အချုပ်အခြာနယ်မြေကို ပြတ်သားစွာ ကာကွယ်မည်ဟု တရုတ်ပြော (ဘာသာပြန်ဆောင်းပါး)

 422

Htay Oung (NP News) - မတ် ၂၇

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖျား (မြန်မာနိုင်ငံ ကချင်ပြည်နယ်အနောက်ဖက်) ဟိမဝန္တာ မိုးထိတောင်တန်းများကို ဖြတ်သန်းပြီး ဖောက်လုပ်ထားတဲ့ ဥမင်လှိုဏ်ခေါင်းဟာ နယူးဒေလီနဲ့ ပေကျင်းတို့အကြား နယ်နိမိတ်ဆိုင်ရာအ ငြင်းပွားမှုမှာ နောက်ဆုံးမီးပွားတစ်ခု ဖြစ်လာခဲ့တယ်လို့ CNN က ယမန်နေ့ ရေးသားပါတယ်။

ယခုလ စောစောပိုင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တဲ့ “ဆယ်လာဥမင်လိုဏ်ခေါင်း” ဟာ ပေ ၁၃,၀၀၀ ခန့်မြင့်မားတဲ့ ဟိမဝန္တာတောင်တန်းများအောက်မှာ ဖြတ်သန်းဖောက်လုပ်ထားပါတယ်။ အာသံ ပြည်နယ် ဂူဝါဟတ္တိနဲ့ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် “တာဝမ်တောင်ကြား” မှာတည်ရှိပြီး ကမ္ဘာ့အရှည်ဆုံး နှစ်လမ်းသွားဥမင်ဟာ ပြောင်မြောက်လှတဲ့ အင်ဂျင်နီယာလက်ရာအဖြစ် အိန္ဒိယတစ်နိုင်ငံလုံးက ချီးကျူးဂုဏ်ပြု စရာဖြစ်နေပါတယ်။ တရုတ်နိုင်ငံနဲ့ တင်းမာမှုဖြစ်ပွားနေတယ်လို့ အများသိရှိထားကြတဲ့ နယ်စပ်မျဉ်းအရောက် ရာသီဥတုမရွေး အချိန်တိုအတွင်း အရောက်သွားနိုင်မှာဖြစ်တဲ့အတွက် စစ်ရေးဆိုင်ရာအကျိုးအမြတ်အနေနဲ့လည်း အလွန်ကြီးမားလှပါတယ်။ ဆီးနှင်းခဲများဖုံးလွှမ်းနေပြီး အရိုးကွဲမတတ် အေးမြလှတဲ့ ဆောင်းရာသီမှာပင် ၈ မိုင်နီး ပါးရှည်လျှားတဲ့ ဥမင်အတွင်း ဖြတ်သန်းပြီး နယ်စပ်အရောက် တပ်ဖွဲ့ဝင်များ၊ စစ်လက်နက်များ နဲ့ စက်ယန္တရား များကို လျှင်မြန်စွာ ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။

မိုင် ၂၁၀၀ ကျော်ရှည်လျားတဲ့ နယ်နိမိတ်တလျောက် နယူးဒေလီနဲ့ ကာလကြာရှည်အငြင်းပွားနေရပြီး မကြာသေး မီ နှစ်များအတွင်း နျူကလီးယာလက်နက်ပိုင် အိမ်နီးချင်း အင်အားကြီးနှစ်နိုင်ငံတို့ ထိပ်တိုက်တွေ့ခဲ့ရတဲ့ နယ်စပ်မှာ တည်ရှိနေတဲ့အတွက် အဲဒီ ဥမင်ဟာ ပေကျင်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်အတွင်း နှစ်နိုင်ငံ နယ်ခြားစောင့်တပ်အချင်းချင်း လက်ချည့်သက်သက် သတ်ပုတ်တဲ့အထိဖြစ်ပွားခဲ့ပြီး နယ်စပ်အနောက်ပိုင်း အတ်ဆိုင်ချင်း-လားဒတ်နယ်မြေမှာ အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ် ၄ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များတုန်းကဆိုရင် နှစ်နိုင်ငံအကြား အတိအလင်း စစ်ခင်းတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။

ဥမင်လှိုဏ်ခေါင်းဖောက်လုပ်ထားတဲ့ အာရူနာချယ် ပရာဒက်ရှ်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံရဲ့အစိတ်အပိုင်းအဖြစ် ကာလကြာရှည် တည်ရှိခဲ့ပေမယ့် တရုတ်ကလည်း သူတိုပိုင်နယ်မြေဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်။ ဥမင်လိုဏ်ခေါင်းစီမံကိန်းနဲ့ မိုဒီကိုယ်တိုင် ပြည်နယ်အတွင်း လာရောက်လည်ပတ်ခြင်းကို မကြာသေးမီရက်များ အတွင်း တရုတ်အရာရှိများက ရှုတ်ချခဲ့ပြီး၊ နယူးဒေလီအနေနဲ့ နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေး ပျက်ပြားအောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

နယ်ခြားဒေသပြဿနာကို ရှုတ်ထွေးစေမယ့် ဘယ်လို လုပ်ဆောင်မှုမျိုးကိုမဆို အိန္ဒိယဘက်က ရပ်တန့်ရန် တရုတ် က ပြင်းထန်စွာ တောင်းဆိုလိုက်ပါတယ်။ တရုတ်စစ်တပ်ဟာ အလွန်သတိကြီးစွာ ထားရှိနေဆဲဖြစ်ပြီး နိုင်ငံ့ အချုပ် အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဖြစ်ကြောင်း" လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာ ပေကျင်းကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ခက်ထန်တဲ့ အသုံးအနှုန်းများနဲ့ အဲဒီသတင်းထုတ်ပြန်ချက်ရဲ့ အာရူနာချယ် ပရာဒက်ရှ်ကို ရည်ညွှန်းရာမှာ တောင်တိဗက် (သို့မဟုတ်) “ကျန်းနန်” လို့ ဖော်ပြခြင်းအားဖြင့် အဲ့ဒီနယ်မြေဟာ အိန္ဒိယပိုင် မဟုတ်ကြောင်း ငြင်းဆိုရာ ရောက်ရှိနေပါတယ်။
ပေကျင်းဟာ အဓိပ္ပါယ်မဲ့ ပြောဆိုနေတယ်လို့ အင်္ဂါနေ့မှာ အိန္ဒိယက အပြစ်တင်ခြင်းဖြင့် ပြန်လည်တုန့်ပြန်လိုက် ပြီး အဲဒီဧရိယာဟာ အိန္ဒိယရဲ့မရှိမဖြစ်နဲ့ဖယ်ထုတ်၍မရတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိခဲ့ပြီး နောင်လည်း အစဉ် အမြဲရှိနေမှာဖြစ်တယ်လို့ ပြောပါတယ်။

အာရူနာချယ်ပရာဒက်ရှ်အပေါ် အိန္ဒိယက အချုပ်အခြာအာဏာပိုင်ကြောင်း ထောက်ခံသူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ အမှန်တကယ် ထိန်းချုပ်မျဉ်း LAC (သို့မဟုတ်) အများသိ နယ်ခြားကို ကျော်လွန်ပြီး စွက်ဖက်နှောက်ယှက်မှု သို့မဟုတ် ကျူး ကျော်မှုများဖြင့် နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုမှုများကို အရှိန်မြှင့်တင်ရန် တစ်ဖက်သတ် ကြိုးပမ်မှု မှန်သမျှ ပြင်းထန်စွာ ဆန့်ကျင်တယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ပြောဆိုချက်ကို ပေကျင်းကလည်း နှုတ်လှန်ထိုးခဲ့ပြီး ဝါရှင်တန်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့ သူ့ရဲ့ ပထဝီနိုင်ငံရေးအကျိုးစီးပွားအတွက် အခြားနိုင်ငံတို့ရဲ့ ပဋိပက္ခများအပေါ် အခွင့်ကောင်းယူပြီး ရန်စဖို့အတွက် စကားနိုင်လုနေတယ်လို့ တုန့်ပြန်စွပ်စွဲပါတယ်။

ယခုဖြစ်ရပ်ဟာ လာမယ့် ရွေးကောက်ပွဲအတွင်း မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီများ ထောက်ခံမဲရရှိလိမ့်မယ်လို့ ရက်သတ္တပတ်များစွာ လုံးထွေးနေမှုများနဲ့ ကွဲပြားနေပါတယ်။ အိန္ဒိယနဲ့ တရုတ်တို့အကြား ဒေသတွင်း၌ သြဇာ လွှမ်းမိုးရန် ပြိုင်ဆိုင်မှုများအပါအဝင် ကာလရှည်ကြာ တည်ရှိနေတဲ့ နယ်စပ်အငြင်းပွားမှုနဲ့ပထဝီဝင်နိုင်ငံရေး အားပြိုင်မှုကို မီးမောင်းထိုးပြပြီးနေပါတယ်။ မိုဒီအစိုးရဟာ တရုတ်ရဲ့ ကြီးထွားလာနေတဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် အင်ဒို-ပစိဖိတ်ဒေသရှိ အခြားနိုင်ငံများနဲ့ ဆက်ဆံရေးကို မြှင့်တင်ခိုင်မာစေခြင်း အပါအဝင် တရုတ် အပေါ် ပိုမိုတင်းမာတဲ့ ရပ်တည်ချက်ကို ကျင့်သုံးလာပါတယ်။

မိုဒီလက်ထက် အိန္ဒိယရဲ့အမျိုးသားရေးဝါဒဟာ အရှိန်မြင့်တက်လာခဲ့ပြီး အလားတူ တရုတ်နိုင်ငံမှာလည်း ခေါင်းဆောင်ရှီကျင့်ဖျင်က သု့ကိုယ်သူ ယုံကြည်လွန်းတဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ကိုယ်တိုင် ကြီးကြပ်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ နှစ်ဖက်စလုံးအနေနဲ့ကတော့ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ပဋိပက္ခများအပြီး နယ် စပ်တင်းမာမှုများကို ပြေငြိမ်းစေဖို့ အားထုတ်နေပုံရပါတယ်။

သောကြာနေ့မှာ ဝန်ကြီးချုပ် မိုဒီဟာ ဘူတန်နိုင်ငံကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။ အိမ်နီးချင်း ဘူ တန်နဲ့ မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်တဲ့ ခရီးစဉ်ဖြစ်ကြောင်း မိုဒီက သူ့ရဲ့ X လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားပါတယ်။ ဟိမဝန္တာတောင်တန်းဒေသ ဝေးလံခေါင်သီတဲ့ ဘူတန်နိုင်ငံဟာ ယခုအခင်းဖြစ်ပွားရာ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်နဲ့သာမက တရုတ်နဲ့လည်းနယ်မြေချင်းထိစပ်နေပါတယ်။ အိန္ဒိယနဲ့ အနီးကပ်ဆုံး မိတ်ဖက်နိုင်ငံဖြစ်ပေမယ့် တရုတ်တိဗက်ဒေသနဲ့ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း တူညီပါတယ်။ ဘူတန်ဟာ သမိုင်းရန်ဘက်ဖြစ်ခဲ့ဖူးတဲ့ တရုတ်နဲ့ တရားဝင် သံအဆက်အသွယ် မရှိ၊ တရုတ်တစ် နိုင်ငံတည်း မူဝါဒကိုလည်း အသိအမှတ်မပြုပေမယ့် ပေကျင်းနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေပါတယ်။ နယူးဒေလီဟာ အဲဒီအငြင်းပွားမှုနဲ့ပတ်သက်ပြီး တရုတ်နဲ့ ဘူတန်ခေါင်းဆောင်တို့အကြား ပြေလည်ဖွယ်အလား အလာကို သတိထားနေခဲ့ပါတယ်။
ယခုလ စောစောပိုင်း အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်ခရီးစဉ်အတွင်း မိုဒီဟာ နယ်စပ်ဒေသအခြေခံအဆောက် အအုံနဲ့ပတ်သက်တဲ့နေရာများ အပါအဝင် အခြားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပရောဂျက်များစွာတို့ကိုလည်း လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ အဲ့ဒီ စီမံကိန်းတွေဟာ ပြိုင်ဖက်နိုင်ငံရဲ့ နယ်စပ်တစ်လျှောက် အစီအရီ တည်ရှိနေပြီး အိန္ဒိယရဲ့ပိုင်နက်နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး မိုဒီအစိုးရရဲ့ အပြင်းအထန် တွန်းအားပေးမှု တစိတ်တပိုင်းဖြစ်ပါ တယ်။ သူတို့လုပ်ရပ်ကို ပေကျင်းက အနီးကပ်စောင့်ကြည့်နေကြောင်း အမူအယာပြသနေသည့်တိုင် အဆိုပါ တွန်းအားပေးမှုဟာ ကြမ်းတမ်းခက်ထန်တဲ့ မြေမျက်နှာသွင်ပြင်က တရုတ်ရဲ့ ကျူးကျော်မှု (သို့မဟုတ်) ချင်းနင်း ထိပါးမှုကို အဟန့်အတားဖြစ်စေတယ်လို့ အိန္ဒိယအစိုးရထံရဲ့ ကာလရှည်ကြာတွေးခေါ်မှုကို ပြောင်းပြန်လှန်ပစ် လိုက်ခြင်းလည်း ဖြစ်ပါတယ်။

အိန္ဒိယတပ်မတော်အတွက် လမ်း၊ တံတားများနဲ့ လေယာဉ်ကွင်းတို့လို အခြေခံအဆောက်အအုံများ တည်ဆောက် ပေးနေတဲ့ BRO ခေါ် အိန္ဒိယလမ်းတည်ဆောက်ရေးအမှုဆောင်တပ်ဖွဲ့ရဲ့ ယမန်နှစ်မှာ စတင်ခဲ့တဲ့ စီမံကိန်း ၁၁၈ ခု အနက် ထက်ဝက်ကျော်ဟာ တရုတ်နဲ့ အငြင်းပွားနယ်စပ်တလျှောက် အာရူနာချယ်ပရာဒက်ရှ်နဲ့ လာဒက်ဒေသ တို့မှာ ဖြစ်နေပါတယ်။ ဒီအတွက် နယူးဒေလီရဲ့ လုပ်ရပ်ဟာ နယ်နိမိတ်ဆိုင်ရာ ပြဿနာကို ရှုပ်ထွေးစေပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ အခြေအနေတွေကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ပေကျင်းက စွပ်စွဲပါတယ်။

ဒါပေမယ့် တရုတ်ကိုယ်တိုင် လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတည်ဆောက်မှုမှာ အိန္ဒိယ ထက် ဆယ်စုနှစ်များစွာ ခေတ်ရှေ့ပြေးနေပါတယ်။ နယူးဒေလီက တပ်ဖွဲဝင်များ အပြေးအလွှား ချထားနေတဲ့ နယ်စပ် ဒေသတလျှောက် ပေကျင်းက “ရှောက်ကန်း” ခေါ် ကျေးရွာပေါင်း ရာနဲ့ချီ တည်ဆောက်ထားပြီးဖြစ်တဲ့ အတွက် အသာစီးရရှိနေတာ ထင်ရှားကြာင်း လေ့လာသူများက ထောက်ပြကြပါတယ်။ ၁၉၇၉ ခုနှစ် တိန့်ရှောင်ဖိန် လက်ထက် “ခေတ်မီ_လေးခု” အစီအစဉ်အရ တစ်စိမ့်စိမ့် တည်ဆောက်ခဲ့တဲ့ အဲဒီလူလတ်တန်းစား ကျေးရွာတွေဟာ မြေယာပိုင်ဆိုင်ခွင့်ကို အဓိပ္ပါယ်ဖော်ဆေင်ခြင်း မဟုတ်ကြောင်း တရုတ်က အစဉ်တစ်စိုက် ငြင်းဆို ခဲ့ပါတယ်။

ကမ္ဘာ့ရှေးအကျဆုံးနဲ့ လူဦးရေအများဆုံး အာရှနိုင်ငံကြီး နှစ်နိုင်ငံတို့အကြား ငြိမ်းချမ်းတဲ့ ဆက်ဆံရေးဟာ နှစ်ပေါင်း ထောင်ချီ တည်တန့်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၄၇-ခုနှစ် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်ပြီး အိန္ဒိယနဲ့ ၁၉၄၉-ခုနှစ် တရုတ်ပြည်တွင်းစစ်မှာ ကွန်မြူနစ်တို့အောင်ပွဲခံပြီးနောကိပိုင်း နှစ်နိုင်ငံဆက်ဆံရေးဟာ အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။ နယ်ခြားအငြင်းပွားမှုများနဲ့ စီးပွားရေးအမျိုးသားဝါဒတို့ ထိပ်တိုက်တွေ့ကြ ပြီး အထူးသဖြင့် တိဗက်ဒေသကို တရုတ်တို့ သိမ်းသွင်းပြီးနောက်ပိုင်း ပိုမိုသိသာလာပါတယ်။ ထွက်ပြေးသွားတဲ့ တိဗက် ခေါင်းဆောင် ဒလိုင်းလားမားကို နယူးဒေလီက လက်ခံထားခြင်း တိဗက်ပြည်ပြေးများရဲ့ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ အခြေစိုက်ရာဖြစ်ခြင်းဟာ ပေကျင်းအနေနဲ့ နယူးဒေလီအပေါ် စိတ်မသက်မသာဖြစ်ရပါတယ်။ တစ်ဖက်မှာလည်း ရန်ဘက် ပါကစ္စတန်နဲ့ တရုတ်တို့အကြား ခိုင်မာတဲ့ စစ်ဘက်ဆက်ဆံမှု၊ ယခင် တိဗက်အစိုးရနဲ့ ဗြိတိသျှအိန္ဒိယတို့အကြားချုပ်ဆိုခဲ့တဲ့ နယ်ခြားသတ်မှတ်ရေးစာချုပ်များကို ပေကျင်းက ငြင်းဆိုခြင်းတို့ဟာ နယူးဒေလီအတွက် ဘဝင်မကျစရာဖြစ်ရပါတယ်။ ၁၉၆၂ ခုနှစ်တုန်းကဆိုရင် နှစ်နိုင်ငံ နယ်ခြားအငြင်းပွားရာက တစ်လကျော်ကြာ အတိအလင်း စစ်မက်ဖြစ်ပွားခဲ့ကြဖူးပါတယ်။

အိန္ဒိယအနေနဲ့ တရုတ်နည်းတူ လိုက်လျောညီထွေဖြစ်စေရန် နယ်စပ်ဒေသအခြေခံအဆောက်အအုံများ တည် ဆောက်ရေးကို အလျင်စလိုလုပ်ဆောင်နေခြင်းဟာ နှစ်နိုင်ငံအကြား တင်းမာမှုများကို ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် ဆယ်လာဥမင်လိုဏ်ခေါင်း စီမံကိန်းကို တရုတ်က အလေးထား သုံးသပ်နေပါတယ်။ ဥမင်လှိုဏ်ခေါင်း တည်ရှိရာ (ဘူတန်နိုင်ငံအရှေ့ဘက်) တာဝမ်းဒေသဟာ နှစ်နိုင်ငံစလုံးအတွက် မဟာဗျူဟာနဲ့ ယဉ်ကျေးမှုအရ အရေးပါ ပါတယ်။ အိန္ဒိယနဲ့ တရုတ်အကြား ဆက်ဆံရေးကို ပိုမိုတင်းမာစေမယ့် ဒလိုင်းလားမား ဆက်ခံရေးနဲ့ ပတ်သက်ပြီး ကြိုတင်မှန်းဆစရာလည်း ဖြစ်နေပါတယ်။ တင်းမာမှုများရှိနေသည့်တိုင် အိန္ဒိယနဲ့ တရုတ်စစ်ဘက် အရာရှိများအကြား မကြာသေးမီက ဆွေးနွေးမှုများအပါအဝင် ပဋိပက္ခလျှော့ချရန် သံတမန် ရေးရာ ကြိုးပမ်းမှုများ ကိုတော့ နှစ်နိုင်ငံအကြား ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

#ဆယ်လာဥမင်လှိုဏ်ခေါင်း #တာဝမ်းဒေသ #ဘူတန်နိုင်ငံ #တရုတ်_အိန္ဒိယ_နယ်ခြားစစ်ပွဲ #ရှောက်ကမ်း #အာရူနာချယ်ပရာဒက်ရှ်
(CNN., 22 March 2024,” A high-altitude tunnel is latest flashpoint in India-China border tensions” ကို #HtayOung, #OungMarine ဆီ‌လျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်)

Zawgyi Version;
အခ်ဳပ္အျခာနယ္ေျမကို ျပတ္သားစြာ ကာကြယ္မည္ဟု တ႐ုတ္ေျပာ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - မတ္ ၂၇

အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ဖ်ား (ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္အေနာက္ဖက္) ဟိမဝႏၲာ မိုးထိေတာင္တန္းမ်ားကို ျဖတ္သန္းၿပီး ေဖာက္လုပ္ထားတဲ့ ဥမင္လႈိဏ္ေခါင္းဟာ နယူးေဒလီနဲ႔ ေပက်င္းတို႔အၾကား နယ္နိမိတ္ဆိုင္ရာအ ျငင္းပြားမႈမွာ ေနာက္ဆုံးမီးပြားတစ္ခု ျဖစ္လာခဲ့တယ္လို႔ CNN က ယမန္ေန႔ ေရးသားပါတယ္။

ယခုလ ေစာေစာပိုင္း အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီကိုယ္တိုင္ ဖြင့္လွစ္ေပးခဲ့တဲ့ “ဆယ္လာဥမင္လိုဏ္ေခါင္း” ဟာ ေပ ၁၃,၀၀၀ ခန႔္ျမင့္မားတဲ့ ဟိမဝႏၲာေတာင္တန္းမ်ားေအာက္မွာ ျဖတ္သန္းေဖာက္လုပ္ထားပါတယ္။ အာသံ ျပည္နယ္ ဂူဝါဟတၱိနဲ႔ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ “တာဝမ္ေတာင္ၾကား” မွာတည္ရွိၿပီး ကမာၻ႔အရွည္ဆုံး ႏွစ္လမ္းသြားဥမင္ဟာ ေျပာင္ေျမာက္လွတဲ့ အင္ဂ်င္နီယာလက္ရာအျဖစ္ အိႏၵိယတစ္ႏိုင္ငံလုံးက ခ်ီးက်ဴးဂုဏ္ျပဳ စရာျဖစ္ေနပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ တင္းမာမႈျဖစ္ပြားေနတယ္လို႔ အမ်ားသိရွိထားၾကတဲ့ နယ္စပ္မ်ဥ္းအေရာက္ ရာသီဥတုမေ႐ြး အခ်ိန္တိုအတြင္း အေရာက္သြားႏိုင္မွာျဖစ္တဲ့အတြက္ စစ္ေရးဆိုင္ရာအက်ိဳးအျမတ္အေနနဲ႔လည္း အလြန္ႀကီးမားလွပါတယ္။ ဆီးႏွင္းခဲမ်ားဖုံးလႊမ္းေနၿပီး အ႐ိုးကြဲမတတ္ ေအးျမလွတဲ့ ေဆာင္းရာသီမွာပင္ ၈ မိုင္နီး ပါးရွည္လွ်ားတဲ့ ဥမင္အတြင္း ျဖတ္သန္းၿပီး နယ္စပ္အေရာက္ တပ္ဖြဲ႕ဝင္မ်ား၊ စစ္လက္နက္မ်ား နဲ႔ စက္ယႏၲရား မ်ားကို လွ်င္ျမန္စြာ ပို႔ေဆာင္ေပးႏိုင္ပါလိမ့္မယ္။

မိုင္ ၂၁၀၀ ေက်ာ္ရွည္လ်ားတဲ့ နယ္နိမိတ္တေလ်ာက္ နယူးေဒလီနဲ႔ ကာလၾကာရွည္အျငင္းပြားေနရၿပီး မၾကာေသး မီ ႏွစ္မ်ားအတြင္း န်ဴကလီးယာလက္နက္ပိုင္ အိမ္နီးခ်င္း အင္အားႀကီးႏွစ္ႏိုင္ငံတို႔ ထိပ္တိုက္ေတြ႕ခဲ့ရတဲ့ နယ္စပ္မွာ တည္ရွိေနတဲ့အတြက္ အဲဒီ ဥမင္ဟာ ေပက်င္းရဲ႕အာ႐ုံကို ဖမ္းစားႏိုင္ခဲ့ပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း ႏွစ္ႏိုင္ငံ နယ္ျခားေစာင့္တပ္အခ်င္းခ်င္း လက္ခ်ည့္သက္သက္ သတ္ပုတ္တဲ့အထိျဖစ္ပြားခဲ့ၿပီး နယ္စပ္အေနာက္ပိုင္း အတ္ဆိုင္ခ်င္း-လားဒတ္နယ္ေျမမွာ အိႏၵိယစစ္သား ၂၀ နဲ႔ တ႐ုတ္ ၄ ဦးထက္မနည္း ေသဆုံးခဲ့ရပါတယ္။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္မ်ားတုန္းကဆိုရင္ ႏွစ္ႏိုင္ငံအၾကား အတိအလင္း စစ္ခင္းတဲ့အထိ ျဖစ္ခဲ့ဖူးပါတယ္။

ဥမင္လႈိဏ္ေခါင္းေဖာက္လုပ္ထားတဲ့ အာ႐ူနာခ်ယ္ ပရာဒက္ရွ္ျပည္နယ္ဟာ အိႏၵိယႏိုင္ငံရဲ႕အစိတ္အပိုင္းအျဖစ္ ကာလၾကာရွည္ တည္ရွိခဲ့ေပမယ့္ တ႐ုတ္ကလည္း သူတိုပိုင္နယ္ေျမျဖစ္တယ္လို႔ အခိုင္အမာ ေျပာဆိုေနပါတယ္။ ဥမင္လိုဏ္ေခါင္းစီမံကိန္းနဲ႔ မိုဒီကိုယ္တိုင္ ျပည္နယ္အတြင္း လာေရာက္လည္ပတ္ျခင္းကို မၾကာေသးမီရက္မ်ား အတြင္း တ႐ုတ္အရာရွိမ်ားက ရႈတ္ခ်ခဲ့ၿပီး၊ နယူးေဒလီအေနနဲ႔ နယ္စပ္တစ္ေလွ်ာက္ ၿငိမ္းခ်မ္းေရး ပ်က္ျပားေအာင္ လုပ္ေဆာင္ေနတယ္လို႔ စြပ္စြဲလိုက္ပါတယ္။

နယ္ျခားေဒသျပႆနာကို ရႈတ္ေထြးေစမယ့္ ဘယ္လို လုပ္ေဆာင္မႈမ်ိဳးကိုမဆို အိႏၵိယဘက္က ရပ္တန႔္ရန္ တ႐ုတ္ က ျပင္းထန္စြာ ေတာင္းဆိုလိုက္ပါတယ္။ တ႐ုတ္စစ္တပ္ဟာ အလြန္သတိႀကီးစြာ ထားရွိေနဆဲျဖစ္ၿပီး ႏိုင္ငံ့ အခ်ဳပ္ အျခာအာဏာနဲ႔ နယ္ေျမတည္တံ့ခိုင္ၿမဲမႈကို ျပတ္ျပတ္သားသား ကာကြယ္သြားမည္ျဖစ္ေၾကာင္း" လြန္ခဲ့တဲ့ ရက္သတၱပတ္မွာ ေပက်င္းကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။ ခက္ထန္တဲ့ အသုံးအႏႈန္းမ်ားနဲ႔ အဲဒီသတင္းထုတ္ျပန္ခ်က္ရဲ႕ အာ႐ူနာခ်ယ္ ပရာဒက္ရွ္ကို ရည္ၫႊန္းရာမွာ ေတာင္တိဗက္ (သို႔မဟုတ္) “က်န္းနန္” လို႔ ေဖာ္ျပျခင္းအားျဖင့္ အဲ့ဒီနယ္ေျမဟာ အိႏၵိယပိုင္ မဟုတ္ေၾကာင္း ျငင္းဆိုရာ ေရာက္ရွိေနပါတယ္။
ေပက်င္းဟာ အဓိပၸါယ္မဲ့ ေျပာဆိုေနတယ္လို႔ အဂၤါေန႔မွာ အိႏၵိယက အျပစ္တင္ျခင္းျဖင့္ ျပန္လည္တုန႔္ျပန္လိုက္ ၿပီး အဲဒီဧရိယာဟာ အိႏၵိယရဲ႕မရွိမျဖစ္နဲ႔ဖယ္ထုတ္၍မရတဲ့ အစိတ္အပိုင္းတစ္ခုအျဖစ္ တည္ရွိခဲ့ၿပီး ေနာင္လည္း အစဥ္ အၿမဲရွိေနမွာျဖစ္တယ္လို႔ ေျပာပါတယ္။

အာ႐ူနာခ်ယ္ပရာဒက္ရွ္အေပၚ အိႏၵိယက အခ်ဳပ္အျခာအာဏာပိုင္ေၾကာင္း ေထာက္ခံသူ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကလည္း ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပြဲမွာ ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။ အမွန္တကယ္ ထိန္းခ်ဳပ္မ်ဥ္း LAC (သို႔မဟုတ္) အမ်ားသိ နယ္ျခားကို ေက်ာ္လြန္ၿပီး စြက္ဖက္ေႏွာက္ယွက္မႈ သို႔မဟုတ္ က်ဴး ေက်ာ္မႈမ်ားျဖင့္ နယ္ေျမပိုင္ဆိုင္ေၾကာင္း ေတာင္းဆိုမႈမ်ားကို အရွိန္ျမႇင့္တင္ရန္ တစ္ဖက္သတ္ ႀကိဳးပမ္မႈ မွန္သမွ် ျပင္းထန္စြာ ဆန႔္က်င္တယ္လို႔ ေျပာပါတယ္။

အေမရိကန္ရဲ႕ေျပာဆိုခ်က္ကို ေပက်င္းကလည္း ႏႈတ္လွန္ထိုးခဲ့ၿပီး ဝါရွင္တန္ဟာ တစ္ကိုယ္ေကာင္းဆန္တဲ့ သူ႔ရဲ႕ ပထဝီႏိုင္ငံေရးအက်ိဳးစီးပြားအတြက္ အျခားႏိုင္ငံတို႔ရဲ႕ ပဋိပကၡမ်ားအေပၚ အခြင့္ေကာင္းယူၿပီး ရန္စဖို႔အတြက္ စကားႏိုင္လုေနတယ္လို႔ တုန႔္ျပန္စြပ္စြဲပါတယ္။

ယခုျဖစ္ရပ္ဟာ လာမယ့္ ေ႐ြးေကာက္ပြဲအတြင္း မိုဒီရဲ႕ ဟိႏၵဴအမ်ိဳးသားေရးဝါဒီမ်ား ေထာက္ခံမဲရရွိလိမ့္မယ္လို႔ ရက္သတၱပတ္မ်ားစြာ လုံးေထြးေနမႈမ်ားနဲ႔ ကြဲျပားေနပါတယ္။ အိႏၵိယနဲ႔ တ႐ုတ္တို႔အၾကား ေဒသတြင္း၌ ၾသဇာ လႊမ္းမိုးရန္ ၿပိဳင္ဆိုင္မႈမ်ားအပါအဝင္ ကာလရွည္ၾကာ တည္ရွိေနတဲ့ နယ္စပ္အျငင္းပြားမႈနဲ႔ပထဝီဝင္ႏိုင္ငံေရး အားၿပိဳင္မႈကို မီးေမာင္းထိုးျပၿပီးေနပါတယ္။ မိုဒီအစိုးရဟာ တ႐ုတ္ရဲ႕ ႀကီးထြားလာေနတဲ့ ၾသဇာလႊမ္းမိုးမႈကို တန္ျပန္ရန္ အင္ဒို-ပစိဖိတ္ေဒသရွိ အျခားႏိုင္ငံမ်ားနဲ႔ ဆက္ဆံေရးကို ျမႇင့္တင္ခိုင္မာေစျခင္း အပါအဝင္ တ႐ုတ္ အေပၚ ပိုမိုတင္းမာတဲ့ ရပ္တည္ခ်က္ကို က်င့္သုံးလာပါတယ္။

မိုဒီလက္ထက္ အိႏၵိယရဲ႕အမ်ိဳးသားေရးဝါဒဟာ အရွိန္ျမင့္တက္လာခဲ့ၿပီး အလားတူ တ႐ုတ္ႏိုင္ငံမွာလည္း ေခါင္းေဆာင္ရွီက်င့္ဖ်င္က သု႔ကိုယ္သူ ယုံၾကည္လြန္းတဲ့ ႏိုင္ငံျခားေရးမူဝါဒအေပၚ ကိုယ္တိုင္ ႀကီးၾကပ္ခ်ိန္နဲ႔ တိုက္ဆိုင္ေနပါတယ္။ ႏွစ္ဖက္စလုံးအေနနဲ႔ကေတာ့ ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း ျဖစ္ပြားခဲ့တဲ့ပဋိပကၡမ်ားအၿပီး နယ္ စပ္တင္းမာမႈမ်ားကို ေျပၿငိမ္းေစဖို႔ အားထုတ္ေနပုံရပါတယ္။

ေသာၾကာေန႔မွာ ဝန္ႀကီးခ်ဳပ္ မိုဒီဟာ ဘူတန္ႏိုင္ငံကိုလည္း သြားေရာက္လည္ပတ္ခဲ့ပါတယ္။ အိမ္နီးခ်င္း ဘူ တန္နဲ႔ မိတ္ဖက္ဆက္ဆံေရး ပိုမိုခိုင္မာေစရန္ ရည္႐ြယ္တဲ့ ခရီးစဥ္ျဖစ္ေၾကာင္း မိုဒီက သူ႔ရဲ႕ X လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးသားပါတယ္။ ဟိမဝႏၲာေတာင္တန္းေဒသ ေဝးလံေခါင္သီတဲ့ ဘူတန္ႏိုင္ငံဟာ ယခုအခင္းျဖစ္ပြားရာ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္နဲ႔သာမက တ႐ုတ္နဲ႔လည္းနယ္ေျမခ်င္းထိစပ္ေနပါတယ္။ အိႏၵိယနဲ႔ အနီးကပ္ဆုံး မိတ္ဖက္ႏိုင္ငံျဖစ္ေပမယ့္ တ႐ုတ္တိဗက္ေဒသနဲ႔ ဘာသာစကား၊ ယဥ္ေက်းမႈဓေလ့ထုံးတမ္း တူညီပါတယ္။ ဘူတန္ဟာ သမိုင္းရန္ဘက္ျဖစ္ခဲ့ဖူးတဲ့ တ႐ုတ္နဲ႔ တရားဝင္ သံအဆက္အသြယ္ မရွိ၊ တ႐ုတ္တစ္ ႏိုင္ငံတည္း မူဝါဒကိုလည္း အသိအမွတ္မျပဳေပမယ့္ ေပက်င္းနဲ႔ ခင္မင္ရင္းႏွီးတဲ့ ဆက္ဆံေရးရွိေနပါတယ္။ နယူးေဒလီဟာ အဲဒီအျငင္းပြားမႈနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔ ဘူတန္ေခါင္းေဆာင္တို႔အၾကား ေျပလည္ဖြယ္အလား အလာကို သတိထားေနခဲ့ပါတယ္။
ယခုလ ေစာေစာပိုင္း အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ခရီးစဥ္အတြင္း မိုဒီဟာ နယ္စပ္ေဒသအေျခခံအေဆာက္ အအုံနဲ႔ပတ္သက္တဲ့ေနရာမ်ား အပါအဝင္ အျခားဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ ပေရာဂ်က္မ်ားစြာတို႔ကိုလည္း လွည့္လည္ၾကည့္ရႈခဲ့ပါတယ္။ အဲ့ဒီ စီမံကိန္းေတြဟာ ၿပိဳင္ဖက္ႏိုင္ငံရဲ႕ နယ္စပ္တစ္ေလွ်ာက္ အစီအရီ တည္ရွိေနၿပီး အိႏၵိယရဲ႕ပိုင္နက္နယ္ေျမ ဖြံ႕ၿဖိဳးတိုးတက္ေရး မိုဒီအစိုးရရဲ႕ အျပင္းအထန္ တြန္းအားေပးမႈ တစိတ္တပိုင္းျဖစ္ပါ တယ္။ သူတို႔လုပ္ရပ္ကို ေပက်င္းက အနီးကပ္ေစာင့္ၾကည့္ေနေၾကာင္း အမူအယာျပသေနသည့္တိုင္ အဆိုပါ တြန္းအားေပးမႈဟာ ၾကမ္းတမ္းခက္ထန္တဲ့ ေျမမ်က္ႏွာသြင္ျပင္က တ႐ုတ္ရဲ႕ က်ဴးေက်ာ္မႈ (သို႔မဟုတ္) ခ်င္းနင္း ထိပါးမႈကို အဟန႔္အတားျဖစ္ေစတယ္လို႔ အိႏၵိယအစိုးရထံရဲ႕ ကာလရွည္ၾကာေတြးေခၚမႈကို ေျပာင္းျပန္လွန္ပစ္ လိုက္ျခင္းလည္း ျဖစ္ပါတယ္။

အိႏၵိယတပ္မေတာ္အတြက္ လမ္း၊ တံတားမ်ားနဲ႔ ေလယာဥ္ကြင္းတို႔လို အေျခခံအေဆာက္အအုံမ်ား တည္ေဆာက္ ေပးေနတဲ့ BRO ေခၚ အိႏၵိယလမ္းတည္ေဆာက္ေရးအမႈေဆာင္တပ္ဖြဲ႕ရဲ႕ ယမန္ႏွစ္မွာ စတင္ခဲ့တဲ့ စီမံကိန္း ၁၁၈ ခု အနက္ ထက္ဝက္ေက်ာ္ဟာ တ႐ုတ္နဲ႔ အျငင္းပြားနယ္စပ္တေလွ်ာက္ အာ႐ူနာခ်ယ္ပရာဒက္ရွ္နဲ႔ လာဒက္ေဒသ တို႔မွာ ျဖစ္ေနပါတယ္။ ဒီအတြက္ နယူးေဒလီရဲ႕ လုပ္ရပ္ဟာ နယ္နိမိတ္ဆိုင္ရာ ျပႆနာကို ရႈပ္ေထြးေစၿပီး ႏွစ္ႏိုင္ငံ နယ္စပ္ေဒသ အေျခအေနေတြကို အေႏွာင့္အယွက္ျဖစ္ေစတယ္လို႔ ေပက်င္းက စြပ္စြဲပါတယ္။

ဒါေပမယ့္ တ႐ုတ္ကိုယ္တိုင္ လမ္းပန္းဆက္သြယ္ေရးနဲ႔ အေျခခံအေဆာက္အအုံတည္ေဆာက္မႈမွာ အိႏၵိယ ထက္ ဆယ္စုႏွစ္မ်ားစြာ ေခတ္ေရွ႕ေျပးေနပါတယ္။ နယူးေဒလီက တပ္ဖြဲဝင္မ်ား အေျပးအလႊား ခ်ထားေနတဲ့ နယ္စပ္ ေဒသတေလွ်ာက္ ေပက်င္းက “ေရွာက္ကန္း” ေခၚ ေက်း႐ြာေပါင္း ရာနဲ႔ခ်ီ တည္ေဆာက္ထားၿပီးျဖစ္တဲ့ အတြက္ အသာစီးရရွိေနတာ ထင္ရွားၾကာင္း ေလ့လာသူမ်ားက ေထာက္ျပၾကပါတယ္။ ၁၉၇၉ ခုႏွစ္ တိန႔္ေရွာင္ဖိန္ လက္ထက္ “ေခတ္မီ_ေလးခု” အစီအစဥ္အရ တစ္စိမ့္စိမ့္ တည္ေဆာက္ခဲ့တဲ့ အဲဒီလူလတ္တန္းစား ေက်း႐ြာေတြဟာ ေျမယာပိုင္ဆိုင္ခြင့္ကို အဓိပၸါယ္ေဖာ္ေဆင္ျခင္း မဟုတ္ေၾကာင္း တ႐ုတ္က အစဥ္တစ္စိုက္ ျငင္းဆို ခဲ့ပါတယ္။

ကမာၻ႔ေရွးအက်ဆုံးနဲ႔ လူဦးေရအမ်ားဆုံး အာရွႏိုင္ငံႀကီး ႏွစ္ႏိုင္ငံတို႔အၾကား ၿငိမ္းခ်မ္းတဲ့ ဆက္ဆံေရးဟာ ႏွစ္ေပါင္း ေထာင္ခ်ီ တည္တန႔္ခဲ့ပါတယ္။ ဒါေပမယ့္ ၁၉၄၇-ခုႏွစ္ ၿဗိတိသွ်ကိုလိုနီလက္ေအာက္မွ လြတ္ေျမာက္ၿပီး အိႏၵိယနဲ႔ ၁၉၄၉-ခုႏွစ္ တ႐ုတ္ျပည္တြင္းစစ္မွာ ကြန္ျမဴနစ္တို႔ေအာင္ပြဲခံၿပီးေနာကိပိုင္း ႏွစ္ႏိုင္ငံဆက္ဆံေရးဟာ အႀကီးအက်ယ္ေျပာင္းလဲခဲ့ပါတယ္။ နယ္ျခားအျငင္းပြားမႈမ်ားနဲ႔ စီးပြားေရးအမ်ိဳးသားဝါဒတို႔ ထိပ္တိုက္ေတြ႕ၾက ၿပီး အထူးသျဖင့္ တိဗက္ေဒသကို တ႐ုတ္တို႔ သိမ္းသြင္းၿပီးေနာက္ပိုင္း ပိုမိုသိသာလာပါတယ္။ ထြက္ေျပးသြားတဲ့ တိဗက္ ေခါင္းေဆာင္ ဒလိုင္းလားမားကို နယူးေဒလီက လက္ခံထားျခင္း တိဗက္ျပည္ေျပးမ်ားရဲ႕ တ႐ုတ္ဆန႔္က်င္ေရး လႈပ္ရွားမႈမ်ား အေျခစိုက္ရာျဖစ္ျခင္းဟာ ေပက်င္းအေနနဲ႔ နယူးေဒလီအေပၚ စိတ္မသက္မသာျဖစ္ရပါတယ္။ တစ္ဖက္မွာလည္း ရန္ဘက္ ပါကစၥတန္နဲ႔ တ႐ုတ္တို႔အၾကား ခိုင္မာတဲ့ စစ္ဘက္ဆက္ဆံမႈ၊ ယခင္ တိဗက္အစိုးရနဲ႔ ၿဗိတိသွ်အိႏၵိယတို႔အၾကားခ်ဳပ္ဆိုခဲ့တဲ့ နယ္ျခားသတ္မွတ္ေရးစာခ်ဳပ္မ်ားကို ေပက်င္းက ျငင္းဆိုျခင္းတို႔ဟာ နယူးေဒလီအတြက္ ဘဝင္မက်စရာျဖစ္ရပါတယ္။ ၁၉၆၂ ခုႏွစ္တုန္းကဆိုရင္ ႏွစ္ႏိုင္ငံ နယ္ျခားအျငင္းပြားရာက တစ္လေက်ာ္ၾကာ အတိအလင္း စစ္မက္ျဖစ္ပြားခဲ့ၾကဖူးပါတယ္။

အိႏၵိယအေနနဲ႔ တ႐ုတ္နည္းတူ လိုက္ေလ်ာညီေထြျဖစ္ေစရန္ နယ္စပ္ေဒသအေျခခံအေဆာက္အအုံမ်ား တည္ ေဆာက္ေရးကို အလ်င္စလိုလုပ္ေဆာင္ေနျခင္းဟာ ႏွစ္ႏိုင္ငံအၾကား တင္းမာမႈမ်ားကို ပိုမိုျဖစ္ေပၚလာႏိုင္ပါတယ္။ အထူးသျဖင့္ ဆယ္လာဥမင္လိုဏ္ေခါင္း စီမံကိန္းကို တ႐ုတ္က အေလးထား သုံးသပ္ေနပါတယ္။ ဥမင္လႈိဏ္ေခါင္း တည္ရွိရာ (ဘူတန္ႏိုင္ငံအေရွ႕ဘက္) တာဝမ္းေဒသဟာ ႏွစ္ႏိုင္ငံစလုံးအတြက္ မဟာဗ်ဴဟာနဲ႔ ယဥ္ေက်းမႈအရ အေရးပါ ပါတယ္။ အိႏၵိယနဲ႔ တ႐ုတ္အၾကား ဆက္ဆံေရးကို ပိုမိုတင္းမာေစမယ့္ ဒလိုင္းလားမား ဆက္ခံေရးနဲ႔ ပတ္သက္ၿပီး ႀကိဳတင္မွန္းဆစရာလည္း ျဖစ္ေနပါတယ္။ တင္းမာမႈမ်ားရွိေနသည့္တိုင္ အိႏၵိယနဲ႔ တ႐ုတ္စစ္ဘက္ အရာရွိမ်ားအၾကား မၾကာေသးမီက ေဆြးေႏြးမႈမ်ားအပါအဝင္ ပဋိပကၡေလွ်ာ့ခ်ရန္ သံတမန္ ေရးရာ ႀကိဳးပမ္းမႈမ်ား ကိုေတာ့ ႏွစ္ႏိုင္ငံအၾကား ဆက္လက္ျပဳလုပ္ေနဆဲျဖစ္ပါတယ္။

#ဆယ္လာဥမင္လႈိဏ္ေခါင္း #တာဝမ္းေဒသ #ဘူတန္ႏိုင္ငံ #တ႐ုတ္_အိႏၵိယ_နယ္ျခားစစ္ပြဲ #ေရွာက္ကမ္း #အာ႐ူနာခ်ယ္ပရာဒက္ရွ္
(CNN., 22 March 2024,” A high-altitude tunnel is latest flashpoint in India-China border tensions” ကို #HtayOung, #OungMarine ဆီ‌ေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္)

Related news

© 2021. All rights reserved.