ကော့ကရိတ်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး နေရပ် စွန့်ခွာ ဒေသခံ (၆၀၀) နီးပါး မြို့တွင်းသို့ ပြန်လည်ဝင်ရောက်

 5345

Pearl (NP News) – ဧပြီ ၂၉

ကော့ကရိတ်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေပြီး နေရပ် စွန့်ခွာခဲ့ရသည့်‌ဒေသခံများအနက် (၆၀၀)နီးပါးမှာ မြို့တွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်နေပြီဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

KKO (ခွဲထွက်) ကျော်သက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့သည် ဧပြီလဆန်းပိုင်းမှစ၍ ကော့ကရိတ်-သင်္ကန်း ညီနောင်လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့ မြောက်ဘက်ရှိ ကောင်းမှုကျေးရွာ၊ ရန်ကုတ်ကျေးရွာနှင့် ကြောင်ရှာကုန်းကျေးရွာတို့မှတစ်ဆင့် ကော့ကရိတ်မြို့တွင်း ဝင်ရောက်နိုင်ရေးဆောင်ရွက်ခဲ့ရာ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စုစုပေါင်းထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် ကော့ကရိတ်မြို့မြောက်ခြမ်းအား ဆက်လက်တိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့ အရှေ့ဘက်ရှိ ပတ်ဝန်းကျင်ကျေးရွာများမှတစ်ဆင့် မြို့အား အဝေးမှ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းနှင့် မြို့စွန်ရှိ ရပ်ကွက် များအတွင်းသို့ စိမ့်ဝင်၍ လူနေအိမ်များအား မီးရှို့ဖျက်စီးခြင်း၊ ပစ္စည်းများအား လုယက်ယူဆောင်ခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြောင်း နစကမှ ဆိုသည်။

ထို့ကြောင့် ဧပြီ ၁၉ ရက်မှစ၍ ကော့ကရိတ်မြို့ဝန်းကျင်၌ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter – Terrorism Operation) ကို လက်နက်ကြီးပစ်ကူများရယူပြီး အဆင့်ဆင့်ခြေကုပ်ယူ၍ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ထိတွေ့ တိုက်ပွဲ ကိုးကြိမ်ဖြစ်ပွားခဲ့၍ ဧပြီ ၂၂ ရက်တွင် တပ်မတော်မှ အဆိုပါဒေသအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ ကြောင်း သိရသည်။

KKO (ခွဲထွက်) ကျော်သက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့၏ မြောက်ဘက်ရှိ ကောင်းမှုကျေးရွာ ဘက်သို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး တိုက်ပွဲများတွင် အကြမ်းဖက်အဖွဲ့၏အလောင်းအချို့၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကော့ကရိတ်မြို့အတွင်း၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ယာယီ နေရပ်စွန့်ခွာခဲ့ကြသည့် ဒေသခံများ ပြန်လည်ဝင်ရောက်နေထိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ဧပြီ ၂၇ ရက်အထိ ကော့ကရိတ် မြို့တွင်းသို့ အိမ်ထောင်စု ၂၈၈ စု၊ အမျိုးသား ၃၆၂ ဦး၊ အမျိုးသမီး ၂၃၅ ဦး စုစုပေါင်း ၅၉၇ ဦး ပြန်လည်ဝင်ရောက်နေထိုင်လာကြကြောင်း သိရှိရပြီး ဆက်လက်၍လည်း ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက် နေထိုင်လျက် ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ေကာ့ကရိတ္ၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္၍ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနၿပီး ေနရပ္ စြန္႔ခြာ ေဒသခံ (၆၀၀) နီးပါး ၿမိဳ႕တြင္းသို႔ ျပန္လည္ဝင္ေရာက္
Pearl (NP News) – ဧၿပီ ၂၉

ေကာ့ကရိတ္ၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္၍ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေနၿပီး ေနရပ္ စြန္႔ခြာခဲ့ရသည့္‌ေဒသခံမ်ားအနက္ (၆၀၀)နီးပါးမွာ ၿမိဳ႕တြင္းသို႔ ျပန္လည္ဝင္ေရာက္ ေနထိုင္ေနၿပီျဖစ္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

KKO (ခြဲထြက္) ေက်ာ္သက္အဖြဲ႕ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ ဧၿပီလဆန္းပိုင္းမွစ၍ ေကာ့ကရိတ္-သကၤန္း ညီေနာင္လမ္းေဟာင္းအတိုင္း ေကာ့ကရိတ္ၿမိဳ႕ ေျမာက္ဘက္ရွိ ေကာင္းမႈေက်း႐ြာ၊ ရန္ကုတ္ေက်း႐ြာႏွင့္ ေၾကာင္ရွာကုန္းေက်း႐ြာတို႔မွတစ္ဆင့္ ေကာ့ကရိတ္ၿမိဳ႕တြင္း ဝင္ေရာက္ႏိုင္ေရးေဆာင္႐ြက္ခဲ့ရာ နယ္ေျမခံလုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားႏွင့္ စုစုေပါင္းထိေတြ႕တိုက္ပြဲ ၁၃ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေကာ့ကရိတ္ၿမိဳ႕ေျမာက္ျခမ္းအား ဆက္လက္တိုက္ခိုက္ျခင္း၊ ေကာ့ကရိတ္ၿမိဳ႕ အေရွ႕ဘက္ရွိ ပတ္ဝန္းက်င္ေက်း႐ြာမ်ားမွတစ္ဆင့္ ၿမိဳ႕အား အေဝးမွ လက္နက္ႀကီးမ်ားျဖင့္ တိုက္ခိုက္ျခင္းႏွင့္ ၿမိဳ႕စြန္ရွိ ရပ္ကြက္ မ်ားအတြင္းသို႔ စိမ့္ဝင္၍ လူေနအိမ္မ်ားအား မီးရႈိ႕ဖ်က္စီးျခင္း၊ ပစၥည္းမ်ားအား လုယက္ယူေဆာင္ျခင္းတို႔ကိုလည္း လုပ္ေဆာင္ခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထို႔ေၾကာင့္ ဧၿပီ ၁၉ ရက္မွစ၍ ေကာ့ကရိတ္ၿမိဳ႕ဝန္းက်င္၌ အၾကမ္းဖက္ေခ်မႈန္းေရးစစ္ဆင္ေရး(Counter – Terrorism Operation) ကို လက္နက္ႀကီးပစ္ကူမ်ားရယူၿပီး အဆင့္ဆင့္ေျခကုပ္ယူ၍ ေဆာင္႐ြက္ခဲ့ရာ စုစုေပါင္း ထိေတြ႕ တိုက္ပြဲ ကိုးႀကိမ္ျဖစ္ပြားခဲ့၍ ဧၿပီ ၂၂ ရက္တြင္ တပ္မေတာ္မွ အဆိုပါေဒသအား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ ေၾကာင္း သိရသည္။

KKO (ခြဲထြက္) ေက်ာ္သက္အဖြဲ႕ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ ေကာ့ကရိတ္ၿမိဳ႕၏ ေျမာက္ဘက္ရွိ ေကာင္းမႈေက်း႐ြာ ဘက္သို႔ ျပန္လည္ဆုတ္ခြာ ထြက္ေျပးသြားခဲ့ၿပီး တိုက္ပြဲမ်ားတြင္ အၾကမ္းဖက္အဖြဲ႕၏အေလာင္းအခ်ိဳ႕၊ လက္နက္၊ ခဲယမ္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ေကာ့ကရိတ္ၿမိဳ႕အတြင္း၌ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္းႏွင့္ မိုင္းရွင္းလင္းေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔အျပင္ ယာယီ ေနရပ္စြန႔္ခြာခဲ့ၾကသည့္ ေဒသခံမ်ား ျပန္လည္ဝင္ေရာက္ေနထိုင္ေရး စည္း႐ုံးေဆာင္႐ြက္ခဲ့ရာ ဧၿပီ ၂၇ ရက္အထိ ေကာ့ကရိတ္ ၿမိဳ႕တြင္းသို႔ အိမ္ေထာင္စု ၂၈၈ စု၊ အမ်ိဳးသား ၃၆၂ ဦး၊ အမ်ိဳးသမီး ၂၃၅ ဦး စုစုေပါင္း ၅၉၇ ဦး ျပန္လည္ဝင္ေရာက္ေနထိုင္လာၾကေၾကာင္း သိရွိရၿပီး ဆက္လက္၍လည္း ၎တို႔၏ ေနရပ္အသီးသီးသို႔ ျပန္လည္ဝင္ေရာက္ ေနထိုင္လ်က္ ရွိေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.