စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်ထဲက ထောင်ချပစ်ရမယ့်လူတွေ

 2029

မျိုးမင်း (မကျည်းလဟာ) (NP News) - မတ် ၂၃

စတင်ကျင့်သုံးနေပြီဖြစ်တဲ့ စစ်မှုထမ်း ဥပဒေဟာ ရပ်ကွက်ကျေးရွာနဲ့ မြို့ နယ်အသီးသီးက ဆင့်ခေါ်ရေးနဲ့ စာရင်းပြုစုရေးလုပ်ငန်းစဉ်လုပ်ဆောင်နေသူတွေအတွက် ငွေရလမ်းလုပ်စားခွင်တွေ ဖြစ်စေခဲ့ပြီလားလို့ နစကအစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးဖို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၀)ရက်က စတင်ကြေညာခဲ့ပါ တယ်။ နစကအစိုးရဘက်က ပုံဖော်လိုတဲ့ ဥပဒေကျင့် သုံးရေးဟာ ရိုးရှင်းပါတယ်။ အသက်(၁၈)နှစ်ကနေ (၃၅)နှစ်အတွင်း စစ်မှုထမ်းရန် အရည်အချင်းပြည့် မီသူတွေကို စစ်မှုထမ်းဆောင်စေလိုတာပါ။ ပညာရှင် တွေကိုတော့ (၁၈)နှစ်ကနေ(၄၅)နှစ်အတွင်းလို့ သတ်မှတ်ထားသလို အတတ်ပညာတစ်ခုခုနဲ့ ပရော် ဖက်ရှင်နယ်ဆန်ဆန် အလုပ်လုပ်ကိုင်နေသူတွေ (ဥပမာ ဂျာနယ်လစ်လည်းပါဝင်)ကိုလည်း ထည့်သွင်း စဉ်းစားခဲ့ပါတယ်။

အမျိုးသမီးတွေကိုခေါ်ယူသွားဖို့ ဆိုင်းငံ့ထားလိုက်သလို စစ်မှုထမ်းဖို့အတွက် ယာယီရွှေ့ဆိုင်း ထားခွင့်ရမယ့်သူတွေ၊ စစ်မှုထမ်းဆောင်မှုကနေကင်း လွတ်ခွင့်ရမယ့်သူတွေ၊ စစ်မှုထမ်းရင် ရလာမယ့်အခွင့် အရေးတွေကို နိုင်ငံပိုင်မီဒီယာတွေကနေ နေ့စဉ် ထုတ်ပြန်အသိပေးနေပါတယ်။ ကနဦးအဖြစ်လည်း စစ်မှုထမ်းရမယ့်ပုဂ္ဂိုလ် လူ(၅၀ဝဝ)လောက်ကိုသာ ခေါ်ယူဦးမှာဖြစ်သလို ခေါ်ယူရေးလုပ်ငန်းစဉ်ကလည်း အခကြေးငွေနဲ့ တိမ်းရှောင်ခွင့် ပေးထားတာမျိုး မရှိ ပါဘူး။ လူ(၅၀ဝဝ)လောက်ကို ပထမဆုံး ပိုင်းလော့ ပရောဂျက်အဖြစ် ခေါ်ယူတာမှာလည်း နိုင်ငံတစ်ဝန်း ကရပ်ကွက်တိုင်း ရွာတိုင်းမှာရှိတဲ့ လူတိုင်းကို တွေ့ ကရာလျှောက်ခေါ်တာနေတာမျိုး လုပ်ငန်းစဉ်မှာ မပါဝင်ပါဘူး။

မြန်မာနိုင်ငံမှာ လူဦးရေ(၅၆)သန်း လောက် ရှိထားသလို စစ်မှုထမ်းနိုင်တဲ့ အမျိုး သား/အမျိုးသမီး ဦးရေဟာ ၂၀၂၄ အတွက် စုစုပေါင်း(၁၄)သန်း လောက်သာ ရှိပါတယ်။ အမျိုး သမီးတွေကို ဆိုင်းငံ့ ထားတာဖြစ်တဲ့အတွက် အမျိုးသား(၆)သန်းကျော်ကိုသာ ဦးတည်တွက်ချက် ရပါမယ်။ အဲဒီအထဲကမှ လူ(၅၀ဝဝ)လောက်ကိုပဲ ပထမဆုံးအုပ်စုအဖြစ် ၂၀၂၄ အတွက် ခေါ်ယူမှာဖြစ် သလို ရပ်ကွက်ပေါင်း (၂၈၉၀)ကျော်၊ ကျေးရွာ ပေါင်း(၆၄၉၀ဝ)ကျော်ထဲက လူ(၅၀ဝဝ) ဆိုတဲ့ ပမာဏဟာ ဘယ်လိုသင်္ချာနည်းနဲ့တွက်တွက် ရွာတိုင်းစေ့၊ ရပ်ကွက်တိုင်းစေ လူတိုင်းစေ့ဆင့်ခေါ် ခံရမှာ မဟုတ်ဘူးလို့ နားလည်နိုင်ပါတယ်။ အမြင့်ဆုံး ဖြစ်နိုင်ခြေဟာ တစ်ရွာ သို့မဟုတ် တစ်ရပ်ကွက်ကို တစ်ယောက်ထက် ပိုစရာမရှိနိုင်တာပါ။ သို့သော် လည်း စစ်ပွဲတွေကြောင့်ထိခိုက်ဆုံးရှုံးထားရတဲ့ ကျေးရွာတွေ၊ မြို့တွေ၊ ရပ်ကွက်တွေကို ဖယ်ထုတ်ဖို့ လည်း လိုပါဦးမယ်။ ဆိုကြပါစို့။ ရပ်ကွက်ပေါင်း (၂၈၉၀)ကျော်ထဲက ရပ်ကွက်(၁၀ဝဝ)၊ ကျေးရွာ ပေါင်း(၆၄၉၀ဝ)ကျော်ထဲက ထက်ဝက် (၃၂၄၅၀) အထိ ပျက်သွားစေဦး။ ရပ်ကွက်နဲ့ ရွာပေါင်း (၃၄၀ ဝဝ)ကျော် ကျန်နေသေးတဲ့အတွက် သေချာပေါက် နှစ်ရွာမှ တစ်ယောက်ထက်တောင် မပိုတဲ့သဘောမျိုး ဖြစ်မှာပါ။

ဆင့်ခေါ်ရေးအဖွဲ့တွေကို ဗဟို ပြည်ထောင်စုအဆင့်ကနေ ပြည်နယ်/တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်/ ကျေးရွာ အဆင့်တွေအထိ ဒေသအုပ်ချုပ်ရေးများအသီးသီးက တာဝန်ယူ ဦး ဆောင်ရတာပါ။ ပြည်နယ်/တိုင်း အုပ်ချုပ်ရေးများ၊ ခရိုင်-မြို့နယ် အုပ်ချုပ်ရေးများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တပ်မ တော်ဘက်က တာဝန်ရှိသူအဆင့်ဆင့်နဲ့ တွဲပြီး လုပ်ငန်းစဉ် ဖော်ဆောင်စေ တာမျိုးလို့ သိရပါတယ်။

လုပ်ငန်းစဉ်အရ (၁) ကျေးရွာ ရပ်ကွက် တွေအတွင်းမှာ (၁၈)နှစ်ကနေ (၃၅)နှစ်အတွင်း အမျိုးသားဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကို စာရင်းပြုစုရမှာဖြစ်ပါတယ်။ (၂) စာ ရင်းပြုစုရာမှာ ကိုယ်တိုင်ရေးဖြည့်သော လက်ရေးမှု CV ဖောင် တစ်ခုပေးရပါမယ်။ (၃) စာရင်းပြုစုပြီး ရရှိလာတဲ့ ကိန်းဂဏန်း အချက်အလက်ကို အခြေခံပြီး ရပ်ကွက် ကျေးရွာအတွင်းက လူငယ်တွေကို လတ်တလော ကာလအတွင်း မည်သည့်နေရာကိုမှ ခရီးရှည်မထွက်ဖို့၊ ထွက်ခဲ့ရင်လည်း ရပ်ကွက်အုပ်ချုပ် ရေးမှူးကို သေချာအကြောင်းကြားဖို့ ညွှန်ကြားရပါ မယ်။ (၄) စာရင်းဇယားတွေကိုကိုင်ပြီး ပထမဆုံးခေါ် ယူမယ့် လူ(၅၀ဝဝ)ထဲမှာ ကိုယ်တိုင်ဆန္ဒပြု ပါဝင် မယ့်သူ ရှိမရှိနဲ့ ယာယီ ရွှေ့ဆိုင်းခွင့်ရလိုသူ ရှိမရှိကို အုပ်စု ပြန်ခွဲရပါမယ်။ (၅) အဲဒီစာရင်းဇယားပေါ်မှာ လူ(၅၀ဝဝ)ထက် အနည်းငယ်ပိုသော လူဦးရေကို ကျန်းမာရေးစစ်ဆေးမှု ခံယူခြင်းလုပ်ငန်းစဉ်အတွက် သက်ဆိုင်ရာ မိသားစုထံအသိပေး၍ ပို့ဆောင်ရပါ မယ်။ (၆) ထို့နောက် ကျန်းမာရေးစစ်ဆေးမှု ခံယူစေ ပြီးမှသာ ထိုပုဂ္ဂိုလ်သည် စစ်မှုထမ်းရန် အရည်အချင်း ပြည့်မီသော နိုင်ငံသားတစ်ဦးဖြစ်ကြောင်း သက်ဆိုင် ရာမိသားစုများထံ အသိပေးကြေညာပြီး လေ့ကျင့်ရေး သင်တန်းကျောင်းကို ပို့ဆောင်ခြင်း လုပ်ရပါတယ်။ ဖော်ပြပါ အချက်(၆)လုံးဟာ မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းစဉ်တွေပါ။ လူထုဟာ ပြည်ပြေး မီဒီယာတွေ နဲ့ ပြည်တွင်းနေ ကောလာဟလ သတင်း ဗိုင်းရပ်စ်ဖြန့်သူတွေရဲ့ လှည့်စား လှုံ့ဆော်မှုကို မခံရ ဘူးဆိုရင် ဒီလုပ်ငန်းစဉ် တွေဟာ နားလည်ထားရမယ့် အရာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ လူထုကြားမှာ စိုးရိမ်သောကတွေ ဖြစ်နေရတဲ့ အကြောင်းအရင်းက ရှိလာ ပါတယ်။ ဒါကတော့ ဒဂုံမြို့သစ်လေးခုထဲက ရပ် ကွက်အချို့၊ ရွှေပြည်သာ၊ လှိုင်သာယာ စက်မှုဇုန် အ ချို့နဲ့ နေပြည်တော်အပါအဝင် အခြားသော လူမသိ သူမသိ သတင်းမထွက်နိုင်သေးသော ရပ်ကွက် ကျေး ရွာအသီးသီးမှာ အမှန်တကယ်ကို ဖြစ်ပေါ်နေတာပါ။
အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက်ကျေး ရွာထဲမှာ စာရင်းကောက်ယူနေရင်းနဲ့ကို စိုးရိမ်ကြတဲ့ မိဘတွေက ငွေကြေးပေးတာကို လက်ခံရယူနေကြ တာပါပဲ။ လှိုင်သာယာဘက်က စက်မှုဇုန်တစ်ခုမှာ စက်ရုံလုပ်သားတွေကို စစ်မှုထမ်းဆောင်ရာမှာ ပါဝင် သွားခြင်းမရှိအောင် လုပ်ပေးနိုင်ကြောင်း၊ ဒီအတွက် ငွေကျပ်သိန်း(၁၅၀ဝ)လောက် ပေးရမယ်ဆိုတဲ့ ကမ်း လှမ်းချက်တွေနဲ့ တိုးတိုးတိတ်တိတ် လှုပ်ရှားနေတာမျိုး တွေရှိခဲ့ပါတယ်။ စစ်မှုထမ်းရမှာကို စိုးရိမ်ကြတဲ့ လူငယ်တွေဆီကနေ အုပ်ချုပ်ရေးမှူးတချို့က အမြတ် ထုတ်ဖို့ ကြိုးစားကြတာပါပဲ။

ငွေ(၅)သိန်းပေးရင်း စစ်မှုမထမ်းရအောင် လုပ်ပေးမယ်ဆိုတဲ့ လိမ်ညာခြိမ်းခြောက် ငွေတောင်းခံ မှုတွေဟာလည်း အများအပြားပေါ်ပေါက်လာနေသလို ဒါ့ထက်များပြားတဲ့ လာဘ်လာဘတွေလည်း စစ်မှု ထမ်းဆင့်ခေါ်ရေးဆိုင်ရာ အဆင့်ဆင့်သော အဖွဲ့ တွေမှာ ပဒေသာပင်သဖွယ် ပေါ်ပေါက်နေပါတယ်။ ရှင်းလင်းတိကျပြတ်သားမှု မရှိတဲ့ စစ်မှုထမ်း ဂယက် ကြောင့် ကုန်ထုတ်လုပ်ငန်းထဲက လုပ်သားတွေ ထွက် ပြေးတိမ်းရှောင်ဖို့ ဖြစ်လာသလို၊ နည်းပညာ နယ်ပယ် ထဲက လူငယ်တွေ၊ အခြားသော လုပ်ငန်းကဏ္ဍအသီး သီးက လူငယ်တွေ ပြည်ပကို တရားမဝင်လမ်း ကြောင်းကနေပါ ထွက်ပြေးတိမ်းရှောင်တာတွေ မြင့် တက်ခဲ့တာက အမှန်ပါပဲ။ ဒါဟာ အစိုးရ အရည်အချင်း ကို အကဲဖြတ်စရာတစ်ခု ဖြစ်လာပါတယ်။

ဒီနေရာကနေ ပြည်သူလူထုကို ပြောချင် တာကတော့ စစ်မှု မထမ်းရရေးအတွက် ငွေပေးတာ မျိုးလုံးဝလုပ်လို့ မရသလို ငွေပေးလိုက်တိုင်းလည်း စစ်မှုမထမ်းရဘူးဆိုတာ လုံးဝ မှန်မနေပါဘူး။ ဥပဒေ အရ ငွေကြေးတောင်းခံခွင့်လည်း မရှိသလို ငွေကြေး ကိစ္စ သွယ်ဝိုက်ပြောဆိုလာရင်တောင် လူအခွင့်အရေး ရှုထောင့်နဲ့ နိုင်ငံသားအခွင့်အရေးအရ ပြတ်ပြတ် သားသား ငြင်းပယ်ခွင့် ရှိပါတယ်။ ဒါကြောင့် ငွေလုံးဝ မပေးပါနဲ့။ ပေးစရာ လုံးဝ မလိုပါ။ ငွေတောင်းခံဖို့ ကြိုးစားတဲ့ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကိုလည်း လျှို့ဝှက်ရယူထားတဲ့ အသံဖိုင်သက်သေ ဒါမှမဟုတ် အထောက်အထားတချို့နဲ့တကွ တိုင်ကြားဖို့လည်း လိုပါတယ်။

ရပ်ကွက်၊ ကျေးရွာထဲမှာ စာရင်းလာ ကောက်ခဲ့ရင်လည်း ပေးလာတဲ့ စာရွက်စာတမ်းကို သေချာစွာဖတ်ရှုပြီး လိုအပ်ချက်တဲ့အချက်အလက် သဘောထားကို မိမိလက်ရေးနဲ့သာ ဖြည့်သွင်း ပေးအပ်ပါ။ စိုးရိမ်မလွန်ဖို့ အသိပေးချင်တဲ့ အချက် တစ်ချက်ကတော့ အမျိုးသား(၆)သန်းကျော်ထဲက (၆၀ဝဝ) လောက်ဆိုရင်တောင် ရာခိုင်နှုန်းအားဖြင့် သုည ဒသမ (၁) ရာခိုင်နှုန်းသာ ရှိပါတယ်။ နှစ်လုံးထီ ထိုးသလို တွက်မယ်ဆိုရင် ဂဏန်း(၁၀ဝ)ထဲက ပေါက်ကွက် တစ်ကွက် ၊ လူ(၆)သန်းထဲက လူ (၆၀ဝဝ)အတွက် တစ်ဦးသာ ဖြစ်တယ်လို့ တွက်ချက် စေချင်ပါတယ်။ ဒီနေရာမှာ သတင်းတွေထွက်နေတဲ့ အတိုင်း ရွာထဲက လူ(၄၀)၊ (၅၀)လောက်ကို အတင်း စာရင်းကောက်ပြီး ခေါ်သွားတယ်ဆိုတာမျိုးတွေဟာ ဥပဒေအရဖြစ်စေ၊ ဆင့်ခေါ်ရေးလုပ်ငန်းစဉ်အရ ဖြစ် စေ တရားမဝင်ပါဘူး။ တရားမဝင်လုပ်ရပ်ဖြစ်သလို ဒီဖြစ်စဉ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့တာရဲ့အခြားတစ်ဖက်ကနေ ဖြန့်ချိချင်စရာ ကောလာဟလတွေသာ ဖြစ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် လူထုကို စိုးရိမ် သောကတွေနဲ့ အမုန်းတရားတွေ ပြည့်နှက်စေလိုသူ တွေရဲ့ လှည့်စားမှုတွေလည်း ဖြစ်နိုင်ပါတယ်။

စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ရင် တည်ဆဲ နစက အစိုးရကို ယတိပြတ် ထောက်ပြဝေဖန်ချင်တာ ရှိပါတယ်။ ဆင့်ခေါ်ရေးအဖွဲ့တွေဟာ လူထုဆီကနေ ငွေညစ်ဖို့ ကြိုးစားနေတယ်ဆိုတာကို အတွင်းကျကျ အသွင်ယူစုံစမ်းဖို့ လိုပါပြီ။ လူထုကို ရှင်းလင်းတဲ့ သ တင်းစကားပေးဖို့အတွက် ထင်ရှားကျော်ကြားသူတွေ၊ အနုပညာရှင်တွေ၊ ပုဂ္ဂလိက မီဒီယာတွေ၊ အရပ်ဘက် က ရပ်ကွက်အတွင်းက တက်ကြွလှုပ်ရှားသူတွေကို သက်ဆိုင်ရာဒေသ အလိုက် ခေါ်ယူစကားပြောဆို ရှင်းပြဖို့ လိုပါတယ်။

လူထုဘက်က မေးမြန်းမှု ဒါမှမဟုတ် စိုးရိမ် မှုအများဆုံး စကားလုံးတွေကို သုတေသနပြုစုပြီး ချက်ချင်း ပြန်လည်ဖြေရှင်းနိုင်တဲ့ Task Force တွေ ဖွဲ့ထားဖို့ လိုအပ်ပါတယ်။ လူထုက တိုင်ကြားလိုရင် ချက်ချင်း မှတ်သားရေးသားမယ့် Team တစ်ခုနဲ့ ဆက်သွယ်ရမယ့် နံပါတ်(၁၀)ခုထက်မ နည်းကို ၂၄ နာရီထားရှိ စောင့်ကြည့်ဖို့ လိုပါတယ်။ လူထုက အား ကိုးယုံကြည်စွာ တိုင်ကြားလို့ရတဲ့ ဌာနဖြစ်စေဖို့ အ တွက်လည်း တက်ကြွတဲ့ ဗော်လန်တီယာတွေကို ထားရှိပေးကြဖို့ လိုပါတယ်။

အရေးအကြီးဆုံးကတော့ ဆင့်ခေါ်ရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်တဲ့ အုပ်ချုပ်ရေးမှူးတွေ၊ စစ် ဘက် အရာရှိတွေ၊ ရဲဘက်အရာရှိတွေနဲ့ ဆက်စပ် ပတ်သက်သူတွေကို အဂတိမှု အသံတစ်ချက်ထွက် တာနဲ့ ချက်ချင်း အမေးအမြန်းမရှိ ထောင်ထဲတန်း ထည့်ပြီး အာမခံမပေးဘဲ စစ်ဆေးအရေးယူမယ်လို့ ပြတ်ပြတ်သားသား ကြေညာဖို့ လိုပါတယ်။ ဒါကို တစ် နိုင်ငံလုံးသိအောင်ကြေညာဖို့လိုတာပါ။ ဒီလိုမှသာလျှင် လူထုနဲ့ လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ကြားမှာယုံ ကြည်မှု အတိုင်းအတာ တစ်ခုရရှိလာမှာ ဖြစ်သလိုကြား ဝင်သပ်လျှို မယ့်သူတွေပါ နေရာမရစေတော့မှာပါ။

ဒီလိုမလုပ်ခဲ့ဘဲ မြေစမ်းခရမ်းပျိုး လက် တည့်စမ်းချင်သလိုမျိုး လုပ်နေခဲ့မယ်ဆိုရင် တည်ဆဲ နစက အစိုးရဟာ အရည်အချင်း မရှိတဲ့၊ ပြည်သူ လူ ထုအပေါ် ရိုးသားမှုမရှိတဲ့ အစိုးရအဖြစ် မှတ်တမ်း ရေးကြမယ့်သူတွေ အများအပြား ပေါ်ပေါက်လာပါ လိမ့်မယ်။

သတင်းစာဆရာတစ်ဦးအနေနဲ့ ယတိပြတ်မှတ်ချက်ပြုရမယ်ဆိုရင် တည်ဆဲအစိုးရဟာ စစ်မှု ထမ်းဥပဒေကို ကျင့်သုံးဖို့ ကြိုးစားရင်းနဲ့ ကိုယ် လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေတဲ့ အဖွဲ့ကြီး၊ တစ် နည်းအားဖြင့် ပြည်သူ့အမုန်းတော်ခံအဖွဲ့ကြီး ဖြစ်သွားနိုင်တယ်လို့ မြင်မိကြောင်းပါ။

zawgyi version
စစ္မႈထမ္းဆင့္ေခၚေရး လုပ္ငန္းစဥ္ထဲက ေထာင္ခ်ပစ္ရမယ့္လူေတြ
မ်ိဳးမင္း (မက်ည္းလဟာ) (NP News) - မတ္ ၂၃

စတင္က်င့္သုံးေနၿပီျဖစ္တဲ့ စစ္မႈထမ္း ဥပေဒဟာ ရပ္ကြက္ေက်း႐ြာနဲ႔ ၿမိဳ႕ နယ္အသီးသီးက ဆင့္ေခၚေရးနဲ႔ စာရင္းျပဳစုေရးလုပ္ငန္းစဥ္လုပ္ေဆာင္ေနသူေတြအတြက္ ေငြရလမ္းလုပ္စားခြင္ေတြ ျဖစ္ေစခဲ့ၿပီလားလို႔ နစကအစိုးရကို ေမးခြန္းထုတ္လိုက္ပါတယ္။

စစ္မႈမထမ္းမေနရ ဥပေဒ က်င့္သုံးဖို႔ကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ(၁၀)ရက္က စတင္ေၾကညာခဲ့ပါ တယ္။ နစကအစိုးရဘက္က ပုံေဖာ္လိုတဲ့ ဥပေဒက်င့္ သုံးေရးဟာ ႐ိုးရွင္းပါတယ္။ အသက္(၁၈)ႏွစ္ကေန (၃၅)ႏွစ္အတြင္း စစ္မႈထမ္းရန္ အရည္အခ်င္းျပည့္ မီသူေတြကို စစ္မႈထမ္းေဆာင္ေစလိုတာပါ။ ပညာရွင္ ေတြကိုေတာ့ (၁၈)ႏွစ္ကေန(၄၅)ႏွစ္အတြင္းလို႔ သတ္မွတ္ထားသလို အတတ္ပညာတစ္ခုခုနဲ႔ ပေရာ္ ဖက္ရွင္နယ္ဆန္ဆန္ အလုပ္လုပ္ကိုင္ေနသူေတြ (ဥပမာ ဂ်ာနယ္လစ္လည္းပါဝင္)ကိုလည္း ထည့္သြင္း စဥ္းစားခဲ့ပါတယ္။

အမ်ိဳးသမီးေတြကိုေခၚယူသြားဖို႔ ဆိုင္းငံ့ထားလိုက္သလို စစ္မႈထမ္းဖို႔အတြက္ ယာယီေ႐ႊ႕ဆိုင္း ထားခြင့္ရမယ့္သူေတြ၊ စစ္မႈထမ္းေဆာင္မႈကေနကင္း လြတ္ခြင့္ရမယ့္သူေတြ၊ စစ္မႈထမ္းရင္ ရလာမယ့္အခြင့္ အေရးေတြကို ႏိုင္ငံပိုင္မီဒီယာေတြကေန ေန႔စဥ္ ထုတ္ျပန္အသိေပးေနပါတယ္။ ကနဦးအျဖစ္လည္း စစ္မႈထမ္းရမယ့္ပုဂၢိဳလ္ လူ(၅၀ဝဝ)ေလာက္ကိုသာ ေခၚယူဦးမွာျဖစ္သလို ေခၚယူေရးလုပ္ငန္းစဥ္ကလည္း အခေၾကးေငြနဲ႔ တိမ္းေရွာင္ခြင့္ ေပးထားတာမ်ိဳး မရွိ ပါဘူး။ လူ(၅၀ဝဝ)ေလာက္ကို ပထမဆုံး ပိုင္းေလာ့ ပေရာဂ်က္အျဖစ္ ေခၚယူတာမွာလည္း ႏိုင္ငံတစ္ဝန္း ကရပ္ကြက္တိုင္း ႐ြာတိုင္းမွာရွိတဲ့ လူတိုင္းကို ေတြ႕ ကရာေလွ်ာက္ေခၚတာေနတာမ်ိဳး လုပ္ငန္းစဥ္မွာ မပါဝင္ပါဘူး။

ျမန္မာႏိုင္ငံမွာ လူဦးေရ(၅၆)သန္း ေလာက္ ရွိထားသလို စစ္မႈထမ္းႏိုင္တဲ့ အမ်ိဳး သား/အမ်ိဳးသမီး ဦးေရဟာ ၂၀၂၄ အတြက္ စုစုေပါင္း(၁၄)သန္း ေလာက္သာ ရွိပါတယ္။ အမ်ိဳး သမီးေတြကို ဆိုင္းငံ့ ထားတာျဖစ္တဲ့အတြက္ အမ်ိဳးသား(၆)သန္းေက်ာ္ကိုသာ ဦးတည္တြက္ခ်က္ ရပါမယ္။ အဲဒီအထဲကမွ လူ(၅၀ဝဝ)ေလာက္ကိုပဲ ပထမဆုံးအုပ္စုအျဖစ္ ၂၀၂၄ အတြက္ ေခၚယူမွာျဖစ္ သလို ရပ္ကြက္ေပါင္း (၂၈၉၀)ေက်ာ္၊ ေက်း႐ြာ ေပါင္း(၆၄၉၀ဝ)ေက်ာ္ထဲက လူ(၅၀ဝဝ) ဆိုတဲ့ ပမာဏဟာ ဘယ္လိုသခ်ၤာနည္းနဲ႔တြက္တြက္ ႐ြာတိုင္းေစ့၊ ရပ္ကြက္တိုင္းေစ လူတိုင္းေစ့ဆင့္ေခၚ ခံရမွာ မဟုတ္ဘူးလို႔ နားလည္ႏိုင္ပါတယ္။ အျမင့္ဆုံး ျဖစ္ႏိုင္ေျခဟာ တစ္႐ြာ သို႔မဟုတ္ တစ္ရပ္ကြက္ကို တစ္ေယာက္ထက္ ပိုစရာမရွိႏိုင္တာပါ။ သို႔ေသာ္ လည္း စစ္ပြဲေတြေၾကာင့္ထိခိုက္ဆုံးရႈံးထားရတဲ့ ေက်း႐ြာေတြ၊ ၿမိဳ႕ေတြ၊ ရပ္ကြက္ေတြကို ဖယ္ထုတ္ဖို႔ လည္း လိုပါဦးမယ္။ ဆိုၾကပါစို႔။ ရပ္ကြက္ေပါင္း (၂၈၉၀)ေက်ာ္ထဲက ရပ္ကြက္(၁၀ဝဝ)၊ ေက်း႐ြာ ေပါင္း(၆၄၉၀ဝ)ေက်ာ္ထဲက ထက္ဝက္ (၃၂၄၅၀) အထိ ပ်က္သြားေစဦး။ ရပ္ကြက္နဲ႔ ႐ြာေပါင္း (၃၄၀ ဝဝ)ေက်ာ္ က်န္ေနေသးတဲ့အတြက္ ေသခ်ာေပါက္ ႏွစ္႐ြာမွ တစ္ေယာက္ထက္ေတာင္ မပိုတဲ့သေဘာမ်ိဳး ျဖစ္မွာပါ။

ဆင့္ေခၚေရးအဖြဲ႕ေတြကို ဗဟို ျပည္ေထာင္စုအဆင့္ကေန ျပည္နယ္/တိုင္းအဆင့္၊ ခ႐ိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္၊ ရပ္ကြက္/ ေက်း႐ြာ အဆင့္ေတြအထိ ေဒသအုပ္ခ်ဳပ္ေရးမ်ားအသီးသီးက တာဝန္ယူ ဦး ေဆာင္ရတာပါ။ ျပည္နယ္/တိုင္း အုပ္ခ်ဳပ္ေရးမ်ား၊ ခ႐ိုင္-ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမ်ား၊ ရပ္ကြက္/ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေတြကို တပ္မ ေတာ္ဘက္က တာဝန္ရွိသူအဆင့္ဆင့္နဲ႔ တြဲၿပီး လုပ္ငန္းစဥ္ ေဖာ္ေဆာင္ေစ တာမ်ိဳးလို႔ သိရပါတယ္။

လုပ္ငန္းစဥ္အရ (၁) ေက်း႐ြာ ရပ္ကြက္ ေတြအတြင္းမွာ (၁၈)ႏွစ္ကေန (၃၅)ႏွစ္အတြင္း အမ်ိဳးသားဦးေရ ဘယ္ေလာက္ရွိတယ္ဆိုတာကို စာရင္းျပဳစုရမွာျဖစ္ပါတယ္။ (၂) စာ ရင္းျပဳစုရာမွာ ကိုယ္တိုင္ေရးျဖည့္ေသာ လက္ေရးမႈ CV ေဖာင္ တစ္ခုေပးရပါမယ္။ (၃) စာရင္းျပဳစုၿပီး ရရွိလာတဲ့ ကိန္းဂဏန္း အခ်က္အလက္ကို အေျခခံၿပီး ရပ္ကြက္ ေက်း႐ြာအတြင္းက လူငယ္ေတြကို လတ္တေလာ ကာလအတြင္း မည္သည့္ေနရာကိုမွ ခရီးရွည္မထြက္ဖို႔၊ ထြက္ခဲ့ရင္လည္း ရပ္ကြက္အုပ္ခ်ဳပ္ ေရးမႉးကို ေသခ်ာအေၾကာင္းၾကားဖို႔ ၫႊန္ၾကားရပါ မယ္။ (၄) စာရင္းဇယားေတြကိုကိုင္ၿပီး ပထမဆုံးေခၚ ယူမယ့္ လူ(၅၀ဝဝ)ထဲမွာ ကိုယ္တိုင္ဆႏၵျပဳ ပါဝင္ မယ့္သူ ရွိမရွိနဲ႔ ယာယီ ေ႐ႊ႕ဆိုင္းခြင့္ရလိုသူ ရွိမရွိကို အုပ္စု ျပန္ခြဲရပါမယ္။ (၅) အဲဒီစာရင္းဇယားေပၚမွာ လူ(၅၀ဝဝ)ထက္ အနည္းငယ္ပိုေသာ လူဦးေရကို က်န္းမာေရးစစ္ေဆးမႈ ခံယူျခင္းလုပ္ငန္းစဥ္အတြက္ သက္ဆိုင္ရာ မိသားစုထံအသိေပး၍ ပို႔ေဆာင္ရပါ မယ္။ (၆) ထို႔ေနာက္ က်န္းမာေရးစစ္ေဆးမႈ ခံယူေစ ၿပီးမွသာ ထိုပုဂၢိဳလ္သည္ စစ္မႈထမ္းရန္ အရည္အခ်င္း ျပည့္မီေသာ ႏိုင္ငံသားတစ္ဦးျဖစ္ေၾကာင္း သက္ဆိုင္ ရာမိသားစုမ်ားထံ အသိေပးေၾကညာၿပီး ေလ့က်င့္ေရး သင္တန္းေက်ာင္းကို ပို႔ေဆာင္ျခင္း လုပ္ရပါတယ္။ ေဖာ္ျပပါ အခ်က္(၆)လုံးဟာ မျဖစ္မေန လုပ္ရမယ့္ လုပ္ငန္းစဥ္ေတြပါ။ လူထုဟာ ျပည္ေျပး မီဒီယာေတြ နဲ႔ ျပည္တြင္းေန ေကာလာဟလ သတင္း ဗိုင္းရပ္စ္ျဖန႔္သူေတြရဲ႕ လွည့္စား လႈံ႕ေဆာ္မႈကို မခံရ ဘူးဆိုရင္ ဒီလုပ္ငန္းစဥ္ ေတြဟာ နားလည္ထားရမယ့္ အရာေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ လူထုၾကားမွာ စိုးရိမ္ေသာကေတြ ျဖစ္ေနရတဲ့ အေၾကာင္းအရင္းက ရွိလာ ပါတယ္။ ဒါကေတာ့ ဒဂုံၿမိဳ႕သစ္ေလးခုထဲက ရပ္ ကြက္အခ်ိဳ႕၊ ေ႐ႊျပည္သာ၊ လႈိင္သာယာ စက္မႈဇုန္ အ ခ်ိဳ႕နဲ႔ ေနျပည္ေတာ္အပါအဝင္ အျခားေသာ လူမသိ သူမသိ သတင္းမထြက္ႏိုင္ေသးေသာ ရပ္ကြက္ ေက်း ႐ြာအသီးသီးမွာ အမွန္တကယ္ကို ျဖစ္ေပၚေနတာပါ။
အုပ္ခ်ဳပ္ေရးမႉးေတြဟာ ရပ္ကြက္ေက်း ႐ြာထဲမွာ စာရင္းေကာက္ယူေနရင္းနဲ႔ကို စိုးရိမ္ၾကတဲ့ မိဘေတြက ေငြေၾကးေပးတာကို လက္ခံရယူေနၾက တာပါပဲ။ လႈိင္သာယာဘက္က စက္မႈဇုန္တစ္ခုမွာ စက္႐ုံလုပ္သားေတြကို စစ္မႈထမ္းေဆာင္ရာမွာ ပါဝင္ သြားျခင္းမရွိေအာင္ လုပ္ေပးႏိုင္ေၾကာင္း၊ ဒီအတြက္ ေငြက်ပ္သိန္း(၁၅၀ဝ)ေလာက္ ေပးရမယ္ဆိုတဲ့ ကမ္း လွမ္းခ်က္ေတြနဲ႔ တိုးတိုးတိတ္တိတ္ လႈပ္ရွားေနတာမ်ိဳး ေတြရွိခဲ့ပါတယ္။ စစ္မႈထမ္းရမွာကို စိုးရိမ္ၾကတဲ့ လူငယ္ေတြဆီကေန အုပ္ခ်ဳပ္ေရးမႉးတခ်ိဳ႕က အျမတ္ ထုတ္ဖို႔ ႀကိဳးစားၾကတာပါပဲ။

ေငြ(၅)သိန္းေပးရင္း စစ္မႈမထမ္းရေအာင္ လုပ္ေပးမယ္ဆိုတဲ့ လိမ္ညာၿခိမ္းေျခာက္ ေငြေတာင္းခံ မႈေတြဟာလည္း အမ်ားအျပားေပၚေပါက္လာေနသလို ဒါ့ထက္မ်ားျပားတဲ့ လာဘ္လာဘေတြလည္း စစ္မႈ ထမ္းဆင့္ေခၚေရးဆိုင္ရာ အဆင့္ဆင့္ေသာ အဖြဲ႕ ေတြမွာ ပေဒသာပင္သဖြယ္ ေပၚေပါက္ေနပါတယ္။ ရွင္းလင္းတိက်ျပတ္သားမႈ မရွိတဲ့ စစ္မႈထမ္း ဂယက္ ေၾကာင့္ ကုန္ထုတ္လုပ္ငန္းထဲက လုပ္သားေတြ ထြက္ ေျပးတိမ္းေရွာင္ဖို႔ ျဖစ္လာသလို၊ နည္းပညာ နယ္ပယ္ ထဲက လူငယ္ေတြ၊ အျခားေသာ လုပ္ငန္းက႑အသီး သီးက လူငယ္ေတြ ျပည္ပကို တရားမဝင္လမ္း ေၾကာင္းကေနပါ ထြက္ေျပးတိမ္းေရွာင္တာေတြ ျမင့္ တက္ခဲ့တာက အမွန္ပါပဲ။ ဒါဟာ အစိုးရ အရည္အခ်င္း ကို အကဲျဖတ္စရာတစ္ခု ျဖစ္လာပါတယ္။

ဒီေနရာကေန ျပည္သူလူထုကို ေျပာခ်င္ တာကေတာ့ စစ္မႈ မထမ္းရေရးအတြက္ ေငြေပးတာ မ်ိဳးလုံးဝလုပ္လို႔ မရသလို ေငြေပးလိုက္တိုင္းလည္း စစ္မႈမထမ္းရဘူးဆိုတာ လုံးဝ မွန္မေနပါဘူး။ ဥပေဒ အရ ေငြေၾကးေတာင္းခံခြင့္လည္း မရွိသလို ေငြေၾကး ကိစၥ သြယ္ဝိုက္ေျပာဆိုလာရင္ေတာင္ လူအခြင့္အေရး ရႈေထာင့္နဲ႔ ႏိုင္ငံသားအခြင့္အေရးအရ ျပတ္ျပတ္ သားသား ျငင္းပယ္ခြင့္ ရွိပါတယ္။ ဒါေၾကာင့္ ေငြလုံးဝ မေပးပါနဲ႔။ ေပးစရာ လုံးဝ မလိုပါ။ ေငြေတာင္းခံဖို႔ ႀကိဳးစားတဲ့ စစ္မႈထမ္း ဆင့္ေခၚေရးအဖြဲ႕ကိုလည္း လွ်ိဳ႕ဝွက္ရယူထားတဲ့ အသံဖိုင္သက္ေသ ဒါမွမဟုတ္ အေထာက္အထားတခ်ိဳ႕နဲ႔တကြ တိုင္ၾကားဖို႔လည္း လိုပါတယ္။

ရပ္ကြက္၊ ေက်း႐ြာထဲမွာ စာရင္းလာ ေကာက္ခဲ့ရင္လည္း ေပးလာတဲ့ စာ႐ြက္စာတမ္းကို ေသခ်ာစြာဖတ္ရႈၿပီး လိုအပ္ခ်က္တဲ့အခ်က္အလက္ သေဘာထားကို မိမိလက္ေရးနဲ႔သာ ျဖည့္သြင္း ေပးအပ္ပါ။ စိုးရိမ္မလြန္ဖို႔ အသိေပးခ်င္တဲ့ အခ်က္ တစ္ခ်က္ကေတာ့ အမ်ိဳးသား(၆)သန္းေက်ာ္ထဲက (၆၀ဝဝ) ေလာက္ဆိုရင္ေတာင္ ရာခိုင္ႏႈန္းအားျဖင့္ သုည ဒသမ (၁) ရာခိုင္ႏႈန္းသာ ရွိပါတယ္။ ႏွစ္လုံးထီ ထိုးသလို တြက္မယ္ဆိုရင္ ဂဏန္း(၁၀ဝ)ထဲက ေပါက္ကြက္ တစ္ကြက္ ၊ လူ(၆)သန္းထဲက လူ (၆၀ဝဝ)အတြက္ တစ္ဦးသာ ျဖစ္တယ္လို႔ တြက္ခ်က္ ေစခ်င္ပါတယ္။ ဒီေနရာမွာ သတင္းေတြထြက္ေနတဲ့ အတိုင္း ႐ြာထဲက လူ(၄၀)၊ (၅၀)ေလာက္ကို အတင္း စာရင္းေကာက္ၿပီး ေခၚသြားတယ္ဆိုတာမ်ိဳးေတြဟာ ဥပေဒအရျဖစ္ေစ၊ ဆင့္ေခၚေရးလုပ္ငန္းစဥ္အရ ျဖစ္ ေစ တရားမဝင္ပါဘူး။ တရားမဝင္လုပ္ရပ္ျဖစ္သလို ဒီျဖစ္စဥ္ေတြဟာ အမွန္တကယ္ျဖစ္ခဲ့တာရဲ႕အျခားတစ္ဖက္ကေန ျဖန႔္ခ်ိခ်င္စရာ ေကာလာဟလေတြသာ ျဖစ္ႏိုင္ပါတယ္။ တစ္နည္းအားျဖင့္ လူထုကို စိုးရိမ္ ေသာကေတြနဲ႔ အမုန္းတရားေတြ ျပည့္ႏွက္ေစလိုသူ ေတြရဲ႕ လွည့္စားမႈေတြလည္း ျဖစ္ႏိုင္ပါတယ္။

စစ္မႈထမ္းကိစၥနဲ႔ပတ္သက္ရင္ တည္ဆဲ နစက အစိုးရကို ယတိျပတ္ ေထာက္ျပေဝဖန္ခ်င္တာ ရွိပါတယ္။ ဆင့္ေခၚေရးအဖြဲ႕ေတြဟာ လူထုဆီကေန ေငြညစ္ဖို႔ ႀကိဳးစားေနတယ္ဆိုတာကို အတြင္းက်က် အသြင္ယူစုံစမ္းဖို႔ လိုပါၿပီ။ လူထုကို ရွင္းလင္းတဲ့ သ တင္းစကားေပးဖို႔အတြက္ ထင္ရွားေက်ာ္ၾကားသူေတြ၊ အႏုပညာရွင္ေတြ၊ ပုဂၢလိက မီဒီယာေတြ၊ အရပ္ဘက္ က ရပ္ကြက္အတြင္းက တက္ႂကြလႈပ္ရွားသူေတြကို သက္ဆိုင္ရာေဒသ အလိုက္ ေခၚယူစကားေျပာဆို ရွင္းျပဖို႔ လိုပါတယ္။

လူထုဘက္က ေမးျမန္းမႈ ဒါမွမဟုတ္ စိုးရိမ္ မႈအမ်ားဆုံး စကားလုံးေတြကို သုေတသနျပဳစုၿပီး ခ်က္ခ်င္း ျပန္လည္ေျဖရွင္းႏိုင္တဲ့ Task Force ေတြ ဖြဲ႕ထားဖို႔ လိုအပ္ပါတယ္။ လူထုက တိုင္ၾကားလိုရင္ ခ်က္ခ်င္း မွတ္သားေရးသားမယ့္ Team တစ္ခုနဲ႔ ဆက္သြယ္ရမယ့္ နံပါတ္(၁၀)ခုထက္မ နည္းကို ၂၄ နာရီထားရွိ ေစာင့္ၾကည့္ဖို႔ လိုပါတယ္။ လူထုက အား ကိုးယုံၾကည္စြာ တိုင္ၾကားလို႔ရတဲ့ ဌာနျဖစ္ေစဖို႔ အ တြက္လည္း တက္ႂကြတဲ့ ေဗာ္လန္တီယာေတြကို ထားရွိေပးၾကဖို႔ လိုပါတယ္။

အေရးအႀကီးဆုံးကေတာ့ ဆင့္ေခၚေရး လုပ္ငန္းစဥ္ထဲမွာ ပါဝင္တဲ့ အုပ္ခ်ဳပ္ေရးမႉးေတြ၊ စစ္ ဘက္ အရာရွိေတြ၊ ရဲဘက္အရာရွိေတြနဲ႔ ဆက္စပ္ ပတ္သက္သူေတြကို အဂတိမႈ အသံတစ္ခ်က္ထြက္ တာနဲ႔ ခ်က္ခ်င္း အေမးအျမန္းမရွိ ေထာင္ထဲတန္း ထည့္ၿပီး အာမခံမေပးဘဲ စစ္ေဆးအေရးယူမယ္လို႔ ျပတ္ျပတ္သားသား ေၾကညာဖို႔ လိုပါတယ္။ ဒါကို တစ္ ႏိုင္ငံလုံးသိေအာင္ေၾကညာဖို႔လိုတာပါ။ ဒီလိုမွသာလွ်င္ လူထုနဲ႔ လုပ္ငန္း ေဖာ္ေဆာင္ေရးအဖြဲ႕ၾကားမွာယုံ ၾကည္မႈ အတိုင္းအတာ တစ္ခုရရွိလာမွာ ျဖစ္သလိုၾကား ဝင္သပ္လွ်ိဳ မယ့္သူေတြပါ ေနရာမရေစေတာ့မွာပါ။

ဒီလိုမလုပ္ခဲ့ဘဲ ေျမစမ္းခရမ္းပ်ိဳး လက္ တည့္စမ္းခ်င္သလိုမ်ိဳး လုပ္ေနခဲ့မယ္ဆိုရင္ တည္ဆဲ နစက အစိုးရဟာ အရည္အခ်င္း မရွိတဲ့၊ ျပည္သူ လူ ထုအေပၚ ႐ိုးသားမႈမရွိတဲ့ အစိုးရအျဖစ္ မွတ္တမ္း ေရးၾကမယ့္သူေတြ အမ်ားအျပား ေပၚေပါက္လာပါ လိမ့္မယ္။

သတင္းစာဆရာတစ္ဦးအေနနဲ႔ ယတိျပတ္မွတ္ခ်က္ျပဳရမယ္ဆိုရင္ တည္ဆဲအစိုးရဟာ စစ္မႈ ထမ္းဥပေဒကို က်င့္သုံးဖို႔ ႀကိဳးစားရင္းနဲ႔ ကိုယ္ လည္ပင္းကိုယ္ ႀကိဳးကြင္းစြပ္ေနတဲ့ အဖြဲ႕ႀကီး၊ တစ္ နည္းအားျဖင့္ ျပည္သူ႔အမုန္းေတာ္ခံအဖြဲ႕ႀကီး ျဖစ္သြားႏိုင္တယ္လို႔ ျမင္မိေၾကာင္းပါ။

Related news

© 2021. All rights reserved.