Red Velvet အဖွဲ့ဝင် ဝင်ဒီ SM မှ ထွက်ခွာပြီး အေဂျင်စီအသစ်နဲ့ စာချုပ်ချုပ်ဆို

 138

ရောင်နီ (NP News) - ဧပြီ ၂၈

တောင်ကိုရီးယားအမျိုးသမီး K pop အဖွဲ့ Red Velvet အဖွဲ့ဝင် ဝင်ဒီဟာ ယခင်အေဂျင်စီ SM မှ ထွက်ခွာပြီးနောက် ဧပြီလ ၂၅ ရက်မှာ ဖျော်ဖြေရေး အေဂျင်စီအသစ် ASND နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီလို့ သိရပါတယ်။ ဒီအကြောင်းကို အေဂျင်စီသစ်က ဗီဒီယိုအပိုင်းတို တချို့နဲ့ ဝင်ဒီရဲ့ ပရိုဖိုင်ဓာတ်ပုံတွေနဲ့အတူ မျှဝေခဲ့တာဖြစ်ပါတယ်။
"နယ်ပယ်အသီးသီးမှာ ထူးခြားတဲ့စွမ်းရည်တွေကို သက်သေပြနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးနဲ့ လက်တွဲရတဲ့ အတွက် ပျော်ရွှင်မိပါတယ်" "Red Velvet အဖွဲ့ဝင် ဝင်ဒီရဲ့လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်ဖို့ စီစဉ် ထားပါတယ်။ ASND ကို ယုံကြည်ပေးတဲ့ Wendy ကို ပိုတောက်ပလာစေဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ" လို့ အေဂျင်စီက ဆိုပါတယ်။

ဧပြီလအစောပိုင်းက Red Velvet အဖွဲ့ဝင် ဝင်ဒီနဲ့ ယဲရီ တို့ဟာ SM နဲ့ သီးသန့်စာချုပ်တွေ သက်တမ်းကုန်ဆုံးပြီးတဲ့ နောက် SM Entertainment နဲ့ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အဖွဲ့ဝင် နှစ်ဦးစလုံးအနေနဲ့ Red Velvet အဖွဲ့ရဲ့လှုပ်ရှားမှုတွေမှာ အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်နေဦးမှာဖြစ်တယ်လို့ SM Entertainment က ဆိုပါတယ်။
ယဲရီကလည်း နာမည်ကြီး သရုပ်ဆောင်များစွာနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့ Blitzway Studios နဲ့ လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
Red Velvet အဖြဲ႕ဝင္ ဝင္ဒီ SM မွ ထြက္ခြာၿပီး ေအဂ်င္စီအသစ္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆို
ေရာင္နီ (NP News) - ဧၿပီ ၂၈

ေတာင္ကိုရီးယားအမ်ိဳးသမီး K pop အဖြဲ႕ Red Velvet အဖြဲ႕ဝင္ ဝင္ဒီဟာ ယခင္ေအဂ်င္စီ SM မွ ထြက္ခြာၿပီးေနာက္ ဧၿပီလ ၂၅ ရက္မွာ ေဖ်ာ္ေျဖေရး ေအဂ်င္စီအသစ္ ASND နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီလို႔ သိရပါတယ္။ ဒီအေၾကာင္းကို ေအဂ်င္စီသစ္က ဗီဒီယိုအပိုင္းတို တခ်ိဳ႕နဲ႔ ဝင္ဒီရဲ႕ ပ႐ိုဖိုင္ဓာတ္ပုံေတြနဲ႔အတူ မွ်ေဝခဲ့တာျဖစ္ပါတယ္။
"နယ္ပယ္အသီးသီးမွာ ထူးျခားတဲ့စြမ္းရည္ေတြကို သက္ေသျပႏိုင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးနဲ႔ လက္တြဲရတဲ့ အတြက္ ေပ်ာ္႐ႊင္မိပါတယ္" "Red Velvet အဖြဲ႕ဝင္ ဝင္ဒီရဲ႕လႈပ္ရွားမႈေတြမွာ တက္ႂကြစြာ ပူးေပါင္းလုပ္ေဆာင္ဖို႔ စီစဥ္ ထားပါတယ္။ ASND ကို ယုံၾကည္ေပးတဲ့ Wendy ကို ပိုေတာက္ပလာေစဖို႔ အစြမ္းကုန္ ႀကိဳးစားသြားမွာပါ" လို႔ ေအဂ်င္စီက ဆိုပါတယ္။

ဧၿပီလအေစာပိုင္းက Red Velvet အဖြဲ႕ဝင္ ဝင္ဒီနဲ႔ ယဲရီ တို႔ဟာ SM နဲ႔ သီးသန႔္စာခ်ဳပ္ေတြ သက္တမ္းကုန္ဆုံးၿပီးတဲ့ ေနာက္ SM Entertainment နဲ႔ လမ္းခြဲခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ အဖြဲ႕ဝင္ ႏွစ္ဦးစလုံးအေနနဲ႔ Red Velvet အဖြဲ႕ရဲ႕လႈပ္ရွားမႈေတြမွာ အဖြဲ႕ဝင္အျဖစ္ ဆက္လက္ပါဝင္ေနဦးမွာျဖစ္တယ္လို႔ SM Entertainment က ဆိုပါတယ္။
ယဲရီကလည္း နာမည္ႀကီး သ႐ုပ္ေဆာင္မ်ားစြာနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ ေအဂ်င္စီတစ္ခုျဖစ္တဲ့ Blitzway Studios နဲ႔ လက္မွတ္ေရးထိုးဖို႔ ေဆြးေႏြးေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.