အိန္ဒိယ-ပါကစ္စတန် စစ်ခင်းရမည့် ကက်ရှ်မီးယားပစ်ခတ်မှုဖြစ်စဉ် Proxy War လား ဘာသာရေးစစ်သွေးကြွတို့ရဲ့တိုက်ပွဲခေါ်သံလား

 161

Htay Oung (NP News) - ဧပြီ ၂၈

၂၀၂၅-ခုနှစ် ဧပြီလ ၂၂ ရက်နေ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျမူး-ကက်ရှ်မီးယားဒေသ အန်နန့်နက်ခရိုင် ပါဟယ်လ်ဂမ် မြို့ မှ ၄ မိုင်ကျော်အကွာအဝေးရှိ “ဘိုင်ဆာရမ်_ချိုင့်ဝှမ်း မြက်ခင်းပြင်” အတွင်း စစ်သွေးကြွ ၅ ဦး ဝင်ရောက်လာခဲ့ ပါတယ်။ ခြေလျင် (သို့) မြင်းစီးပြီးသာ ဝင်ရောက်နိုင်တဲ့ အဲဒီနေရာလေးဟာ ရေပန်းစားတဲ့ အပန်းဖြေနေရာတစ်ခု ဖြစ်ပြီး ပတ်ပတ်လည်မှာ ထူထပ်တဲ့ ထင်းရူးတောများက ဝန်းရံထားပါတယ်။
စစ်ပုံစံယူနီဖောင်းများ ဝတ်ဆင်ထားတဲ့ စစ်သွေးကြွ ၅ ဦးဟာ M4 ကာဘိုင်များနဲ့ AK-47 မောင်းပြန်သေနတ်များကို ကိုင်ဆောင်ထားကြပါတယ်။ သူတို့ဟာ အမျိုးသမီးများ အပါအဝင် မြက်ခင်းပြင်အတွင်းရောက်ရှိနေသူများကို အမည်-ကိုးကွယ်ရာ ဘာသာတရားနဲ့ပတ်သက်လို့ တစ်ဦးချင်းစီ မေးမြန်းခဲ့ကြောင်း၊ ဘာသာရေးကျမ်းစာကို ရွတ်ဆို ခိုင်းပြီး အမျိုးသားများကို ဘောင်းဘီချွတ်ပြခိုင်းခဲ့ကြောင်း၊ အဲဒီနောက် လူရွေးပြီး သွေးအေးအေးနဲ့ အနီးကပ် ပစ်သတ်ခဲ့တယ်လို့ အသက်ဘေးမှ လွတ်မြောက်လာသူများက ပြောပြကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြ နေကြပါတယ်။
အိန္ဒိယပြည်နယ်အများအပြားမှ ၂၃ ဦး၊ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသခံ ၁ ဦး၊ နီပေါနဲ့ ယူအေအီးနိုင်ငံမှ ပြည်ပခရီးသွား ၂ ဦး အပါအဝင် ဟိန္ဒူဘာသာဝင် အနည်း ၂၆ ဦး သေဆုံးပြီး လူ ၂ဝ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူ အိန္ဒိယ နိုင်ငံသားများမှာ အစိုးရအရာရှိ ၃ ဦး၊ လေတပ်နဲ့ ရေတပ်မှ အရာရှိများ၊ ထောက်လှမ်းရေးဗျူရိုမှ အရာရှိတစ်ဦး ပါဝင်ပါတယ်။
အခင်းဖြစ်ပွားရာ ဧရိယာကို ယာယီတားမြစ်နယ်မြေသတ်မှတ်ပြီး အိန္ဒိယစစ်တပ်၊ အရံတပ်၊ ဂျမူး-ကက်ရှ်မီး ယား ရဲတပ်ဖွဲ့က စစ်ဆင်ရေး စတင်ခဲ့ရာမှာ ရဟတ်ယာဉ်များလည်း ပါဝင်ခဲ့ပါတယ်။ ဒဏ်ရာရရှိသူများမှ ၁၁-ဦးသာ ကနဦး ကယ်တင်နိုင်ခဲ့ပြီး အသက်ဘေးမှ ထွက်ပြေးလာသူများကို လိုက်လံရှာဖွေခဲ့ရပါတယ်။ လွတ် မြောက်သွားတဲ့ သေနတ်သမားကို လိုက်လံရှင်းလင်းစဉ် အိန္ဒိယစစ်သား ၁-ဦးသေဆုံးပြီး အခြား ၂ ဦး ဒဏ်ရာရ ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ သေနတ်သမား ၉-ဦးအပါအဝင် လူပေါင်း ၁၇၅-ဦးသေဆုံးခဲ့ရတဲ့ ၂၀၀၈-ခုနှစ် မွန် ဘိုင်းတိုက်ခိုက်မှု 26/11 နောက်ပိုင်း အိန္ဒိယနိုင်ငံရဲ့ သွေးထွက်သံယိုမှုအများဆုံး လက်နက်ကိုင်ပဋိပက္ခအဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ်။
ကုလသမဂ္ဂက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ “လက်ရှ်ခါ_အီး_တိုင်ဘာ” အဖွဲ့က ပါ ဟယ်လ်ဂမ်တိုက်ခိုက်မှုဟာ သူတို့ “ခုခံရေးတပ်ဦး” (TRF) ရဲ့ လက်ချက်ဖြစ်ကြောင်း ကြေညာပါတယ်။ အယ်လ်ကိုင်ဒါ အိုစမာဘင်လာဒင်နဲ့တောင် အဆက်အသွယ်ရှိခဲ့ဖူးတယ်ဆိုတဲ့ အဲဒီ အစ္စလာမ်မစ်သဘောထား တင်းမာသူတွေဟာ ပါကစ္စတန်နိုင်ငံအတွင်းမှာ အခြေစိုက်ပြီး ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI ဆက်နွယ်နေ တယ်လို့ ဗြိတိန် MI6 အမေရိကန် CIA အိန္ဒိယ RAW ထောက်လှမ်းရေးက အတည်ပြုထားပါတယ်။
ယခုဖြစ်စဉ်မှာ ပါကစ္စတန်နိုင်ငံ ပါဝင်ပတ်သက်နေတယ်လို့ အိန္ဒိယက အတိအလင်း စွပ်စွဲပြီး “၁၉၆ဝ ပြည့်နှစ် အိန္ဒူ မြစ်ရေ သဘောတူညီချက်” ကို ရပ်ဆိုင်းမယ်လို့ ခြိမ်းခြောက်ပါတယ်။ နယ်စပ်ပိတ်ဆို့ခြင်း၊ လေယာဉ်ခရီး စဉ်များ ဖျက်သိမ်းခြင်း၊ ပါကစ္စတန်နိုင်ငံသားများကို ဗီဇာရပ်ဆိုင်းပြီး သံတမန်များကို နှင်ထုတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ကက်ရှ်မီးယားဒေသအတွင်း အိန္ဒိယစစ်တပ်က TRF အဖွဲ့ဝင်များရဲ့ နေအိမ်တွေကို ဖျက်ဆီးခဲ့ပါတယ်။
အကြမ်းဖက်သမားနဲ့ ဆက်နွယ်ကြောင်း နယူးဒေလီရဲ့ ပြောဆိုချက်တွေကို ပါကစ္စတန်က ငြင်းဆိုလိုက်ပြီး အိန္ဒိယသံတမန်များကို နှင်ထုတ်ခြင်း၊ ဗီဇာရပ်ဆိုင်းခြင်း၊ လေကြောင်း ခရီးစဉ်များ ဖျက်သိမ်းပြီး ဝေဟင်ကန့် သတ်ခြင်းများနဲ့ တုန့်ပြန်ခဲ့ပါတယ်။ တောင်အာရှဒေသရဲ့ ငြိမ်းချမ်းရေးအမှတ်အသား ဖြစ်တဲ့ အိန္ဒူမြစ်ရေစာ ချုပ်ကို အိန္ဒိယက တစ်ဖက်သပ် ရပ်ဆိုင်းခဲ့ရင် စစ်ရေးလုပ်ရပ်အဖြစ် သတ်မှတ်မယ်လို့ ကြေညာခဲ့ပါတယ်။
ကက်ရှ်မီးယားဟာ တောင်အာရှဒေသရဲ့ ယမ်းအိုးကြီး ဖြစ်နေခဲ့တာ ၁၉၄၇-ခုနှစ်တည်းက ဖြစ်ပါတယ်။ အဲ့ဒီအ ချိန် အိန္ဒိယတိုက်ငယ်ကို လွတ်လပ်ရေးပေးရတော့မယ့် ဗြိတိသျှတို့ဟာ တိုင်းပြည်နယ်နိမိတ်အဖြစ် ရေမြေပထ ဝီဝင်အနေအထားကို အခြေမခံပဲ ဟိန္ဒူ-မွတ်စလင် ဘာသာရေးကွဲပြားအရ နယ်ခြားသတ်မှတ်ရာက စတင်ခဲ့ ပါတယ်။ အဲ့ဒီအချိန် ကက်ရှ်မီးယားစော်ဘွားဟာ ဟိန္ဒူအိန္ဒိယနဲ့ ပေါင်းစည်းရန် သဘောတူညီခဲ့ပေမယ့်နေ ထိုင်သူ အများစု ၇၇% ဟာ မွတ်စလင်များ ဖြစ်နေပါတယ်။ လွတ်လပ်ရေးရရှိပြီး ရက်သတ္တပတ်အနည်းငယ်အ ကြာ ၁၉၄၇-ခုနှစ် စက်တင်ဘာလမှာ ကက်ရှ်မီးယားကို ပါကစ္စတန်ဘက်မှ လက်နက်ကိုင်များနဲ့ လူမျိုးစုများက ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် “ပထမအကြိမ် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ’ ဖြစ်ပွားခဲ့ပါတယ်။
ကုလသမဂ္ဂ ကြားဝင် ဖြန်ဖြေမှုနဲ့ စစ်ပွဲရပ်ဆိုင်းသွားပေမယ့် ကက်ရှ်မီးယားဟာ နှစ်နိုင်ငံအသီးသီး ပိုင်းခြား ထိန်းချုပ်ထားတဲ့ အငြင်းပွား နယ်မြေဖြစ်သွားပါတယ်။ ဘာသာတူ ပါကစ္စတန်နေသူများအတွက် ဂျမူးနဲ့ ကက်ရှ်မီးယားဟာ အိန္ဒိယကျူးကျော်ခံရတဲ့ “ဒဏ်ရာရ ကက်ရှ်မီးယား” အဖြစ် ဂရုဏာသက်ကြပါတယ်။
ယခုအခင်းဖြစ်ပွားရာ ဘိုင်ဆာရမ်ချိုင့်ဝှမ်း မြက်ခင်းပြင်ဆိုတာ အိန္ဒိယထိန်းချုပ်ထားတဲ့ ဂျမူနဲ့ ကက်ရှ်မီးယားဒေသ အတွင်းပိုင်းမှာတည်ရှိပေမယ့် မဟာဗျူဟာမြောက် လာဒက်ဒေသနဲ့ ပိုမိုနီးကပ်ပြီးပါတယ်။ ကျူးလွန်သူတွေဟာ တစ်ကိုယ်တော် သေနတ်သမားများ မဟုတ်ပါဘူး၊ လာဒက်ဒေသ အရှေ့ပိုင်းဟာ အိန္ဒိယက သူတို့ပိုင်ဆိုင်တယ် ပြောပြီး တရုတ်တပ်များ ထိန်းချုပ်ထားတဲ့ နယ်ေြ့မဖြစ်နေပါတယ်။
ကက်ရှ်မီးယားနဲ့ အိန္ဒိယနိုင်ငံအတွင်း ဖောက်ခွဲသတ်ဖြတ်မှုများ ပြူလုပ်နေတဲ့ LeT အဖွဲ့ခေါင်းဆောင်များကို ၂၀၂၂-ခုနှစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက “နိုင်ငံတကာအကြမ်းဖက်သမားစာရင်း” သွတ်သွင်းရန် နယူးဒေ လီရဲ့ တင်ပြချက်ကို တရုတ်က ဗွီတိုအာဏာအသုံးပြုပြီး ပယ်ချခဲ့ဖူးပါတယ်။ ဒီလိုဆိုရင် ယခု ပါဟယ်လ်ဂမ် ပစ်ခတ်မှုမှာ ကျူးလွန်သူ TRF တို့ဟာ တရုတ်က မွေးမြူထားတဲ့ Proxy များဖြစ်တယ်လို့ ထင်မြင်လျှင် လုံး၀ မှားယွင်းနိုင်ပါတယ်။ တရုတ်အနေနဲ့ သူ့ရဲ့မဟာမိတ်ဖြစ်သူ ပါကစ္စတန်အပေါ် ဖိအားပေးခံရခြင်းမှ ကာကွယ် လိုခြင်း၊ ပြိုင်ဘက် အိန္ဒိယရဲ့ ပါဝါချိန်ခွင်ညှာကို ချိန်ညှိခြင်း၊ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်းကျန်ပြည်နယ် ဝီဂါ မွတ်စလင်တို့နဲ့ပတ်သက်ပြီး အယ်လ်ကိုင်ဒါနဲ့ အိုင်စစ် IS တို့ ခြိမ်းခြောက်ခြင်းမှ အာရုံပြောင်းရန် နည်းလမ်း ရှာခြင်းသာဖြစ်ပြီး အဲဒီအဖွဲ့အစည်းနဲ့ဆက်စပ်ပတ်သက်ကြောင်း ဘာအထောက်အထားမှ မရှိပါဘူး။
အထူးသဖြင့် LeT, TRF တို့ရဲ့ လုပ်ရပ်ကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်အကြားစစ်မက်ဖြစ်ပွားနိုင်ကြောင်း၊ အဲ့ဒီ အခါ သူ့ရဲ့ အိန္ဒိယသမုဒ္ဒရာ (အာရေဗျပင်လယ်) ထွက်ပေါက် “တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံလမ်း” CPEC ထိခိုက်နိုင်ကြောင်း သိရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကက်ရှ်မီးယားအစ္စလာမ်မစ်စစ်သွေးကြွ “ဂျာရစ်ရှ်_အီး_မိုဟာ မက်” JeM အပါအဝင် LeT, TRF တို့ကို သွေးထိုးမြှောက်ပင့် ပေးစရာ အကြောင်း မရှိပါဘူး။
၁၉၇၉ ခုနှစ် ဆိုဗီယက်ကျူးကျော်ခံရတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ “တရားသော ခုခံရေးစစ်ပွဲ” ဆင်နွှဲရန် ကမ္ဘာ အရပ်ရပ်မှ မွတ်စလင်ဘာသာဝင်များကို “မူဂျာဟီဒင်” (ဘာသာရေးစစ်သည်တော်) အဖြစ် အမေရိကန် CIA က ခေါ်သွင်းခဲ့ပါတယ်။ ဆိုဗီယက်အကျိုးစီးပွားကို ဖြိုဖျက်ဖို့အတွက် ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI မှ တဆင့် လက်နက်-ငွေကြေးနဲ့ စစ်ရေးလေ့ကျင့်မှုများ ပေးအပ်ခဲ့ပြီး အဲ့ဒီ မူဂျာဟီဒင်များဟာ နောင်အခါ အိုစမာ ဘင်လာဒင်ရဲ့ “အယ်လ်ကိုင်ဒါ နိုင်ငံတကာ အကြမ်းဖက် ကွန်ရက်” ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် 9/11 ဖြစ်စဉ်အပြီး အမေရိကန်ဟာ အစ္စလာမ်မစ်စစ်သွေးကြွများနဲ့ ခါးခါးသီးဆန့်ကျင်ဘက်ဖြစ်သွား ပါတယ်။ ၂၀၀၈-ခုနှစ် မွန်ဘိုင်းတိုက်ခိုက်ခံရပြီးနောက် LeT တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်ဟာ ပါကစ္စတန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပါတယ်။ အထူး သဖြင့် အနောက်အုပ်စုရဲ့ တရုတ်သြဇာလွှမ်းမိုးမှု တားဆီးရေး QUAD ရဲ့ မဟာဗျူဟာ မဟာမိတ်ဖြစ်သူ အိန္ဒိ ယအနေနဲ့ LeT, TRF တို့ရဲ့ လုပ်ရပ်ကြောင့် ပါကစ္စတန်နဲ့ စစ်ခင်းရမှာကို ဘယ်လိုမှ နှစ်သက်စရာ မရှိပါဘူး။
ပါဟယ်လ်ဂမ်ပစ်ခတ်မှုဟာ ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတို့ရဲ့ Proxy War မဖြစ်နိုင်ဘူးဆိုရင် ပါ ကစ္စတန်နိုင်ငံနဲ့ JeM LeT, TRF စစ်သွေးကြွတို့ရဲ့ သဘော သဘာဝကို လေ့လာကြည့်ရအောင်ပါ။
ပါကစ္စတန်အစိုးရများဟာ သမိုင်းကြောင်းအရ အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့ခဲ့တယ်တယ်လို့ ၂၀၂၁-ခုနှစ်မှာ အဲဒီအချိန် ဝန်ကြီးချုပ်ဖြစ်သူ အင်မရန်ခန်းက ဝန်ခံခဲ့ပါတယ်။ အသေးစိတ် ဖော်ပြခြင်း မရှိပေမယ့် ခန်းရဲ့ ပြောဆိုချက်ဟာ ပါကစ္စတန် စစ်ထောက်လှမ်းရေးနဲ့ JeM, LeT တို့အကြား ဆက်နွယ်ကြောင်း အရိပ် အမြွက် ပြောဆိုခြင်းလည်း ဖြစ်နိုင်ပါတယ်။ ၂၀၀၁-ခုနှစ် အမေရိကန်နဲ့ နေတိုးမဟာမိတ်တို့က အာဖဂန်ကို ကျူးကျော်ထိုးစစ်ဆင်စဉ် တာလီဘန်ခေါင်းဆောင် မူလာအိုမာနဲ့ အယ်လ်ကိုင်ဒါ ခေါင်းဆောာင် အိုစမာဘင် လာဒင်တို့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဆယ်နှစ်ကျော် ရှာပုံတော်ဖွင့်ခဲ့ရတဲ့ အမေရိကန် နေဗီဆီးလ် အထူးတိုက်ခိုက်ရေးတပ်ဟာ ၂၀၁၁-ခုနှစ် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပြည်နယ် အဘော့တဘက်မြို့ စစ် တက္ကသိုလ်အနီး နေအိမ်တစ်လုံးမှာ အသေဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ISI အနေနဲ့ အစွန်းရောက် အစ္စလာမ်မစ်များအပေါ် ထောက်ပံ့နေကြောင်း သက်သေတစ်ခုဖြစ်ခဲ့ပါတယ်။
JeM, LeT, TRF အဖွဲ့အစည်းတွေဟာ အစ္စလာမ်ဘာသာဝင်များဆိုပေမယ့် အယ်လ်ကိုင်ဒါနဲ့ အိုင်စစ်တို့ ဒဿ နအတိုင်း သီးခြားကိုယ်ပိုင်အယူအဆရှိပါတယ်။ ကိုရမ်ကျမ်းလာများကို သူတို့လိုချင်သလို အဓိပ္ပါယ်ဖွင့်ဆိုပြီး “ကမ္ဘာ့မြို့ပြအဖွဲ့အစည်းများကို စစ်ရေးနဲ့ ဖျက်ဆီးရန်” ဆိုတဲ့ ရည်မှန်းချက်မျိုး ရှိကြပါတယ်။ စစ်ပွဲဖြစ်ပွား မယ်ဆိုရင် မွတ်စလင်လူငယ်အားလုံးက သူတို့ကို ဝန်းရံလာမှာဖြစ်ပြီး “ဘာသာရေးစစ်” မှာ အောင်ပွဲရလိ မ့် မယ်လို့ ယုံမှားနေကြပါတယ်။ အဲ့ဒီအတိုင်းလဲ ဟောပြောစည်းရုံးနေပါတယ်။
တည်ငြိမ်တိုးတက်မှုဟာ သူတို့အတွက် သတင်းဆိုးဖြစ်ပါတယ်။ အစ္စလာမ်ကို ဖျက်ဆီးနေတဲ့ (အိန္ဒိယ) ကို တိုက်ခိုက်ရန် စိတ်ဝိညာဉ်ရေးအရ တာဝန်ရှိကြောင်း ဒီအတွက် အသက်ဆုံးရှုံးခဲ့ရင် “အာဇာနည်” ဖြစ်တယ်လို့ ယုံကြည်ကြသူများဖြစ်ပါတယ်။ ပါဟယ်လ်ဂမ်ပစ်ခတ်မှုဟာ သူ တို့ရဲ့ လက်ချက်ဖြစ်ပြီး ကက်ရှ်မီးယားမှာ နေ ထိုင်သူလူဦးရေအချိုးအစား ပြောင်းလဲအောင် ဖန်တီးနေတဲ့ အိန္ဒိ ယရဲ့ လုပ်ရပ်ကို ဟန့်တားခြင်း ဖြစ်တယ်လို့ Telegram ချန်နယ် TRF ရဲ့ ကနဦး သတင်းထုတ်ပြန်ချက်မှာ တွေ့ရှိရပါတယ်။
ဒါပေမယ့် သူတို့လက်ချက်ဖြစ်တယ်ဆိုတာကို နောက်ပိုင်းမှာ TRF တို့က ပြင်းထန်စွာ ငြင်းပယ်ပါတယ်။ အဲ့ဒီ ကြေညာချက်ဆိုတာ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ အိန္ဒိယစစ်ထောက်လှမ်းရေးများက ထိုးဖောက်ဝင်ရောက်ပြီး သ တင်းမှား လွှင့်တင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ လူ ၂၆-ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်မှာ အိန္ဒိယရဲ့ အစီအစဉ်သာဖြစ် ကြောင်း ဒီကိစ္စအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် လိုအပ် တယ်လို့ ပြောဆိုပါတယ်။ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ်_ ရှရစ်ဖ်က ကမ်းလှမ်းပေမယ့် အိန္ဒိယက ပယ်ချလိုက်ပါတယ်။ TRF နဲ့ ဆက်နွယ်သူ ၁၇၅-ဦးကို အိန္ဒိယက ဖမ်း ဆီးခဲ့ပြီး ပါကစ္စတန်နဲ့ ထိစပ်နေတဲ့ ကက်ရှ်မီးယားဒေသ “ထိန်းချုပ်မျဉ်း” LoC တလျောက် ပစ်ခတ်မှုများ ပြုလုပ် နေပါတယ်။ ပါကစ္စတန်ဘက်က ပစ်ခတ်တဲ့အတွက် တုန့်ပြန်ရခြင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။ အနောက် မီဒီယာတို့က ပါဟယ်လ်ဂမ့်ဖြစ်စဉ်ကို “အကြမ်းဖက်မှု” လို့ မဖော်ပြပဲ “တိုက်ခိုက်မှု” လို့ ဖော်ပြတဲ့အတွက် အိန္ဒိယမီဒီယာများက မကျေနပ်ကြဘူး။
ဒါပေမယ့် ပါဟယ်လ်ဂမ်ပစ်ခတ်မှုမှာ အိန္ဒိယဘက်က သက်သေအခိုင်အမာပြသရန် လိုအပ်နေသေးပြီး နယူး ဒေလီရဲ့ နိုင်ငံရေး မဟာဗျူဟာကို အစဉ်တစိုက် ထိုးနှက်နေတဲ့ TRF တို့ရဲ့ ငြင်းဆိုမှုကလည်း ကက်ရှ်မီးယား ပဋိပက္ခရှုတ်ထွေးပုံကို ထင်ဟပ်နေပါတယ်။ လောလောဆယ်မှာတော့ နျူကလီယာလက်နက်ပိုင် အိမ်နီးချင်း ၂-နိုင်ငံတို့ဟာ သွေးချောင်းစီး စစ်ပွဲချောက်ကမ်းကို ဦးတည်သွားနေသလို မြင်တွေ့ရပါတယ်။
ဒီကိစ္စမှာ အိန္ဒိယရော ပါကစ္စတန်ပါ မြန်မာနိုင်ငံရဲ့ အစဉ်အလာ မိတ်ဆွေများဖြစ်ကြပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ မတ်-၂၈ ငလျင်ကြီးမှာ အခြားပြည်ပနိုင်ငံများနဲ့အတူ အိန္ဒိယနဲ့ ပါကစ္စတန်တို့ မိတ်ဆွေကောင်း ပီသ စွာ စိတ်ရောကိုယ်ပါ ကူညီမှုများကို မြန်မာပြည်သူတို့ စိတ်နှလုံးမှာ ထာဝစဉ် သိမ်းဆည်းထားမှာ သေချာပါ တယ်။
ပါဟယ်လ်ဂမ့်ဖြစ်စဉ်မှာ နိုင်ငံတကာ ငွေကြေးဆိုင်ရာဆောင်ရွက်မှု တာဝန်အဖွဲ့ Financial Action Task Force (FATF) ရဲ့ပါကစ္စတန်အပေါ် မီးခိုးရောင်စာရင်း ထည့်သွင်းထားခြင်းကို အတော်လေးပြောဆိုကြကြောင်း တွေ့ရှိရ ပါတယ်။
ဒီလိုဆို ၂၀၁၉ ခုနှစ်မှာ အဲဒီမီးခိုးရောင်စာရင်းမှာ ပါကစ္စတန်နဲ့ အတူပါခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ “ငွေကြေးခဝါ ချခြင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းများထံ ငွေကြေးစီးဆင်းခြင်း” ကြောင့် အမည်းရောင်စာရင်း Black Listed ဖြစ်သွားရတဲ့ မြန်မာနိုင်ငံက ဘာတွေ သင်ခန်းစာ ယူသင့်လဲ။ လက်ရှိ ပြည်တွင်းစစ်မှာ တော်လှန်ရေးနဲ့ တိုင်းရင်းသားလက်နက် ကိုင်များအပေါ် ဘာတွေသက်ရောက်မှုဖြစ်ပေါ်လာနိုင်သလဲ သီးခြားရေးသားပါဦးမယ်။
#HtayOung #OungMarine

Zawgyi Version:
အိႏၵိယ-ပါကစၥတန္ စစ္ခင္းရမည့္ ကက္ရွ္မီးယားပစ္ခတ္မႈျဖစ္စဥ္ Proxy War လား ဘာသာေရးစစ္ေသြးႂကြတို႔ရဲ႕တိုက္ပြဲေခၚသံလား
Htay Oung (NP News) - ဧၿပီ ၂၈

၂၀၂၅-ခုႏွစ္ ဧၿပီလ ၂၂ ရက္ေန႔ အိႏၵိယႏိုင္ငံေျမာက္ပိုင္း ဂ်မူး-ကက္ရွ္မီးယားေဒသ အန္နန႔္နက္ခ႐ိုင္ ပါဟယ္လ္ဂမ္ ၿမိဳ႕ မွ ၄ မိုင္ေက်ာ္အကြာအေဝးရွိ “ဘိုင္ဆာရမ္_ခ်ိဳင့္ဝွမ္း ျမက္ခင္းျပင္” အတြင္း စစ္ေသြးႂကြ ၅ ဦး ဝင္ေရာက္လာခဲ့ ပါတယ္။ ေျခလ်င္ (သို႔) ျမင္းစီးၿပီးသာ ဝင္ေရာက္ႏိုင္တဲ့ အဲဒီေနရာေလးဟာ ေရပန္းစားတဲ့ အပန္းေျဖေနရာတစ္ခု ျဖစ္ၿပီး ပတ္ပတ္လည္မွာ ထူထပ္တဲ့ ထင္း႐ူးေတာမ်ားက ဝန္းရံထားပါတယ္။
စစ္ပုံစံယူနီေဖာင္းမ်ား ဝတ္ဆင္ထားတဲ့ စစ္ေသြးႂကြ ၅ ဦးဟာ M4 ကာဘိုင္မ်ားနဲ႔ AK-47 ေမာင္းျပန္ေသနတ္မ်ားကို ကိုင္ေဆာင္ထားၾကပါတယ္။ သူတို႔ဟာ အမ်ိဳးသမီးမ်ား အပါအဝင္ ျမက္ခင္းျပင္အတြင္းေရာက္ရွိေနသူမ်ားကို အမည္-ကိုးကြယ္ရာ ဘာသာတရားနဲ႔ပတ္သက္လို႔ တစ္ဦးခ်င္းစီ ေမးျမန္းခဲ့ေၾကာင္း၊ ဘာသာေရးက်မ္းစာကို ႐ြတ္ဆို ခိုင္းၿပီး အမ်ိဳးသားမ်ားကို ေဘာင္းဘီခြၽတ္ျပခိုင္းခဲ့ေၾကာင္း၊ အဲဒီေနာက္ လူေ႐ြးၿပီး ေသြးေအးေအးနဲ႔ အနီးကပ္ ပစ္သတ္ခဲ့တယ္လို႔ အသက္ေဘးမွ လြတ္ေျမာက္လာသူမ်ားက ေျပာျပေၾကာင္း ႏိုင္ငံတကာမီဒီယာမ်ားက ေဖာ္ျပ ေနၾကပါတယ္။
အိႏၵိယျပည္နယ္အမ်ားအျပားမွ ၂၃ ဦး၊ ဂ်မူးနဲ႔ ကက္ရွ္မီးယားေဒသခံ ၁ ဦး၊ နီေပါနဲ႔ ယူေအအီးႏိုင္ငံမွ ျပည္ပခရီးသြား ၂ ဦး အပါအဝင္ ဟိႏၵဴဘာသာဝင္ အနည္း ၂၆ ဦး ေသဆုံးၿပီး လူ ၂ဝ ေက်ာ္ ဒဏ္ရာရရွိခဲ့ပါတယ္။ ေသဆုံးသူ အိႏၵိယ ႏိုင္ငံသားမ်ားမွာ အစိုးရအရာရွိ ၃ ဦး၊ ေလတပ္နဲ႔ ေရတပ္မွ အရာရွိမ်ား၊ ေထာက္လွမ္းေရးဗ်ဴ႐ိုမွ အရာရွိတစ္ဦး ပါဝင္ပါတယ္။
အခင္းျဖစ္ပြားရာ ဧရိယာကို ယာယီတားျမစ္နယ္ေျမသတ္မွတ္ၿပီး အိႏၵိယစစ္တပ္၊ အရံတပ္၊ ဂ်မူး-ကက္ရွ္မီး ယား ရဲတပ္ဖြဲ႕က စစ္ဆင္ေရး စတင္ခဲ့ရာမွာ ရဟတ္ယာဥ္မ်ားလည္း ပါဝင္ခဲ့ပါတယ္။ ဒဏ္ရာရရွိသူမ်ားမွ ၁၁-ဦးသာ ကနဦး ကယ္တင္ႏိုင္ခဲ့ၿပီး အသက္ေဘးမွ ထြက္ေျပးလာသူမ်ားကို လိုက္လံရွာေဖြခဲ့ရပါတယ္။ လြတ္ ေျမာက္သြားတဲ့ ေသနတ္သမားကို လိုက္လံရွင္းလင္းစဥ္ အိႏၵိယစစ္သား ၁-ဦးေသဆုံးၿပီး အျခား ၂ ဦး ဒဏ္ရာရ ရွိခဲ့ပါတယ္။ ဒီျဖစ္ရပ္ဟာ ေသနတ္သမား ၉-ဦးအပါအဝင္ လူေပါင္း ၁၇၅-ဦးေသဆုံးခဲ့ရတဲ့ ၂၀၀၈-ခုႏွစ္ မြန္ ဘိုင္းတိုက္ခိုက္မႈ 26/11 ေနာက္ပိုင္း အိႏၵိယႏိုင္ငံရဲ႕ ေသြးထြက္သံယိုမႈအမ်ားဆုံး လက္နက္ကိုင္ပဋိပကၡအျဖစ္ မွတ္တမ္းဝင္ သြားခဲ့ပါတယ္။
ကုလသမဂၢက အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ထားတဲ့ “လက္ရွ္ခါ_အီး_တိုင္ဘာ” အဖြဲ႕က ပါ ဟယ္လ္ဂမ္တိုက္ခိုက္မႈဟာ သူတို႔ “ခုခံေရးတပ္ဦး” (TRF) ရဲ႕ လက္ခ်က္ျဖစ္ေၾကာင္း ေၾကညာပါတယ္။ အယ္လ္ကိုင္ဒါ အိုစမာဘင္လာဒင္နဲ႔ေတာင္ အဆက္အသြယ္ရွိခဲ့ဖူးတယ္ဆိုတဲ့ အဲဒီ အစၥလာမ္မစ္သေဘာထား တင္းမာသူေတြဟာ ပါကစၥတန္ႏိုင္ငံအတြင္းမွာ အေျခစိုက္ၿပီး ပါကစၥတန္စစ္ေထာက္လွမ္းေရး ISI ဆက္ႏြယ္ေန တယ္လို႔ ၿဗိတိန္ MI6 အေမရိကန္ CIA အိႏၵိယ RAW ေထာက္လွမ္းေရးက အတည္ျပဳထားပါတယ္။
ယခုျဖစ္စဥ္မွာ ပါကစၥတန္ႏိုင္ငံ ပါဝင္ပတ္သက္ေနတယ္လို႔ အိႏၵိယက အတိအလင္း စြပ္စြဲၿပီး “၁၉၆ဝ ျပည့္ႏွစ္ အိႏၵဴ ျမစ္ေရ သေဘာတူညီခ်က္” ကို ရပ္ဆိုင္းမယ္လို႔ ၿခိမ္းေျခာက္ပါတယ္။ နယ္စပ္ပိတ္ဆို႔ျခင္း၊ ေလယာဥ္ခရီး စဥ္မ်ား ဖ်က္သိမ္းျခင္း၊ ပါကစၥတန္ႏိုင္ငံသားမ်ားကို ဗီဇာရပ္ဆိုင္းၿပီး သံတမန္မ်ားကို ႏွင္ထုတ္ျခင္းမ်ား ျပဳလုပ္ခဲ့ၿပီး ကက္ရွ္မီးယားေဒသအတြင္း အိႏၵိယစစ္တပ္က TRF အဖြဲ႕ဝင္မ်ားရဲ႕ ေနအိမ္ေတြကို ဖ်က္ဆီးခဲ့ပါတယ္။
အၾကမ္းဖက္သမားနဲ႔ ဆက္ႏြယ္ေၾကာင္း နယူးေဒလီရဲ႕ ေျပာဆိုခ်က္ေတြကို ပါကစၥတန္က ျငင္းဆိုလိုက္ၿပီး အိႏၵိယသံတမန္မ်ားကို ႏွင္ထုတ္ျခင္း၊ ဗီဇာရပ္ဆိုင္းျခင္း၊ ေလေၾကာင္း ခရီးစဥ္မ်ား ဖ်က္သိမ္းၿပီး ေဝဟင္ကန႔္ သတ္ျခင္းမ်ားနဲ႔ တုန႔္ျပန္ခဲ့ပါတယ္။ ေတာင္အာရွေဒသရဲ႕ ၿငိမ္းခ်မ္းေရးအမွတ္အသား ျဖစ္တဲ့ အိႏၵဴျမစ္ေရစာ ခ်ဳပ္ကို အိႏၵိယက တစ္ဖက္သပ္ ရပ္ဆိုင္းခဲ့ရင္ စစ္ေရးလုပ္ရပ္အျဖစ္ သတ္မွတ္မယ္လို႔ ေၾကညာခဲ့ပါတယ္။
ကက္ရွ္မီးယားဟာ ေတာင္အာရွေဒသရဲ႕ ယမ္းအိုးႀကီး ျဖစ္ေနခဲ့တာ ၁၉၄၇-ခုႏွစ္တည္းက ျဖစ္ပါတယ္။ အဲ့ဒီအ ခ်ိန္ အိႏၵိယတိုက္ငယ္ကို လြတ္လပ္ေရးေပးရေတာ့မယ့္ ၿဗိတိသွ်တို႔ဟာ တိုင္းျပည္နယ္နိမိတ္အျဖစ္ ေရေျမပထ ဝီဝင္အေနအထားကို အေျခမခံပဲ ဟိႏၵဴ-မြတ္စလင္ ဘာသာေရးကြဲျပားအရ နယ္ျခားသတ္မွတ္ရာက စတင္ခဲ့ ပါတယ္။ အဲ့ဒီအခ်ိန္ ကက္ရွ္မီးယားေစာ္ဘြားဟာ ဟိႏၵဴအိႏၵိယနဲ႔ ေပါင္းစည္းရန္ သေဘာတူညီခဲ့ေပမယ့္ေန ထိုင္သူ အမ်ားစု ၇၇% ဟာ မြတ္စလင္မ်ား ျဖစ္ေနပါတယ္။ လြတ္လပ္ေရးရရွိၿပီး ရက္သတၱပတ္အနည္းငယ္အ ၾကာ ၁၉၄၇-ခုႏွစ္ စက္တင္ဘာလမွာ ကက္ရွ္မီးယားကို ပါကစၥတန္ဘက္မွ လက္နက္ကိုင္မ်ားနဲ႔ လူမ်ိဳးစုမ်ားက ဝင္ေရာက္တိုက္ခိုက္ျခင္းျဖင့္ “ပထမအႀကိမ္ အိႏၵိယ-ပါကစၥတန္စစ္ပြဲ’ ျဖစ္ပြားခဲ့ပါတယ္။
ကုလသမဂၢ ၾကားဝင္ ျဖန္ေျဖမႈနဲ႔ စစ္ပြဲရပ္ဆိုင္းသြားေပမယ့္ ကက္ရွ္မီးယားဟာ ႏွစ္ႏိုင္ငံအသီးသီး ပိုင္းျခား ထိန္းခ်ဳပ္ထားတဲ့ အျငင္းပြား နယ္ေျမျဖစ္သြားပါတယ္။ ဘာသာတူ ပါကစၥတန္ေနသူမ်ားအတြက္ ဂ်မူးနဲ႔ ကက္ရွ္မီးယားဟာ အိႏၵိယက်ဴးေက်ာ္ခံရတဲ့ “ဒဏ္ရာရ ကက္ရွ္မီးယား” အျဖစ္ ဂ႐ုဏာသက္ၾကပါတယ္။
ယခုအခင္းျဖစ္ပြားရာ ဘိုင္ဆာရမ္ခ်ိဳင့္ဝွမ္း ျမက္ခင္းျပင္ဆိုတာ အိႏၵိယထိန္းခ်ဳပ္ထားတဲ့ ဂ်မူနဲ႔ ကက္ရွ္မီးယားေဒသ အတြင္းပိုင္းမွာတည္ရွိေပမယ့္ မဟာဗ်ဴဟာေျမာက္ လာဒက္ေဒသနဲ႔ ပိုမိုနီးကပ္ၿပီးပါတယ္။ က်ဴးလြန္သူေတြဟာ တစ္ကိုယ္ေတာ္ ေသနတ္သမားမ်ား မဟုတ္ပါဘူး၊ လာဒက္ေဒသ အေရွ႕ပိုင္းဟာ အိႏၵိယက သူတို႔ပိုင္ဆိုင္တယ္ ေျပာၿပီး တ႐ုတ္တပ္မ်ား ထိန္းခ်ဳပ္ထားတဲ့ နယ္ေျ့မျဖစ္ေနပါတယ္။
ကက္ရွ္မီးယားနဲ႔ အိႏၵိယႏိုင္ငံအတြင္း ေဖာက္ခြဲသတ္ျဖတ္မႈမ်ား ျပဴလုပ္ေနတဲ့ LeT အဖြဲ႕ေခါင္းေဆာင္မ်ားကို ၂၀၂၂-ခုႏွစ္ ကုလသမဂၢလုံၿခဳံေရးေကာင္စီက “ႏိုင္ငံတကာအၾကမ္းဖက္သမားစာရင္း” သြတ္သြင္းရန္ နယူးေဒ လီရဲ႕ တင္ျပခ်က္ကို တ႐ုတ္က ဗြီတိုအာဏာအသုံးျပဳၿပီး ပယ္ခ်ခဲ့ဖူးပါတယ္။ ဒီလိုဆိုရင္ ယခု ပါဟယ္လ္ဂမ္ ပစ္ခတ္မႈမွာ က်ဴးလြန္သူ TRF တို႔ဟာ တ႐ုတ္က ေမြးျမဴထားတဲ့ Proxy မ်ားျဖစ္တယ္လို႔ ထင္ျမင္လွ်င္ လုံး၀ မွားယြင္းႏိုင္ပါတယ္။ တ႐ုတ္အေနနဲ႔ သူ႔ရဲ႕မဟာမိတ္ျဖစ္သူ ပါကစၥတန္အေပၚ ဖိအားေပးခံရျခင္းမွ ကာကြယ္ လိုျခင္း၊ ၿပိဳင္ဘက္ အိႏၵိယရဲ႕ ပါဝါခ်ိန္ခြင္ညႇာကို ခ်ိန္ညႇိျခင္း၊ တ႐ုတ္ႏိုင္ငံအေနာက္ပိုင္း ရွင္းက်န္ျပည္နယ္ ဝီဂါ မြတ္စလင္တို႔နဲ႔ပတ္သက္ၿပီး အယ္လ္ကိုင္ဒါနဲ႔ အိုင္စစ္ IS တို႔ ၿခိမ္းေျခာက္ျခင္းမွ အာ႐ုံေျပာင္းရန္ နည္းလမ္း ရွာျခင္းသာျဖစ္ၿပီး အဲဒီအဖြဲ႕အစည္းနဲ႔ဆက္စပ္ပတ္သက္ေၾကာင္း ဘာအေထာက္အထားမွ မရွိပါဘူး။
အထူးသျဖင့္ LeT, TRF တို႔ရဲ႕ လုပ္ရပ္ေၾကာင့္ အိႏၵိယနဲ႔ ပါကစၥတန္အၾကားစစ္မက္ျဖစ္ပြားႏိုင္ေၾကာင္း၊ အဲ့ဒီ အခါ သူ႔ရဲ႕ အိႏၵိယသမုဒၵရာ (အာေရဗ်ပင္လယ္) ထြက္ေပါက္ “တ႐ုတ္-ပါကစၥတန္စီးပြားေရးစႀကႍလမ္း” CPEC ထိခိုက္ႏိုင္ေၾကာင္း သိရွိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကက္ရွ္မီးယားအစၥလာမ္မစ္စစ္ေသြးႂကြ “ဂ်ာရစ္ရွ္_အီး_မိုဟာ မက္” JeM အပါအဝင္ LeT, TRF တို႔ကို ေသြးထိုးေျမႇာက္ပင့္ ေပးစရာ အေၾကာင္း မရွိပါဘူး။
၁၉၇၉ ခုႏွစ္ ဆိုဗီယက္က်ဴးေက်ာ္ခံရတဲ့ အာဖဂန္နစၥတန္ႏိုင္ငံမွာ “တရားေသာ ခုခံေရးစစ္ပြဲ” ဆင္ႏႊဲရန္ ကမာၻ အရပ္ရပ္မွ မြတ္စလင္ဘာသာဝင္မ်ားကို “မူဂ်ာဟီဒင္” (ဘာသာေရးစစ္သည္ေတာ္) အျဖစ္ အေမရိကန္ CIA က ေခၚသြင္းခဲ့ပါတယ္။ ဆိုဗီယက္အက်ိဳးစီးပြားကို ၿဖိဳဖ်က္ဖို႔အတြက္ ပါကစၥတန္စစ္ေထာက္လွမ္းေရး ISI မွ တဆင့္ လက္နက္-ေငြေၾကးနဲ႔ စစ္ေရးေလ့က်င့္မႈမ်ား ေပးအပ္ခဲ့ၿပီး အဲ့ဒီ မူဂ်ာဟီဒင္မ်ားဟာ ေနာင္အခါ အိုစမာ ဘင္လာဒင္ရဲ႕ “အယ္လ္ကိုင္ဒါ ႏိုင္ငံတကာ အၾကမ္းဖက္ ကြန္ရက္” ျဖစ္ေပၚလာခဲ့ပါတယ္။
ဒါေပမယ့္ 9/11 ျဖစ္စဥ္အၿပီး အေမရိကန္ဟာ အစၥလာမ္မစ္စစ္ေသြးႂကြမ်ားနဲ႔ ခါးခါးသီးဆန႔္က်င္ဘက္ျဖစ္သြား ပါတယ္။ ၂၀၀၈-ခုႏွစ္ မြန္ဘိုင္းတိုက္ခိုက္ခံရၿပီးေနာက္ LeT တို႔ကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ၿပီး ျဖစ္ပါတယ္။ တစ္ဖက္မွာလည္း အေမရိကန္ဟာ ပါကစၥတန္နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိေနပါတယ္။ အထူး သျဖင့္ အေနာက္အုပ္စုရဲ႕ တ႐ုတ္ၾသဇာလႊမ္းမိုးမႈ တားဆီးေရး QUAD ရဲ႕ မဟာဗ်ဴဟာ မဟာမိတ္ျဖစ္သူ အိႏၵိ ယအေနနဲ႔ LeT, TRF တို႔ရဲ႕ လုပ္ရပ္ေၾကာင့္ ပါကစၥတန္နဲ႔ စစ္ခင္းရမွာကို ဘယ္လိုမွ ႏွစ္သက္စရာ မရွိပါဘူး။
ပါဟယ္လ္ဂမ္ပစ္ခတ္မႈဟာ ေဒသတြင္းနဲ႔ ကမာၻ႔အင္အားႀကီးႏိုင္ငံတို႔ရဲ႕ Proxy War မျဖစ္ႏိုင္ဘူးဆိုရင္ ပါ ကစၥတန္ႏိုင္ငံနဲ႔ JeM LeT, TRF စစ္ေသြးႂကြတို႔ရဲ႕ သေဘာ သဘာဝကို ေလ့လာၾကည့္ရေအာင္ပါ။
ပါကစၥတန္အစိုးရမ်ားဟာ သမိုင္းေၾကာင္းအရ အၾကမ္းဖက္အဖြဲ႕မ်ားကို ေထာက္ပံ့ခဲ့တယ္တယ္လို႔ ၂၀၂၁-ခုႏွစ္မွာ အဲဒီအခ်ိန္ ဝန္ႀကီးခ်ဳပ္ျဖစ္သူ အင္မရန္ခန္းက ဝန္ခံခဲ့ပါတယ္။ အေသးစိတ္ ေဖာ္ျပျခင္း မရွိေပမယ့္ ခန္းရဲ႕ ေျပာဆိုခ်က္ဟာ ပါကစၥတန္ စစ္ေထာက္လွမ္းေရးနဲ႔ JeM, LeT တို႔အၾကား ဆက္ႏြယ္ေၾကာင္း အရိပ္ အႁမြက္ ေျပာဆိုျခင္းလည္း ျဖစ္ႏိုင္ပါတယ္။ ၂၀၀၁-ခုႏွစ္ အေမရိကန္နဲ႔ ေနတိုးမဟာမိတ္တို႔က အာဖဂန္ကို က်ဴးေက်ာ္ထိုးစစ္ဆင္စဥ္ တာလီဘန္ေခါင္းေဆာင္ မူလာအိုမာနဲ႔ အယ္လ္ကိုင္ဒါ ေခါင္းေဆာာင္ အိုစမာဘင္ လာဒင္တို႔ ထြက္ေျပးလြတ္ေျမာက္သြားပါတယ္။ ဆယ္ႏွစ္ေက်ာ္ ရွာပုံေတာ္ဖြင့္ခဲ့ရတဲ့ အေမရိကန္ ေနဗီဆီးလ္ အထူးတိုက္ခိုက္ေရးတပ္ဟာ ၂၀၁၁-ခုႏွစ္ ပါကစၥတန္ႏိုင္ငံ အေနာက္ေျမာက္ျပည္နယ္ အေဘာ့တဘက္ၿမိဳ႕ စစ္ တကၠသိုလ္အနီး ေနအိမ္တစ္လုံးမွာ အေသဖမ္းဆီးႏိုင္ခဲ့ပါတယ္။ ဒီျဖစ္ရပ္ဟာ ISI အေနနဲ႔ အစြန္းေရာက္ အစၥလာမ္မစ္မ်ားအေပၚ ေထာက္ပံ့ေနေၾကာင္း သက္ေသတစ္ခုျဖစ္ခဲ့ပါတယ္။
JeM, LeT, TRF အဖြဲ႕အစည္းေတြဟာ အစၥလာမ္ဘာသာဝင္မ်ားဆိုေပမယ့္ အယ္လ္ကိုင္ဒါနဲ႔ အိုင္စစ္တို႔ ဒႆ နအတိုင္း သီးျခားကိုယ္ပိုင္အယူအဆရွိပါတယ္။ ကိုရမ္က်မ္းလာမ်ားကို သူတို႔လိုခ်င္သလို အဓိပၸါယ္ဖြင့္ဆိုၿပီး “ကမာၻ႔ၿမိဳ႕ျပအဖြဲ႕အစည္းမ်ားကို စစ္ေရးနဲ႔ ဖ်က္ဆီးရန္” ဆိုတဲ့ ရည္မွန္းခ်က္မ်ိဳး ရွိၾကပါတယ္။ စစ္ပြဲျဖစ္ပြား မယ္ဆိုရင္ မြတ္စလင္လူငယ္အားလုံးက သူတို႔ကို ဝန္းရံလာမွာျဖစ္ၿပီး “ဘာသာေရးစစ္” မွာ ေအာင္ပြဲရလိ မ့္ မယ္လို႔ ယုံမွားေနၾကပါတယ္။ အဲ့ဒီအတိုင္းလဲ ေဟာေျပာစည္း႐ုံးေနပါတယ္။
တည္ၿငိမ္တိုးတက္မႈဟာ သူတို႔အတြက္ သတင္းဆိုးျဖစ္ပါတယ္။ အစၥလာမ္ကို ဖ်က္ဆီးေနတဲ့ (အိႏၵိယ) ကို တိုက္ခိုက္ရန္ စိတ္ဝိညာဥ္ေရးအရ တာဝန္ရွိေၾကာင္း ဒီအတြက္ အသက္ဆုံးရႈံးခဲ့ရင္ “အာဇာနည္” ျဖစ္တယ္လို႔ ယုံၾကည္ၾကသူမ်ားျဖစ္ပါတယ္။ ပါဟယ္လ္ဂမ္ပစ္ခတ္မႈဟာ သူ တို႔ရဲ႕ လက္ခ်က္ျဖစ္ၿပီး ကက္ရွ္မီးယားမွာ ေန ထိုင္သူလူဦးေရအခ်ိဳးအစား ေျပာင္းလဲေအာင္ ဖန္တီးေနတဲ့ အိႏၵိ ယရဲ႕ လုပ္ရပ္ကို ဟန႔္တားျခင္း ျဖစ္တယ္လို႔ Telegram ခ်န္နယ္ TRF ရဲ႕ ကနဦး သတင္းထုတ္ျပန္ခ်က္မွာ ေတြ႕ရွိရပါတယ္။
ဒါေပမယ့္ သူတို႔လက္ခ်က္ျဖစ္တယ္ဆိုတာကို ေနာက္ပိုင္းမွာ TRF တို႔က ျပင္းထန္စြာ ျငင္းပယ္ပါတယ္။ အဲ့ဒီ ေၾကညာခ်က္ဆိုတာ သူတို႔ရဲ႕ ဝက္ဘ္ဆိုက္မွာ အိႏၵိယစစ္ေထာက္လွမ္းေရးမ်ားက ထိုးေဖာက္ဝင္ေရာက္ၿပီး သ တင္းမွား လႊင့္တင္သြားခဲ့ျခင္းျဖစ္ေၾကာင္း၊ လူ ၂၆-ဦး ေသဆုံးခဲ့ရတဲ့ ျဖစ္စဥ္မွာ အိႏၵိယရဲ႕ အစီအစဥ္သာျဖစ္ ေၾကာင္း ဒီကိစၥအတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ရန္ လိုအပ္ တယ္လို႔ ေျပာဆိုပါတယ္။ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ရန္ ပါကစၥတန္ ဝန္ႀကီးခ်ဳပ္ ရွာဘက္ဇ္_ ရွရစ္ဖ္က ကမ္းလွမ္းေပမယ့္ အိႏၵိယက ပယ္ခ်လိုက္ပါတယ္။ TRF နဲ႔ ဆက္ႏြယ္သူ ၁၇၅-ဦးကို အိႏၵိယက ဖမ္း ဆီးခဲ့ၿပီး ပါကစၥတန္နဲ႔ ထိစပ္ေနတဲ့ ကက္ရွ္မီးယားေဒသ “ထိန္းခ်ဳပ္မ်ဥ္း” LoC တေလ်ာက္ ပစ္ခတ္မႈမ်ား ျပဳလုပ္ ေနပါတယ္။ ပါကစၥတန္ဘက္က ပစ္ခတ္တဲ့အတြက္ တုန႔္ျပန္ရျခင္း ျဖစ္တယ္လို႔လည္း ေျပာပါတယ္။ အေနာက္ မီဒီယာတို႔က ပါဟယ္လ္ဂမ့္ျဖစ္စဥ္ကို “အၾကမ္းဖက္မႈ” လို႔ မေဖာ္ျပပဲ “တိုက္ခိုက္မႈ” လို႔ ေဖာ္ျပတဲ့အတြက္ အိႏၵိယမီဒီယာမ်ားက မေက်နပ္ၾကဘူး။
ဒါေပမယ့္ ပါဟယ္လ္ဂမ္ပစ္ခတ္မႈမွာ အိႏၵိယဘက္က သက္ေသအခိုင္အမာျပသရန္ လိုအပ္ေနေသးၿပီး နယူး ေဒလီရဲ႕ ႏိုင္ငံေရး မဟာဗ်ဴဟာကို အစဥ္တစိုက္ ထိုးႏွက္ေနတဲ့ TRF တို႔ရဲ႕ ျငင္းဆိုမႈကလည္း ကက္ရွ္မီးယား ပဋိပကၡရႈတ္ေထြးပုံကို ထင္ဟပ္ေနပါတယ္။ ေလာေလာဆယ္မွာေတာ့ န်ဴကလီယာလက္နက္ပိုင္ အိမ္နီးခ်င္း ၂-ႏိုင္ငံတို႔ဟာ ေသြးေခ်ာင္းစီး စစ္ပြဲေခ်ာက္ကမ္းကို ဦးတည္သြားေနသလို ျမင္ေတြ႕ရပါတယ္။
ဒီကိစၥမွာ အိႏၵိယေရာ ပါကစၥတန္ပါ ျမန္မာႏိုင္ငံရဲ႕ အစဥ္အလာ မိတ္ေဆြမ်ားျဖစ္ၾကပါတယ္။ အထူးသျဖင့္ လြန္ခဲ့တဲ့ မတ္-၂၈ ငလ်င္ႀကီးမွာ အျခားျပည္ပႏိုင္ငံမ်ားနဲ႔အတူ အိႏၵိယနဲ႔ ပါကစၥတန္တို႔ မိတ္ေဆြေကာင္း ပီသ စြာ စိတ္ေရာကိုယ္ပါ ကူညီမႈမ်ားကို ျမန္မာျပည္သူတို႔ စိတ္ႏွလုံးမွာ ထာဝစဥ္ သိမ္းဆည္းထားမွာ ေသခ်ာပါ တယ္။
ပါဟယ္လ္ဂမ့္ျဖစ္စဥ္မွာ ႏိုင္ငံတကာ ေငြေၾကးဆိုင္ရာေဆာင္႐ြက္မႈ တာဝန္အဖြဲ႕ Financial Action Task Force (FATF) ရဲ႕ပါကစၥတန္အေပၚ မီးခိုးေရာင္စာရင္း ထည့္သြင္းထားျခင္းကို အေတာ္ေလးေျပာဆိုၾကေၾကာင္း ေတြ႕ရွိရ ပါတယ္။
ဒီလိုဆို ၂၀၁၉ ခုႏွစ္မွာ အဲဒီမီးခိုးေရာင္စာရင္းမွာ ပါကစၥတန္နဲ႔ အတူပါခဲ့ၿပီး ၂၀၂၂ ခုႏွစ္မွာ “ေငြေၾကးခဝါ ခ်ျခင္းနဲ႔ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားထံ ေငြေၾကးစီးဆင္းျခင္း” ေၾကာင့္ အမည္းေရာင္စာရင္း Black Listed ျဖစ္သြားရတဲ့ ျမန္မာႏိုင္ငံက ဘာေတြ သင္ခန္းစာ ယူသင့္လဲ။ လက္ရွိ ျပည္တြင္းစစ္မွာ ေတာ္လွန္ေရးနဲ႔ တိုင္းရင္းသားလက္နက္ ကိုင္မ်ားအေပၚ ဘာေတြသက္ေရာက္မႈျဖစ္ေပၚလာႏိုင္သလဲ သီးျခားေရးသားပါဦးမယ္။

#HtayOung #OungMarine

Related news

© 2021. All rights reserved.