘူး။ နာနာၾကည္းၾကည္းနဲ႔ သတ္ျဖတ္တဲ့ပုံစံမ်ိဳး ျဖစ္လာတယ္။ ဆိုေတာ့ ဒါက တစ္စုံလုံးကို ျပန္သုံးသပ္ၿပီးေတာ့ ဘက္အသီးသီးက ေခါင္းေဆာင္ေတြက ဒီကိစၥကို အျမန္ဆုံးရပ္တန႔္ဖို႔ လိုတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ဆိုလိုခ်င္တာက ႏိုင္ငံေရးျပႆနာ အဆုံးစြန္ မေျဖရွင္းႏိုင္ရင္ ေတာင္ မွ အၾကမ္းဖက္မႈေတြကို၊ စစ္ပြဲေတြကို အျမန္ဆုံး ရပ္တန႔္ဖို႔ လိုတယ္လို႔ ျမင္ပါတယ္” ဟု ၎က ေျပာ သည္။
လက္ရွိတြင္ ႏိုင္ငံအတြင္းရွိ ဆန႔္က်င္ဘက္အဖြဲ႕အစည္းမ်ားႏွင့္အတူ အားေပးေထာက္ခံသူ၊ ဝန္းရံသူမ်ားသည္ အၾကမ္းဖက္သတ္ျဖတ္ေနေသာ ျဖစ္စဥ္မ်ားကို စိတ္ကုန္မုန္းတီးျခင္း မရွိေသးဘဲ အမုန္းတရားႏွင့္ရန္ၿငိဳး ရန္စမ်ားကို ဆက္လက္ေမြးျမဴ ေနသည့္သေဘာရွိေနသည္။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ ဝါရီလ ၁ ရက္မွ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္အ ထိ ျမန္မာႏိုင္ငံသားအခ်င္းခ်င္း လုပ္ႀကံသတ္ျဖတ္မႈ ေၾကာင့္ လူဦးေရေပါင္း (၆၈၈၀)ဦး ေသဆုံးခဲ့ရၿပီး ထပ္မံ၍ လည္း ႏိုင္ငံသားမ်ား ေသဆုံးရႏိုင္သည့္ အေျခအေနႏွင့္ ရင္ဆိုင္ေနရလ်က္ရွိသည္။ ျမန္မာႏိုင္ ငံ၏ျပႆနာကို ျမန္မာႏိုင္ငံသားမ်ားသာ အဓိက ေျဖရွင္းရမည္ျဖစ္ၿပီး အျပန္အလွန္ အၾကမ္းဖက္ သတ္ျဖတ္ေနမႈႏွင့္ စစ္ပြဲမ်ားကို ရပ္တန႔္ရန္လိုအပ္ေနၿပီျဖစ္ ေၾကာင္း တိုက္တြန္းေျပာဆိုမႈမ်ားလည္း ရွိေနသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ၏ ပဋိပကၡတြင္ ပါဝင္ေန သည့္ လက္နက္ကိုင္အဖြဲ႕အစည္းအသီးသီးအေနျဖင့္ အနာဂတ္ႏိုင္ငံေတာ္အတြက္ေမွ်ာ္ေတြးကာ အ ျပန္အလွန္ အၾကမ္းဖက္သတ္ျဖတ္ေနမႈမ်ားကို လုံးဝ ရပ္တန႔္ရန္ လိုအပ္ေနၿပီ ျဖစ္သည္။