ရဟတ်ယာဉ်ဖြင့် တပ်ကုန်းနှင့် ညောင်ရွှေရှိ ကြိုးဝိုင်းဧရိယာ ဧကရှစ်ရာကျော်တွင် သစ်စေ့မြေလုံးများကြဲချ

228

ချယ်ရီ (NP News)- ဩဂုတ် ၂၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကြိုးဝိုင်းဧရိယာ (၈၇၆) ဧကကျော်၌ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) က ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်း ရေဝေရေလဲဧရိယာအတွင်းရှိ လွှဘုံကြိုးဝိုင်းအကွက်အမှတ်(၂၀) ရှိ ဧရိယာ (၁၀ ဒသမ ၄) ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား(၅)မျိုးဖြစ်သည့် မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်းသစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံး စုစုပေါင်း (၁၀၀,၀၀၀)လုံး ကြဲချခဲ့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ထို့ပြင် ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရေဝေရေလဲဧရိယာအတွင်း အင်းလေးအနောက်ကြိုးပြင်ကာကွယ် တောရှိ တောနိမ့်တောပါး၊ ကွက်လပ်ဖြစ်ပေါ်နေသော တောင်ကုန်းများ ဧရိယာ (၈၆၆) ဧကတွင် ဒေသနှင့်ကိုက်ညီ သော သစ်ပင်အမျိုးအစား(၃)မျိုးဖြစ်သည့် ကုလားကုက္ကို၊ ဘောစကိုင်း၊ အော်ရီးရှားသစ်စေ့များဖြင့် ပြုလုပ်ထား သော သစ်စေ့မြေလုံး စုစုပေါင်း (၂၀၀,၀၀၀)လုံးကို ရဟတ်ယာဉ်ဖြင့် နှစ်ခေါက်ကြဲချခဲ့ပြီး အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်ခဲ့ကြောင်း သိရသည်။
(၂၀၂၅) ခုနှစ် မိုးရာသီတွင် ဆင်သေချောင်းနှင့် အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောအတွင်း သစ်စေ့ကြဲချ ခြင်း အောင်မြင်ရှင်သန်မှုအခြေအနေများကို လာမည့်ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ်၍ အပင်ပေါက် ရောက်မှုကာလနှင့် သစ်စေ့မျိုးအလိုက် ပေါက်ရောက်မှု၊ ရှင်သန်နိုင်မှုအခြေအနေကို စာရင်းကောက်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ သစ်စေ့မြေလုံး ကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဧရိယာ ကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း၊ သွားလာရန် ခက်ခဲသည့်တောင်ကုန်း၊ တောင်တန်းများတွင် ရဟတ်ယာဉ် များဖြင့် ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခြင်းသည် ပျိုးပင်ဖြင့်စိုက်ပျိုးခြင်းကဲ့သို့ ရှင်သန်အောင်မြင်မှု အထိုက်အလျောက်ထိရောက်မှုရှိကြောင်းလည်း သိရသည်။

Zawgyi Version:
ရဟတ္ယာဥ္ျဖင့္ တပ္ကုန္းႏွင့္ ေညာင္ေ႐ႊရွိ ႀကိဳးဝိုင္းဧရိယာ ဧကရွစ္ရာေက်ာ္တြင္ သစ္ေစ့ေျမလုံးမ်ားႀကဲခ်
ခ်ယ္ရီ (NP News)- ဩဂုတ္ ၂၄
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေလ)တို႔ပူးေပါင္း၍ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တပ္ကုန္းၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္အတြင္းရွိ ႀကိဳးဝိုင္းဧရိယာ (၈၇၆) ဧကေက်ာ္၌ ယမန္ေန႔ (ဩဂုတ္လ ၂၃ ရက္) က ရဟတ္ယာဥ္ျဖင့္ သစ္ေစ့ေျမလုံးမ်ား ႀကဲခ်ျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
တပ္ကုန္းၿမိဳ႕နယ္၊ ဆင္ေသေခ်ာင္း ေရေဝေရလဲဧရိယာအတြင္းရွိ လႊဘုံႀကိဳးဝိုင္းအကြက္အမွတ္(၂၀) ရွိ ဧရိယာ (၁၀ ဒသမ ၄) ဧကတြင္ ေဒသႏွင့္ကိုက္ညီေသာ သစ္ပင္အမ်ိဳးအစား(၅)မ်ိဳးျဖစ္သည့္ ျမန္မာကုကၠိဳ၊ စစ္၊ စိန္ပန္း၊ မဲဇလီ၊ ေဘာစကိုင္းသစ္ေစ့မ်ားျဖင့္ ျပဳလုပ္ထားေသာ သစ္ေစ့ေျမလုံး စုစုေပါင္း (၁၀၀,၀၀၀)လုံး ႀကဲခ်ခဲ့ သယံဇာတ ႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးမင္းသူႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ ေၾကာင္း သိရသည္။
ထို႔ျပင္ ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးကန္ ေရေဝေရလဲဧရိယာအတြင္း အင္းေလးအေနာက္ႀကိဳးျပင္ကာကြယ္ ေတာရွိ ေတာနိမ့္ေတာပါး၊ ကြက္လပ္ျဖစ္ေပၚေနေသာ ေတာင္ကုန္းမ်ား ဧရိယာ (၈၆၆) ဧကတြင္ ေဒသႏွင့္ကိုက္ညီ ေသာ သစ္ပင္အမ်ိဳးအစား(၃)မ်ိဳးျဖစ္သည့္ ကုလားကုကၠိဳ၊ ေဘာစကိုင္း၊ ေအာ္ရီးရွားသစ္ေစ့မ်ားျဖင့္ ျပဳလုပ္ထား ေသာ သစ္ေစ့ေျမလုံး စုစုေပါင္း (၂၀၀,၀၀၀)လုံးကို ရဟတ္ယာဥ္ျဖင့္ ႏွစ္ေခါက္ႀကဲခ်ခဲ့ၿပီး အဆိုပါအခမ္းအနားကို ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေအာင္ေအာင္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
(၂၀၂၅) ခုႏွစ္ မိုးရာသီတြင္ ဆင္ေသေခ်ာင္းႏွင့္ အင္းေလးအေနာက္ ႀကိဳးျပင္ကာကြယ္ေတာအတြင္း သစ္ေစ့ႀကဲခ် ျခင္း ေအာင္ျမင္ရွင္သန္မႈအေျခအေနမ်ားကို လာမည့္ဒီဇင္ဘာလတြင္ နမူနာကြက္မ်ားျပဳလုပ္၍ အပင္ေပါက္ ေရာက္မႈကာလႏွင့္ သစ္ေစ့မ်ိဳးအလိုက္ ေပါက္ေရာက္မႈ၊ ရွင္သန္ႏိုင္မႈအေျခအေနကို စာရင္းေကာက္ယူေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုကဲ့သို႔ သစ္ေစ့ေျမလုံး ႀကဲခ်စိုက္ပ်ိဳးျခင္းသည္ ကုန္က်စရိတ္သက္သာျခင္း၊ လူအင္အားအနည္းငယ္ျဖင့္ ဧရိယာ က်ယ္ဝန္းစြာ စိုက္ပ်ိဳးေဆာင္႐ြက္ႏိုင္ျခင္း၊ သြားလာရန္ ခက္ခဲသည့္ေတာင္ကုန္း၊ ေတာင္တန္းမ်ားတြင္ ရဟတ္ယာဥ္ မ်ားျဖင့္ ေဆာင္႐ြက္ႏိုင္ျခင္း၊ အခ်ိန္တိုအတြင္း ဧရိယာက်ယ္က်ယ္ျပန႔္ျပန႔္ေဆာင္႐ြက္ႏိုင္ျခင္းသည္ ပ်ိဳးပင္ျဖင့္စိုက္ပ်ိဳးျခင္းကဲ့သို႔ ရွင္သန္ေအာင္ျမင္မႈ အထိုက္အေလ်ာက္ထိေရာက္မႈရွိေၾကာင္းလည္း သိရသည္။