လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး နှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကို တပ်မတော်နေ့အပြီးတွင် EAO အဖွဲ့များနှင့် နစကတို့ ဆွေးနွေးမည်

 1966

မြူနစ် (NP News) - မတ် ၂၃

လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကို တပ်မတော်နေ့အပြီးတွင် EAO အဖွဲ့များနှင့် နစကတို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လာမည့် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့အခမ်း အနားသို့ တက်ရောက်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နစကဘက်က ဖိတ်ကြားထားကြောင်း KNU/KNLA-PC မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က NP News ကို ပြောသည်။

“ဖိတ်ပါတယ်။ တစ်ဖွဲ့ချင်းစီကို လိပ်မူပြီးတော့ ဖိတ်ပါတယ်။ PPST အနေနဲ့လည်း ဖိတ်တာမဟုတ်ဘူး။ 7 EAO Alliance အနေနဲ့လည်း ဖိတ်တာ မဟုတ်ပါဘူး။ တစ်ဖွဲ့ချင်းစီကို ဖိတ်ပါတယ်။ တစ်ဖွဲ့ချင်းစီရဲ့ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်နဲ့ သွားကြ မယ်ထင်ပါတယ်။ ဘယ်နှစ်ဖွဲ့ကို ဖိတ်ထားတယ်ဆိုတာတော့ ကျွန်တော်လည်း အသေအချာမသိနိုင်ပါဘူး” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

ထိုသို့ တပ်မတော်နေ့အခမ်းအနားအပြီး မတ် ၂၈ ရက်တွင် နေပြည်တော်၌ အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နစက၏ NSPNC တို့ကြား တွေ့ဆုံဆွေးနွေးသွားရန်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ အဆိုပါတွေ့ဆုံပွဲ၌ လူသားချင်စာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

“၂၈ ရက်နေ့ကျရင် တွေ့ဆုံပွဲတစ်ခုရှိတယ်လို့တော့ ကျွန်တော်တို့ ကြားသိရတာ ရှိတယ်။ ကျွန်တော်တို့ EAO အဖွဲ့တွေက လည်းပဲ အခုနလိုမျိုးပေါ့ တစ်ဖွဲ့ချင်းစီကို ဖိတ်တော့ ဘယ်နှစ်ဖွဲ့ သွားနိုင်နိုင်မလဲဆိုတာကိုတော့ မသိဘူး။ ဒါပေမယ့် တပ်မ တော်နေ့အခမ်းအနားလာတက်တဲ့ EAO ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲတစ်ခုရှိတယ်။ အဲဒီဆွေးနွေးပွဲကတော့ လူသားချင် စာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်နဲ့ ငြိမ်းချမ်းရေးကိစ္စရပ်ပေါ့လေ။ အဲဒီလိုမျိုး သိရတာတော့ ရှိပါတယ်” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော RCSS၊ NMSP၊ KNU/KNLA-PC၊ LDU၊ ALP၊ PNLO နှင့် DKBA တို့ (၇)ဖွဲ့ သည် လက်ရှိနစကအစိုးရနှင့် ပြီးခဲ့သောကာလများ၌ တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ဖူးသည်။

zawgyi version
လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေရး ႏွင့္ ၿငိမ္းခ်မ္းေရးကိစၥရပ္မ်ားကို တပ္မေတာ္ေန႔အၿပီးတြင္ EAO အဖြဲ႕မ်ားႏွင့္ နစကတို႔ ေဆြးေႏြးမည္
ျမဴနစ္ (NP News) - မတ္ ၂၃

လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီေပးေရးႏွင့္ ၿငိမ္းခ်မ္းေရးကိစၥရပ္မ်ားကို တပ္မေတာ္ေန႔အၿပီးတြင္ EAO အဖြဲ႕မ်ားႏွင့္ နစကတို႔ ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

လာမည့္ မတ္လ ၂၇ ရက္ေန႔တြင္ က်ေရာက္မည့္ တပ္မေတာ္ေန႔အခမ္း အနားသို႔ တက္ေရာက္ရန္အတြက္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားကို နစကဘက္က ဖိတ္ၾကားထားေၾကာင္း KNU/KNLA-PC မွ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က NP News ကို ေျပာသည္။

“ဖိတ္ပါတယ္။ တစ္ဖြဲ႕ခ်င္းစီကို လိပ္မူၿပီးေတာ့ ဖိတ္ပါတယ္။ PPST အေနနဲ႔လည္း ဖိတ္တာမဟုတ္ဘူး။ 7 EAO Alliance အေနနဲ႔လည္း ဖိတ္တာ မဟုတ္ပါဘူး။ တစ္ဖြဲ႕ခ်င္းစီကို ဖိတ္ပါတယ္။ တစ္ဖြဲ႕ခ်င္းစီရဲ႕ လြတ္လြတ္လပ္လပ္ဆုံးျဖတ္ခြင့္နဲ႔ သြားၾက မယ္ထင္ပါတယ္။ ဘယ္ႏွစ္ဖြဲ႕ကို ဖိတ္ထားတယ္ဆိုတာေတာ့ ကြၽန္ေတာ္လည္း အေသအခ်ာမသိႏိုင္ပါဘူး” ဟု ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္က ေျပာသည္။

ထိုသို႔ တပ္မေတာ္ေန႔အခမ္းအနားအၿပီး မတ္ ၂၈ ရက္တြင္ ေနျပည္ေတာ္၌ အခမ္းအနားသို႔ တက္ေရာက္လာသည့္ တိုင္း ရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ နစက၏ NSPNC တို႔ၾကား ေတြ႕ဆုံေဆြးေႏြးသြားရန္ရွိေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။ အဆိုပါေတြ႕ဆုံပြဲ၌ လူသားခ်င္စာနာေထာက္ထားမႈဆိုင္ရာအကူအညီေပးေရးႏွင့္ ၿငိမ္းခ်မ္းေရးကိစၥရပ္မ်ားကို ေဆြးေႏြးသြားဖြယ္ရွိေၾကာင္း သိရသည္။

“၂၈ ရက္ေန႔က်ရင္ ေတြ႕ဆုံပြဲတစ္ခုရွိတယ္လို႔ေတာ့ ကြၽန္ေတာ္တို႔ ၾကားသိရတာ ရွိတယ္။ ကြၽန္ေတာ္တို႔ EAO အဖြဲ႕ေတြက လည္းပဲ အခုနလိုမ်ိဳးေပါ့ တစ္ဖြဲ႕ခ်င္းစီကို ဖိတ္ေတာ့ ဘယ္ႏွစ္ဖြဲ႕ သြားႏိုင္ႏိုင္မလဲဆိုတာကိုေတာ့ မသိဘူး။ ဒါေပမယ့္ တပ္မ ေတာ္ေန႔အခမ္းအနားလာတက္တဲ့ EAO ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးပြဲတစ္ခုရွိတယ္။ အဲဒီေဆြးေႏြးပြဲကေတာ့ လူသားခ်င္ စာနာေထာက္ထားမႈဆိုင္ရာအကူအညီေပးေရးကိစၥရပ္နဲ႔ ၿငိမ္းခ်မ္းေရးကိစၥရပ္ေပါ့ေလ။ အဲဒီလိုမ်ိဳး သိရတာေတာ့ ရွိပါတယ္” ဟု ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ေျပာသည္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္ေသာ RCSS၊ NMSP၊ KNU/KNLA-PC၊ LDU၊ ALP၊ PNLO ႏွင့္ DKBA တို႔ (၇)ဖြဲ႕ သည္ လက္ရွိနစကအစိုးရႏွင့္ ၿပီးခဲ့ေသာကာလမ်ား၌ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ရွိခဲ့ဖူးသည္။

Related news

© 2021. All rights reserved.