ရှုံးနိမ့်မှုများတွေ့ကြုံရပြီးနောက် နီကီဟာလေးက ရီပတ်ဘလီကန်ပါတီအတွင်း သမ္မတလောင်း ရွေးချယ်မှုယှဉ်ပြိုင်မှုမှ နုတ်ထွက်

 725

ဂျန်ဇက် (NP News) - မတ် ၇

အမေရိကန်သံအမတ်ကြီးဟောင်း နီကီဟာလေးဟာ မတ်လ ၅ ရက်က ကျင်းပခဲ့တဲ့ Super Tuesday ရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့ပြီးနောက် ရီပတ်ဘလီကန်ပါတီအတွင်း ယှဉ်ပြိုင်ရတဲ့ သမ္မတလောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်မယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း သိရပါတယ်။

နီကီဟာလေးဟာ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မယ့် သမ္မတ အဖြစ်ရွေးချယ်ခံရဖို့ ပါတီအတွင်း ကနဦး ယှဉ်ပြိုင်နေရပြီး သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ အဓိကထားယှဉ်ပြိုင်နေရကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လက်ရှိအချိန်မှာ နီကီဟာလေးထက် လူကြိုက်များနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကျင်းပခဲ့တဲ့ ပြည်နယ် ၁၅ ခုအနက် ၁၄ ပြည်နယ်မှာ အနိုင်ရခဲ့ကြောင်း၊ နီကီဟာလေးဟာ အဆိုပါ ၁၅ပြည်နယ်မှာ ၁ ပြည်နယ် ကို အနိုင်ရထားကြောင်းသိရပါတယ်။

နီကီဟာလေးက" ကျွန်မတို့ရဲ့ မဲဆွယ်စည်းရုံးရေး အစီအစဉ်တွေကိုဆိုင်းငံ့ရမယ့်အချိန်ဖြစ်လာပြီ၊ အဲဒီအတွက်လည်းနောင်တမရဘူး"လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ သမ္မတ ရွေးကောက် ပွဲကို နိုဝင်ဘာလအတွင်းကျင်းပမှာဖြစ်ရာ လက်ရှိအချိန်မှာပါတီ တွေဟာ သမ္မတ လောင်းရွေးချယ်ပွဲတွေကို ကျင်းပလျက်ရှိနေပါတယ်။ ရီပတ်ဘလီကန်ပါတီရဲ့ပါတီအတွင်း သမ္မတလောင်းရွေး ချယ်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ခဲ့သူတွေထဲမှာ နီကီဟာလေး အပါ အဝင်အချို့က နုတ်ထွက်သွားခဲ့ပြီး ဒေါ်နယ်ထရမ့်ဟာ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းအဖြစ်ရွေးချယ်ခံရဖို့ အလားအလာများနေကြောင်းသိရပါတယ်။ နီကီဟာလေးဟာ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ် ကြောင်းသိရပါတယ်။

လက်ရှိအချိန်မှာ ပါတီအတွင်းရွေးချယ်တဲ့ သမ္မလောင်းရွေးချယ်မှုကနဦးအဆင့် ရွေးချယ်မှုတွေမှာ ပါဝင်ယှဉ်ပြိုင်မှုဆိုင်းငံ့ခဲ့ပေမယ့် ဒေါ်နယ်ထရမ့်ကိုဆက်လက်ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်းမှာဖြစ်ကြောင်း နီကီဟာလေးကပြောပါတယ်။

zawgyi version
ရႈံးနိမ့္မႈမ်ားေတြ႕ႀကဳံရၿပီးေနာက္ နီကီဟာေလးက ရီပတ္ဘလီကန္ပါတီအတြင္း သမၼတေလာင္း ေ႐ြးခ်ယ္မႈယွဥ္ၿပိဳင္မႈမွ ႏုတ္ထြက္
ဂ်န္ဇက္ (NP News) - မတ္ ၇

အေမရိကန္သံအမတ္ႀကီးေဟာင္း နီကီဟာေလးဟာ မတ္လ ၅ ရက္က က်င္းပခဲ့တဲ့ Super Tuesday ေ႐ြးေကာက္ပြဲမွာရႈံးနိမ့္ခဲ့ၿပီးေနာက္ ရီပတ္ဘလီကန္ပါတီအတြင္း ယွဥ္ၿပိဳင္ရတဲ့ သမၼတေလာင္းအျဖစ္ပါဝင္ယွဥ္ၿပိဳင္မယ့္ အစီအစဥ္ကို ဆိုင္းငံ့လိုက္ေၾကာင္း သိရပါတယ္။

နီကီဟာေလးဟာ ရီပတ္ဘလီကန္ပါတီ ကိုယ္စားျပဳယွဥ္ၿပိဳင္မယ့္ သမၼတ အျဖစ္ေ႐ြးခ်ယ္ခံရဖို႔ ပါတီအတြင္း ကနဦး ယွဥ္ၿပိဳင္ေနရၿပီး သမၼတေဟာင္းေဒၚနယ္ထရမ့္နဲ႔ အဓိကထားယွဥ္ၿပိဳင္ေနရေၾကာင္းသိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ လက္ရွိအခ်ိန္မွာ နီကီဟာေလးထက္ လူႀကိဳက္မ်ားေနၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက်င္းပခဲ့တဲ့ ျပည္နယ္ ၁၅ ခုအနက္ ၁၄ ျပည္နယ္မွာ အႏိုင္ရခဲ့ေၾကာင္း၊ နီကီဟာေလးဟာ အဆိုပါ ၁၅ျပည္နယ္မွာ ၁ ျပည္နယ္ ကို အႏိုင္ရထားေၾကာင္းသိရပါတယ္။

နီကီဟာေလးက" ကြၽန္မတို႔ရဲ႕ မဲဆြယ္စည္း႐ုံးေရး အစီအစဥ္ေတြကိုဆိုင္းငံ့ရမယ့္အခ်ိန္ျဖစ္လာၿပီ၊ အဲဒီအတြက္လည္းေနာင္တမရဘူး"လို႔ ေျပာပါတယ္။ အေမရိကန္ႏိုင္ငံမွာ သမၼတ ေ႐ြးေကာက္ ပြဲကို ႏိုဝင္ဘာလအတြင္းက်င္းပမွာျဖစ္ရာ လက္ရွိအခ်ိန္မွာပါတီ ေတြဟာ သမၼတ ေလာင္းေ႐ြးခ်ယ္ပြဲေတြကို က်င္းပလ်က္ရွိေနပါတယ္။ ရီပတ္ဘလီကန္ပါတီရဲ႕ပါတီအတြင္း သမၼတေလာင္းေ႐ြး ခ်ယ္ပြဲေတြကို ပါဝင္ယွဥ္ၿပိဳင္ခဲ့သူေတြထဲမွာ နီကီဟာေလး အပါ အဝင္အခ်ိဳ႕က ႏုတ္ထြက္သြားခဲ့ၿပီး ေဒၚနယ္ထရမ့္ဟာ ရီပတ္ဘလီကန္ပါတီရဲ႕သမၼတေလာင္းအျဖစ္ေ႐ြးခ်ယ္ခံရဖို႔ အလားအလာမ်ားေနေၾကာင္းသိရပါတယ္။ နီကီဟာေလးဟာ ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ကုလသမဂၢဆိုင္ရာအေမရိကန္သံအမတ္ႀကီးအျဖစ္တာဝန္ယူခဲ့ဖူးသူျဖစ္ ေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္မွာ ပါတီအတြင္းေ႐ြးခ်ယ္တဲ့ သမၼေလာင္းေ႐ြးခ်ယ္မႈကနဦးအဆင့္ ေ႐ြးခ်ယ္မႈေတြမွာ ပါဝင္ယွဥ္ၿပိဳင္မႈဆိုင္းငံ့ခဲ့ေပမယ့္ ေဒၚနယ္ထရမ့္ကိုဆက္လက္ယွဥ္ၿပိဳင္ႏိုင္ေအာင္ ႀကိဳးပမ္းမွာျဖစ္ေၾကာင္း နီကီဟာေလးကေျပာပါတယ္။

Related news

© 2021. All rights reserved.