တတိယကမ္ဘာစစ်ဖြစ်ပွားလာနိုင်ကြောင်း ပြင်သစ်ဝန်ကြီးချုပ်ဟောင်းပြော

 1028

Pika (NP News) - ‌မတ် ၂

ယူကရိန်းပဋိပက္ခသည် တတိယကမ္ဘာစစ်ဖြစ်ပွားလာနိုင်သည့်အထိ အလားအလာများရှိနေကြောင်း ပြင်သစ်ဝန်ကြီးချုပ်ဟောင်း မန်နူရယ်ဘောစ်က ပြောကြားခဲ့သည်။

ပြင်သစ်ပြည်သူများနှင့် ဥရောပတိုက်တစ်ဝှမ်းရှိ အခြားလူများ၏ ကံကြမ္မာသည် ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွားနေသော စစ်ပွဲနှင့် နီးကပ်စွာဆက်စပ်နေပြီး ယူကရိန်းကို စစ်ရေးအရထောက်ပံ့ပေးမှုများအား ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ကြောင်း မန်နူရယ်ဘောစ်က ပြောကြားခဲ့သည်။

မန်နူရယ်ဘောစ်က "ယူကရိန်းရဲ့ ဒီမိုကရေစီအဆုံးသတ်၊ ဥရောပရဲ့ မဟာဗျူဟာ၊ စစ်ရေး၊ နိုင်ငံရေးနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ရှုံးနိမ့်မှုတွေကို ကိုယ်စားပြုတဲ့ ရုရှားသမ္မတပူတင်ရဲ့ အောင်ပွဲကို ကျွန်တော်တို့လက်မခံနိုင်ပါဘူး။ ရုရှားကို အနိုင်ယူဖို့က လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရုရှားကို အနိုင်ယူဖို့ ပြင်းပြင်း ထန်ထန်နဲ့ မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ယူကရိန်းကို နေတိုးတပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ အကြုံပြုပြောဆိုခဲ့တဲ့ ပြင်သစ်သမ္မတမက်ခရွန်ရဲ့ ပြောဆိုချက်တွေကို ပယ်မချသင့်ပါဘူး"ဟု ပြောဆိုခဲ့သည်။

ပိုလန်၊ ဂျာမနီ၊ အမေရိကန်၊ အီတလီ၊ ဗြိတိန် နှင့် အခြားနေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းတွင် တပ်ဖွဲ့များဖြန့်ကျက်ချ ထားရန် ပြောဆိုခဲ့သည့် ပြင်သစ်သမ္မတမက်ခရွန်၏ အကြံပြုပြောဆိုချက်ကို ပယ်ချခဲ့ကြောင်းသိရသည်။ အဆိုပါအကြုံပြုပြောဆိုချက်ကို နေတိုးအဖွဲ့အကြီးအကဲ ဂျန်စတိုလ်တန်ဘာ့ချ်ကလည်း ပယ်ချခဲ့ကြောင်းသိရသည်။ ထို့ပြင် ပြင်သစ်နိုင်ငံသားများ၏ (၃)ပုံ (၂)ပုံကျော်သည် ယူကရိန်းတွင် နေတိုးတပ်ဖွဲ့များ ဖြန့်ကြက်ချထားရန် ပြောဆိုခဲ့သည့် မက်ခရွန်၏ပြောဆိုချက်ကို သဘောမတူညီကြကြောင်း Le Figaro မှ ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ သိရသည်။ မက်ခရွန်၏ အကြုံပြောဆိုချက်ကို ရုရှားအစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး ယူကရိန်းတွင် နေတိုးတပ်ဖွဲ့များ ဖြန့်ကြက်ချထားခြင်းသည် ရုရှားနှင့်အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်မှုများကို ဖြစ်ပွားလာစေနိုင်ကြောင်း သတိပေးပြောဆိုခဲ့သည်။

zawgyi version
တတိယကမာၻစစ္ျဖစ္ပြားလာႏိုင္ေၾကာင္း ျပင္သစ္ဝန္ႀကီးခ်ဳပ္ေ‌ေဟာင္းေျပာ
Pika (NP News) - ‌မတ္ ၂

ယူကရိန္းပဋိပကၡသည္ တတိယကမာၻစစ္ျဖစ္ပြားလာႏိုင္သည့္အထိ အလားအလာမ်ားရွိေနေၾကာင္း ျပင္သစ္ဝန္ႀကီးခ်ဳပ္ေဟာင္း မန္ႏူရယ္ေဘာစ္က ေျပာၾကားခဲ့သည္။

ျပင္သစ္ျပည္သူမ်ားႏွင့္ ဥေရာပတိုက္တစ္ဝွမ္းရွိ အျခားလူမ်ား၏ ကံၾကမၼာသည္ ႐ုရွားႏွင့္ယူကရိန္းၾကားျဖစ္ပြားေနေသာ စစ္ပြဲႏွင့္ နီးကပ္စြာဆက္စပ္ေနၿပီး ယူကရိန္းကို စစ္ေရးအရေထာက္ပံ့ေပးမႈမ်ားအား ျပတ္ျပတ္သားသား လုပ္ေဆာင္သင့္ေၾကာင္း မန္ႏူရယ္ေဘာစ္က ေျပာၾကားခဲ့သည္။

မန္ႏူရယ္ေဘာစ္က "ယူကရိန္းရဲ႕ ဒီမိုကေရစီအဆုံးသတ္၊ ဥေရာပရဲ႕ မဟာဗ်ဴဟာ၊ စစ္ေရး၊ ႏိုင္ငံေရးနဲ႔ ကိုယ္က်င့္တရားဆိုင္ရာ ရႈံးနိမ့္မႈေတြကို ကိုယ္စားျပဳတဲ့ ႐ုရွားသမၼတပူတင္ရဲ႕ ေအာင္ပြဲကို ကြၽန္ေတာ္တို႔လက္မခံႏိုင္ပါဘူး။ ႐ုရွားကို အႏိုင္ယူဖို႔က လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ႐ုရွားကို အႏိုင္ယူဖို႔ ျပင္းျပင္း ထန္ထန္နဲ႔ ျမန္ျမန္ဆန္ဆန္လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ၿပီးေတာ့ ယူကရိန္းကို ေနတိုးတပ္ဖြဲ႕ေတြ ေစလႊတ္ေပးဖို႔ အႀကဳံျပဳေျပာဆိုခဲ့တဲ့ ျပင္သစ္သမၼတမက္ခ႐ြန္ရဲ႕ ေျပာဆိုခ်က္ေတြကို ပယ္မခ်သင့္ပါဘူး"ဟု ေျပာဆိုခဲ့သည္။

ပိုလန္၊ ဂ်ာမနီ၊ အေမရိကန္၊ အီတလီ၊ ၿဗိတိန္ ႏွင့္ အျခားေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ယူကရိန္းတြင္ တပ္ဖြဲ႕မ်ားျဖန႔္က်က္ခ် ထားရန္ ေျပာဆိုခဲ့သည့္ ျပင္သစ္သမၼတမက္ခ႐ြန္၏ အႀကံျပဳေျပာဆိုခ်က္ကို ပယ္ခ်ခဲ့ေၾကာင္းသိရသည္။ အဆိုပါအႀကဳံျပဳေျပာဆိုခ်က္ကို ေနတိုးအဖြဲ႕အႀကီးအကဲ ဂ်န္စတိုလ္တန္ဘာ့ခ်္ကလည္း ပယ္ခ်ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ျပင္သစ္ႏိုင္ငံသားမ်ား၏ (၃)ပုံ (၂)ပုံေက်ာ္သည္ ယူကရိန္းတြင္ ေနတိုးတပ္ဖြဲ႕မ်ား ျဖန႔္ၾကက္ခ်ထားရန္ ေျပာဆိုခဲ့သည့္ မက္ခ႐ြန္၏ေျပာဆိုခ်က္ကို သေဘာမတူညီၾကေၾကာင္း Le Figaro မွ ေကာက္ယူခဲ့ေသာ စစ္တမ္းတစ္ခုအရ သိရသည္။ မက္ခ႐ြန္၏ အႀကဳံေျပာဆိုခ်က္ကို ႐ုရွားအစိုးရက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ယူကရိန္းတြင္ ေနတိုးတပ္ဖြဲ႕မ်ား ျဖန႔္ၾကက္ခ်ထားျခင္းသည္ ႐ုရွားႏွင့္အေမရိကန္ဦးေဆာင္ေသာ ေနတိုးအဖြဲ႕ၾကား ထိပ္တိုက္ရင္ဆိုင္မႈမ်ားကို ျဖစ္ပြားလာေစႏိုင္ေၾကာင္း သတိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.