ယနေ့ည ယှဉ်ပြိုင်မည့် ဆီးရီးယား နှင့် အဝေးကွင်းပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ကစားသမားအချို့ ဖျားနာခြင်းနှင့် ဒဏ်ရာပြဿနာများရှိနေဟု နည်းပြချုပ်ဆို

 1420

သန့်ဇင် (NP News) - မတ် ၂၆

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယနေ့ည ယှဉ်ပြိုင်မည့် ဆီးရီးယားအသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်း၏ ကစားသမားတစ်ချို့ ဖျားနာခြင်းနှင့်ဒဏ်ရာပြဿနာများရှိနေကြောင်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ်က ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ်က Miachel Feichtenbeinerက ယမန်နေ့ (မတ်လ ၂၇ ရက်)၊ နံနက်အစောပိုင်း ၁ နာရီ ၃ဝ မိနစ် အချိန်တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ ဒါမန်းမြို့ရှိ Prince Mohamed bin Fahd အားကစားကွင်းတွင် ယှဉ်ပြိင်ကစားသွားကြမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ဆီးရီးယားလက်ရွေးစင် ဘောလုံးအသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ပြီးခဲ့သည့်အိမ်ကွင်း၌ ပါဝင်ကစားခဲ့သော တိုက်စစ်မှူးကျော်ကိုကို အပြင် ကစားသမားအချို့မှာ တစ်ဦးချင်းပြဿနာများကြောင့် ပါဝင်လာနိုင်ခြင်းမရှိ ကြောင်း သိရသည်။

"မနက်ဖြန် ဆီးရီးယားနဲ့ ဒုတိယအကျော့အတွက် ကျွန်တော်တို့ပြဿနာတချို့ ကြုံတွေ့နေရပါတယ်။ အိမ်ကွင်း ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် တချို့ကစားသမားတွေ ပါဝင်ကစားနိုင်ဖို့က သံသယရှိနေရဆဲပါ။ ကံမကောင်းစွာ နဲ့ပဲ တချို့ကစားသမားတွေကလည်း ဖျားနာနေကြပြန်ပါတယ်။ ဒါကြောင့် ဖျားနာနေတဲ့သူ ဒဏ်ရာရှိနေတဲ့သူတွေ ကို အသုံးပြနိုင်မှာ မဟုတ်ဘူးလို့ တွေးထားပါတယ်။ နောက်ပြီး ကစားသမားတစ်ဦးကလည်း ပွဲပယ်ကြောင့် ကျန်နေခဲ့ရတယ်။ ဒါကြောင့် အခုအချိန်မှာ အသင်းက တစ်ဦးချင်း ပြဿနာတချို့နဲ့ ရင်ဆိုင်နေရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ အိမ်ကွင်း ပထမပွဲမှာလိုပဲ စွမ်းဆောင်မှုကောင်းတွေ ထပ်မံ ရယူပေးနိုင် မယ်လို့ မျှော်လင့်ထားပါတယ်” ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် Miachel Feichtenbeiner က ပြောခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ယနေ့ည ဆီးရီးယားနှင့်ယှဉ်ပြိုင်မည့် ကစားသမား ၂၂ ဦးစာရင်း စာရင်းတွင် ဂိုး- ပြည့်ဖြိုးအောင်၊ ဆန်းဆက်နိုင်၊ ကျော်ဇင်ဖြိုး၊ နောက်တန်း- ဟိန်းဇေယျာလင်း၊ ဒေးဗစ်ထန်၊ ကောင်းထက်ပိုင်၊ ငြိမ်းချမ်း၊ ဟိန်းဖြိုးဝင်း၊ စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ ဇွဲခန့်မင်း၊ ခွန်ကျော်ဇင်ဟိန်း၊ အလယ်တန်း- ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း၊ ကျော်မင်းဦး၊ နေမိုးနိုင်၊ လွင်မိုးအောင်၊ ဟိန်းထက် အောင်၊ရှေ့တန်း - အောင်သူ၊ မောင်မောင်လွင်၊ အောင်ကောင်းမန်၊ ဥက္ကာနိုင်တို့ ပါဝင်လာခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ပြီးခဲ့သည့် အိမ်ကွင်းပွဲစဉ်တွင် ဆီးရီးယားအသင်းကို ကောင်းမွန် သောကစားပုံဖြင့် သရေ တစ်မှတ်ရရှိအောင်ကစားနိုင်ခဲ့သဖြင့် အနိုင်ရမှတ်လိုအပ်နေသည့် ဆီးရီးယား အသင်းကို အဝေးကွင်းပွဲစဉ်ဖြစ်သည့်အလျှောက် ခက်ခဲစွာယှဉ်ပြိုင်ကစားသွားရဖွယ်ရှိနေသည်။

Zawgyi Version;
ယေန႔ည ယွဥ္ၿပိဳင္မည့္ ဆီးရီးယား ႏွင့္ အေဝးကြင္းပြဲစဥ္တြင္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္း၏ ကစားသမားအခ်ိဳ႕ ဖ်ားနာျခင္းႏွင့္ ဒဏ္ရာျပႆနာမ်ားရွိေနဟု နည္းျပခ်ဳပ္ဆို
သန႔္ဇင္ (NP News) - မတ္ ၂၆

၂၀၂၆ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ယေန႔ည ယွဥ္ၿပိဳင္မည့္ ဆီးရီးယားအသင္းႏွင့္ အေဝးကြင္းပြဲစဥ္တြင္ ျမန္မာ့ လက္ေ႐ြးစင္ေဘာလုံးအသင္း၏ ကစားသမားတစ္ခ်ိဳ႕ ဖ်ားနာျခင္းႏွင့္ဒဏ္ရာျပႆနာမ်ားရွိေနေၾကာင္း ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းနည္းျပခ်ဳပ္က ေျပာၾကားခဲ့သည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းနည္းျပခ်ဳပ္က Miachel Feichtenbeinerက ယမန္ေန႔ (မတ္လ ၂၇ ရက္)၊ နံနက္အေစာပိုင္း ၁ နာရီ ၃ဝ မိနစ္ အခ်ိန္တြင္ ေဆာ္ဒီအာေရဗ်ႏိုင္ငံ၊ ဒါမန္းၿမိဳ႕ရွိ Prince Mohamed bin Fahd အားကစားကြင္းတြင္ ယွဥ္ၿပိင္ကစားသြားၾကမည့္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းႏွင့္ ဆီးရီးယားလက္ေ႐ြးစင္ ေဘာလုံးအသင္းတို႔၏ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါပြဲစဥ္တြင္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းအေနျဖင့္ ၿပီးခဲ့သည့္အိမ္ကြင္း၌ ပါဝင္ကစားခဲ့ေသာ တိုက္စစ္မႉးေက်ာ္ကိုကို အျပင္ ကစားသမားအခ်ိဳ႕မွာ တစ္ဦးခ်င္းျပႆနာမ်ားေၾကာင့္ ပါဝင္လာႏိုင္ျခင္းမရွိ ေၾကာင္း သိရသည္။

"မနက္ျဖန္ ဆီးရီးယားနဲ႔ ဒုတိယအေက်ာ့အတြက္ ကြၽန္ေတာ္တို႔ျပႆနာတခ်ိဳ႕ ႀကဳံေတြ႕ေနရပါတယ္။ အိမ္ကြင္း ပြဲစဥ္မွာ ရရွိခဲ့တဲ့ဒဏ္ရာေၾကာင့္ တခ်ိဳ႕ကစားသမားေတြ ပါဝင္ကစားႏိုင္ဖို႔က သံသယရွိေနရဆဲပါ။ ကံမေကာင္းစြာ နဲ႔ပဲ တခ်ိဳ႕ကစားသမားေတြကလည္း ဖ်ားနာေနၾကျပန္ပါတယ္။ ဒါေၾကာင့္ ဖ်ားနာေနတဲ့သူ ဒဏ္ရာရွိေနတဲ့သူေတြ ကို အသုံးျပႏိုင္မွာ မဟုတ္ဘူးလို႔ ေတြးထားပါတယ္။ ေနာက္ၿပီး ကစားသမားတစ္ဦးကလည္း ပြဲပယ္ေၾကာင့္ က်န္ေနခဲ့ရတယ္။ ဒါေၾကာင့္ အခုအခ်ိန္မွာ အသင္းက တစ္ဦးခ်င္း ျပႆနာတခ်ိဳ႕နဲ႔ ရင္ဆိုင္ေနရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔အေနနဲ႔ အိမ္ကြင္း ပထမပြဲမွာလိုပဲ စြမ္းေဆာင္မႈေကာင္းေတြ ထပ္မံ ရယူေပးႏိုင္ မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္” ဟု ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းနည္းျပခ်ဳပ္ Miachel Feichtenbeiner က ေျပာခဲ့သည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းအေနျဖင့္ ယေန႔ည ဆီးရီးယားႏွင့္ယွဥ္ၿပိဳင္မည့္ ကစားသမား ၂၂ ဦးစာရင္း စာရင္းတြင္ ဂိုး- ျပည့္ၿဖိဳးေအာင္၊ ဆန္းဆက္ႏိုင္၊ ေက်ာ္ဇင္ၿဖိဳး၊ ေနာက္တန္း- ဟိန္းေဇယ်ာလင္း၊ ေဒးဗစ္ထန္၊ ေကာင္းထက္ပိုင္၊ ၿငိမ္းခ်မ္း၊ ဟိန္းၿဖိဳးဝင္း၊ စိုးမိုးေက်ာ္၊ သက္ဟိန္းစိုး၊ ဇြဲခန႔္မင္း၊ ခြန္ေက်ာ္ဇင္ဟိန္း၊ အလယ္တန္း- ရန္ႏိုင္ဦး၊ ေဇာ္ဝင္းသိန္း၊ ေက်ာ္မင္းဦး၊ ေနမိုးႏိုင္၊ လြင္မိုးေအာင္၊ ဟိန္းထက္ ေအာင္၊ေရွ႕တန္း - ေအာင္သူ၊ ေမာင္ေမာင္လြင္၊ ေအာင္ေကာင္းမန္၊ ဥကၠာႏိုင္တို႔ ပါဝင္လာခဲ့ေၾကာင္း သိရသည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းအေနျဖင့္ ၿပီးခဲ့သည့္ အိမ္ကြင္းပြဲစဥ္တြင္ ဆီးရီးယားအသင္းကို ေကာင္းမြန္ ေသာကစားပုံျဖင့္ သေရ တစ္မွတ္ရရွိေအာင္ကစားႏိုင္ခဲ့သျဖင့္ အႏိုင္ရမွတ္လိုအပ္ေနသည့္ ဆီးရီးယား အသင္းကို အေဝးကြင္းပြဲစဥ္ျဖစ္သည့္အေလွ်ာက္ ခက္ခဲစြာယွဥ္ၿပိဳင္ကစားသြားရဖြယ္ရွိေနသည္။

Related news

© 2021. All rights reserved.