ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းကြည့်ပါက တပ်မတော်အကြောင်း သိရှိ၍ စစ်သားများအပေါ် စာနာသွားနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ပြော

2754

Pearl (NP News) - မတ် ၂၂
ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းကြည့်ပါက တပ်မတော်အကြောင်းသိရှိ၍ စစ်သားများအပေါ် စာနာသွားနိုင် မည်ဟု ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) စိန်ဝင်းက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။
အဆိုပါစကားကို ယနေ့ (မတ်လ ၂၂ ရက်) တွင် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည့် တပ်မတော် လေ့ကျင့်ရေးတပ် (UTC) နှင့်ပတ်သက်သော အင်တာဗျူးတစ်ခုတွင် UTC တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ် ကြီး(ငြိမ်း) စိန်ဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) စိန်ဝင်းသည် အခြေခံပညာအထက်တန်းစာမေးပွဲကို မေမြို့ (ပြင်ဦးလွင်) မှ ၁၉၇၂ ခုနှစ် ၌ အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်၌ သင်္ချာမေဂျာအဓိကဖြင့် တက်ရောက်နေစဉ် တက္ကသိုလ်လေ့ကျင့်ရေးတပ် UTC တွင်လည်း သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။
“၁၉၇၇ ခုနှစ် ဘွဲ့ရပြီး မဟာတန်းဆက်တက်နေချိန် မိသားစုအတွက် ဝင်ငွေရတဲ့အလုပ်တစ်ခု မဖြစ်မနေလုပ်ရ တော့မယ့် အကျပ်အတည်းကာလမှာ ဗိုလ်လောင်းသင်တန်းခေါ်တော့ဝင်ဖြေပြီး စစ်သားဘဝကို ရွေးချယ်ခဲ့တယ်။ အဲဒီကနေ တပ်မတော်သားဘဝစခဲ့တာပဲဖြစ်ပါတယ်။ အကယ်၍သာ UTC မတက်ရောက်ဖြစ်ခဲ့ရင် တပ်မတော်နဲ့ ပတ်သက်လို့ အမှန်အတိုင်းမသိနိုင်ဘဲ ငယ်ငယ်ကစွဲလာတဲ့ ရွံ့ကြောက်စိတ်နဲ့ပဲ နေသွားဖြစ်မယ် ထင်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) စိန်ဝင်းက ပြောကြားထားသည်။
ထို့ပြင် တပ်မတော်သည် နိုင်ငံအတွက်အရေးကြီးသည့်အဖိုးတန် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်၍လည်း စိုးရိမ်ရန်မလိုကြောင်း ၎င်းက ဆက်လက်ပြောကြားထားသည်။
“အခုပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် သို့လောသို့လောဖြစ်နေတဲ့လူတွေလိုပါပဲ။ ကျွန်တော်ကိုယ်တိုင် တပ်မတော် အကြောင်း သေသေချာချာမသိဘဲ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စစ်သားတချို့ကိုသာသိရှိပြီး ရွံ့ကြောက်နေရာကနေ UTC ကျေးဇူးကြောင့် တပ်မတော်သားဘဝကို နားလည်လာပြီး ကိုယ်တိုင်စစ်သားဘဝ ဖြတ်သန်းလိုက်တဲ့အခါမှာ မိမိတို့ အထင်အမြင်နဲ့ လက်တွေ့နဲ့ကွာခြားနေတာကို တွေ့ရပါတယ်။ ဒီလိုပဲပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှုထမ်း ကြည့်လိုက်ရင် တပ်မတော်အကြောင်းသိရှိပြီး စစ်သားတွေအပေါ် စာနာသွားနိုင်မယ့်အပြင် အချို့ဆိုရင် ကျွန်တော့် လို တစ်ဘဝစာအလုပ်အကိုင်အဖြစ် ရွေးချယ်မယ့်သူတွေလည်း ပေါ်ပေါက်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားထားသည်။
တပ်မတော်ထဲဝင်၍ ကိုယ်တိုင် တပ်မတော်သားဘဝရောက်မှ စစ်သည်ဟောင်းတစ်ဦး ပြောသည့်အတိုင်း “တပ်မတော်ဆိုတာ အမှန်တကယ်သာ လိုက်နာနိုင်မယ်ဆိုရင် ယောက်ျားကောင်းယောက်ျားမြတ်တွေအဖြစ် လေ့ကျင့်ပေးတဲ့ကျောင်းကြီးပေါ့” ဆိုသည့်စကားသည် စိတ်ကူးယဉ်စကား၊ အကောင်းမြင်စကား သက်သက်သာ မဟုတ်ကြောင်း ကိုယ်တိုင်တွေ့ရှိရသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) စိန်ဝင်းက ထည့်သွင်း ပြောကြားထား သည်။

Zawgyi Version;
ျပည္သူ႔စစ္မႈထမ္းဥပေဒအရ စစ္မႈထမ္းၾကည့္ပါက တပ္မေတာ္အေၾကာင္း သိရွိ၍ စစ္သားမ်ားအေပၚ စာနာသြားႏိုင္မည္ဟု ကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူခဲ့သူ ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း)ေျပာ
Pearl (NP News) - မတ္ ၂၂
ျပည္သူ႔စစ္မႈထမ္းဥပေဒအရ စစ္မႈထမ္းၾကည့္ပါက တပ္မေတာ္အေၾကာင္းသိရွိ၍ စစ္သားမ်ားအေပၚ စာနာသြားႏိုင္ မည္ဟု ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး လက္ရွိတြင္ ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕ဥကၠ႒ အျဖစ္ တာဝန္ယူထားသူ ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း) စိန္ဝင္းက အင္တာဗ်ဴးတစ္ခုတြင္ ေျပာၾကားသည္။
အဆိုပါစကားကို ယေန႔ (မတ္လ ၂၂ ရက္) တြင္ ႏိုင္ငံပိုင္သတင္းစာတြင္ ေဖာ္ျပထားသည့္ တပ္မေတာ္ ေလ့က်င့္ေရးတပ္ (UTC) ႏွင့္ပတ္သက္ေသာ အင္တာဗ်ဴးတစ္ခုတြင္ UTC တပ္ဖြဲ႕ဝင္တစ္ဦးျဖစ္ခဲ့သူ ဒုတိယဗိုလ္ခ်ဳပ္ ႀကီး(ၿငိမ္း) စိန္ဝင္းက အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း) စိန္ဝင္းသည္ အေျခခံပညာအထက္တန္းစာေမးပြဲကို ေမၿမိဳ႕ (ျပင္ဦးလြင္) မွ ၁၉၇၂ ခုႏွစ္ ၌ ေအာင္ျမင္ခဲ့ၿပီး ရန္ကုန္တကၠသိုလ္၌ သခ်ၤာေမဂ်ာအဓိကျဖင့္ တက္ေရာက္ေနစဥ္ တကၠသိုလ္ေလ့က်င့္ေရးတပ္ UTC တြင္လည္း သင္တန္းတက္ေရာက္ခဲ့ေၾကာင္း သိရသည္။
“၁၉၇၇ ခုႏွစ္ ဘြဲ႕ရၿပီး မဟာတန္းဆက္တက္ေနခ်ိန္ မိသားစုအတြက္ ဝင္ေငြရတဲ့အလုပ္တစ္ခု မျဖစ္မေနလုပ္ရ ေတာ့မယ့္ အက်ပ္အတည္းကာလမွာ ဗိုလ္ေလာင္းသင္တန္းေခၚေတာ့ဝင္ေျဖၿပီး စစ္သားဘဝကို ေ႐ြးခ်ယ္ခဲ့တယ္။ အဲဒီကေန တပ္မေတာ္သားဘဝစခဲ့တာပဲျဖစ္ပါတယ္။ အကယ္၍သာ UTC မတက္ေရာက္ျဖစ္ခဲ့ရင္ တပ္မေတာ္နဲ႔ ပတ္သက္လို႔ အမွန္အတိုင္းမသိႏိုင္ဘဲ ငယ္ငယ္ကစြဲလာတဲ့ ႐ြံ႕ေၾကာက္စိတ္နဲ႔ပဲ ေနသြားျဖစ္မယ္ ထင္ပါတယ္” ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း) စိန္ဝင္းက ေျပာၾကားထားသည္။
ထို႔ျပင္ တပ္မေတာ္သည္ ႏိုင္ငံအတြက္အေရးႀကီးသည့္အဖိုးတန္ အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ျပည္သူ႔စစ္မႈထမ္းဥပေဒ ႏွင့္ပတ္သက္၍လည္း စိုးရိမ္ရန္မလိုေၾကာင္း ၎က ဆက္လက္ေျပာၾကားထားသည္။
“အခုျပည္သူ႔စစ္မႈထမ္းဥပေဒေၾကာင့္ သို႔ေလာသို႔ေလာျဖစ္ေနတဲ့လူေတြလိုပါပဲ။ ကြၽန္ေတာ္ကိုယ္တိုင္ တပ္မေတာ္ အေၾကာင္း ေသေသခ်ာခ်ာမသိဘဲ ၾကမ္းတမ္း႐ိုင္းစိုင္းတဲ့ စစ္သားတခ်ိဳ႕ကိုသာသိရွိၿပီး ႐ြံ႕ေၾကာက္ေနရာကေန UTC ေက်းဇူးေၾကာင့္ တပ္မေတာ္သားဘဝကို နားလည္လာၿပီး ကိုယ္တိုင္စစ္သားဘဝ ျဖတ္သန္းလိုက္တဲ့အခါမွာ မိမိတို႔ အထင္အျမင္နဲ႔ လက္ေတြ႕နဲ႔ကြာျခားေနတာကို ေတြ႕ရပါတယ္။ ဒီလိုပဲျပည္သူ႔စစ္မႈထမ္းဥပေဒအရ အမႈထမ္း ၾကည့္လိုက္ရင္ တပ္မေတာ္အေၾကာင္းသိရွိၿပီး စစ္သားေတြအေပၚ စာနာသြားႏိုင္မယ့္အျပင္ အခ်ိဳ႕ဆိုရင္ ကြၽန္ေတာ့္ လို တစ္ဘဝစာအလုပ္အကိုင္အျဖစ္ ေ႐ြးခ်ယ္မယ့္သူေတြလည္း ေပၚေပါက္လာမယ္လို႔ ယုံၾကည္ပါတယ္” ဟု ၎က ဆက္လက္ေျပာၾကားထားသည္။
တပ္မေတာ္ထဲဝင္၍ ကိုယ္တိုင္ တပ္မေတာ္သားဘဝေရာက္မွ စစ္သည္ေဟာင္းတစ္ဦး ေျပာသည့္အတိုင္း “တပ္မေတာ္ဆိုတာ အမွန္တကယ္သာ လိုက္နာႏိုင္မယ္ဆိုရင္ ေယာက္်ားေကာင္းေယာက္်ားျမတ္ေတြအျဖစ္ ေလ့က်င့္ေပးတဲ့ေက်ာင္းႀကီးေပါ့” ဆိုသည့္စကားသည္ စိတ္ကူးယဥ္စကား၊ အေကာင္းျမင္စကား သက္သက္သာ မဟုတ္ေၾကာင္း ကိုယ္တိုင္ေတြ႕ရွိရသည္ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း) စိန္ဝင္းက ထည့္သြင္း ေျပာၾကားထား သည္။