ဝေါမြို့နယ်တွင် တွဲကားတစ်စီးပေါ်မှ ငွေကျပ် ၃.၇၈ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

 765

သန့်ဇင် (NP News) - ဧပြီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် တွဲကားတစ်စီးပေါ်မှ ငွေကျပ် ၃.၇၈ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဧပြီလ ၂၅ ရက်၊ နံနက် ၉ နာရီအချိန်ခန့်က ဝေါမြို့နယ်၊ ညောင်ခါးရှည် ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာအနီးတွင် ဘုရားကြီးမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ နောင်ဝင်းထွန်း(ခ)နောင်နောင် (၂၈)နှစ် မောင်းနှင်ပြီး အောင်ချမ်းသာ (၂၃)နှစ်နှင့် ဝေဖြိုးကျော်(၂၉)နှစ်တို့ လိုက်လာသည့် MAN အမျိုးအစား တွဲကားကို ရပ်တန့်စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ငွေကျပ်သိန်း(၃၀၀၀၀)တန်ဖိုးရှိ အိုက်စ် (မက်အဖက်တမင်း) ၁၀၀ ကီလိုနှင့် ငွေကျပ်သိန်း(၇၈၀၀)တန်ဖိုးရှိ ကက်တမင်း အလေးချိန် ၁၃ ကီလိုကို ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ၎င်းတို့(၃)ဦးကို ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ေဝါၿမိဳ႕နယ္တြင္ တြဲကားတစ္စီးေပၚမွ ေငြက်ပ္ ၃.၇၈ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ဧၿပီ ၂၉

ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္တြင္ တြဲကားတစ္စီးေပၚမွ ေငြက်ပ္ ၃.၇၈ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ဧၿပီလ ၂၅ ရက္၊ နံနက္ ၉ နာရီအခ်ိန္ခန႔္က ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္ ေက်း႐ြာအနီးတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာအနီးတြင္ ဘုရားႀကီးၿမိဳ႕ဘက္မွ ေမာ္လၿမိဳင္ၿမိဳ႕ဘက္သို႔ ေနာင္ဝင္းထြန္း(ခ)ေနာင္ေနာင္ (၂၈)ႏွစ္ ေမာင္းႏွင္ၿပီး ေအာင္ခ်မ္းသာ (၂၃)ႏွစ္ႏွင့္ ေဝၿဖိဳးေက်ာ္(၂၉)ႏွစ္တို႔ လိုက္လာသည့္ MAN အမ်ိဳးအစား တြဲကားကို ရပ္တန႔္စစ္ေဆးရွာေဖြမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ စစ္ေဆးရွာေဖြခဲ့ရာ ကားေပၚတြင္ သိုဝွက္သယ္ေဆာင္လာေသာ ေငြက်ပ္သိန္း(၃၀၀၀၀)တန္ဖိုးရွိ အိုက္စ္ (မက္အဖက္တမင္း) ၁၀၀ ကီလိုႏွင့္ ေငြက်ပ္သိန္း(၇၈၀၀)တန္ဖိုးရွိ ကက္တမင္း အေလးခ်ိန္ ၁၃ ကီလိုကို ဖမ္းဆီး ရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ၎တို႔(၃)ဦးကို ေဝါၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္ အေရးယူထားၿပီး ကြင္းဆက္မ်ားအား စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.