ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်က သူမအစား အခြားကိုယ်စားလှယ်လောင်းတစ်ဦးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့

 535

ALynn (NP News) - မတ် ၂၃

ဗင်နီဇွဲလားသမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုသည် အရွေးချယ်ခံခွင့် ပိတ်ပင်ခံထားရသောကြောင့် သူမ၏ နေရာတွင် အခြားကိုယ်စားလှယ်လောင်း တစ်ဦးကို အစားထိုးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်လောင်းသည် အသက် ၈၀ နှစ်အရွယ် သမိုင်းပညာရှင် ပါမောက္ခ Corina Yoris ဖြစ်ပြီး ဇူလိုင် ၂၈ ရွေးကောက်ပွဲတွင် မာချာဒိုအစား ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ သမ္မတ နီကိုလက်စ်မာဒူရိုအစိုးရ အဖွဲ့သည် မာချာဒိုအပေါ် ဖိအားပေးခြင်းများ လုပ်ဆောင်နေသောကြောင့် နိုင်ငံ တကာ၏ ပြစ်တင်ရှုတ်ချခြင်းများခံနေရ‌စဉ် မတ်လ ၂၂ ရက် (သောကြာနေ့) ၌ အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အစောပိုင်းနေ့ရက်များအတွင်းက မာချာဒို၏မဲဆွယ်စည်းရုံးရေးအဖွဲ့ ဝင်နှစ်ဦးဖြစ်သည့် Dignora Hernandez နှင့် Henry Alviarez အပါအဝင် သူမနှင့် နီးစပ်သူများကို ဖမ်းဆီးခြင်းအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Alviarez သည် မာချာဒို၏ လစ်ဘရယ်ပါတီ Vente Venezuela အတွက် စည်းရုံးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပေးသူဖြစ်ပြီး Hernandez မှာမူ ပါတီအတွင်းရေးမှူးဖြစ်သည်။ ၎င်းတို့နှစ်ဦး စလုံးမှာ အကြမ်းဖက်မှုကို လှုံ့ဆော်ရန် ပူးပေါင်းကြံစည်မှုဖြင့် မတ်လ ၂၀ ရက် (ဗုဒ္ဓဟူးနေ့)တွင် ဖမ်းဆီးခံခဲ့ရသည်။ ဗင်နီဇွဲလားရှေ့နေချုပ် Tarek William Saab ၏ ဖော်ပြချက်အရ ၎င်းတို့သည် နိုင်ငံတော်ကို မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်သည့် စစ်ဘက်ဆိုင်ရာတိုက်ခိုက်ရေး စီမံချက်များတွင် ပါဝင်နေကြောင်း ဖော်ပြခဲ့သည်။ မာချာဒို၏အနီးကပ်တွဲဖက် Magalli Meda အပါအဝင် အခြားပါတီဝင်များသည်လည်း အလားတူစွဲချက်များဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည်။

သို့သော် မာချာဒိုက စွဲချက်အားလုံးမှာ လုံးဝမှားယွင်းနေကြောင်း ချေပခဲ့ပြီး နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက မာဒူရို၏ အုပ်ချုပ်ရေးစနစ်သည် အတိုက်အခံများကို ဖြုတ်ချရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သတိပေးထားသည်။ ဥပမာအားဖြင့် ချီလီနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ဖမ်းဆီးမှုသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ဒီမိုကရေစီစိတ်ဓာတ်နှင့် ဆန့်ကျင်နေသည့် လုပ်ရပ်အဖြစ် ရည်ညွှန်းခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့အစည်းများက မာဒူရိုနှင့် ၎င်း၏မဟာမိတ်များကို မတရားဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းအပါအဝင် အတိုက်အခံ များကို ဖြိုခွင်းရန် အစိုးရတပ်ဖွဲ့များကို အသုံးချနေကြောင်း စွပ်စွဲထားကြသည်။
မာချာဒိုသည် ဗင်နီဇွဲလား အမျိုးသားလွှတ်တော်အမတ်ဟောင်း ဖြစ်ပြီး သူမသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ထောက်ခံမှုကြောင့် ရွေးကောက်ခံခြင်း ၁၅ နှစ်တာ ရပ်စဲခံရကြောင်း ကြေညာခဲ့သည်။ သို့သော် မာချာဒိုသည် အတိုက်အခံပါတီများအနက် အင်အားအကြီးဆုံးဖြစ်နေသည်။ ပဏာမရွေးကောက်ပွဲတွင် ဗင်နီဇွဲလားနိုင်ငံသား ၂ ဒသမ ၄ သန်းခန့်သည် ပြိုင်ဘက် မာဒူရိုကို ရွေးချယ်ခဲ့ကြသည်။

zawgyi version
ဗင္နီဇြဲလားအတိုက္အခံေခါင္းေဆာင္က သူမအစား အျခားကိုယ္စားလွယ္ေလာင္းတစ္ဦးကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ျပဳခဲ့
ALynn (NP News) - မတ္ ၂၃

ဗင္နီဇြဲလားသမၼတ ေ႐ြးေကာက္ပြဲတြင္ အတိုက္အခံေခါင္းေဆာင္ မာရီယာ ေကာ္ရီနာ မာခ်ာဒိုသည္ အေ႐ြးခ်ယ္ခံခြင့္ ပိတ္ပင္ခံထားရေသာေၾကာင့္ သူမ၏ ေနရာတြင္ အျခားကိုယ္စားလွယ္ေလာင္း တစ္ဦးကို အစားထိုးသြားမည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

အဆိုပါ ကိုယ္စားလွယ္ေလာင္းသည္ အသက္ ၈၀ ႏွစ္အ႐ြယ္ သမိုင္းပညာရွင္ ပါေမာကၡ Corina Yoris ျဖစ္ၿပီး ဇူလိုင္ ၂၈ ေ႐ြးေကာက္ပြဲတြင္ မာခ်ာဒိုအစား ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္သည္။ သမၼတ နီကိုလက္စ္မာဒူ႐ိုအစိုးရ အဖြဲ႕သည္ မာခ်ာဒိုအေပၚ ဖိအားေပးျခင္းမ်ား လုပ္ေဆာင္ေနေသာေၾကာင့္ ႏိုင္ငံ တကာ၏ ျပစ္တင္ရႈတ္ခ်ျခင္းမ်ားခံေနရ‌စဥ္ မတ္လ ၂၂ ရက္ (ေသာၾကာေန႔) ၌ အဆိုပါ ေၾကညာခ်က္ ထြက္ေပၚလာျခင္း ျဖစ္သည္။ အေစာပိုင္းေန႔ရက္မ်ားအတြင္းက မာခ်ာဒို၏မဲဆြယ္စည္း႐ုံးေရးအဖြဲ႕ ဝင္ႏွစ္ဦးျဖစ္သည့္ Dignora Hernandez ႏွင့္ Henry Alviarez အပါအဝင္ သူမႏွင့္ နီးစပ္သူမ်ားကို ဖမ္းဆီးျခင္းအား အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

Alviarez သည္ မာခ်ာဒို၏ လစ္ဘရယ္ပါတီ Vente Venezuela အတြက္ စည္း႐ုံးေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ေပးသူျဖစ္ၿပီး Hernandez မွာမူ ပါတီအတြင္းေရးမႉးျဖစ္သည္။ ၎တို႔ႏွစ္ဦး စလုံးမွာ အၾကမ္းဖက္မႈကို လႈံ႕ေဆာ္ရန္ ပူးေပါင္းႀကံစည္မႈျဖင့္ မတ္လ ၂၀ ရက္ (ဗုဒၶဟူးေန႔)တြင္ ဖမ္းဆီးခံခဲ့ရသည္။ ဗင္နီဇြဲလားေရွ႕ေနခ်ဳပ္ Tarek William Saab ၏ ေဖာ္ျပခ်က္အရ ၎တို႔သည္ ႏိုင္ငံေတာ္ကို မတည္မၿငိမ္ျဖစ္ေစရန္ ရည္႐ြယ္သည့္ စစ္ဘက္ဆိုင္ရာတိုက္ခိုက္ေရး စီမံခ်က္မ်ားတြင္ ပါဝင္ေနေၾကာင္း ေဖာ္ျပခဲ့သည္။ မာခ်ာဒို၏အနီးကပ္တြဲဖက္ Magalli Meda အပါအဝင္ အျခားပါတီဝင္မ်ားသည္လည္း အလားတူစြဲခ်က္မ်ားျဖင့္ ဖမ္းဝရမ္းထုတ္ခံထားရသည္။

သို႔ေသာ္ မာခ်ာဒိုက စြဲခ်က္အားလုံးမွာ လုံးဝမွားယြင္းေနေၾကာင္း ေခ်ပခဲ့ၿပီး ႏိုင္ငံတကာ ေလ့လာေစာင့္ၾကည့္သူမ်ားက မာဒူ႐ို၏ အုပ္ခ်ဳပ္ေရးစနစ္သည္ အတိုက္အခံမ်ားကို ျဖဳတ္ခ်ရန္ ႀကိဳးပမ္းေနျခင္းျဖစ္ေၾကာင္း သတိေပးထားသည္။ ဥပမာအားျဖင့္ ခ်ီလီႏိုင္ငံျခားေရးဝန္ႀကီးဌာနက အဆိုပါ ဖမ္းဆီးမႈသည္ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္တြင္ ဒီမိုကေရစီစိတ္ဓာတ္ႏွင့္ ဆန႔္က်င္ေနသည့္ လုပ္ရပ္အျဖစ္ ရည္ၫႊန္းခဲ့သည္။ လူ႔အခြင့္အေရးအဖြဲ႕အစည္းမ်ားက မာဒူ႐ိုႏွင့္ ၎၏မဟာမိတ္မ်ားကို မတရားဖမ္းဆီးျခင္းႏွင့္ ညႇဥ္းပန္းႏွိပ္စက္ျခင္းအပါအဝင္ အတိုက္အခံ မ်ားကို ၿဖိဳခြင္းရန္ အစိုးရတပ္ဖြဲ႕မ်ားကို အသုံးခ်ေနေၾကာင္း စြပ္စြဲထားၾကသည္။
မာခ်ာဒိုသည္ ဗင္နီဇြဲလား အမ်ိဳးသားလႊတ္ေတာ္အမတ္ေဟာင္း ျဖစ္ၿပီး သူမသည္ အေမရိကန္၏ ပိတ္ဆို႔အေရးယူမႈမ်ားကို ေထာက္ခံမႈေၾကာင့္ ေ႐ြးေကာက္ခံျခင္း ၁၅ ႏွစ္တာ ရပ္စဲခံရေၾကာင္း ေၾကညာခဲ့သည္။ သို႔ေသာ္ မာခ်ာဒိုသည္ အတိုက္အခံပါတီမ်ားအနက္ အင္အားအႀကီးဆုံးျဖစ္ေနသည္။ ပဏာမေ႐ြးေကာက္ပြဲတြင္ ဗင္နီဇြဲလားႏိုင္ငံသား ၂ ဒသမ ၄ သန္းခန႔္သည္ ၿပိဳင္ဘက္ မာဒူ႐ိုကို ေ႐ြးခ်ယ္ခဲ့ၾကသည္။

Related news

© 2021. All rights reserved.