တာချီလိတ်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းကို လုံခြုံရေးအဖွဲ့ စီးနင်းခဲ့ပြီး ထိုင်းနိုင်ငံသားများစွာနှင့်အတူ လူ (၇၀ဝ) ခန့်ကို ဖမ်းဆီးထိန်းသိမ်း

838

မြူနစ် (NP News) - ဖေဖော်ဝါရီလ ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းကို လုံခြုံရေးအဖွဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ထိုင်းနိုင်ငံသားများစွာနှင့်အတူ လူ(၇၀ဝ)ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။
နစက၏ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၃ ရက် နံနက်အစောပိုင်းမှ စတင်ကာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် တိုးနယားလမ်း ခြံဝင်းအတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
“ဝင်ရောက်စီးနင်းတာက မှန်ပါတယ်။ အများဆုံးဖမ်းမိတာက ထိုင်းနိုင်ငံသားတွေ များပါတယ်။ ရာကျော်လောက် ရှိပါတယ်။ ဒါပေမဲ့ နောက်ထပ်ဖမ်းမိတဲ့အထဲမှာ တရုတ်နိုင်ငံသားက နည်းပါတယ်။ လက်ချိုးရေလို့ ရပါတယ်။ ပြီးတော့ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းတွေလည်း အများအပြား ဖမ်းဆီးရရှိထားပါတယ်” ဟု အထက်ပါအွန်လိုင်း ငွေလိမ်ဂိုဏ်းကို ဝင်ရောက်စီးနင်းသော လုံခြုံရေး အဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။
လုံခြုံရေးပူးပေါင်းအဖွဲ့သည် အထက်ပါခြံဝန်းအတွင်းရှိ (၃)ထပ်တိုက်အဆောက်အအုံ နှစ်လုံး၊ (၂)ထပ်တိုက် အဆောက်အအုံ သုံးလုံးကို ဝင်ရောက်စီး နင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအွန်လိုင်းငွေလိမ်ဂိုဏ်းကို ဝင်ရောက်စီးနင်းစဉ် ထိုင်းနိုင်ငံသား အမျိုးသား (၇၅)ဦး၊ အမျိုးသမီး (၇၃)ဦး၊ တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာ နိုင်ငံသား (၅၄၀)ဦး စုစုပေါင်း (၆၈၈)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကွန်ပျူတာအလုံး (၄၀ဝ)၊ မီးခံသေတ္တာ (၁၁)လုံး၊ ဖုန်း၊ ကား၊ ဆိုင်ကယ်နှင့် အခြားသော ဆက်စပ်ပစ္စည်း များစွာကို သိမ်းဆည်းရရှိခဲ့ပြီး လက်ရှိတွင် လိုအပ်သော စစ်ဆေးရေးလုပ်ငန်းများကို ထပ်မံလုပ်ဆောင်နေကြောင်း သိရသည်။ တာချီလိတ်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းကို မြန်မာ၊ ထိုင်း၊ တရုတ် (၃)နိုင်ငံပူးပေါင်းကာ စစ်ဆင်ရေးပြုလုပ်ခြင်းဖြစ်နိုင် ကြောင်းလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းများ ကျက်စားရာဒေသတွင် နေထိုင်သော လုပ်ငန်းရှင်က NP News ကို သုံးသပ်ပြောကြားသည်။
“တကယ်လုပ်တာပါ။ တရုတ်ကရှာခိုင်းတဲ့ သူတို့ပစ်မှတ်တွေကို လိုက်ရှာတာ။ တရုတ်ကတော့ အတိအကျ Position ပေးတယ်လေ။ ဘယ်နေရာမှာ ရှိတယ်ဆိုပြီးတော့ပေါ့။ အရင်ဆုံး တာချီလိတ်ကို သွေးတိုးစမ်း ကြည့်တာပေါ့။ (၃)နိုင်ငံပေါင်းပြီးတော့ မြန်မာရယ်၊ ထိုင်းရယ်၊ တရုတ်ရယ်ပေါ့။ အဲဒါကို ရရင်တော့ သူတို့ ရွှေကုက္ကိုလုပ်မယ့်သဘောရှိတယ်” ဟု အထက်ပါလုပ်ငန်းရှင်က ပြောသည်။
မြန်မာ၊ တရုတ်၊ ထိုင်းနယ်စပ်ဒေသများတွင် ကျားဖြန့်ဟုခေါ်ဆိုသော အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်း လောင်း ကစားလုပ်ငန်းများကို ကျယ်ပြန့်စွာပြုလုပ်နေလျက်ရှိပြီး ယင်းလုပ်ငန်းများကို (၃)နိုင်ငံ ပူးပေါင်း၍ ထိရောက်စွာ နှိမ်နင်းရန် ဆောင်ရွက်နေကြောင်း နစကဘက်က ယခင်ကာလများ၌ ပြောဆိုခဲ့ဖူးသည်။
အဆိုပါ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် တရုတ်နိုင်ငံသားအများစု ပါဝင်လုပ်ကိုင်နေလျက်ရှိသည့်အပြင် ထိုင်း နှင့် အခြားနိုင်ငံသားများလည်း ပါဝင်ဆောင်ရွက်နေကြောင်းနှင့် ၎င်းတို့ကို လက်နက်ကိုင်အဖွဲ့များက အကာ အကွယ်ပေးနေကြောင်းလည်း သိရသည်။ အဆိုပါ နိုင်ငံသားများသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများသို့ တရားမဝင် ဝင်ရောက်နေထိုင်ကာ အွန်လိုင်းလိမ်လည်မှု လုပ် ငန်းများတွင် ပါဝင်ပတ်သက်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေ ထိုင်သည့် နိုင်ငံခြားသား (၅၀ဝဝဝ)ကျော်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်မှစ၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်အတွင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့ကို သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည် လွှဲပြောင်းပေးထားကြောင်း သိရသည်။

Zawgyi Version;
တာခ်ီလိတ္ၿမိဳ႕ရွိ အြန္လိုင္းေငြလိမ္ဂိုဏ္းကို လုံၿခဳံေရးအဖြဲ႕ စီးနင္းခဲ့ၿပီး ထိုင္းႏိုင္ငံသားမ်ားစြာႏွင့္အတူ လူ (၇၀ဝ) ခန႔္ကို ဖမ္းဆီးထိန္းသိမ္း
ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီလ ၂၄
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရွိ အြန္လိုင္းေငြလိမ္ဂိုဏ္းကို လုံၿခဳံေရးအဖြဲ႕ ဝင္ေရာက္စီးနင္းခဲ့ၿပီး ထိုင္းႏိုင္ငံသားမ်ားစြာႏွင့္အတူ လူ(၇၀ဝ)ခန႔္ကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သတင္း ရရွိသည္။
နစက၏ လုံၿခဳံေရးပူးေပါင္းအဖြဲ႕သည္ ေဖေဖာ္ဝါရီလ ၂၃ ရက္ နံနက္အေစာပိုင္းမွ စတင္ကာ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ တိုးနယားလမ္း ၿခံဝင္းအတြင္းရွိ အြန္လိုင္းေငြလိမ္ဂိုဏ္းကို ဝင္ေရာက္စီးနင္းခဲ့ျခင္း ျဖစ္သည္။
“ဝင္ေရာက္စီးနင္းတာက မွန္ပါတယ္။ အမ်ားဆုံးဖမ္းမိတာက ထိုင္းႏိုင္ငံသားေတြ မ်ားပါတယ္။ ရာေက်ာ္ေလာက္ ရွိပါတယ္။ ဒါေပမဲ့ ေနာက္ထပ္ဖမ္းမိတဲ့အထဲမွာ တ႐ုတ္ႏိုင္ငံသားက နည္းပါတယ္။ လက္ခ်ိဳးေရလို႔ ရပါတယ္။ ၿပီးေတာ့ ကြန္ပ်ဴတာနဲ႔ဆက္စပ္ပစၥည္းေတြလည္း အမ်ားအျပား ဖမ္းဆီးရရွိထားပါတယ္” ဟု အထက္ပါအြန္လိုင္း ေငြလိမ္ဂိုဏ္းကို ဝင္ေရာက္စီးနင္းေသာ လုံၿခဳံေရး အဖြဲ႕ႏွင့္နီးစပ္သူက NP News ကို ေျပာသည္။
လုံၿခဳံေရးပူးေပါင္းအဖြဲ႕သည္ အထက္ပါၿခံဝန္းအတြင္းရွိ (၃)ထပ္တိုက္အေဆာက္အအုံ ႏွစ္လုံး၊ (၂)ထပ္တိုက္ အေဆာက္အအုံ သုံးလုံးကို ဝင္ေရာက္စီး နင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါအြန္လိုင္းေငြလိမ္ဂိုဏ္းကို ဝင္ေရာက္စီးနင္းစဥ္ ထိုင္းႏိုင္ငံသား အမ်ိဳးသား (၇၅)ဦး၊ အမ်ိဳးသမီး (၇၃)ဦး၊ တ႐ုတ္ႏိုင္ငံသားတစ္ဦးႏွင့္ ျမန္မာ ႏိုင္ငံသား (၅၄၀)ဦး စုစုေပါင္း (၆၈၈)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ကြန္ပ်ဴတာအလုံး (၄၀ဝ)၊ မီးခံေသတၱာ (၁၁)လုံး၊ ဖုန္း၊ ကား၊ ဆိုင္ကယ္ႏွင့္ အျခားေသာ ဆက္စပ္ပစၥည္း မ်ားစြာကို သိမ္းဆည္းရရွိခဲ့ၿပီး လက္ရွိတြင္ လိုအပ္ေသာ စစ္ေဆးေရးလုပ္ငန္းမ်ားကို ထပ္မံလုပ္ေဆာင္ေနေၾကာင္း သိရသည္။ တာခ်ီလိတ္ၿမိဳ႕ရွိ အြန္လိုင္းေငြလိမ္ဂိုဏ္းကို ျမန္မာ၊ ထိုင္း၊ တ႐ုတ္ (၃)ႏိုင္ငံပူးေပါင္းကာ စစ္ဆင္ေရးျပဳလုပ္ျခင္းျဖစ္ႏိုင္ ေၾကာင္းလည္း အြန္လိုင္းေငြလိမ္လုပ္ငန္းမ်ား က်က္စားရာေဒသတြင္ ေနထိုင္ေသာ လုပ္ငန္းရွင္က NP News ကို သုံးသပ္ေျပာၾကားသည္။
“တကယ္လုပ္တာပါ။ တ႐ုတ္ကရွာခိုင္းတဲ့ သူတို႔ပစ္မွတ္ေတြကို လိုက္ရွာတာ။ တ႐ုတ္ကေတာ့ အတိအက် Position ေပးတယ္ေလ။ ဘယ္ေနရာမွာ ရွိတယ္ဆိုၿပီးေတာ့ေပါ့။ အရင္ဆုံး တာခ်ီလိတ္ကို ေသြးတိုးစမ္း ၾကည့္တာေပါ့။ (၃)ႏိုင္ငံေပါင္းၿပီးေတာ့ ျမန္မာရယ္၊ ထိုင္းရယ္၊ တ႐ုတ္ရယ္ေပါ့။ အဲဒါကို ရရင္ေတာ့ သူတို႔ ေ႐ႊကုကၠိဳလုပ္မယ့္သေဘာရွိတယ္” ဟု အထက္ပါလုပ္ငန္းရွင္က ေျပာသည္။
ျမန္မာ၊ တ႐ုတ္၊ ထိုင္းနယ္စပ္ေဒသမ်ားတြင္ က်ားျဖန႔္ဟုေခၚဆိုေသာ အြန္လိုင္းလိမ္လည္မႈမ်ား၊ အြန္လိုင္း ေလာင္း ကစားလုပ္ငန္းမ်ားကို က်ယ္ျပန႔္စြာျပဳလုပ္ေနလ်က္ရွိၿပီး ယင္းလုပ္ငန္းမ်ားကို (၃)ႏိုင္ငံ ပူးေပါင္း၍ ထိေရာက္စြာ ႏွိမ္နင္းရန္ ေဆာင္႐ြက္ေနေၾကာင္း နစကဘက္က ယခင္ကာလမ်ား၌ ေျပာဆိုခဲ့ဖူးသည္။
အဆိုပါ အြန္လိုင္းလိမ္လည္မႈလုပ္ငန္းမ်ားတြင္ တ႐ုတ္ႏိုင္ငံသားအမ်ားစု ပါဝင္လုပ္ကိုင္ေနလ်က္ရွိသည့္အျပင္ ထိုင္း ႏွင့္ အျခားႏိုင္ငံသားမ်ားလည္း ပါဝင္ေဆာင္႐ြက္ေနေၾကာင္းႏွင့္ ၎တို႔ကို လက္နက္ကိုင္အဖြဲ႕မ်ားက အကာ အကြယ္ေပးေနေၾကာင္းလည္း သိရသည္။ အဆိုပါ ႏိုင္ငံသားမ်ားသည္ ျမန္မာႏိုင္ငံ၏ နယ္စပ္ေဒသမ်ားသို႔ တရားမဝင္ ဝင္ေရာက္ေနထိုင္ကာ အြန္လိုင္းလိမ္လည္မႈ လုပ္ ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ေန ထိုင္သည့္ ႏိုင္ငံျခားသား (၅၀ဝဝဝ)ေက်ာ္ကို ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၅ ရက္မွစ၍ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္အတြင္း ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ၿပီး ၎တို႔ကို သက္ဆိုင္ရာႏိုင္ငံမ်ားထံသို႔ ျပန္လည္ လႊဲေျပာင္းေပးထားေၾကာင္း သိရသည္။