အမေရိကန်လွှတ်တော်တွင် Burma caucus ဖွဲ့ပြီး ဆောင်ရွက်သည့်ကိစ္စတိုင်း အောင်မြင်ခဲ့ပါသလား

1083

အော်စကာကြယ် (NP News) - ဖေဖော်ဝါရီ ၁၆
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးအခင်းကြီးဖြစ်ပွားပြီးနောက် တတိယနိုင်ငံသို့ နိုင်ငံရေးသမားအချို့ ရောက်ရှိသွား ချိန်မှစပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်ပတ်သက်ပြီး ခေါင်းစဉ်မျိုးစုံကို အမေရိကန်လွှတ်တော်တွင် တင်ပြ ဆွေးနွေးပြီး ဘဏ္ဍာငွေရှာစားခဲ့သော အဖွဲ့မျိုးစုံ၊ ခေါင်းစဉ်မျိုးစုံ ရှိခဲ့ဖူးသည်။
NLD ပါတီ အာဏာရရှိလာသော ဒေါ် အောင်ဆန်းစုကြည်အစိုးရလက်ထက်အထိ ထိုသို့ ဘတ်ဂျက်ငွေရှာစားမှုများ ရှိခဲ့သည်။ နည်းမျိုးစုံဖြင့်လည်း အဖွဲ့မျိုးစုံဖွဲ့ကာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်၍ NGO, INGO များဖွဲ့စည်းကာ ခေါင်းစဉ်မျိုးစုံဖြင့် သင်တန်းများပေးခြင်း၊ ဆွေးနွေးပွဲ များပြုလုပ်ခြင်း၊လွှတ်တော်ကိုယ်စားလှယ်များကိုသင်တန်းပေးခြင်း၊ ရုံးခန်းကြီးများဖွင့်ကာ
အထောက်အကူပြုလုပ်ငန်းများဆောင်ရွက်ပေးခြင်း စသည်ဖြင့်ဘဏ္ဍာငွေများကို အသုံးပြုခဲ့
ကြသည်များ ရှိခဲ့ပါသည်။
၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန် လွှတ်တော်၌ မြန်မာနိုင်ငံအရေးကိစ္စများ ဆောင်ရွက်ရန် caucus (ကော်မတီ) ၄ ကြိမ်လောက် ဖွဲ့စည်းမှုရှိခဲ့ပြီး လွှတ်တော်၌ ကြားနာပွဲပေါင်း ၂၀ဝ ခန့်လုပ်ခဲ့၍ Burma fund ဆိုသော အဖွဲ့အစည်း ထောင်ကာ ဘဏ္ဍာငွေရှာစားခဲ့သော အဖွဲ့အ စည်းများလည်း ရှိခဲ့သည်။
၂၀၁၅ ခုနှစ် NLD အစိုးရလက်ထက်တိုင်းရင်းသားလူမျိုးများ ခေါင်းစဉ်မျိုးစုံအမေရိကန်
လွှတ်တော်ကော်မတီသို့တင်တာ ဘဏ္ဍာငွေ ရှာစားခဲ့မှုများလည်း ရှိခဲ့သည်။
ဘဏ္ဍာငွေတောင်းခံနိုင်ရန် အမေရိကန် လွှတ်တော်ကြီး၌ ဆွေးနွေးနိုင်ဖို့ တင်သမျှခေါင်းစဉ် တိုင်းကို လွှတ်တော်ကိုယ်စားလှယ်ကြီးများဆွေးနွေးကြရခြင်းမဟုတ်ပါ။ ခေါင်းစဉ်တစ်ခုကိုကြားနာနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ အားသည့်အချိန်ကို ဖိတ်ကာ ကြားနာပွဲများစီစဉ်နိုင်ဖို့ ကုန်ကျငွေကို လွှတ် တော်က ထုတ်ပေးသည်။
ရွေးချယ်ထားသောခေါင်းစဉ်ကို burma caucus (ကော်မတီ)တွင်ဆွေးနွေးပြီးမှ အထက် လွှတ်တော် (သို့မဟုတ်) အောက်လွှတ်တော်ကို တင်သင့် မတင်သင့် မဲခွဲကြရသည်။ဆွေးနွေးမည့် ခေါင်းစဉ်သည် နိုင်ငံ့ပြင်ပနှင့်သက်ဆိုင်သော ခေါင်းစဉ်ဖြစ်၍ ကော်မတီတွင်သာ ဆွေးနွေး၍ရသည်။
ကော်မတီတွင်ဆွေးနွေးပြီးမှအမှန် တကယ်အရေးကြီးသော ကိစ္စဖြစ်သည်၊ အချက်အ လက်များကလည်း မှန်ကန်သည်ဆိုမှ အထက်လွှတ်တော်(သို့မဟုတ်) အောက်လွှတ်တော်တွင် ဆွေးနွေး ကြမည်လားဆိုသည်ကို မဲခွဲကြရခြင်းဖြစ်သည်။
လွှတ်တော်တွင်ဆွေးနွေးချက်များသည် မှန်ကန်သည်ဆိုလျှင်တောင်မှ အမေရိကန်နိုင်ငံ၏လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်သည် ဆိုသည်မှာ မှန်ကန်မှ(အကျိုးစီးပွားကို ထိခိုက်သည် ဆိုရာ၌ အမေရိကန်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများ ယင်းနိုင်ငံတွင်ရှိနေပြီး အဆိုပါအကျိုးစီးပွားများထိခိုက်သည်ဆိုမှ) အရေးယူဆောင်ရွက်ရန် မဲခွဲဆုံးဖြတ်ကြခြင်း ဖြစ်သည်။
Burma Fund အမည်ဖြင့် ရရှိသော ဘတ်ဂျက်ငွေများကို သုံးစွဲခဲ့သောအဖွဲ့အစည်းများမှာ Ford Foundation,The Open Society Foundation, The National Endowment for Democracy. and IRI စသည့် အဖွဲ့အစည်းများ ဖြစ်သည်။
ဥပမာ - ၂၀၁၇ ခုနှစ် ဩဂုတ်လမှစပြီး ဘင်္ဂါလီ ခုနစ် သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး သွားမှုနှင့်ပတ်သက်၍ အမေရိကန်လွှတ်တော်က မြန်မာအစိုးရအား လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုး နွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှု၊ မြန်မာနိုင်ငံ အပါအဝင် ဘင်္ဂလားဒေ့ရှ်နှင့် ဒေသအတွင်း အကျပ်အတည်း ထိခိုက်နစ်နာသူများအတွက် ကုစားပေးရန် ခေါင်းစဉ်များဖြင့် အမေရိကန်လွှတ်တော်ကြီးက နိုင်ငံ၏ ရန်ပုံငွေအသစ်ခေါင်းစဉ်ဖြင့် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံကျော် ချမှတ်ပေးခဲ့မှုများရှိခဲ့ပါသည်။
ယခုလည်း Burma Caucus အမည်ဖြင့် လွှတ်တော်အမတ်များဖွဲ့စည်းလိုက်ခြင်းသည် လွှတ် တော်မှ Burma fund အနေဖြင့် ခေါင်းစဉ်အမျိုးမျိုးဖြင့် ဘဏ္ဍာငွေတောင်းခံနိုင်ရန်သော်လည်း ကောင်း၊ မြန်မာအစိုးရပိုင်ဆိုင်သောဘဏ္ဍာငွေ တစ်ဘီလီယံကို ရယူချင်၍သော်လည်းကောင်း ဖြစ်နိုင်ခြေများ စဉ်းစားစရာဖြစ်လာသည်။
အမေရိကန်လွှတ်တော်ကြီးက ချမှတ်ပေး သော ဘဏ္ဍာငွေများဖြင့် မြန်မာနိုင်ငံ အပြောင်းအလဲကြီးများ ဖြစ်ခဲ့ပါသလောဆိုခဲ့လျှင် ကြီးမားသော အပြောင်းအလဲကြီးများမဖြစ်ခဲ့ပါ။ သို့သော် မည်သည့် ထောင့်က ဝင်ရောက်လာသော ကိစ္စသေးသေးလေး များပင်ဖြစ်ပါစေ လျစ်လျူမရှုဘဲ ဂရုတစိုက်ဆောင် ရွက်သင့်ကြောင်း ဗဟုသုတအနေဖြင့်တင်ပြလိုက်ရသည်။

Zawgyi Version;
အေမရိကန္လႊတ္ေတာ္တြင္ Burma caucus ဖြဲ႕ၿပီး ေဆာင္႐ြက္သည့္ကိစၥတိုင္း ေအာင္ျမင္ခဲ့ပါသလား
ေအာ္စကာၾကယ္ (NP News) - ေဖေဖာ္ဝါရီ ၁၆
ျမန္မာႏိုင္ငံတြင္ ၁၉၈၈ ခုႏွစ္ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ အေရးအခင္းႀကီးျဖစ္ပြားၿပီးေနာက္ တတိယႏိုင္ငံသို႔ ႏိုင္ငံေရးသမားအခ်ိဳ႕ ေရာက္ရွိသြား ခ်ိန္မွစၿပီး ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးႏွင့္ပတ္သက္ၿပီး ေခါင္းစဥ္မ်ိဳးစုံကို အေမရိကန္လႊတ္ေတာ္တြင္ တင္ျပ ေဆြးေႏြးၿပီး ဘ႑ာေငြရွာစားခဲ့ေသာ အဖြဲ႕မ်ိဳးစုံ၊ ေခါင္းစဥ္မ်ိဳးစုံ ရွိခဲ့ဖူးသည္။
NLD ပါတီ အာဏာရရွိလာေသာ ေဒၚ ေအာင္ဆန္းစုၾကည္အစိုးရလက္ထက္အထိ ထိုသို႔ ဘတ္ဂ်က္ေငြရွာစားမႈမ်ား ရွိခဲ့သည္။ နည္းမ်ိဳးစုံျဖင့္လည္း အဖြဲ႕မ်ိဳးစုံဖြဲ႕ကာ ျမန္မာႏိုင္ငံအတြင္း ဝင္ေရာက္၍ NGO, INGO မ်ားဖြဲ႕စည္းကာ ေခါင္းစဥ္မ်ိဳးစုံျဖင့္ သင္တန္းမ်ားေပးျခင္း၊ ေဆြးေႏြးပြဲ မ်ားျပဳလုပ္ျခင္း၊လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကိုသင္တန္းေပးျခင္း၊ ႐ုံးခန္းႀကီးမ်ားဖြင့္ကာ
အေထာက္အကူျပဳလုပ္ငန္းမ်ားေဆာင္႐ြက္ေပးျခင္း စသည္ျဖင့္ဘ႑ာေငြမ်ားကို အသုံးျပဳခဲ့
ၾကသည္မ်ား ရွိခဲ့ပါသည္။
၁၉၈၈ အာဏာသိမ္းၿပီးေနာက္ပိုင္း အေမရိကန္ လႊတ္ေတာ္၌ ျမန္မာႏိုင္ငံအေရးကိစၥမ်ား ေဆာင္႐ြက္ရန္ caucus (ေကာ္မတီ) ၄ ႀကိမ္ေလာက္ ဖြဲ႕စည္းမႈရွိခဲ့ၿပီး လႊတ္ေတာ္၌ ၾကားနာပြဲေပါင္း ၂၀ဝ ခန႔္လုပ္ခဲ့၍ Burma fund ဆိုေသာ အဖြဲ႕အစည္း ေထာင္ကာ ဘ႑ာေငြရွာစားခဲ့ေသာ အဖြဲ႕အ စည္းမ်ားလည္း ရွိခဲ့သည္။
၂၀၁၅ ခုႏွစ္ NLD အစိုးရလက္ထက္တိုင္းရင္းသားလူမ်ိဳးမ်ား ေခါင္းစဥ္မ်ိဳးစုံအေမရိကန္
လႊတ္ေတာ္ေကာ္မတီသို႔တင္တာ ဘ႑ာေငြ ရွာစားခဲ့မႈမ်ားလည္း ရွိခဲ့သည္။
ဘ႑ာေငြေတာင္းခံႏိုင္ရန္ အေမရိကန္ လႊတ္ေတာ္ႀကီး၌ ေဆြးေႏြးႏိုင္ဖို႔ တင္သမွ်ေခါင္းစဥ္ တိုင္းကို လႊတ္ေတာ္ကိုယ္စားလွယ္ႀကီးမ်ားေဆြးေႏြးၾကရျခင္းမဟုတ္ပါ။ ေခါင္းစဥ္တစ္ခုကိုၾကားနာႏိုင္ရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အားသည့္အခ်ိန္ကို ဖိတ္ကာ ၾကားနာပြဲမ်ားစီစဥ္ႏိုင္ဖို႔ ကုန္က်ေငြကို လႊတ္ ေတာ္က ထုတ္ေပးသည္။
ေ႐ြးခ်ယ္ထားေသာေခါင္းစဥ္ကို burma caucus (ေကာ္မတီ)တြင္ေဆြးေႏြးၿပီးမွ အထက္ လႊတ္ေတာ္ (သို႔မဟုတ္) ေအာက္လႊတ္ေတာ္ကို တင္သင့္ မတင္သင့္ မဲခြဲၾကရသည္။ေဆြးေႏြးမည့္ ေခါင္းစဥ္သည္ ႏိုင္ငံ့ျပင္ပႏွင့္သက္ဆိုင္ေသာ ေခါင္းစဥ္ျဖစ္၍ ေကာ္မတီတြင္သာ ေဆြးေႏြး၍ရသည္။
ေကာ္မတီတြင္ေဆြးေႏြးၿပီးမွအမွန္ တကယ္အေရးႀကီးေသာ ကိစၥျဖစ္သည္၊ အခ်က္အ လက္မ်ားကလည္း မွန္ကန္သည္ဆိုမွ အထက္လႊတ္ေတာ္(သို႔မဟုတ္) ေအာက္လႊတ္ေတာ္တြင္ ေဆြးေႏြး ၾကမည္လားဆိုသည္ကို မဲခြဲၾကရျခင္းျဖစ္သည္။
လႊတ္ေတာ္တြင္ေဆြးေႏြးခ်က္မ်ားသည္ မွန္ကန္သည္ဆိုလွ်င္ေတာင္မွ အေမရိကန္ႏိုင္ငံ၏လုံၿခဳံေရးႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားကို ထိခိုက္သည္ ဆိုသည္မွာ မွန္ကန္မွ(အက်ိဳးစီးပြားကို ထိခိုက္သည္ ဆိုရာ၌ အေမရိကန္ႏိုင္ငံ၏ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ယင္းႏိုင္ငံတြင္ရွိေနၿပီး အဆိုပါအက်ိဳးစီးပြားမ်ားထိခိုက္သည္ဆိုမွ) အေရးယူေဆာင္႐ြက္ရန္ မဲခြဲဆုံးျဖတ္ၾကျခင္း ျဖစ္သည္။
Burma Fund အမည္ျဖင့္ ရရွိေသာ ဘတ္ဂ်က္ေငြမ်ားကို သုံးစြဲခဲ့ေသာအဖြဲ႕အစည္းမ်ားမွာ Ford Foundation,The Open Society Foundation, The National Endowment for Democracy. and IRI စသည့္ အဖြဲ႕အစည္းမ်ား ျဖစ္သည္။
ဥပမာ - ၂၀၁၇ ခုႏွစ္ ဩဂုတ္လမွစၿပီး ဘဂၤါလီ ခုနစ္ သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သို႔ ထြက္ေျပး သြားမႈႏွင့္ပတ္သက္၍ အေမရိကန္လႊတ္ေတာ္က ျမန္မာအစိုးရအား လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ လူသားမ်ိဳး ႏြယ္အေပၚ ရာဇဝတ္မႈက်ဴးလြန္မႈ၊ ျမန္မာႏိုင္ငံ အပါအဝင္ ဘဂၤလားေဒ့ရွ္ႏွင့္ ေဒသအတြင္း အက်ပ္အတည္း ထိခိုက္နစ္နာသူမ်ားအတြက္ ကုစားေပးရန္ ေခါင္းစဥ္မ်ားျဖင့္ အေမရိကန္လႊတ္ေတာ္ႀကီးက ႏိုင္ငံ၏ ရန္ပုံေငြအသစ္ေခါင္းစဥ္ျဖင့္ အေမရိကန္ေဒၚလာ ၂.၂ ဘီလီယံေက်ာ္ ခ်မွတ္ေပးခဲ့မႈမ်ားရွိခဲ့ပါသည္။
ယခုလည္း Burma Caucus အမည္ျဖင့္ လႊတ္ေတာ္အမတ္မ်ားဖြဲ႕စည္းလိုက္ျခင္းသည္ လႊတ္ ေတာ္မွ Burma fund အေနျဖင့္ ေခါင္းစဥ္အမ်ိဳးမ်ိဳးျဖင့္ ဘ႑ာေငြေတာင္းခံႏိုင္ရန္ေသာ္လည္း ေကာင္း၊ ျမန္မာအစိုးရပိုင္ဆိုင္ေသာဘ႑ာေငြ တစ္ဘီလီယံကို ရယူခ်င္၍ေသာ္လည္းေကာင္း ျဖစ္ႏိုင္ေျခမ်ား စဥ္းစားစရာျဖစ္လာသည္။
အေမရိကန္လႊတ္ေတာ္ႀကီးက ခ်မွတ္ေပး ေသာ ဘ႑ာေငြမ်ားျဖင့္ ျမန္မာႏိုင္ငံ အေျပာင္းအလဲႀကီးမ်ား ျဖစ္ခဲ့ပါသေလာဆိုခဲ့လွ်င္ ႀကီးမားေသာ အေျပာင္းအလဲႀကီးမ်ားမျဖစ္ခဲ့ပါ။ သို႔ေသာ္ မည္သည့္ ေထာင့္က ဝင္ေရာက္လာေသာ ကိစၥေသးေသးေလး မ်ားပင္ျဖစ္ပါေစ လ်စ္လ်ဴမရႈဘဲ ဂ႐ုတစိုက္ေဆာင္ ႐ြက္သင့္ေၾကာင္း ဗဟုသုတအေနျဖင့္တင္ျပလိုက္ရသည္။