ဂါဇာကမ်းခြေတွင် လေကြောင်းမှချပေးသော အကူအညီအထုပ်ဆီသို့ ရောက်ရှိရန်ကြိုးပမ်းကြချိန်အတွင်း လူ(၁၂)ဦးရေနစ်သေဆုံး

 1567

Pika (NP News) - မတ် ၂၇

ဂါဇာကမ်းခြေတွင် လေယာဉ်များပေါ်မှ လေထီးဖြင့်ချပေးသော အကူအညီအထုပ်များဆီသို့ ရောက်ရှိရန်ကြိုးပမ်းကြစဉ်အချိန်အတွင်း လူ(၁၂)ဦးရေနစ်သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရးအာဏာပိုင်များက မတ်လ(၂၆)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ပြင် ဂါဇာကမ်းမြောင်ဒေသတွင် အငတ်ဘေးကြုံတွေ့နေရမှုများနှင့် ပတ်သက်ပြီး စိုးရိမ်မှုများလည်း ပိုမိုမြင့်တက်လာခဲ့ကြောင်းသိရသည်။ လေကြောင်းမှချပေးသော အကူအညီအထုပ်များကျလာချိန်တွင် ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း Beit Lahia မြို့ရှိ ကမ်းခြေသို့ လူအများအပြား ပြေးသွားကြသည်ကို ရိုက်တာသတင်းဌာနက ဖော်ပြထားသော ဗီဒီယိုဖိုင်တွင် တွေ့မြင်ခဲ့ရသည်။ ရေထဲတွင် ရပ်နေသောလူများနှင့်သေဆုံးသူများ၏ရုပ်အလောင်းကို ကမ်းခြေသို့ဆွဲခေါ်လာသူများကိုလည်း အဆိုပါဗီဒီယိုဖိုင်တွင် တွေ့မြင်ခဲ့ရသည်။

မတ်လ(၂၅)ရက်တွင် ဂါဇာကမ်းမြောင်ဒေသသို့ လေကြောင်းမှချပေးသည့် အကူအညီအထုပ်(၁၈)ခုအနက် (၃)ခုသည် လေထီးချို့ယွင်းမှုကြောင့် ရေထဲသို့ကျသွားခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါအကူအညီအထုပ်များဆီသို့ ရောက်ရှိရန်ကြိုးပမ်းခဲ့သူများ သေဆုံးမှု ရှိ/မရှိဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။

ကမ်းခြေတွင် ရပ်နေသည့် အမျိုးသားတစ်ဦးက 'ဒီအမျိုးသားဟာ သူ့ရဲ့ကလေးတွေအတွက် အစားအစာရရှိဖို့ ရေထဲကို ကူးသွားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူကရေနစ်သေဆုံးသွားခဲ့ပါတယ်။ အကူအညီတွေ ပေးနေတဲ့နိုင်ငံတွေဟာ ဒီအကူအညီအထုပ်တွေကို ကုန်းလမ်းကနေပဲ ပေးသင့်ပါတယ်။ သူတို့ ကျွန်တော်တို့အပေါ် ဘာလို့ ဒီလိုလုပ်ရတာလဲ'ဟု ပြောဆိုခဲ့သည်။

zawgyi version
ဂါဇာကမ္းေျခတြင္ ေလေၾကာင္းမွခ်ေပးေသာ အကူအညီအထုပ္ဆီသို႔ ေရာက္ရွိရန္ႀကိဳးပမ္းၾကခ်ိန္အတြင္း လူ(၁၂)ဦးေရနစ္ေသဆုံး
Pika (NP News) - မတ္ ၂၇

ဂါဇာကမ္းေျခတြင္ ေလယာဥ္မ်ားေပၚမွ ေလထီးျဖင့္ခ်ေပးေသာ အကူအညီအထုပ္မ်ားဆီသို႔ ေရာက္ရွိရန္ႀကိဳးပမ္းၾကစဥ္အခ်ိန္အတြင္း လူ(၁၂)ဦးေရနစ္ေသဆုံးခဲ့ေၾကာင္း ပါလက္စတိုင္းက်န္းမာရးအာဏာပိုင္မ်ားက မတ္လ(၂၆)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ထို႔ျပင္ ဂါဇာကမ္းေျမာင္ေဒသတြင္ အငတ္ေဘးႀကဳံေတြ႕ေနရမႈမ်ားႏွင့္ ပတ္သက္ၿပီး စိုးရိမ္မႈမ်ားလည္း ပိုမိုျမင့္တက္လာခဲ့ေၾကာင္းသိရသည္။ ေလေၾကာင္းမွခ်ေပးေသာ အကူအညီအထုပ္မ်ားက်လာခ်ိန္တြင္ ဂါဇာကမ္းေျမာင္ေဒသေျမာက္ပိုင္း Beit Lahia ၿမိဳ႕ရွိ ကမ္းေျခသို႔ လူအမ်ားအျပား ေျပးသြားၾကသည္ကို ႐ိုက္တာသတင္းဌာနက ေဖာ္ျပထားေသာ ဗီဒီယိုဖိုင္တြင္ ေတြ႕ျမင္ခဲ့ရသည္။ ေရထဲတြင္ ရပ္ေနေသာလူမ်ားႏွင့္ေသဆုံးသူမ်ား၏႐ုပ္အေလာင္းကို ကမ္းေျခသို႔ဆြဲေခၚလာသူမ်ားကိုလည္း အဆိုပါဗီဒီယိုဖိုင္တြင္ ေတြ႕ျမင္ခဲ့ရသည္။

မတ္လ(၂၅)ရက္တြင္ ဂါဇာကမ္းေျမာင္ေဒသသို႔ ေလေၾကာင္းမွခ်ေပးသည့္ အကူအညီအထုပ္(၁၈)ခုအနက္ (၃)ခုသည္ ေလထီးခ်ိဳ႕ယြင္းမႈေၾကာင့္ ေရထဲသို႔က်သြားခဲ့ေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း အဆိုပါအကူအညီအထုပ္မ်ားဆီသို႔ ေရာက္ရွိရန္ႀကိဳးပမ္းခဲ့သူမ်ား ေသဆုံးမႈ ရွိ/မရွိဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္း ပင္တဂြန္က ေျပာၾကားခဲ့သည္။

ကမ္းေျခတြင္ ရပ္ေနသည့္ အမ်ိဳးသားတစ္ဦးက 'ဒီအမ်ိဳးသားဟာ သူ႔ရဲ႕ကေလးေတြအတြက္ အစားအစာရရွိဖို႔ ေရထဲကို ကူးသြားခဲ့ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ သူကေရနစ္ေသဆုံးသြားခဲ့ပါတယ္။ အကူအညီေတြ ေပးေနတဲ့ႏိုင္ငံေတြဟာ ဒီအကူအညီအထုပ္ေတြကို ကုန္းလမ္းကေနပဲ ေပးသင့္ပါတယ္။ သူတို႔ ကြၽန္ေတာ္တို႔အေပၚ ဘာလို႔ ဒီလိုလုပ္ရတာလဲ'ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.