PDF (၇၀)ဦးခန့်က ထားဝယ်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာမ(၃)ဦးကို ဖမ်းဆီးမှု ထပ်မံဖြစ်ပွား

 1572

မြူနစ် (NP News) - ဖေဖော်ဝါရီ ၂၈

PDF အဖွဲ့ဝင် (၇၀)ဦးခန့်က ထားဝယ်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာမ(၃)ဦးကို ဖမ်းဆီးခေါ်ဆောင်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက် မွန်းတည့် ၁၁ နာရီခွဲအချိန်ခန့်တွင် PDF အဖွဲ့ဝင် (၇၀)ဦးခန့်သည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်နည်းပညာတက္ကသိုလ်ဝန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်ဟု တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။

ထို့နောက် PDF အဖွဲ့ဝင်များသည် တက္ကသိုလ်အတွင်းရှိ မိုးလုံလေလုံအားကစားရုံ၏ ခြံစည်းရိုးအုတ်တံတိုင်းကို အကာအကွယ်ယူကာ ကားလမ်းမတစ်ဖက်ခြမ်းရှိ လုံခြုံရေးအဖွဲ့ဝင်များရှိသော ဘုရားမဲဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“PDF တွေက အရင်ဆုံးတက္ကသိုလ်ထဲကို ဝင်လာတာပေါ့။ ပြီးမှ ဘုရားမဲဂိတ်မှာရှိတဲ့ တပ်ကိုတိုက်တာ။ အပြန်အလှန်ပစ်တာခတ်တာတော့ ရှိတာပေါ့။ ပြီးတော့ (၂)နာရီလောက်မှာ PDF တွေက ပါချုပ်နဲ့ ဆရာမတွေကို ဖမ်းဆီးပြီး ခေါ်သွားတာ ပေါ့” ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူက ပြော သည်။

PDF အဖွဲ့ဝင်များသည် ထားဝယ်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာကျော်အောင်၊ ဌာနမှူး (၂)ဦးနှင့် ဆရာမတစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ကာ ကျောက်ဆိပ်ကုန်းရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

“အဲဒီတက္ကသိုလ်က ထားဝယ်ကနေ ရေဖြူကို သွားတဲ့ကြားထဲမှာ ရှိတာ။ အဲဒီအနားမှတပ်လည်း ရှိတယ်။ အရင်တစ်ခါတုန်းကလည်း အဲဒီလမ်းကြောမှာ ဝန်ကြီးချုပ်ယာဉ်တန်းရဲ့ ရှေ့ပြေးယာဉ်တွေ အပစ်ခံခဲ့ရတာ ရှိဖူးတယ်။ ပစ်ခတ်မှုလည်း မကြာခဏဆိုသလို ဖြစ်ဖူးတယ်” ဟု တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူက ဆက်လက်ပြောသည်။

ယခုဖေဖော်ဝါရီလ ၂၅ ရက်တွင်လည်း စစ်ကိုင်းတိုင်းအတွင်းရှိ ကလေးတက္ကသိုလ်ကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက် စီးနင်းကာ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

အဆိုပါကလေးတက္ကသိုလ်ဖြစ်စဉ်၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၂၈၅)ဦးကို နစကဘက်က ပြန်လည် ကယ်တင်နိုင်ခဲ့သော်လည်း PDF ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသူများလည်း ရှိနေကြောင်း သိရသည်။

zawgyi version
PDF (၇၀)ဦးခန႔္က ထားဝယ္နည္းပညာတကၠသိုလ္ ပါေမာကၡခ်ဳပ္ႏွင့္ ဆရာမ(၃)ဦးကို ဖမ္းဆီးမႈ ထပ္မံျဖစ္ပြား

ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီ ၂၈

PDF အဖြဲ႕ဝင္ (၇၀)ဦးခန႔္က ထားဝယ္နည္းပညာတကၠသိုလ္ ပါေမာကၡခ်ဳပ္ႏွင့္ ဆရာမ(၃)ဦးကို ဖမ္းဆီးေခၚေဆာင္မႈ ထပ္မံျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေဖေဖာ္ဝါရီလ ၂၈ ရက္ မြန္းတည့္ ၁၁ နာရီခြဲအခ်ိန္ခန႔္တြင္ PDF အဖြဲ႕ဝင္ (၇၀)ဦးခန႔္သည္ တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္၊ ထားဝယ္နည္းပညာတကၠသိုလ္ဝန္းအတြင္းသို႔ ဝင္ေရာက္လာခဲ့ေၾကာင္း သိရသည္ဟု တိုင္းအစိုးရအဖြဲ႕ႏွင့္နီးစပ္သူက NP News ကို ေျပာသည္။

ထို႔ေနာက္ PDF အဖြဲ႕ဝင္မ်ားသည္ တကၠသိုလ္အတြင္းရွိ မိုးလုံေလလုံအားကစား႐ုံ၏ ၿခံစည္း႐ိုးအုတ္တံတိုင္းကို အကာအကြယ္ယူကာ ကားလမ္းမတစ္ဖက္ျခမ္းရွိ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားရွိေသာ ဘုရားမဲဂိတ္ကို ပစ္ခတ္တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

“PDF ေတြက အရင္ဆုံးတကၠသိုလ္ထဲကို ဝင္လာတာေပါ့။ ၿပီးမွ ဘုရားမဲဂိတ္မွာရွိတဲ့ တပ္ကိုတိုက္တာ။ အျပန္အလွန္ပစ္တာခတ္တာေတာ့ ရွိတာေပါ့။ ၿပီးေတာ့ (၂)နာရီေလာက္မွာ PDF ေတြက ပါခ်ဳပ္နဲ႔ ဆရာမေတြကို ဖမ္းဆီးၿပီး ေခၚသြားတာ ေပါ့” ဟု တနသၤာရီတိုင္းအစိုးရအဖြဲ႕ႏွင့္နီးစပ္သူက ေျပာ သည္။

PDF အဖြဲ႕ဝင္မ်ားသည္ ထားဝယ္နည္းပညာတကၠသိုလ္မွ ပါေမာကၡခ်ဳပ္ေဒါက္တာေက်ာ္ေအာင္၊ ဌာနမႉး (၂)ဦးႏွင့္ ဆရာမတစ္ဦးတို႔ကို ဖမ္းဆီးေခၚေဆာင္ကာ ေက်ာက္ဆိပ္ကုန္း႐ြာဘက္သို႔ ျပန္လည္ထြက္ခြာသြားခဲ့ေၾကာင္း သိရသည္။

“အဲဒီတကၠသိုလ္က ထားဝယ္ကေန ေရျဖဴကို သြားတဲ့ၾကားထဲမွာ ရွိတာ။ အဲဒီအနားမွတပ္လည္း ရွိတယ္။ အရင္တစ္ခါတုန္းကလည္း အဲဒီလမ္းေၾကာမွာ ဝန္ႀကီးခ်ဳပ္ယာဥ္တန္းရဲ႕ ေရွ႕ေျပးယာဥ္ေတြ အပစ္ခံခဲ့ရတာ ရွိဖူးတယ္။ ပစ္ခတ္မႈလည္း မၾကာခဏဆိုသလို ျဖစ္ဖူးတယ္” ဟု တိုင္းအစိုးရအဖြဲ႕ႏွင့္နီးစပ္သူက ဆက္လက္ေျပာသည္။

ယခုေဖေဖာ္ဝါရီလ ၂၅ ရက္တြင္လည္း စစ္ကိုင္းတိုင္းအတြင္းရွိ ကေလးတကၠသိုလ္ကို PDF ပူးေပါင္းအဖြဲ႕မ်ားက ဝင္ေရာက္ စီးနင္းကာ ဆရာ/ဆရာမႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားကို ဖမ္းဆီးေခၚေဆာင္သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။

အဆိုပါကေလးတကၠသိုလ္ျဖစ္စဥ္၌ ဆရာ/ဆရာမႏွင့္ ေက်ာင္းသား/ေက်ာင္းသူ (၂၈၅)ဦးကို နစကဘက္က ျပန္လည္ ကယ္တင္ႏိုင္ခဲ့ေသာ္လည္း PDF ပူးေပါင္းအဖြဲ႕၏ ဖမ္းဆီးျခင္းခံထားရသူမ်ားလည္း ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.