မော်လမြိုင်မြို့တွင် (၁၂)ဘီးကားနောက်ပြန်လိမ့်၍ ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးထိခိုက်ဒဏ်ရာရ

1747
သန့်ဇင် (NP News) - မတ် ၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၁၂)ဘီးကားတစ်စီး နောက် ပြန်လိမ့်၍ ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့ (မတ်လ ၆ ရက်)၊ ည ၇နာရီအချိန်ခန့်တွင် မော်လမြိုင်မြို့၊ မြေနီကုန်းဘူတာကြီးမီးပွိုင့်အနီး ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပထမတော့ ကားကစက်သပ်ထားတာ။ နောက်တော့ ကားစက်နှိုးတော့ ဂီယာနဲ့ထိန်းတာမှာ လေပေါင်မရှိတော့ နောက်ပြန် လိမ့်ကျသွားတာ။ ကျတာကလည်း ချောက်ထဲကျသွားတော့ ပျက်စီးမှုတွေရှိခဲ့တာပေါ့” ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က NP News ကို ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် (၁၂)ဘီးပေါ်တွင်လိုက် ပါလာသည့် အသက်(၅၀)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းထိခိုက်ဒဏ်ရာရတယ်။ ချောက်ထဲကျတော့ကားလည်း ပျက်စီးသွားတယ်။ ကားကအရက်ပုလင်းနဲ့ မှန်ချက်ပါကင်တွေ တင်လာတာ။ အဲဒါတွေလည်း တစ်ချို့တစ်ဝက်ပျက်စီးသွားတယ်။ အရင်က အဲဒီနေရာက ဖြစ်လေ့တော့မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားကို ဘိုဘိုဝင်းအရေးပေါ်ကယ် ဆယ်ရေးအဖွဲ့နှင့် အခြားလူမှုကူညီရေးအဖွဲ့များပူးပေါင်းကာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေမာ္လၿမိဳင္ၿမိဳ႕တြင္ (၁၂)ဘီးကားေနာက္ျပန္လိမ့္၍ ေခ်ာက္ထဲထိုးက်တိမ္းေမွာက္ခဲ့ရာ တစ္ဦးထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - မတ္ ၇
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ (၁၂)ဘီးကားတစ္စီး ေနာက္ ျပန္လိမ့္၍ ေခ်ာက္ထဲထိုးက်တိမ္းေမွာက္ခဲ့ရာ တစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ဘိုဘိုဝင္းအေရးေပၚကူညီကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။
ယာဥ္တိမ္းေမွာက္မႈသည္ ယမန္ေန႔ (မတ္လ ၆ ရက္)၊ ည ၇နာရီအခ်ိန္ခန႔္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ ေျမနီကုန္းဘူတာႀကီးမီးပြိဳင့္အနီး ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ပထမေတာ့ ကားကစက္သပ္ထားတာ။ ေနာက္ေတာ့ ကားစက္ႏႈိးေတာ့ ဂီယာနဲ႔ထိန္းတာမွာ ေလေပါင္မရွိေတာ့ ေနာက္ျပန္ လိမ့္က်သြားတာ။ က်တာကလည္း ေခ်ာက္ထဲက်သြားေတာ့ ပ်က္စီးမႈေတြရွိခဲ့တာေပါ့” ဟု ဘိုဘိုဝင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕က NP News ကို ေျပာသည္။
အဆိုပါ ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္တြင္ (၁၂)ဘီးေပၚတြင္လိုက္ ပါလာသည့္ အသက္(၅၀)ႏွစ္အ႐ြယ္ ယာဥ္ေမာင္းအမ်ိဳးသားသည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ယာဥ္ေမာင္းထိခိုက္ဒဏ္ရာရတယ္။ ေခ်ာက္ထဲက်ေတာ့ကားလည္း ပ်က္စီးသြားတယ္။ ကားကအရက္ပုလင္းနဲ႔ မွန္ခ်က္ပါကင္ေတြ တင္လာတာ။ အဲဒါေတြလည္း တစ္ခ်ိဳ႕တစ္ဝက္ပ်က္စီးသြားတယ္။ အရင္က အဲဒီေနရာက ျဖစ္ေလ့ေတာ့မရွိပါဘူး” ဟု ၎က ဆက္လက္ေျပာသည္။
ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားကို ဘိုဘိုဝင္းအေရးေပၚကယ္ ဆယ္ေရးအဖြဲ႕ႏွင့္ အျခားလူမႈကူညီေရးအဖြဲ႕မ်ားပူးေပါင္းကာ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။