မာလီနိုင်ငံမြောက်ပိုင်းအား အစိုးရက ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်း

 505

ALynn (NP News) - မတ် ၁

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလယ်လောက်က မာလီစစ်ခေါင်းဆောင်များသည် Tuareg လက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်ထားသည့် Kidal မြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် အာဏာသိမ်းပြီးကတည်းက Tuareg အဖွဲ့သည် မာလီစစ်ခေါင်းဆောင်များ၏ အချုပ်အခြာအာဏာ အား ခြိမ်းခြောက်လျက်ရှိသည်။ ၂၀၁၂ ခုနှစ်ကတည်းက နိုင်ငံသည် အကြမ်းဖက်မှုများဖြစ်ပွားလျက်ရှိကာ အယ်လ်ကိုင်ဒါ နှင့် IS ကဲ့သို့ အစ္စလာမ္မစ်စစ်သွေးကြွများနှင့်ဆက်နွယ်နေသည့် Tuareg အဖွဲ့သည် Azawad လွင်ပြင် ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် တောင်းဆိုလျက်ရှိသည်။

အာဏာသိမ်းမှုများအပြီးတွင် မာလီပြည်သူများသည် အပြောင်းအလဲဆီ ဦးတည်နိုင်မည်ဟု မျှော်လင့်ကြသော် လည်း မာလီနိုင်ငံမြောက်ပိုင်းတွင် တိုက်ခိုက်မှုများက နှစ်ဆမြင့်တက်လာပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် မာလီ အစိုးရ၏ တောင်းဆိုမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးထိန်းသိမ်းတပ်ဖွဲ့ ၁၃,၀၀၀ ဆုတ်ခွာပေးခဲ့ရသည်။ အကူအညီပေးရေးအဖွဲ့အစည်း Mercy Corps ၏ အဆိုအရ မာလီနိုင်ငံသား သုံးပုံတစ်ပုံကျော်သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများအပေါ်မှီခိုနေရပြီး တိုက်ပွဲများကြောင့် လူအများအပြားသည် ၎င်းတို့၏ ကျေးရွာများမှ ထွက်ပြေးနေရကြောင်း သိရသည်။

အစိုးရသည် သူပုန်များကို တိုက်ထုတ်ရန် ရုရှားကြေးစားတပ်ဖွဲ့များ၏ အကူအညီယူကြရသည်။ ထို့ပြင် ရုရှား၊ တူကီယဲ နှင့် အခြားနိုင်ငံများမှ ရဟတ်ယာဉ်များ၊ ဂျက်လေယာဉ်များနှင့် ဒရုန်းကဲ့သို့ စစ်လက်နက်များ ထောက်ပံ့ ပေးထားသည်။ မာလီအစိုးရသည် အကြမ်းဖက်သမားများကို တရားဝင်အရေးယူမှုများလည်း ဆောင်ရွက်လျက်ရှိ နေသည်။ နိုဝင်ဘာလတွင် မာလီတရားစီရင်ရေးဌာနသည် အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက် ငွေကြေးထောက်ပံ့မှုနှင့် စစ်လက်နက်တရားမဝင်လက်ဝယ်ထားရှိမှုများအတွက် နိုင်ငံတွင်းရှိ အယ်လ်ကိုင်ဒါ ခေါင်းဆောင်များနှင့် Tuareg ခွဲထွက်ရေးသမားများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

သူပုန်အုပ်စုများသည် Algiers Accord ဟုခေါ်သည့် ၂၀၁၅ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုက်နာခြင်းမရှိဘဲ ဇန်နဝါရီလက ၎င်းစာချုပ်အား ချိုးဖောက်ခဲ့သည်။ ၎င်းသဘောတူစာချုပ်၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်ပိုင် စစ်တပ်ထဲသို့ သူပုန်များကို ပေါင်းစည်းထည့်သွင်းသွားမည်ဖြစ်ပြီး နိုင်ငံရှိ ဒေသအများစုကိုလည်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ပေးရန်ဖြစ်သည်။

သို့သော် မာလီအစိုးရ၏ ဖော်ပြချက်အရ စာချုပ်ပျက်ပြယ်သွားပြီးနောက် ကြားဝင်စေ့စပ်ပေးခဲ့သည့် အယ်လ်ဂျီးရီးယားနိုင်ငံသည်ပင် ရန်လိုသည့်အပြုအမူများကို လုပ်ဆောင်လာကြောင်း သိရသည်။ ထို့ပြင် စာချုပ် ပြန်လည်အသက်ဝင်ရန် နိုင်ငံတကာက ကြားဝင်ဖျန်ဖြေခဲ့သော်လည်း အစိုးရသည် သူပုန်များဘက်မှ တောင်းဆိုမှုများကို ပယ်ချပစ်ခဲ့သည်။

Zawgyi Version;
မာလီႏိုင္ငံေျမာက္ပိုင္းအား အစိုးရက ျပန္လည္ထိန္းခ်ဳပ္ႏိုင္ရန္ ႀကိဳးပမ္း
ALynn (NP News) - မတ္ ၁

၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလလယ္ေလာက္က မာလီစစ္ေခါင္းေဆာင္မ်ားသည္ Tuareg လက္နက္ကိုင္အဖြဲ႕မ်ား သိမ္းပိုက္ထားသည့္ Kidal ၿမိဳ႕ကို ျပန္လည္သိမ္းယူႏိုင္ခဲ့သည္။
၂၀၂၀ ျပည့္ႏွစ္ အာဏာသိမ္းၿပီးကတည္းက Tuareg အဖြဲ႕သည္ မာလီစစ္ေခါင္းေဆာင္မ်ား၏ အခ်ဳပ္အျခာအာဏာ အား ၿခိမ္းေျခာက္လ်က္ရွိသည္။ ၂၀၁၂ ခုႏွစ္ကတည္းက ႏိုင္ငံသည္ အၾကမ္းဖက္မႈမ်ားျဖစ္ပြားလ်က္ရွိကာ အယ္လ္ကိုင္ဒါ ႏွင့္ IS ကဲ့သို႔ အစၥလာမၼစ္စစ္ေသြးႂကြမ်ားႏွင့္ဆက္ႏြယ္ေနသည့္ Tuareg အဖြဲ႕သည္ Azawad လြင္ျပင္ ေဒသကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရရန္ ေတာင္းဆိုလ်က္ရွိသည္။

အာဏာသိမ္းမႈမ်ားအၿပီးတြင္ မာလီျပည္သူမ်ားသည္ အေျပာင္းအလဲဆီ ဦးတည္ႏိုင္မည္ဟု ေမွ်ာ္လင့္ၾကေသာ္ လည္း မာလီႏိုင္ငံေျမာက္ပိုင္းတြင္ တိုက္ခိုက္မႈမ်ားက ႏွစ္ဆျမင့္တက္လာၿပီး ၂၀၂၃ ခုႏွစ္၊ ဩဂုတ္လတြင္ မာလီ အစိုးရ၏ ေတာင္းဆိုမႈေၾကာင့္ ကုလသမဂၢလုံၿခဳံေရးထိန္းသိမ္းတပ္ဖြဲ႕ ၁၃,၀၀၀ ဆုတ္ခြာေပးခဲ့ရသည္။ အကူအညီေပးေရးအဖြဲ႕အစည္း Mercy Corps ၏ အဆိုအရ မာလီႏိုင္ငံသား သုံးပုံတစ္ပုံေက်ာ္သည္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာအကူအညီမ်ားအေပၚမွီခိုေနရၿပီး တိုက္ပြဲမ်ားေၾကာင့္ လူအမ်ားအျပားသည္ ၎တို႔၏ ေက်း႐ြာမ်ားမွ ထြက္ေျပးေနရေၾကာင္း သိရသည္။

အစိုးရသည္ သူပုန္မ်ားကို တိုက္ထုတ္ရန္ ႐ုရွားေၾကးစားတပ္ဖြဲ႕မ်ား၏ အကူအညီယူၾကရသည္။ ထို႔ျပင္ ႐ုရွား၊ တူကီယဲ ႏွင့္ အျခားႏိုင္ငံမ်ားမွ ရဟတ္ယာဥ္မ်ား၊ ဂ်က္ေလယာဥ္မ်ားႏွင့္ ဒ႐ုန္းကဲ့သို႔ စစ္လက္နက္မ်ား ေထာက္ပံ့ ေပးထားသည္။ မာလီအစိုးရသည္ အၾကမ္းဖက္သမားမ်ားကို တရားဝင္အေရးယူမႈမ်ားလည္း ေဆာင္႐ြက္လ်က္ရွိ ေနသည္။ ႏိုဝင္ဘာလတြင္ မာလီတရားစီရင္ေရးဌာနသည္ အၾကမ္းဖက္လုပ္ရပ္မ်ား၊ အၾကမ္းဖက္ ေငြေၾကးေထာက္ပံ့မႈႏွင့္ စစ္လက္နက္တရားမဝင္လက္ဝယ္ထားရွိမႈမ်ားအတြက္ ႏိုင္ငံတြင္းရွိ အယ္လ္ကိုင္ဒါ ေခါင္းေဆာင္မ်ားႏွင့္ Tuareg ခြဲထြက္ေရးသမားမ်ားကို စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ေၾကညာခဲ့သည္။

သူပုန္အုပ္စုမ်ားသည္ Algiers Accord ဟုေခၚသည့္ ၂၀၁၅ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို လိုက္နာျခင္းမရွိဘဲ ဇန္နဝါရီလက ၎စာခ်ဳပ္အား ခ်ိဳးေဖာက္ခဲ့သည္။ ၎သေဘာတူစာခ်ဳပ္၏ ရည္႐ြယ္ခ်က္မွာ ႏိုင္ငံေတာ္ပိုင္ စစ္တပ္ထဲသို႔ သူပုန္မ်ားကို ေပါင္းစည္းထည့္သြင္းသြားမည္ျဖစ္ၿပီး ႏိုင္ငံရွိ ေဒသအမ်ားစုကိုလည္း ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ေပးရန္ျဖစ္သည္။

သို႔ေသာ္ မာလီအစိုးရ၏ ေဖာ္ျပခ်က္အရ စာခ်ဳပ္ပ်က္ျပယ္သြားၿပီးေနာက္ ၾကားဝင္ေစ့စပ္ေပးခဲ့သည့္ အယ္လ္ဂ်ီးရီးယားႏိုင္ငံသည္ပင္ ရန္လိုသည့္အျပဳအမူမ်ားကို လုပ္ေဆာင္လာေၾကာင္း သိရသည္။ ထို႔ျပင္ စာခ်ဳပ္ ျပန္လည္အသက္ဝင္ရန္ ႏိုင္ငံတကာက ၾကားဝင္ဖ်န္ေျဖခဲ့ေသာ္လည္း အစိုးရသည္ သူပုန္မ်ားဘက္မွ ေတာင္းဆိုမႈမ်ားကို ပယ္ခ်ပစ္ခဲ့သည္။

Related news

© 2021. All rights reserved.