ဇူလိုင်လတွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေ(၇၀)သာ ‌ရောင်းချသွားမည်

 2803

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၅

လာမည့် ဇူလိုင်လတွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေ(၇၀)သာ ‌ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ JLPT စာမေးပွဲကျင်းပရေးကော်မတီမှ ယနေ့(ဖေဖော်ဝါရီလ ၁၅ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

လာမည့် ဇူလိုင်လ(၇)ရက်တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အ ချင်းစစ်စာမေးပွဲအတွက် လျှောက်လွှာလာရောက်ဝယ်ယူသူ များပြားနိုင်ခြင်းကြောင့် လူစုလူဝေးဖြစ်ပေါ်မှုအား ထိန်းချုပ်နိုင်ရန် ရက်ချိန်းရယူသည့်စနစ်(Booking System)ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် သင်တန်းကျောင်းအရေအတွက်များပြားခြင်းကြောင့် လျှောက်လွှာအရေအတွက် လျှော့ချသတ်မှတ်သွားမည်ဖြစ်ပြီး သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၇၀)စောင်နှုန်းဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ လျှောက်ထားသည့် ကျောင်းအားလုံးအားခွဲဝေပြီး လျှောက်လွှာပိုမှသာ (၇၀) စောင်ထက် ပိုမိုလျှောက်ထားသော ကျောင်းများအတွက် အညီအမျှ ခွဲဝေသတ်မှတ်ပြီး ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း MAJA က အသိပေးထားသည်။

လျှောက်လွှာဝယ်ယူမည့် သင်တန်းကျောင်းများအနေဖြင့် https://forms.gle/8ocXKdoY2S3SqwWU9 မှတဆင့် ဖေဖော် ဝါရီလ(၁၉)ရက်မှ (၂၃)ရက်အထိ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ JLPT စာမေးပွဲကို လာမည့်ဇူလိုင်(၇)ရက်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်စာဖြေဌာနအတွက် လျှောက်လွှာများကို ဖေဖော်ဝါရီလ(၂၉)ရက်မှ မတ်လ (၂)ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကာ မန္တလေးစာဖြေဌာနအတွက် လျှောက်လွှာအရောင်းကာလကို ဖေဖော်ဝါရီလ(၂၉)ရက်မှ မတ်လ(၁)ရက်အထိ သတ်မှတ်ထားသည်။

ထို့ပြင် လျှောက်လွှာလက်ခံကာလကို ရန်ကုန်စာဖြေဌာနအတွက် မတ်လ (၄)ရက်မှ (၁၁)ရက်အထိ သတ်မှတ်ထားပြီး မန္တလေးစာဖြေဌာန၏ လျှောက် လွှာလက်ခံကာလကို မတ်လ(၄)ရက်မှ (၅)ရက်အထိသာ သတ်မှတ်ထားသည်။ စားမေးပွဲနှင့် လျှောက်လွှာတင်ကြေးများအနေဖြင့် N1 မှ N3 အထိကို (၅၀၀၀၀)ကျပ်သတ်မှတ်ထားပြီး N4 နှင့် N5 ကို (၄၅၀၀၀) ကျပ်သတ်မှတ်ထားကြောင်း MAJA မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ(၃)ရက်ကလည်း ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ 2023 JLPT စာမေးပွဲကို ရန်ကုန်နှင့် မန္တလေးတို့တွင်ကျင်းပခဲ့ပြီး လာရောက် ဖြေဆိုသူများပြားခဲ့သည်။

zawgyi version
ဇူလိုင္လတြင္ က်င္းပမည့္ JLPT စာေမးပြဲအတြက္ သင္တန္းေက်ာင္းတစ္ေက်ာင္းလွ်င္ ေလွ်ာက္လႊာအေစာင္ေရ(၇၀)သာ ‌ေရာင္းခ်သြားမည္

ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၅

လာမည့္ ဇူလိုင္လတြင္ က်င္းပမည့္ JLPT စာေမးပြဲအတြက္ သင္တန္းေက်ာင္းတစ္ေက်ာင္းလွ်င္ ေလွ်ာက္လႊာအေစာင္ေရ(၇၀)သာ ‌ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဂ်ပန္ျပန္ပညာသင္ေဟာင္းအသင္း (MAJA)မွ ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံဂ်ပန္ျပန္ပညာသင္ေဟာင္းအသင္း (MAJA)၊ JLPT စာေမးပြဲက်င္းပေရးေကာ္မတီမွ ယေန႔(ေဖေဖာ္ဝါရီလ ၁၅ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

လာမည့္ ဇူလိုင္လ(၇)ရက္တြင္ က်င္းပျပဳလုပ္မည့္ ဂ်ပန္ဘာသာအရည္အ ခ်င္းစစ္စာေမးပြဲအတြက္ ေလွ်ာက္လႊာလာေရာက္ဝယ္ယူသူ မ်ားျပားႏိုင္ျခင္းေၾကာင့္ လူစုလူေဝးျဖစ္ေပၚမႈအား ထိန္းခ်ဳပ္ႏိုင္ရန္ ရက္ခ်ိန္းရယူသည့္စနစ္(Booking System)ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေရာင္းခ်ရာတြင္ သင္တန္းေက်ာင္းအေရအတြက္မ်ားျပားျခင္းေၾကာင့္ ေလွ်ာက္လႊာအေရအတြက္ ေလွ်ာ့ခ်သတ္မွတ္သြားမည္ျဖစ္ၿပီး သင္တန္းေက်ာင္းတစ္ေက်ာင္းလွ်င္ ေလွ်ာက္လႊာအေစာင္ေရအမ်ားဆုံး (၇၀)ေစာင္ႏႈန္းျဖင့္သာ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။ ေလွ်ာက္ထားသည့္ ေက်ာင္းအားလုံးအားခြဲေဝၿပီး ေလွ်ာက္လႊာပိုမွသာ (၇၀) ေစာင္ထက္ ပိုမိုေလွ်ာက္ထားေသာ ေက်ာင္းမ်ားအတြက္ အညီအမွ် ခြဲေဝသတ္မွတ္ၿပီး ထပ္မံေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း MAJA က အသိေပးထားသည္။

ေလွ်ာက္လႊာဝယ္ယူမည့္ သင္တန္းေက်ာင္းမ်ားအေနျဖင့္ https://forms.gle/8ocXKdoY2S3SqwWU9 မွတဆင့္ ေဖေဖာ္ ဝါရီလ(၁၉)ရက္မွ (၂၃)ရက္အထိ ႀကိဳတင္စာရင္းေပးသြင္းႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ JLPT စာေမးပြဲကို လာမည့္ဇူလိုင္(၇)ရက္တြင္ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ က်င္းပသြားမည္ျဖစ္ၿပီး ရန္ကုန္စာေျဖဌာနအတြက္ ေလွ်ာက္လႊာမ်ားကို ေဖေဖာ္ဝါရီလ(၂၉)ရက္မွ မတ္လ (၂)ရက္အထိ ေရာင္းခ်ေပးသြားမည္ျဖစ္ကာ မႏၲေလးစာေျဖဌာနအတြက္ ေလွ်ာက္လႊာအေရာင္းကာလကို ေဖေဖာ္ဝါရီလ(၂၉)ရက္မွ မတ္လ(၁)ရက္အထိ သတ္မွတ္ထားသည္။

ထို႔ျပင္ ေလွ်ာက္လႊာလက္ခံကာလကို ရန္ကုန္စာေျဖဌာနအတြက္ မတ္လ (၄)ရက္မွ (၁၁)ရက္အထိ သတ္မွတ္ထားၿပီး မႏၲေလးစာေျဖဌာန၏ ေလွ်ာက္ လႊာလက္ခံကာလကို မတ္လ(၄)ရက္မွ (၅)ရက္အထိသာ သတ္မွတ္ထားသည္။ စားေမးပြဲႏွင့္ ေလွ်ာက္လႊာတင္ေၾကးမ်ားအေနျဖင့္ N1 မွ N3 အထိကို (၅၀၀၀၀)က်ပ္သတ္မွတ္ထားၿပီး N4 ႏွင့္ N5 ကို (၄၅၀၀၀) က်ပ္သတ္မွတ္ထားေၾကာင္း MAJA မွ ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၃)ရက္ကလည္း ဂ်ပန္ဘာသာအရည္အခ်င္းစစ္စာေမးပြဲ 2023 JLPT စာေမးပြဲကို ရန္ကုန္ႏွင့္ မႏၲေလးတို႔တြင္က်င္းပခဲ့ၿပီး လာေရာက္ ေျဖဆိုသူမ်ားျပားခဲ့သည္။

Related news

© 2021. All rights reserved.