သန်လျင် ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်ခွင့်အတွက် ကုမ္ပဏီ (၇ )ခု တင်ပြထားပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကဲ့သို့ မဖြစ်ရန် လိုအပ်ဟုဆို

2830

ထွန်းမွန်သက် (NP News) - မတ် ၂ဝ
လောင်စာဆီ အခက်အခဲကို မကြာခဏ ရင်ဆိုင်နေရခြင်းမှ သက်သာစေရေးနှင့် ပြည်တွင်းလောင်စာဆီ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအ တွက် အမှတ်(၁)သန်လျင်ရေနံချက်စက်ရုံကို ပြန်လည် လည်ပတ်လုပ်ကိုင်ခွင့်ရရန် အဆိုပြုထားသည့် ပြည်တွင်းပြည်ပကုမ္ပဏီ ၇ ခုခန့်ရှိကြောင်းသိရသည်။
အမှတ်(၁) သန်လျင်ရေနံချက်စက်ရုံ ပြန်လည် လည်ပတ်ရေးသည် လောင်စာဆီပြဿနာကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည့် မဟာဗျူဟာ မြောက်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အမှန်တကယ် လုပ်ကိုင်မည့် ကုမ္ပဏီကို ရွေးချယ်နိုင်ရန် အရေးကြီးကြောင်း၊ ထိုသို့ရွေးချယ်ပြီးလျှင်လည်း နိုင်ငံတော် အနေဖြင့် စက်ရုံကို ငှားရမ်းခြင်းမဟုတ်ဘဲ လုပ်ငန်းပြန် လည် လည်ပတ်ရေးတွင် စီမံခန့်ခွဲခွင့်၌ ပါဝင်နိုင်မှသာလျှင် နိုင်ငံတော်က အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အမှတ် ၁ သန်လျင်ရေနံချက်စက်ရုံသည် ပြည်တွင်းလောင်စာဆီ လိုအပ်ချက် ဖြည့်ဆည်းရေးအတွက် မဟာဗျူဟာကျသည့် စီမံကိန်းတစ်ရပ်ဖြစ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ကဲ့သို့ ရှေ့တိုးမရဘဲ ရပ်တန့်နေသည့် အခြေအနေမျိုး မဖြစ်ရန် အရေးကြီးကြောင်းလည်း စီမံကိန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
“ အမှတ် ၁ သန်လျင်ရေနံချက်စက်ရုံ ပြန်လည် လည်ပတ်ရေးဟာ ပြည်တွင်းလောင်စာဆီလိုအပ် ချက်အတွက် မဟာဗျူဟာကျတဲ့ စီမံကိန်းတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဂရုပြုရမှာက လုပ်ငန်းကို တကယ်မလုပ်ဘဲ လုပ်ကိုင်ခွင့်ယူထားပြီး ရေနံမချက်နိုင်တဲ့ အယောင်ပြပွဲစားကုမ္ပဏီတွေကို မပေးမိဖို့တော့ လိုတာပေါ့။ ထားဝယ်အထူးစီးပွား ရေးဇုန်လိုမျိုး စင်ကာပူနောက်ခံပြုထားတဲ့ အီတာလျံ-ထိုင်း လုပ်တဲ့ ပုံစံမျိုးပေါ့။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက လောင်စာဆီ ဝယ်ယူနေရတဲ့ ထိုင်း၊ စင်ကာပူ၊ မလေးတို့လို နိုင်ငံတွေကနေ လက်လျှိုဝင်လာပြီး မအောင်မြင်အောင် လုပ်လာမှာတွေကို ကြို တွေးထားသင့်တယ်လေ။ ဒီနိုင်ငံတွေက မြန်မာနိုင်ငံ Engergy Independent ဖြစ်သွားမှာကို လိုလားမယ်များ ထင်နေလို့လား ” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် အမှတ် ၁ သန်လျင်ရေနံချက်စက်ရုံ ပြန်လည် လည်ပတ်ရေးစီမံကိန်းတွင် နိုင်ငံတော်အနေ ဖြင့် စက်ရုံနှင့် စက်ရုံမြေနေရာကို ငှားရမ်းလိုက်သည့် ပုံစံမျိုးမဟုတ်ဘဲ စီမံကိန်း၏ စီမံခန့်ခွဲမှု၌ ပါဝင်နိုင်ရန် လိုအပ်ခြင်းကြောင့် Joint Venture ပုံစံ၊ နိုင်ငံတော်က မည်သည့် ရာခိုင်နှုန်း၊ ကုမ္ပဏီက မည်သည့် ရာခိုင်နှုန်း ဟူ၍သတ်မှတ်ပြီး အကျိုးတူလုပ်ဆောင်သည့် စီမံကိန်းဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
“ အရင် စက်မှု ၁ က ပိုင်တဲ့စက်ရုံတွေကို ငှား လိုက်တဲ့စီမံကိန်းတွေ အများကြီးရှိတယ်လေ။ နောက် တော့ ဘာမှဖြစ်မလာဘူး။ ငှားလိုက်တဲ့ ကုမ္ပဏီက ပွဲစားကုမ္ပဏီတွေဖြစ်နေပြီး သူတို့ကမှတစ်ဆင့် နောက်လူကို လိုက်ရှာ၊ နောက်တော့ ဘာမှမလုပ်ရင် ဘာမှမဖြစ်တော့ဘူး။ အခု ဒီလို မဟာဗျူဟာကျတဲ့ စီမံကိန်း ကို ဒါမျိုးမဖြစ်ဖို့ လိုပါတယ်။ ဆိုလိုချင်တာက ပေးလိုက်တဲ့ကုမ္ပဏီ စိတ်တိုင်းကျ ခြယ်လှယ်လို့မရအောင် နိုင်ငံတော်ကလည်း Management ထဲမှာ ပါနိုင်ဖို့ လိုအပ်ပါတယ်။ Decision Making မှာ ပါနိုင်ဖို့ လိုအပ်တာပေါ့။ အဲလိုမဟုတ်ဘဲ ဌာနဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ ထုံးစံအတိုင်း မလုပ်မရှုပ်မပြုတ်နဲ့ စက်ရုံနဲ့မြေနေရာကို ငှားလိုက်၊ အလုပ်ရှုပ်သက်သာပါတယ်ဆိုတာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် အမှတ် (၁) သန်လျင်ရေနံချက်စက်ရုံ အပြည့်အဝ ပြန်လည် လည်ပတ်ရေးတွင် လုပ်ကိုင် ခွင့်ပြုပေးမည့် ကုမ္ပဏီ၊ လုပ်ကိုင်ခွင့်ပြုမည့် လုပ်ငန်းပုံစံ၊ ရွေးချယ်ရေး စသည့်ကဏ္ဍများ၌ အမှားအယွင်း မရှိရန် လိုအပ်နေကြောင်းသိရပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကဲ့သို့ မြန်မာနိုင်ငံအတွက် မဟာ ဗျူဟာ ကျသည့် စီမံကိန်းတစ်ခု ရှေ့တိုးမရဘဲ ရပ်နေသည့် အခြေအနေမျိုး မဖြစ်စေရန် တာဝန်ရှိသူများ အနေဖြင့် သတိပြုကြရမည်ဟုဆိုသည်။
စီမံကိန်းအတွက် စိစစ်ရွေးချယ်ပြုလုပ်မည့် တာဝန်ရှိသူများအနေဖြင့် ရေနံ၊ ရေနံချက်လုပ်ငန်း ကဲ့သို့သော ကြီးမားသည့် စီမံကိန်း၌ လုပ်ဆောင်ဖူးသည့် အတွေ့အကြုံရှိကုမ္ပဏီဖြစ်ရန်၊ နည်းပညာ မြင့်မားသည့် ကုမ္ပဏီဖြစ်ရန်၊ ရေနံလုပ်ငန်း၌ ကျင်လည်နေပြီး လုပ်ငန်းနီးစပ်မှုရှိသည့် ကုမ္ပဏီဖြစ်ရန်၊ ငွေကြေးအင်အားတောင့်တင်းပြီး (တစ်နည်းအားဖြင့် လုပ်ငန်းကို အကြောင်းပြုပြီးမှ ဘဏ်ချေးငွေရယူ လုပ်ဆောင်မည့် လုပ်ငန်းမျိုးမဟုတ်ဘဲ ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်နိုင်သည့် ကုမ္ပဏီမျိုး) ဖြစ်ရန်၊ အထူးအရေးကြီးသည်မှာ တစ်ဆင့်ပြန်ရောင်းစားမည့် ပွဲစားကုမ္ပဏီများမဖြစ်ရန် လွန်စွာအရေးကြီးကြောင်း ကို အထက်ပါ သတင်းရင်းမြစ်က ထောက်ပြပြောကြားသည်။
ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀ဝ၈ ခုနှစ်ခန့်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းသဘောတူညီချက်များကို နိုင်ငံတော်နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီတို့က ၂၀၁၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ယခုအချိန်အထိ လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိသေးပေ။ အီတာလျံ-ထိုင်း ဆိုသည်မှာ အာဆီယံအဖွဲ့ဝင် စင်ကာပူနိုင်ငံက နောက်ခံပြုထားသည့် အယောင်ပြကုမ္ပဏီတစ်ခု ဖြစ်ကြောင်းကို ပြည်သူများလည်း သိထားကြပြီး ဖြစ်သည်။ အလားတူ ယခု သန်လျင်ရေနံချက်စက်ရုံ စီမံကိန်း အောင်မြင်မည်ကို မြန်မာနိုင်ငံကို ဆီရောင်းစားနေသည့် အာဆီယံနိုင်ငံအချို့က လိုလားကြမည် မဟုတ်ပေ။ လက်လျှိုဝင်လာမည့် အယောင်ပြ ကုမ္ပဏီများကို လုပ်ကိုင်ခွင့် မပေးမိရန် ဌာနဆိုင်ရာ အကြီးအကဲများက တိုင်းပြည်အကျိုးစီးပွားကို ကြည့်၍ သေချာ ရွေးချယ်ကြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အကောင် အထည် ဖော်လိုသော အမှတ် ၁ သန်လျင် ရေနံချက်စက်ရုံကို ပြန်လည် လည်ပတ်ကာ ပြည်တွင်းစက်သုံးဆီ လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး အိပ်မက်ကို အကောင်အထည်ဖော်သင့်ကြောင်း လုပ်ငန်းရှင်အချို့က အကြံပြုပြောကြားသည်။

zawgyi version
သန္လ်င္ ေရနံခ်က္စက္႐ုံ ျပန္လည္လည္ပတ္ခြင့္အတြက္ ကုမၸဏီ (၇ )ခု တင္ျပထားၿပီး ထားဝယ္အထူးစီးပြားေရးဇုန္ကဲ့သို႔ မျဖစ္ရန္ လိုအပ္ဟုဆို
ထြန္းမြန္သက္ (NP News) - မတ္ ၂ဝ
ေလာင္စာဆီ အခက္အခဲကို မၾကာခဏ ရင္ဆိုင္ေနရျခင္းမွ သက္သာေစေရးႏွင့္ ျပည္တြင္းေလာင္စာဆီ လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ေရးအ တြက္ အမွတ္(၁)သန္လ်င္ေရနံခ်က္စက္႐ုံကို ျပန္လည္ လည္ပတ္လုပ္ကိုင္ခြင့္ရရန္ အဆိုျပဳထားသည့္ ျပည္တြင္းျပည္ပကုမၸဏီ ၇ ခုခန႔္ရွိေၾကာင္းသိရသည္။
အမွတ္(၁) သန္လ်င္ေရနံခ်က္စက္႐ုံ ျပန္လည္ လည္ပတ္ေရးသည္ ေလာင္စာဆီျပႆနာကို တစ္ဖက္တစ္လမ္းမွ ျဖည့္ဆည္းေပးႏိုင္မည့္ မဟာဗ်ဴဟာ ေျမာက္သည့္ လုပ္ငန္းတစ္ခုျဖစ္ၿပီး အမွန္တကယ္ လုပ္ကိုင္မည့္ ကုမၸဏီကို ေ႐ြးခ်ယ္ႏိုင္ရန္ အေရးႀကီးေၾကာင္း၊ ထိုသို႔ေ႐ြးခ်ယ္ၿပီးလွ်င္လည္း ႏိုင္ငံေတာ္ အေနျဖင့္ စက္႐ုံကို ငွားရမ္းျခင္းမဟုတ္ဘဲ လုပ္ငန္းျပန္ လည္ လည္ပတ္ေရးတြင္ စီမံခန႔္ခြဲခြင့္၌ ပါဝင္ႏိုင္မွသာလွ်င္ ႏိုင္ငံေတာ္က အက်ိဳးအျမတ္ရရွိမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အမွတ္ ၁ သန္လ်င္ေရနံခ်က္စက္႐ုံသည္ ျပည္တြင္းေလာင္စာဆီ လိုအပ္ခ်က္ ျဖည့္ဆည္းေရးအတြက္ မဟာဗ်ဴဟာက်သည့္ စီမံကိန္းတစ္ရပ္ျဖစ္ၿပီး ထားဝယ္ေရနက္ဆိပ္ကမ္းႏွင့္ အထူးစီးပြားေရးဇုန္ ကဲ့သို႔ ေရွ႕တိုးမရဘဲ ရပ္တန႔္ေနသည့္ အေျခအေနမ်ိဳး မျဖစ္ရန္ အေရးႀကီးေၾကာင္းလည္း စီမံကိန္းႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္က ေျပာသည္။
“ အမွတ္ ၁ သန္လ်င္ေရနံခ်က္စက္႐ုံ ျပန္လည္ လည္ပတ္ေရးဟာ ျပည္တြင္းေလာင္စာဆီလိုအပ္ ခ်က္အတြက္ မဟာဗ်ဴဟာက်တဲ့ စီမံကိန္းတစ္ရပ္ ျဖစ္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဂ႐ုျပဳရမွာက လုပ္ငန္းကို တကယ္မလုပ္ဘဲ လုပ္ကိုင္ခြင့္ယူထားၿပီး ေရနံမခ်က္ႏိုင္တဲ့ အေယာင္ျပပြဲစားကုမၸဏီေတြကို မေပးမိဖို႔ေတာ့ လိုတာေပါ့။ ထားဝယ္အထူးစီးပြား ေရးဇုန္လိုမ်ိဳး စင္ကာပူေနာက္ခံျပဳထားတဲ့ အီတာလ်ံ-ထိုင္း လုပ္တဲ့ ပုံစံမ်ိဳးေပါ့။ ဘာလို႔လဲဆိုေတာ့ ျမန္မာႏိုင္ငံက ေလာင္စာဆီ ဝယ္ယူေနရတဲ့ ထိုင္း၊ စင္ကာပူ၊ မေလးတို႔လို ႏိုင္ငံေတြကေန လက္လွ်ိဳဝင္လာၿပီး မေအာင္ျမင္ေအာင္ လုပ္လာမွာေတြကို ႀကိဳ ေတြးထားသင့္တယ္ေလ။ ဒီႏိုင္ငံေတြက ျမန္မာႏိုင္ငံ Engergy Independent ျဖစ္သြားမွာကို လိုလားမယ္မ်ား ထင္ေနလို႔လား ” ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။
ထို႔ျပင္ အမွတ္ ၁ သန္လ်င္ေရနံခ်က္စက္႐ုံ ျပန္လည္ လည္ပတ္ေရးစီမံကိန္းတြင္ ႏိုင္ငံေတာ္အေန ျဖင့္ စက္႐ုံႏွင့္ စက္႐ုံေျမေနရာကို ငွားရမ္းလိုက္သည့္ ပုံစံမ်ိဳးမဟုတ္ဘဲ စီမံကိန္း၏ စီမံခန႔္ခြဲမႈ၌ ပါဝင္ႏိုင္ရန္ လိုအပ္ျခင္းေၾကာင့္ Joint Venture ပုံစံ၊ ႏိုင္ငံေတာ္က မည္သည့္ ရာခိုင္ႏႈန္း၊ ကုမၸဏီက မည္သည့္ ရာခိုင္ႏႈန္း ဟူ၍သတ္မွတ္ၿပီး အက်ိဳးတူလုပ္ေဆာင္သည့္ စီမံကိန္းျဖစ္ရန္ လိုအပ္ေၾကာင္း သိရသည္။
“ အရင္ စက္မႈ ၁ က ပိုင္တဲ့စက္႐ုံေတြကို ငွား လိုက္တဲ့စီမံကိန္းေတြ အမ်ားႀကီးရွိတယ္ေလ။ ေနာက္ ေတာ့ ဘာမွျဖစ္မလာဘူး။ ငွားလိုက္တဲ့ ကုမၸဏီက ပြဲစားကုမၸဏီေတြျဖစ္ေနၿပီး သူတို႔ကမွတစ္ဆင့္ ေနာက္လူကို လိုက္ရွာ၊ ေနာက္ေတာ့ ဘာမွမလုပ္ရင္ ဘာမွမျဖစ္ေတာ့ဘူး။ အခု ဒီလို မဟာဗ်ဴဟာက်တဲ့ စီမံကိန္း ကို ဒါမ်ိဳးမျဖစ္ဖို႔ လိုပါတယ္။ ဆိုလိုခ်င္တာက ေပးလိုက္တဲ့ကုမၸဏီ စိတ္တိုင္းက် ျခယ္လွယ္လို႔မရေအာင္ ႏိုင္ငံေတာ္ကလည္း Management ထဲမွာ ပါႏိုင္ဖို႔ လိုအပ္ပါတယ္။ Decision Making မွာ ပါႏိုင္ဖို႔ လိုအပ္တာေပါ့။ အဲလိုမဟုတ္ဘဲ ဌာနဆိုင္ရာပုဂၢိဳလ္ေတြရဲ႕ ထုံးစံအတိုင္း မလုပ္မရႈပ္မျပဳတ္နဲ႔ စက္႐ုံနဲ႔ေျမေနရာကို ငွားလိုက္၊ အလုပ္ရႈပ္သက္သာပါတယ္ဆိုတာမ်ိဳးေတာ့ မျဖစ္ေစခ်င္ဘူးေပါ့ ” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ အမွတ္ (၁) သန္လ်င္ေရနံခ်က္စက္႐ုံ အျပည့္အဝ ျပန္လည္ လည္ပတ္ေရးတြင္ လုပ္ကိုင္ ခြင့္ျပဳေပးမည့္ ကုမၸဏီ၊ လုပ္ကိုင္ခြင့္ျပဳမည့္ လုပ္ငန္းပုံစံ၊ ေ႐ြးခ်ယ္ေရး စသည့္က႑မ်ား၌ အမွားအယြင္း မရွိရန္ လိုအပ္ေနေၾကာင္းသိရၿပီး ထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္းကဲ့သို႔ ျမန္မာႏိုင္ငံအတြက္ မဟာ ဗ်ဴဟာ က်သည့္ စီမံကိန္းတစ္ခု ေရွ႕တိုးမရဘဲ ရပ္ေနသည့္ အေျခအေနမ်ိဳး မျဖစ္ေစရန္ တာဝန္ရွိသူမ်ား အေနျဖင့္ သတိျပဳၾကရမည္ဟုဆိုသည္။
စီမံကိန္းအတြက္ စိစစ္ေ႐ြးခ်ယ္ျပဳလုပ္မည့္ တာဝန္ရွိသူမ်ားအေနျဖင့္ ေရနံ၊ ေရနံခ်က္လုပ္ငန္း ကဲ့သို႔ေသာ ႀကီးမားသည့္ စီမံကိန္း၌ လုပ္ေဆာင္ဖူးသည့္ အေတြ႕အႀကဳံရွိကုမၸဏီျဖစ္ရန္၊ နည္းပညာ ျမင့္မားသည့္ ကုမၸဏီျဖစ္ရန္၊ ေရနံလုပ္ငန္း၌ က်င္လည္ေနၿပီး လုပ္ငန္းနီးစပ္မႈရွိသည့္ ကုမၸဏီျဖစ္ရန္၊ ေငြေၾကးအင္အားေတာင့္တင္းၿပီး (တစ္နည္းအားျဖင့္ လုပ္ငန္းကို အေၾကာင္းျပဳၿပီးမွ ဘဏ္ေခ်းေငြရယူ လုပ္ေဆာင္မည့္ လုပ္ငန္းမ်ိဳးမဟုတ္ဘဲ ကိုယ္ပိုင္ေငြေၾကး စိုက္ထုတ္ႏိုင္သည့္ ကုမၸဏီမ်ိဳး) ျဖစ္ရန္၊ အထူးအေရးႀကီးသည္မွာ တစ္ဆင့္ျပန္ေရာင္းစားမည့္ ပြဲစားကုမၸဏီမ်ားမျဖစ္ရန္ လြန္စြာအေရးႀကီးေၾကာင္း ကို အထက္ပါ သတင္းရင္းျမစ္က ေထာက္ျပေျပာၾကားသည္။
ထားဝယ္အထူးစီးပြားေရးဇုန္ကို ၂၀ဝ၈ ခုႏွစ္ခန႔္က နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးခဲ့ၿပီး လုပ္ငန္းသေဘာတူညီခ်က္မ်ားကို ႏိုင္ငံေတာ္ႏွင့္ အီတာလ်ံ-ထိုင္း ကုမၸဏီတို႔က ၂၀၁၀ ျပည့္ႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့ၾကေသာ္လည္း ယခုအခ်ိန္အထိ လုပ္ငန္းလည္ပတ္ႏိုင္ျခင္း မရွိေသးေပ။ အီတာလ်ံ-ထိုင္း ဆိုသည္မွာ အာဆီယံအဖြဲ႕ဝင္ စင္ကာပူႏိုင္ငံက ေနာက္ခံျပဳထားသည့္ အေယာင္ျပကုမၸဏီတစ္ခု ျဖစ္ေၾကာင္းကို ျပည္သူမ်ားလည္း သိထားၾကၿပီး ျဖစ္သည္။ အလားတူ ယခု သန္လ်င္ေရနံခ်က္စက္႐ုံ စီမံကိန္း ေအာင္ျမင္မည္ကို ျမန္မာႏိုင္ငံကို ဆီေရာင္းစားေနသည့္ အာဆီယံႏိုင္ငံအခ်ိဳ႕က လိုလားၾကမည္ မဟုတ္ေပ။ လက္လွ်ိဳဝင္လာမည့္ အေယာင္ျပ ကုမၸဏီမ်ားကို လုပ္ကိုင္ခြင့္ မေပးမိရန္ ဌာနဆိုင္ရာ အႀကီးအကဲမ်ားက တိုင္းျပည္အက်ိဳးစီးပြားကို ၾကည့္၍ ေသခ်ာ ေ႐ြးခ်ယ္ၾကၿပီး ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အေကာင္ အထည္ ေဖာ္လိုေသာ အမွတ္ ၁ သန္လ်င္ ေရနံခ်က္စက္႐ုံကို ျပန္လည္ လည္ပတ္ကာ ျပည္တြင္းစက္သုံးဆီ လိုအပ္ခ်က္ ျဖည့္ဆည္းႏိုင္ေရး အိပ္မက္ကို အေကာင္အထည္ေဖာ္သင့္ေၾကာင္း လုပ္ငန္းရွင္အခ်ိဳ႕က အႀကံျပဳေျပာၾကားသည္။