NLD ပါတီအတွင်းရေးမှူး ဦးဟံသာမြင့် မြန်မာပြည်မှထွက်ပြေးသွားပြီဟု ပါတီဝင်များအကြား သတင်းထွက်နေ

 7137

Iris (NP News) - မတ် ၂၃

NUG မှ နေဘုန်းလတ်၏ ယောက္ခထီးဖြစ်သူ NLD ပါတီအတွင်းရေးမှူး ဦးဟံသာမြင့်က မြန်မာနိုင်ငံတွင်းမှ ထွက်ပြေးတိမ်းရှောင်ကာ ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပါတီဝင်များ အကြား သတင်းများထွက်ပေါ်နေသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ (၂၇)ရက်တွင် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ စည်းကမ်းချက်ဖြင့် ရန်ကုန် အင်းစိန်အကျဉ်းထောင်မှတစ်ဆင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သော ဦးဟံသာမြင့်အနေဖြင့် လွတ်ငြိမ်းရရှိပြီး နောက် (၂) နှစ်ကျော် အကြာတွင် ယခုကဲ့သို့ ရုတ်တရက် ထွက်ပြေးသွားခြင်းမျိုး ဖြစ်ကြောင်းလည်း ဆိုနိုင်သည်။ “ ဦးဟံသာမြင့် ထွက်ပြေးသွားပြီဆိုတဲ့ သတင်းက NLD အသိုင်းအဝိုင်း ထဲမှာတော့ တော်တော်များများ ပြောနေကြတယ်။ ထွက်ပြေးတယ်လို့ ကြားတယ်၊ ဟုတ်သလားပေါ့။ တကယ်လည်း ထွက်ပြေးသွားပုံရတယ်။ မဲဆောက်ထဲမှာ ကိုယ်တိုင်မြင်ခဲ့သူတွေ ရှိတယ်လို့ သိရတယ်။ နစကဘက်က ထောက်လှမ်းရေးတွေက သိ လိုက်ပုံတောင် မရဘူး ” ဟု မဲဆောက်အခြေစိုက် NLD သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းမည့် သဘော ထားမျိုးဖြင့် ပြည်တွင်း၌ နေထိုင်ကျန်ရစ်ခဲ့ကြသော NLD ပါတီ ဝင်များကြားတွင်လည်း ဦးဟံသာမြင့်သတင်းက စတင်ပျံ့နှံ့လျက်ရှိနေပြီး အံ့အားသင့်စရာအဖြစ် ရှုမြင်နေကြကြောင်းလည်း ပြန်လည်ကြားသိရသည်။ ဦးဟံသာမြင့်နှင့်အတူ အခြားသော ပါတီဝင်အချို့လည်း ပါဝင်ထွက် ပြေးသွားခဲ့ကြသည်ဟု သတင်းများထွက်ပေါ်နေပြီး အချို့သောသတင်းများတွင် ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်လည်း ပါဝင်သွားသည်ဟု လည်းကောင်း၊ ဂျော့စ်ဆိုးရော့စ်ထံမှ ထောက်ပံ့ငွေများ ရယူ၍ Myanmar Development Institute (MDI)ကို ဦးဆောင်ထူထောင်ခဲ့သူ ဦးမျိုးမြင့်လည်း ပါဝင်သွားခဲ့သည်ဟူ၍လည်းကောင်း ပါတီဝင်များကြားတွင် ပြောဆိုနေကြသည်။

သို့သော်လည်း ဦးမျိုးမြင့်ကို ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်း မြင်တွေ့ခဲ့သူများရှိ သည်ဟုဆိုသည်။ “ နစကဘက်က လွတ်ငြိမ်းပေးထားတာ (၂) နှစ်တောင်ရှိပြီကို သူက အခုမှထွက်ပြေးတယ်ဆိုတော့ ပါတီကိစ္စတွေကို တာဝန်ယူမရှင်းချင်တာလား မသိဘူး ” ဟု ပြည်တွင်းနေ ပါတီဝင်တစ်ဦးက မှတ်ချက်ပြုသည်။

၎င်း၏ ဆိုလိုရင်းမှာ ပါတီ၏ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များနှင့် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးသော ထိပ်တန်း CEC များ အကျဉ်းကျခံနေရချိန်တွင် ပါတီရှင်သန်ရေးကိစ္စများကို အတွင်းရေးမှူးဖြစ်သူက တာဝန်ယူရမည့် အစား တာဝန်ကိုရှောင်လွှဲခြင်းမျိုး ဖြစ်နေသည်ဟု ထောက်ပြသည်။ အထူးသဖြင့် ၁၉၉၀-၉၁ ကာလ ပါတီ အခြေအနေမျိုးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဦးအောင်ရွှေက တာဝန်ယူ၍ ဆက်လက် ထိန်းသိမ်း ပေးခဲ့ဖူးသော်လည်း လက်ရှိခေတ်ကာလတွင် ပါတီတာဝန်များကို အတွင်းရေးမှူး ဖြစ်သူကိုယ်တိုင်က ခေါင်းရှောင်နေခဲ့ခြင်းမျိုး ဖြစ်သည်ဟုဆိုသည်။ “ ဒေါ်အောင်ဆန်းစုကြည် ကောင်းစား စဉ်ကာလတုန်းက ဦးဟံသာမြင့်ဆိုရင် သူ့သားသမီးတွေ အကုန်လုံးကို နေရာရအောင် လုပ်ပေးခဲ့တယ်။ ဦးသိန်းဦးဆိုလည်း ဒီလိုပဲ။ CEC တွေရဲ့သားသမီးတွေ အကုန်လုံးနီးပါး ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါနဲ့ ပါတီ အရှိန်အဝါကိုသုံးပြီး ထင်တိုင်းကျဲခဲ့ကြဖူးတယ်။ အခု ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် အခက်တွေ့နေချိန်မှာ သူတို့ကမသိသလို ရှောင်ပြေးပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိကြဘူး။ အခွင့်အရေးယူ တုန်းက သူတို့က ထိပ်ဆုံးက ” ဟု ပါတီတွင်းသတင်းရင်းမြစ်တစ်ဦးက ရင်ဖွင့်သည်။

မဲဆောက်ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသည် ဟု ခိုင်မာသောသတင်းများ ထွက်လာခြင်းသည် NUG ဘက်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၏ ကြိုးကိုင်ခြယ်လှယ်မှုကြောင့် ဖြစ်နိုင်ကြောင်းလည်း အချို့က သုံးသပ် နေကြသည်။ အထူးသဖြင့် ၂၀၂၁ အခင်းအကျင်းဖြစ်စဉ်ကာလ စတင်ဖမ်းဆီးခံရချိန်ကတည်းက ဦးဟံသာမြင့် မိသားစုနှင့် သားမက်ဖြစ်သူ ဦးနေဘုန်းလတ်တို့အကြား Signal မှတစ်ဆင့် ပုံမှန်ဆက်သွယ်လေ့ရှိကြောင်း ကြားသိရသည်။ ဦးဟံသာမြင့် ပြန်လည်လွတ်မြောက်လာချိန်တွင်လည်း ဦးနေဘုန်းလတ်က အခြားသော ပြည်တွင်း နေပါတီဝင်များကိုသာ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် စာထုတ်၍ထုတ်ပယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ် ဆောင်ခဲ့သည့်တိုင် ဦးဟံသာမြင့်နှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ ပြုခဲ့ခြင်းမရှိပေ။ ဦးဟံသာမြင့် အနေဖြင့်လည်း အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ(၂၇)ရက်မှ ထွက်ပြေးချိန် ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလကုန် သို့မဟုတ် မတ်လအစောပိုင်းအထိ နှစ်နှစ်ကျော်ကြာ ပြည်တွင်း၌ အန္တရာယ်ကင်းစွာ နေထိုင်ခဲ့ရသူ ဖြစ်သည်။ မြောက်ဒဂုံ သို့မဟုတ် ရန်ကင်းစသည့် မြို့နယ်နှစ်ခုလုံးတွင် လှည့်လည်နေထိုင်လေ့ ရှိသော ဦးဟံသာမြင့်အနေဖြင့် မဲဆောက်ဘက်သို့ ထွက်ပြေးသွားသည့် အကြောင်းအရင်းကိုမူ ခန့်မှန်းရခက် နေဆဲဖြစ်ပြီး နောက်ကွယ်တွင် နိုင်ငံရေးနှင့်ဆိုင်သော သီးခြားခေါင်းစဉ်တစ်ခုခု ရှိနေနိုင်သည်ဟု ပါတီဝင် အချို့က သုံးသပ်မှုများ ရှိနေသည်။

ဦးဟံသာမြင့်သည် ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဆင့်ကို ၂၀၁၀ ပြည့်နှစ်က ပါတီပြန်လည် မှတ်ပုံတင်စဉ်ကာလ၌ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းမှ တစ်ဆင့် ၂၀၁၆-၁၇ ကာလ၌ ဦးဉာဏ်ဝင်း၊ ဦးဝင်း မြင့်၊ ဦးဝင်းထိန်၊ ဒေါက် တာဇော်မြင့်မောင်တို့နှင့်အတူ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်ခဲ့ကာ ၂၀၂၀ ရွေး ကောက်ပွဲတွင် ဦးဉာဏ်ဝင်းနှင့်အတူ အတွင်းရေးမှူး အဖွဲ့ဝင် ဆက်လက်တာဝန်ယူခဲ့သူဖြစ်သည်။

zawgyi version
NLD ပါတီအတြင္းေရးမႉး ဦးဟံသာျမင့္ ျမန္မာျပည္မွထြက္ေျပးသြားၿပီဟု
ပါတီဝင္မ်ားအၾကား သတင္းထြက္ေန
Iris (NP News) - မတ္ ၂၃

NUG မွ ေနဘုန္းလတ္၏ ေယာကၡထီးျဖစ္သူ NLD ပါတီအတြင္းေရးမႉး ဦးဟံသာျမင့္က ျမန္မာႏိုင္ငံတြင္းမွ ထြက္ေျပးတိမ္းေရွာင္ကာ ထိုင္းႏိုင္ငံဘက္သို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ပါတီဝင္မ်ား အၾကား သတင္းမ်ားထြက္ေပၚေနသည္။

၂၀၂၂ ခုႏွစ္ ဇန္နဝါရီ (၂၇)ရက္တြင္ ရာဇဝတ္က်င့္ထုံးပုဒ္မ ၄၀၁၊ ပုဒ္မခြဲ ၁ အရ စည္းကမ္းခ်က္ျဖင့္ ရန္ကုန္ အင္းစိန္အက်ဥ္းေထာင္မွတစ္ဆင့္ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ရရွိခဲ့ေသာ ဦးဟံသာျမင့္အေနျဖင့္ လြတ္ၿငိမ္းရရွိၿပီး ေနာက္ (၂) ႏွစ္ေက်ာ္ အၾကာတြင္ ယခုကဲ့သို႔ ႐ုတ္တရက္ ထြက္ေျပးသြားျခင္းမ်ိဳး ျဖစ္ေၾကာင္းလည္း ဆိုႏိုင္သည္။ “ ဦးဟံသာျမင့္ ထြက္ေျပးသြားၿပီဆိုတဲ့ သတင္းက NLD အသိုင္းအဝိုင္း ထဲမွာေတာ့ ေတာ္ေတာ္မ်ားမ်ား ေျပာေနၾကတယ္။ ထြက္ေျပးတယ္လို႔ ၾကားတယ္၊ ဟုတ္သလားေပါ့။ တကယ္လည္း ထြက္ေျပးသြားပုံရတယ္။ မဲေဆာက္ထဲမွာ ကိုယ္တိုင္ျမင္ခဲ့သူေတြ ရွိတယ္လို႔ သိရတယ္။ နစကဘက္က ေထာက္လွမ္းေရးေတြက သိ လိုက္ပုံေတာင္ မရဘူး ” ဟု မဲေဆာက္အေျခစိုက္ NLD သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။ ႏိုင္ငံေရး ျပႆနာကို ၿငိမ္းခ်မ္းစြာေျဖရွင္းမည့္ သေဘာ ထားမ်ိဳးျဖင့္ ျပည္တြင္း၌ ေနထိုင္က်န္ရစ္ခဲ့ၾကေသာ NLD ပါတီ ဝင္မ်ားၾကားတြင္လည္း ဦးဟံသာျမင့္သတင္းက စတင္ပ်ံ႕ႏွံ႔လ်က္ရွိေနၿပီး အံ့အားသင့္စရာအျဖစ္ ရႈျမင္ေနၾကေၾကာင္းလည္း ျပန္လည္ၾကားသိရသည္။ ဦးဟံသာျမင့္ႏွင့္အတူ အျခားေသာ ပါတီဝင္အခ်ိဳ႕လည္း ပါဝင္ထြက္ ေျပးသြားခဲ့ၾကသည္ဟု သတင္းမ်ားထြက္ေပၚေနၿပီး အခ်ိဳ႕ေသာသတင္းမ်ားတြင္ ေျပာေရး ဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္လည္း ပါဝင္သြားသည္ဟု လည္းေကာင္း၊ ေဂ်ာ့စ္ဆိုးေရာ့စ္ထံမွ ေထာက္ပံ့ေငြမ်ား ရယူ၍ Myanmar Development Institute (MDI)ကို ဦးေဆာင္ထူေထာင္ခဲ့သူ ဦးမ်ိဳးျမင့္လည္း ပါဝင္သြားခဲ့သည္ဟူ၍လည္းေကာင္း ပါတီဝင္မ်ားၾကားတြင္ ေျပာဆိုေနၾကသည္။

သို႔ေသာ္လည္း ဦးမ်ိဳးျမင့္ကို ရန္ကုန္တြင္ ယခုရက္ပိုင္းအတြင္း ျမင္ေတြ႕ခဲ့သူမ်ားရွိ သည္ဟုဆိုသည္။ “ နစကဘက္က လြတ္ၿငိမ္းေပးထားတာ (၂) ႏွစ္ေတာင္ရွိၿပီကို သူက အခုမွထြက္ေျပးတယ္ဆိုေတာ့ ပါတီကိစၥေတြကို တာဝန္ယူမရွင္းခ်င္တာလား မသိဘူး ” ဟု ျပည္တြင္းေန ပါတီဝင္တစ္ဦးက မွတ္ခ်က္ျပဳသည္။

၎၏ ဆိုလိုရင္းမွာ ပါတီ၏ဥကၠ႒၊ ဒုဥကၠ႒ မ်ားႏွင့္ ဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္ခဲ့ဖူးေသာ ထိပ္တန္း CEC မ်ား အက်ဥ္းက်ခံေနရခ်ိန္တြင္ ပါတီရွင္သန္ေရးကိစၥမ်ားကို အတြင္းေရးမႉးျဖစ္သူက တာဝန္ယူရမည့္ အစား တာဝန္ကိုေရွာင္လႊဲျခင္းမ်ိဳး ျဖစ္ေနသည္ဟု ေထာက္ျပသည္။ အထူးသျဖင့္ ၁၉၉၀-၉၁ ကာလ ပါတီ အေျခအေနမ်ိဳးကို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္စား ဦးေအာင္ေ႐ႊက တာဝန္ယူ၍ ဆက္လက္ ထိန္းသိမ္း ေပးခဲ့ဖူးေသာ္လည္း လက္ရွိေခတ္ကာလတြင္ ပါတီတာဝန္မ်ားကို အတြင္းေရးမႉး ျဖစ္သူကိုယ္တိုင္က ေခါင္းေရွာင္ေနခဲ့ျခင္းမ်ိဳး ျဖစ္သည္ဟုဆိုသည္။ “ ေဒၚေအာင္ဆန္းစုၾကည္ ေကာင္းစား စဥ္ကာလတုန္းက ဦးဟံသာျမင့္ဆိုရင္ သူ႔သားသမီးေတြ အကုန္လုံးကို ေနရာရေအာင္ လုပ္ေပးခဲ့တယ္။ ဦးသိန္းဦးဆိုလည္း ဒီလိုပဲ။ CEC ေတြရဲ႕သားသမီးေတြ အကုန္လုံးနီးပါး ဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အရွိန္အဝါနဲ႔ ပါတီ အရွိန္အဝါကိုသုံးၿပီး ထင္တိုင္းက်ဲခဲ့ၾကဖူးတယ္။ အခု ပါတီနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ အခက္ေတြ႕ေနခ်ိန္မွာ သူတို႔ကမသိသလို ေရွာင္ေျပးၿပီး တာဝန္ယူမႈ တာဝန္ခံမႈမရွိၾကဘူး။ အခြင့္အေရးယူ တုန္းက သူတို႔က ထိပ္ဆုံးက ” ဟု ပါတီတြင္းသတင္းရင္းျမစ္တစ္ဦးက ရင္ဖြင့္သည္။

မဲေဆာက္ဘက္သို႔ ထြက္ေျပး တိမ္းေရွာင္သြားသည္ ဟု ခိုင္မာေသာသတင္းမ်ား ထြက္လာျခင္းသည္ NUG ဘက္မွ ေျပာေရး ဆိုခြင့္ရွိသူ ဦးေနဘုန္းလတ္၏ ႀကိဳးကိုင္ျခယ္လွယ္မႈေၾကာင့္ ျဖစ္ႏိုင္ေၾကာင္းလည္း အခ်ိဳ႕က သုံးသပ္ ေနၾကသည္။ အထူးသျဖင့္ ၂၀၂၁ အခင္းအက်င္းျဖစ္စဥ္ကာလ စတင္ဖမ္းဆီးခံရခ်ိန္ကတည္းက ဦးဟံသာျမင့္ မိသားစုႏွင့္ သားမက္ျဖစ္သူ ဦးေနဘုန္းလတ္တို႔အၾကား Signal မွတစ္ဆင့္ ပုံမွန္ဆက္သြယ္ေလ့ရွိေၾကာင္း ၾကားသိရသည္။ ဦးဟံသာျမင့္ ျပန္လည္လြတ္ေျမာက္လာခ်ိန္တြင္လည္း ဦးေနဘုန္းလတ္က အျခားေသာ ျပည္တြင္း ေနပါတီဝင္မ်ားကိုသာ ေဖ့စ္ဘြတ္ခ္မွတစ္ဆင့္ စာထုတ္၍ထုတ္ပယ္ျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ား လုပ္ ေဆာင္ခဲ့သည့္တိုင္ ဦးဟံသာျမင့္ႏွင့္ပတ္သက္၍ မည္သည့္မွတ္ခ်က္မွ ျပဳခဲ့ျခင္းမရွိေပ။ ဦးဟံသာျမင့္ အေနျဖင့္လည္း အက်ဥ္းေထာင္မွ လြတ္ေျမာက္ခဲ့သည့္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ(၂၇)ရက္မွ ထြက္ေျပးခ်ိန္ ၂၀၂၄ ခုႏွစ္ ေဖေဖာ္ ဝါရီလကုန္ သို႔မဟုတ္ မတ္လအေစာပိုင္းအထိ ႏွစ္ႏွစ္ေက်ာ္ၾကာ ျပည္တြင္း၌ အႏၲရာယ္ကင္းစြာ ေနထိုင္ခဲ့ရသူ ျဖစ္သည္။ ေျမာက္ဒဂုံ သို႔မဟုတ္ ရန္ကင္းစသည့္ ၿမိဳ႕နယ္ႏွစ္ခုလုံးတြင္ လွည့္လည္ေနထိုင္ေလ့ ရွိေသာ ဦးဟံသာျမင့္အေနျဖင့္ မဲေဆာက္ဘက္သို႔ ထြက္ေျပးသြားသည့္ အေၾကာင္းအရင္းကိုမူ ခန႔္မွန္းရခက္ ေနဆဲျဖစ္ၿပီး ေနာက္ကြယ္တြင္ ႏိုင္ငံေရးႏွင့္ဆိုင္ေသာ သီးျခားေခါင္းစဥ္တစ္ခုခု ရွိေနႏိုင္သည္ဟု ပါတီဝင္ အခ်ိဳ႕က သုံးသပ္မႈမ်ား ရွိေနသည္။

ဦးဟံသာျမင့္သည္ ပါတီ၏ ဗဟိုအလုပ္အမႈ ေဆာင္အဆင့္ကို ၂၀၁၀ ျပည့္ႏွစ္က ပါတီျပန္လည္ မွတ္ပုံတင္စဥ္ကာလ၌ ရရွိခဲ့ျခင္းျဖစ္ၿပီး ယင္းမွ တစ္ဆင့္ ၂၀၁၆-၁၇ ကာလ၌ ဦးဉာဏ္ဝင္း၊ ဦးဝင္း ျမင့္၊ ဦးဝင္းထိန္၊ ေဒါက္ တာေဇာ္ျမင့္ေမာင္တို႔ႏွင့္အတူ အတြင္းေရးမႉးအဖြဲ႕ဝင္ျဖစ္ခဲ့ကာ ၂၀၂၀ ေ႐ြး ေကာက္ပြဲတြင္ ဦးဉာဏ္ဝင္းႏွင့္အတူ အတြင္းေရးမႉး အဖြဲ႕ဝင္ ဆက္လက္တာဝန္ယူခဲ့သူျဖစ္သည္။

Related news

© 2021. All rights reserved.