ပုပ္ပါးတောင်အား အမျိုးသားအဆင့်ဘူမိဥယျာဥ်မှ ကမ္ဘာ့အဆင့်ဘူမိဥယျာဥ်အဖြစ် သတ်မှတ်နိုင်ရေး ဆက်လက်အကောင်အထည်ဖော်မည်

 419

ယွန်း (NP News) - မတ် ၂၁

ပုပ္ပါးတောင်အား အမျိုးသားအဆင့်ဘူမိဥယျာဥ်မှတစ်ဆင့် ကမ္ဘာ့အဆင့်ဘူမိဥယျာဥ်အဖြစ် သတ်မှတ်နိုင်ရေး ဆက်လက်အကောင်အထည်ဖော်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက မတ်လ(၂၀)ရက်က ကျင်းပခဲ့သည့် ပုပ္ပါးတောင်အမျိုးသားဘူမိ ဥယျာဥ်ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပုပ္ပါးတောင်အား အမျိုးသားဘူမိဥယျာဥ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ဘူမိအမွေ အနှစ်များ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ၊ ယဥ်ကျေးမှု နှင့် ရှေးဟောင်းအမွေ အနှစ်များ၊ လူနေမှုဓလေ့ထုံတမ်းများကို စနစ်တကျထိန်းသိမ်းထားပြီး ပညာပေးရေး၊ သုတေသနဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ စဥ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် စနစ်တကျအုပ်ချုပ်ထားသည့် နိုင်ငံအဆင့်အရေးပါသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဥ်ကို ဘူမိနယ်မြေ (၁၅)ခုနှင့် ဖွဲ့စည်းထားပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာဝသယံဇာအမွေအနှစ်များကို ရေရှည်တည်တံ့စေရန် ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်နှင့် ထူးခြားသောဘူမိသွင်ပြင်များကို သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းလျက်ရှိကြောင်း ဒုဝန်ကြီးက ဆိုသည်။

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံဧရိယာ၏(၁၀)ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျက်ရှိပြီး သဘာဝထိန်း သိမ်းရေးနယ်မြေ(၅၉)ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းကို ဖွဲ့စည်းသတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။ ပုပ္ပါးတောင်သည် ကမ္ဘာ့အဆင့် ဘူမိအမွေအနှစ်၊ သမိုင်းကြောင်း ယဥ်ကျေးမှုနှင့် ထူးခြားရှားပါးသည့် ဇီမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့်အတွက် အားလုံး ပူးပေါင်းဆောင်ရွက်မှသာ အမျိုးသားအဆင့်ဘူမိဥယျာဥ်မှဆစ်ဆင့် ကမ္ဘာ့အဆင့်ဘူမိဥယျာဥ်သတ်မှတ်ခံရရေးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆက် လက်ပြောသည်။

UNESCO ၏ ကမ္ဘာ့ဘူမိဥယျာဉ် အစီအစဉ်ကို ၂ဝဝ၁ ခုနှစ်တွင်စတင်ခဲ့ပြီး လက်ရှိနိုင်ငံပေါင်း ၄၆ နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် ၁၇၇ ခု သတ်မှတ်ထားပြီး ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် (၃၉)ခု၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့တွင်လည်း ကမ္ဘာ့ဘူမိဥယျာဉ်များရှိကြောင်း သိရသည်။

zawgyi version
ပုပၸါးေတာင္အား အမ်ိဳးသားအဆင့္ဘူမိဥယ်ာဥ္မွ ကမာၻ႔အဆင့္ဘူမိဥယ်ာဥ္အျဖစ္ သတ္မွတ္ႏိုင္ေရး ဆက္လက္အေကာင္အထည္ေဖာ္မည္

ယြန္း (NP News) - မတ္ ၂၁

ပုပၸါးေတာင္အား အမ်ိဳးသားအဆင့္ဘူမိဥယ်ာဥ္မွတစ္ဆင့္ ကမာၻ႔အဆင့္ဘူမိဥယ်ာဥ္အျဖစ္ သတ္မွတ္ႏိုင္ေရး ဆက္လက္အေကာင္အထည္ေဖာ္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးမင္းသူက မတ္လ(၂၀)ရက္က က်င္းပခဲ့သည့္ ပုပၸါးေတာင္အမ်ိဳးသားဘူမိ ဥယ်ာဥ္ဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ပုပၸါးေတာင္အား အမ်ိဳးသားဘူမိဥယ်ာဥ္အျဖစ္ စတင္ဖြင့္လွစ္ခဲ့ၿပီး ဘူမိအေမြ အႏွစ္မ်ား အပါအဝင္ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား၊ ယဥ္ေက်းမႈ ႏွင့္ ေရွးေဟာင္းအေမြ အႏွစ္မ်ား၊ လူေနမႈဓေလ့ထုံတမ္းမ်ားကို စနစ္တက်ထိန္းသိမ္းထားၿပီး ပညာေပးေရး၊ သုေတသနဖြံ႕ၿဖိဳးေရးႏွင့္ ေဒသခံျပည္သူမ်ား စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ စနစ္တက်အုပ္ခ်ဳပ္ထားသည့္ ႏိုင္ငံအဆင့္အေရးပါေသာ ေနရာတစ္ခုျဖစ္ေၾကာင္း သိရသည္။

ပုပၸါးေတာင္အမ်ိဳးသားဘူမိဥယ်ာဥ္ကို ဘူမိနယ္ေျမ (၁၅)ခုႏွင့္ ဖြဲ႕စည္းထားၿပီး သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနအေနျဖင့္ သဘာဝသယံဇာအေမြအႏွစ္မ်ားကို ေရရွည္တည္တံ့ေစရန္ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား၊ ေဂဟစနစ္ႏွင့္ ထူးျခားေသာဘူမိသြင္ျပင္မ်ားကို သဘာဝထိန္းသိမ္းေရး နယ္ေျမအျဖစ္ သတ္မွတ္ၿပီး ကာကြယ္ထိန္းသိမ္းလ်က္ရွိေၾကာင္း ဒုဝန္ႀကီးက ဆိုသည္။

ဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံဧရိယာ၏(၁၀)ရာခိုင္ႏႈန္းကို သဘာဝထိန္းသိမ္းေရးနယ္ေျမမ်ားအျဖစ္ ဖြဲ႕စည္းႏိုင္ေရးေဆာင္႐ြက္လ်က္ရွိၿပီး သဘာဝထိန္း သိမ္းေရးနယ္ေျမ(၅၉)ခု၊ ႏိုင္ငံဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင္ႏႈန္းကို ဖြဲ႕စည္းသတ္မွတ္ၿပီးျဖစ္ေၾကာင္း သိရသည္။ ပုပၸါးေတာင္သည္ ကမာၻ႔အဆင့္ ဘူမိအေမြအႏွစ္၊ သမိုင္းေၾကာင္း ယဥ္ေက်းမႈႏွင့္ ထူးျခားရွားပါးသည့္ ဇီမ်ိဳးစုံမ်ိဳးကြဲမ်ား ေပါႂကြယ္ဝသည့္အတြက္ အားလုံး ပူးေပါင္းေဆာင္႐ြက္မွသာ အမ်ိဳးသားအဆင့္ဘူမိဥယ်ာဥ္မွဆစ္ဆင့္ ကမာၻ႔အဆင့္ဘူမိဥယ်ာဥ္သတ္မွတ္ခံရေရးကို အေကာင္အထည္ေဖာ္ႏိုင္မည္ျဖစ္ေၾကာင္း ဒုဝန္ႀကီးက ဆက္ လက္ေျပာသည္။

UNESCO ၏ ကမာၻ႔ဘူမိဥယ်ာဥ္ အစီအစဥ္ကို ၂ဝဝ၁ ခုႏွစ္တြင္စတင္ခဲ့ၿပီး လက္ရွိႏိုင္ငံေပါင္း ၄၆ ႏိုင္ငံတြင္ ကမာၻ႔ဘူမိဥယ်ာဥ္ ၁၇၇ ခု သတ္မွတ္ထားၿပီး ျဖစ္ေၾကာင္းႏွင့္ တ႐ုတ္ႏိုင္ငံတြင္ ကမာၻ႔ဘူမိဥယ်ာဥ္ (၃၉)ခု၊ ထိုင္း၊ အင္ဒိုနီးရွား၊ ဗီယက္နမ္ႏွင့္ မေလးရွားႏိုင္ငံတို႔တြင္လည္း ကမာၻ႔ဘူမိဥယ်ာဥ္မ်ားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.