ရုရှားကို အရှုံးမပေးဘဲ သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေ ပြန်လည်ရယူနိုင်အောင်ကြိုးပမ်းနေတဲ့ ယူကရိန်းသမ္မတဇီလန်စကီး

 1090

ဂျန်ဇက် (NP News) - မတ် ၂၉

ရုရှားနဲ့ယူကရိန်းနိုင်ငံကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ၃ နှစ်အတွင်းကိုရောက်ရှိလာပေမယ့် လက် ရှိအချိန်အထိ အပစ်အခတ်ရပ်စဲရေး၊ သဘောတူညီချက် မရသေးပါဘူး၊ စစ်ပွဲစတင်ခဲ့ပြီး အစောပိုင်း ကာလတွေမှာ နှစ်နိုင်ငံစလုံးဟာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆွေးနွေးပွဲ တွေရပ်တန့်သွားခဲ့ရပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ပွဲအဆုံးသတ်ရေးအတွက် တောင်းဆိုထားသလို ရုရှားသမ္မတ ပူတင် ကိုယ်တိုင်ကလည်း အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့အဆင်သင့်ရှိတယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ပုပ်ရဟန်းမင်းကြီးရဲ့တောင်းဆိုချက်အပါအဝင် ရုရှားသမ္မတ ပူတင်ရဲ့တောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချထားပါတယ်။

ဒါကြောင့် ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ခေါင်းမာသူတစ်ဦးဖြစ်တယ်လို့ ဆိုနေကြပါတယ်။ ဇီလန်စကီးဟာ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေနဲ့ နီးစပ်တဲ့ ယူကရိန်းနိုင်ငံရေး သမားတစ်ဦးဖြစ်ကာ ယူကရိန်းနိုင်ငံရဲ့ ခြောက်ဦးမြောက် သမ္မတအဖြစ်တာဝန်ယူနေသူဖြစ်ပါတယ်။ ဇီလန်စကီးကို ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ဂျူး လူမျိုးမိဘတွေကမွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူ ဟာ ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်သလို ပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ်။ ဇီလန်စကီးရဲ့ မိခင်ဖြစ်သူ ကတော့ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး အဘိုးဖြစ်သူကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဆိုဗီယက်တပ်ဖွဲ့ မှာ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ဇီလန်စကီးရဲ့မိဘတွေနဲ့ အဘိုးဖြစ်သူတို့ဟာ သာမန်မိသားစုမျိုးမဟုတ်ဘဲ လူကုံထံအသိုင်းအဝိုင်းက ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဇီလန်စကီးက သူရဲ့အဘိုးအဘွားတွေဟာ ဂျာမန်တွေ အစုလိုက်အပြုံလိုက်သတ် ခံရမှုအတွင်း သေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ နှစ်ပိုင်းမှာဝန်ခံပြောဆိုခဲ့ဖူးပါတယ်။ ဇီလန်စကီးဟာ မူလတန်း ကျောင်းမတက်ခင်အချိန်က ဖခင်ဖြစ်သူအလုပ်လုပ်ရာ မွန်ဂိုလီးယားနိုင်ငံမှာ လေးနှစ်ကြာနေထိုင်ခဲ့ဖူးပြီး ရုရှားဘာသာစကားပြောဆိုကာ ကြီးပြင်းလာခဲ့ရသူ ဖြစ်ပါတယ်။ ဇီလန်စကီးဟာ ကြိုးစားသူတစ်ဦး ဖြစ်ရာ အသက် ၁၆ နှစ်အရွယ်မှာ နိုင်ငံခြားဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို စာမေးပွဲ ဖြေဆို အောင်မြင်ခဲ့ရာ အစ္စရေးနိုင်ငံကိုသွားရောက်ပညာသင်ကြားဖို့အခွင့်ရေးရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဇီလန်စကီးရဲ့ဖခင်ဖြစ်သူဟာ သားဖြစ်သူကို အစ္စရေးနိုင်ငံကို ပညာသင်ထောက်ပံ့ကြေးနဲ့ ပညာသင်ကြား ခွင့်ရမယ့်အခွင့်ရေးကို ငြင်းဆန်ခဲ့ပါတယ်။

ဇီလန်စကီးဟာ အစ္စရေးနိုင်ငံမှာ ပညာသင်ကြားခွင့်ရမယ့်အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ပြီး နောက် Kryvyi Rih Institute of Economics? အင်စတီကျူ၊ Kyiv National Economic University တက္ကသိုလ်နဲ့ Kryvyi Rih National University တက္ကသိုလ်တို့ကနေ ဥပဒေပညာနဲ့ ဘွဲ့ရခဲ့ပါတယ်။ ဒါပေမဲ့ ဇီလန်စကီးဟာ ဥပဒေပညာနဲ့ ဘွဲ့ရခဲ့ပေမယ့် ဥပဒေရေးရာနယ်ပယ်မှာအသက်မွေးဝမ်းကြောင်းပြုလုပ် တာမျိုးမရှိခဲ့ပါဘူး။ အသက် ၁၇နှစ်အရွယ်တည်းက ဖျော်ဖြေရေးလုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်ဖို့ ကြိုးပမ်းနေခဲ့သူ ဇီလန်စကီးဟာ တက္ကသိုလ်က ဘွဲ့ရပြီးချိန်မှာတော့ အနုပညာလုပ်ငန်း နယ်ပယ်ထဲကို အလုံးစုံခြေစုံပစ် ဝင်ရောက်ခဲ့သူဖြစ်ခဲ့ပါတယ်။ ဇီလန်စကီးဟာ အသက် ၁၇နှစ် အရွယ်ကတည်းကနေ သမ္မတမဖြစ်ခင် အချိန်အထိ ယူကရိန်း ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ဇာတ်ညွှန်းရေးဆရာ၊ သရုပ်ဆောင် အပါအဝင် အခြားအနုပညာနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကိုနှစ်ပေါင်းများစွာကြာ ပါဝင်လုပ်ကိုင်ခဲ့ပြီး ယူ ကရိန်းနိုင်ငံမှာ ဟာသလူရွှင်တော်သရုပ်ဆောင်တစ်ဦးအဖြစ် လူသိများထင်ရှားတယ်လို့ ဆိုပါတယ်။

ဇီလန်စကီးဟာ ယူကရိန်းရုပ်သံအစီအစဉ်တွေမှာ ဟာသလူရွှင်တော် သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင် ဆောင်ရွက်နေချိန်အတွင်း အစိုးရရဲ့ အကျင့်ပျက်လာဘ်စားမှုတွေကိုဝေဖန်ပြစ်တာကြောင့် ပိုမို လူသိများလာခဲ့ပြီး နိုင်ငံရေးလောကထဲကို ပါဝင်လာခဲ့သူဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ နိုင်ငံရေး အခြေ အနေတွေ၊ စီးပွားရေးအခြေနေတွေနဲ့ အကျင့်ပျက် လာဘ်စားမှုအခြေနေတွေက ၂၀၁၉ ခုနှစ် ဝန်းကျင် တွေမှာဆိုးရွားလာခဲ့ပြီး ဝေဖန်ပြစ်တင်စရာတွေ ဖြစ်လာပါတယ်။

ဇီလန်စကီးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေက ယူကရိန်းသမ္မတ ရွေးကောက်ပွဲ မှာ ၎င်းရဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့်အချက်ကို ကြေညာခဲ့ပါတယ်။ ဇီလန်စကီးဟာ အဲဒီအချိန် က ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ကြေညာခဲ့သူတွေထဲမှာ နိုင်ငံရေး ပြင်ပလူတစ်ဦးဖြစ်ခဲ့ပေမယ့် ရွေး ကောက်ပွဲအတွက် သဘောထားစစ်တမ်းတွေမှာ ရှေ့တန်းကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဇီလန်စကီးဟာ သူရဲ့ပရော်ဖက်ရှင်နယ်ရပ်တည်မှုမှာ ရုပ်သံအစီအစဉ်တင်ဆက်သူ၊ ဟာသလူရွင်တော် သရုပ်ဆောင် အဖြစ် နှစ်ပေါင်းများစွာကြာတာဝန်ယူခဲ့ရပေမယ့် ယူကရိန်းပြည်သူတွေကြား လူကြိုက်များနေခဲ့ပါတယ်။ ဇီလန်စကီးဟာ ၂၀၁၉ ခုနှစ်ယူကရိန်းသမ္မတရွေးကောက်ပွဲမှာ အဂတိလိုက်စားမှု တိုက်ဖျက် ရေးပုဂ္ဂိုလ်အဖြစ် ရပ်တည်ပြီးမဲဆွယ်စည်းရုံးခဲ့ရာ အောင်မြင်မှုတွေရရှိခဲ့ကာ လူထုထောက်ခံမှုနဲ့ သမ္မတ အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။ အသက် ၄၆နှစ်အရွယ်ရှိ ဇီလန်စကီးဟာ e-government ကို ထောက်ခံသူဖြစ်ပြီး ၎င်းနိုင်ငံအတွင်းရှိ ရုရှားဘာသာ စကားပြောဆိုသူတွေနဲ့ ယူကရိန်းစကားပြော ဆိုသူတွေကြား စည်းလုံးညီညွတ်မှုဖြစ်ပွားအောင် ကြိုးပမ်းခဲ့သလို ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား ကာလအ တန်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်အောင် ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။ ဇီလန်စကီး ဟာ လွှတ်တော်အမတ်များ၊ ကိုဗစ်ကပ်ရောဂါနဲ့ နောက်ဆက်တွဲ စီးပွားရေးကျဆင်းမှုအပြင် ယူကရိန်းရဲ့ အကျင့်ပျက်ခြစားမှုတွေကို ကိုင်တွယ်ရာမှာ တိုးတက်မှုတချို့ကို ကြီးကြပ်ခဲ့တယ်လို့ဆိုပါတယ်။ ယူက ရိန်း သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်း ရုရှားနဲ့ ဆက်ဆံရေးကောင်းမွန်အောင်ကြိုးပမ်းခဲ့သလို အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့လည်း ဆက်ဆံရေး ကောင်းမွန်အောင်လုပ်ခဲ့တယ်။

ယူကရိန်းနိုင်ငံ တည်ထောင်ခဲ့ပြီးနောက်ပိုင်း ရုရှားအပေါ် အလွန်အကျွံမှီခိုနေမှုကခွဲထွက်ပြီး အနောက်အုပ်စုနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲတာတွေလည်းရှိခဲ့ ပါတယ်။ ဇီလန်စကီးဟာ သမ္မတရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ရုရှားနဲ့ ယူကရိန်းကြား ကြာရှည် နေတဲ့ ပဋိပက္ခကိုအဆုံးသတ်ဖို့ ကတိပြုခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးနိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမဲ့ ဇီလန်စကီးဟာ အမေရိကန် ဦးဆောင်တဲ့ နေတိုးအုပ်စုအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရဖို့ ကြိုးပမ်းတာတွေ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုးပမ်းတာတွေကြောင့် ရုရှားနဲ့ ဆက်ဆံရေး ပိုမို ဆိုးရွားလာခဲ့ပြီး ရုရှားတပ်ဖွဲ့တွေက ၂၀၂၂ခုနှစ်မှာ ယူကရိန်းနိုင်ငံကိုစတင်ဝင်တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်ပွားတဲ့အစောပိုင်းကာလတွေမှာ ဇီလန်စကီးဟာ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး ရှေ့တန်းစစ်မျက်နှာပြင်တွေအထိ ကိုယ်တိုင်သွားရောက်အားပေး၊ ညွှန်ကြားတာ တွေ လုပ်ဆောင်ခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှားကြား စစ်ပွဲဖြစ်ပွားနေချိန်ကာလအတွင်းမှာပဲ ဇီလန်စကီးရဲ့ ခေါင်းဆောင်မှုတွေကို နိုင်ငံတကာမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့်ချီးကျူးခဲ့ပြီး ယူကရိန်းသမိုင်း တစ် လျှောက် အကောင်းဆုံးသမ္မတတစ်ဦးအဖြစ် ချီးကျူးခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ယူကရိန်းပိုင်နက်နယ်မြေလေးခုကို ပြန်လည်ရယူဖို့ ဇီလန်စကီးက စိတ်ဆန္ဒပြင်းပြနေတဲ့အတွက် ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခြင်း မရှိသေးတာဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံအတွက် လိုအပ်နေတဲ့ စစ်ရေးအကူညီတွေကို ရယူနိုင်ဖို့ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေထံ အကူအညီတောင်းခံမှုတွေနဲ့ပတ်သက်ပြီး အမေရိ ကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပါအဝင် နိုင်ငံခေါင်းဆောင်တချို့ရဲ့ ဝေဖန်ပြစ်တင်မှုခံနေရပါတယ်။

ဒါပေမဲ့ ဇီလန်စကီးဟာ သူ့နိုင်ငံအကျိုးစီးပွားအတွက် ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ အမေရိကန် အပါအဝင်အနောက်အုပ်စုနိုင်ငံတွေထံကနေ အကူညီတွေရယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်ပါ တယ်။ ဇီလန်စကီးဟာ အနောက်အုပ်စုအားကိုးနဲ့ ရုရှားနိုင်ငံကို ရင်ဆိုင်ဖို့ကြိုးပမ်းနေရာ ပြည်သူတွေ ဓားစာခံဖြစ်နေရတယ်လို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ဇီလန်စကီးဟာ ရုရှားနဲ့စစ်ဖြစ်စေဖို့ အနောက်အုပ်စုရဲ့ကြားခံနယ်ရုပ်ဖြစ်တယ်လို့ ရုရှားအစိုးရက ဝေဖန်ပြစ်တင်နေပါတယ်။

ဝေဖန်ပြစ်တင်မှုမျိုးစုံ ရင်ဆိုင်နေရပေမယ့် သူရဲ့လက်ထက်မှာ သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေ ကို ရုရှားထံက ပြန်လည်ရယူနိုင်အောင် ဘက်ပေါင်းစုံကြိုးပမ်းဖွယ်ရှိနေသူလည်းဖြစ်ပါတယ်။

နယ်မြေတွေ သိမ်းပိုက်ခံထားရပေမယ့် လက်ရှိအချိန်အထိ ရုရှားကို အရှုံးမပေးဘဲ တတ်အား သရွေ့ကြိုးပမ်းနေသူဖြစ်ရာသူရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု သို့မဟုတ် ခေါင်းမာမှုတွေက စိတ်ဝင်စားဖွယ် ကောင်းနေခဲ့ပါတယ်။

zawgyi version
႐ုရွားကို အရႈံးမေပးဘဲ သိမ္းပိုက္ခံထားရတဲ့ နယ္ေျမေတြ ျပန္လည္ရယူႏိုင္ေအာင္ႀကိဳးပမ္းေနတဲ့ ယူကရိန္းသမၼတဇီလန္စကီး
ဂ်န္ဇက္ (NP News) - မတ္ ၂၉

႐ုရွားနဲ႔ယူကရိန္းႏိုင္ငံၾကား ျဖစ္ပြားေနတဲ့ စစ္ပြဲဟာ ၃ ႏွစ္အတြင္းကိုေရာက္ရွိလာေပမယ့္ လက္ ရွိအခ်ိန္အထိ အပစ္အခတ္ရပ္စဲေရး၊ သေဘာတူညီခ်က္ မရေသးပါဘူး၊ စစ္ပြဲစတင္ခဲ့ၿပီး အေစာပိုင္း ကာလေတြမွာ ႏွစ္ႏိုင္ငံစလုံးဟာ အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ေဆြးေႏြးပြဲ ေတြရပ္တန႔္သြားခဲ့ရပါတယ္။

ႏိုင္ငံတကာအဖြဲ႕အစည္းေတြက စစ္ပြဲအဆုံးသတ္ေရးအတြက္ ေတာင္းဆိုထားသလို ႐ုရွားသမၼတ ပူတင္ ကိုယ္တိုင္ကလည္း အပစ္အခတ္ရပ္စဲေရးေဆြးေႏြးဖို႔အဆင္သင့္ရွိတယ္လို႔ ေျပာဆိုထားပါတယ္။ ဒါေပမဲ့ ယူကရိန္းသမၼတ ဇီလန္စကီးဟာ ပုပ္ရဟန္းမင္းႀကီးရဲ႕ေတာင္းဆိုခ်က္အပါအဝင္ ႐ုရွားသမၼတ ပူတင္ရဲ႕ေတာင္းဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားပါတယ္။

ဒါေၾကာင့္ ယူကရိန္းသမၼတ ဇီလန္စကီးဟာ ေခါင္းမာသူတစ္ဦးျဖစ္တယ္လို႔ ဆိုေနၾကပါတယ္။ ဇီလန္စကီးဟာ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ နီးစပ္တဲ့ ယူကရိန္းႏိုင္ငံေရး သမားတစ္ဦးျဖစ္ကာ ယူကရိန္းႏိုင္ငံရဲ႕ ေျခာက္ဦးေျမာက္ သမၼတအျဖစ္တာဝန္ယူေနသူျဖစ္ပါတယ္။ ဇီလန္စကီးကို ၁၉၇၈ ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္ေန႔မွာ ဂ်ဴး လူမ်ိဳးမိဘေတြကေမြးဖြားခဲ့ၿပီး ဖခင္ျဖစ္သူ ဟာ ကြန္ပ်ဴတာပညာရွင္တစ္ဦးျဖစ္သလို ပါေမာကၡတစ္ဦးလည္းျဖစ္ပါတယ္။ ဇီလန္စကီးရဲ႕ မိခင္ျဖစ္သူ ကေတာ့ အင္ဂ်င္နီယာတစ္ဦးျဖစ္ၿပီး အဘိုးျဖစ္သူကေတာ့ ဒုတိယကမာၻစစ္အတြင္းမွာ ဆိုဗီယက္တပ္ဖြဲ႕ မွာ ဗိုလ္မႉးႀကီးအဆင့္အထိ တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ ဇီလန္စကီးရဲ႕မိဘေတြနဲ႔ အဘိုးျဖစ္သူတို႔ဟာ သာမန္မိသားစုမ်ိဳးမဟုတ္ဘဲ လူကုံထံအသိုင္းအဝိုင္းက ျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။
ဒါေပမဲ့ ဇီလန္စကီးက သူရဲ႕အဘိုးအဘြားေတြဟာ ဂ်ာမန္ေတြ အစုလိုက္အၿပဳံလိုက္သတ္ ခံရမႈအတြင္း ေသဆုံးခဲ့တယ္လို႔ ၿပီးခဲ့တဲ့ ႏွစ္ပိုင္းမွာဝန္ခံေျပာဆိုခဲ့ဖူးပါတယ္။ ဇီလန္စကီးဟာ မူလတန္း ေက်ာင္းမတက္ခင္အခ်ိန္က ဖခင္ျဖစ္သူအလုပ္လုပ္ရာ မြန္ဂိုလီးယားႏိုင္ငံမွာ ေလးႏွစ္ၾကာေနထိုင္ခဲ့ဖူးၿပီး ႐ုရွားဘာသာစကားေျပာဆိုကာ ႀကီးျပင္းလာခဲ့ရသူ ျဖစ္ပါတယ္။ ဇီလန္စကီးဟာ ႀကိဳးစားသူတစ္ဦး ျဖစ္ရာ အသက္ ၁၆ ႏွစ္အ႐ြယ္မွာ ႏိုင္ငံျခားဘာသာစကားျဖစ္တဲ့ အဂၤလိပ္ဘာသာစကားကို စာေမးပြဲ ေျဖဆို ေအာင္ျမင္ခဲ့ရာ အစၥေရးႏိုင္ငံကိုသြားေရာက္ပညာသင္ၾကားဖို႔အခြင့္ေရးရရွိခဲ့ပါတယ္။ ဒါေပမဲ့ ဇီလန္စကီးရဲ႕ဖခင္ျဖစ္သူဟာ သားျဖစ္သူကို အစၥေရးႏိုင္ငံကို ပညာသင္ေထာက္ပံ့ေၾကးနဲ႔ ပညာသင္ၾကား ခြင့္ရမယ့္အခြင့္ေရးကို ျငင္းဆန္ခဲ့ပါတယ္။

ဇီလန္စကီးဟာ အစၥေရးႏိုင္ငံမွာ ပညာသင္ၾကားခြင့္ရမယ့္အခြင့္အေရးကို လက္လြတ္ဆုံးရႈံးခဲ့ၿပီး ေနာက္ Kryvyi Rih Institute of Economics? အင္စတီက်ဴ၊ Kyiv National Economic University တကၠသိုလ္နဲ႔ Kryvyi Rih National University တကၠသိုလ္တို႔ကေန ဥပေဒပညာနဲ႔ ဘြဲ႕ရခဲ့ပါတယ္။ ဒါေပမဲ့ ဇီလန္စကီးဟာ ဥပေဒပညာနဲ႔ ဘြဲ႕ရခဲ့ေပမယ့္ ဥပေဒေရးရာနယ္ပယ္မွာအသက္ေမြးဝမ္းေၾကာင္းျပဳလုပ္ တာမ်ိဳးမရွိခဲ့ပါဘူး။ အသက္ ၁၇ႏွစ္အ႐ြယ္တည္းက ေဖ်ာ္ေျဖေရးလုပ္ငန္းေတြကို ဝင္ေရာက္လုပ္ကိုင္ဖို႔ ႀကိဳးပမ္းေနခဲ့သူ ဇီလန္စကီးဟာ တကၠသိုလ္က ဘြဲ႕ရၿပီးခ်ိန္မွာေတာ့ အႏုပညာလုပ္ငန္း နယ္ပယ္ထဲကို အလုံးစုံေျခစုံပစ္ ဝင္ေရာက္ခဲ့သူျဖစ္ခဲ့ပါတယ္။ ဇီလန္စကီးဟာ အသက္ ၁၇ႏွစ္ အ႐ြယ္ကတည္းကေန သမၼတမျဖစ္ခင္ အခ်ိန္အထိ ယူကရိန္း ေဖ်ာ္ေျဖေရးလုပ္ငန္းေတြမွာ ဇာတ္ၫႊန္းေရးဆရာ၊ သ႐ုပ္ေဆာင္ အပါအဝင္ အျခားအႏုပညာနဲ႔ ပတ္သက္တဲ့လုပ္ငန္းေတြကိုႏွစ္ေပါင္းမ်ားစြာၾကာ ပါဝင္လုပ္ကိုင္ခဲ့ၿပီး ယူ ကရိန္းႏိုင္ငံမွာ ဟာသလူ႐ႊင္ေတာ္သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ လူသိမ်ားထင္ရွားတယ္လို႔ ဆိုပါတယ္။

ဇီလန္စကီးဟာ ယူကရိန္း႐ုပ္သံအစီအစဥ္ေတြမွာ ဟာသလူ႐ႊင္ေတာ္ သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ပါဝင္ ေဆာင္႐ြက္ေနခ်ိန္အတြင္း အစိုးရရဲ႕ အက်င့္ပ်က္လာဘ္စားမႈေတြကိုေဝဖန္ျပစ္တာေၾကာင့္ ပိုမို လူသိမ်ားလာခဲ့ၿပီး ႏိုင္ငံေရးေလာကထဲကို ပါဝင္လာခဲ့သူျဖစ္ပါတယ္။ ယူကရိန္းႏိုင္ငံရဲ႕ ႏိုင္ငံေရး အေျခ အေနေတြ၊ စီးပြားေရးအေျခေနေတြနဲ႔ အက်င့္ပ်က္ လာဘ္စားမႈအေျခေနေတြက ၂၀၁၉ ခုႏွစ္ ဝန္းက်င္ ေတြမွာဆိုး႐ြားလာခဲ့ၿပီး ေဝဖန္ျပစ္တင္စရာေတြ ျဖစ္လာပါတယ္။

ဇီလန္စကီးဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔ ညေနက ယူကရိန္းသမၼတ ေ႐ြးေကာက္ပြဲ မွာ ၎ရဲ႕ သမၼတေလာင္းအျဖစ္ ယွဥ္ၿပိဳင္မယ့္အခ်က္ကို ေၾကညာခဲ့ပါတယ္။ ဇီလန္စကီးဟာ အဲဒီအခ်ိန္ က ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ ေၾကညာခဲ့သူေတြထဲမွာ ႏိုင္ငံေရး ျပင္ပလူတစ္ဦးျဖစ္ခဲ့ေပမယ့္ ေ႐ြး ေကာက္ပြဲအတြက္ သေဘာထားစစ္တမ္းေတြမွာ ေရွ႕တန္းကေန ပါဝင္ခဲ့သူျဖစ္ပါတယ္။ ဇီလန္စကီးဟာ သူရဲ႕ပေရာ္ဖက္ရွင္နယ္ရပ္တည္မႈမွာ ႐ုပ္သံအစီအစဥ္တင္ဆက္သူ၊ ဟာသလူ႐ြင္ေတာ္ သ႐ုပ္ေဆာင္ အျဖစ္ ႏွစ္ေပါင္းမ်ားစြာၾကာတာဝန္ယူခဲ့ရေပမယ့္ ယူကရိန္းျပည္သူေတြၾကား လူႀကိဳက္မ်ားေနခဲ့ပါတယ္။ ဇီလန္စကီးဟာ ၂၀၁၉ ခုႏွစ္ယူကရိန္းသမၼတေ႐ြးေကာက္ပြဲမွာ အဂတိလိုက္စားမႈ တိုက္ဖ်က္ ေရးပုဂၢိဳလ္အျဖစ္ ရပ္တည္ၿပီးမဲဆြယ္စည္း႐ုံးခဲ့ရာ ေအာင္ျမင္မႈေတြရရွိခဲ့ကာ လူထုေထာက္ခံမႈနဲ႔ သမၼတ အျဖစ္ ေ႐ြးေကာက္ခံခဲ့ရသူျဖစ္ပါတယ္။ အသက္ ၄၆ႏွစ္အ႐ြယ္ရွိ ဇီလန္စကီးဟာ e-government ကို ေထာက္ခံသူျဖစ္ၿပီး ၎ႏိုင္ငံအတြင္းရွိ ႐ုရွားဘာသာ စကားေျပာဆိုသူေတြနဲ႔ ယူကရိန္းစကားေျပာ ဆိုသူေတြၾကား စည္းလုံးညီၫြတ္မႈျဖစ္ပြားေအာင္ ႀကိဳးပမ္းခဲ့သလို ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကား ကာလအ တန္ၾကာျဖစ္ပြားေနတဲ့ ပဋိပကၡေတြကို အဆုံးသတ္ႏိုင္ေအာင္ ႀကိဳးပမ္းခဲ့တယ္လို႔ဆိုပါတယ္။ ဇီလန္စကီး ဟာ လႊတ္ေတာ္အမတ္မ်ား၊ ကိုဗစ္ကပ္ေရာဂါနဲ႔ ေနာက္ဆက္တြဲ စီးပြားေရးက်ဆင္းမႈအျပင္ ယူကရိန္းရဲ႕ အက်င့္ပ်က္ျခစားမႈေတြကို ကိုင္တြယ္ရာမွာ တိုးတက္မႈတခ်ိဳ႕ကို ႀကီးၾကပ္ခဲ့တယ္လို႔ဆိုပါတယ္။ ယူက ရိန္း သမၼတအျဖစ္ စတင္တာဝန္ယူၿပီးေနာက္ပိုင္း ႐ုရွားနဲ႔ ဆက္ဆံေရးေကာင္းမြန္ေအာင္ႀကိဳးပမ္းခဲ့သလို အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြနဲ႔လည္း ဆက္ဆံေရး ေကာင္းမြန္ေအာင္လုပ္ခဲ့တယ္။

ယူကရိန္းႏိုင္ငံ တည္ေထာင္ခဲ့ၿပီးေနာက္ပိုင္း ႐ုရွားအေပၚ အလြန္အကြၽံမွီခိုေနမႈကခြဲထြက္ၿပီး အေနာက္အုပ္စုနဲ႔ ဆက္ဆံေရး ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ခဲ့တယ္လို႔ စြပ္စြဲတာေတြလည္းရွိခဲ့ ပါတယ္။ ဇီလန္စကီးဟာ သမၼတေ႐ြးေကာက္ပြဲမဲဆြယ္ကာလအတြင္း ႐ုရွားနဲ႔ ယူကရိန္းၾကား ၾကာရွည္ ေနတဲ့ ပဋိပကၡကိုအဆုံးသတ္ဖို႔ ကတိျပဳခဲ့ၿပီး ႐ုရွားသမၼတ ဗလာဒီမာပူတင္နဲ႔ ေတြ႕ဆုံေဆြးေႏြးႏိုင္ေအာင္ ႀကိဳးပမ္းခဲ့ပါတယ္။

ဒါေပမဲ့ ဇီလန္စကီးဟာ အေမရိကန္ ဦးေဆာင္တဲ့ ေနတိုးအုပ္စုအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ရဖို႔ ႀကိဳးပမ္းတာေတြ၊ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံျဖစ္ဖို႔ ႀကိဳးပမ္းတာေတြေၾကာင့္ ႐ုရွားနဲ႔ ဆက္ဆံေရး ပိုမို ဆိုး႐ြားလာခဲ့ၿပီး ႐ုရွားတပ္ဖြဲ႕ေတြက ၂၀၂၂ခုႏွစ္မွာ ယူကရိန္းႏိုင္ငံကိုစတင္ဝင္တိုက္ခိုက္ခဲ့ပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္ပြားတဲ့အေစာပိုင္းကာလေတြမွာ ဇီလန္စကီးဟာ ျပည္သူေတြရဲ႕ ေထာက္ခံမႈကို ရရွိခဲ့ၿပီး ေရွ႕တန္းစစ္မ်က္ႏွာျပင္ေတြအထိ ကိုယ္တိုင္သြားေရာက္အားေပး၊ ၫႊန္ၾကားတာ ေတြ လုပ္ေဆာင္ခဲ့ပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားၾကား စစ္ပြဲျဖစ္ပြားေနခ်ိန္ကာလအတြင္းမွာပဲ ဇီလန္စကီးရဲ႕ ေခါင္းေဆာင္မႈေတြကို ႏိုင္ငံတကာမီဒီယာေတြက က်ယ္က်ယ္ျပန႔္ျပန႔္ခ်ီးက်ဴးခဲ့ၿပီး ယူကရိန္းသမိုင္း တစ္ ေလွ်ာက္ အေကာင္းဆုံးသမၼတတစ္ဦးအျဖစ္ ခ်ီးက်ဴးခဲ့ပါတယ္။

႐ုရွားတပ္ဖြဲ႕ေတြ သိမ္းပိုက္ထားတဲ့ ယူကရိန္းပိုင္နက္နယ္ေျမေလးခုကို ျပန္လည္ရယူဖို႔ ဇီလန္စကီးက စိတ္ဆႏၵျပင္းျပေနတဲ့အတြက္ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား ၿငိမ္းခ်မ္းေရး ေဆြးေႏြးႏိုင္ျခင္း မရွိေသးတာျဖစ္တယ္လို႔ ဆိုပါတယ္။ ႏိုင္ငံအတြက္ လိုအပ္ေနတဲ့ စစ္ေရးအကူညီေတြကို ရယူႏိုင္ဖို႔ အေမရိကန္အပါအဝင္ အေနာက္အုပ္စုႏိုင္ငံေတြထံ အကူအညီေတာင္းခံမႈေတြနဲ႔ပတ္သက္ၿပီး အေမရိ ကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္အပါအဝင္ ႏိုင္ငံေခါင္းေဆာင္တခ်ိဳ႕ရဲ႕ ေဝဖန္ျပစ္တင္မႈခံေနရပါတယ္။

ဒါေပမဲ့ ဇီလန္စကီးဟာ သူ႔ႏိုင္ငံအက်ိဳးစီးပြားအတြက္ ေဝဖန္မႈေတြကို ဂ႐ုမစိုက္ဘဲ အေမရိကန္ အပါအဝင္အေနာက္အုပ္စုႏိုင္ငံေတြထံကေန အကူညီေတြရယူႏိုင္ဖို႔ ဆက္လက္ႀကိဳးပမ္းေနဆဲ ျဖစ္ပါ တယ္။ ဇီလန္စကီးဟာ အေနာက္အုပ္စုအားကိုးနဲ႔ ႐ုရွားႏိုင္ငံကို ရင္ဆိုင္ဖို႔ႀကိဳးပမ္းေနရာ ျပည္သူေတြ ဓားစာခံျဖစ္ေနရတယ္လို႔ ေဝဖန္မႈေတြလည္းရွိေနပါတယ္။ ဇီလန္စကီးဟာ ႐ုရွားနဲ႔စစ္ျဖစ္ေစဖို႔ အေနာက္အုပ္စုရဲ႕ၾကားခံနယ္႐ုပ္ျဖစ္တယ္လို႔ ႐ုရွားအစိုးရက ေဝဖန္ျပစ္တင္ေနပါတယ္။

ေဝဖန္ျပစ္တင္မႈမ်ိဳးစုံ ရင္ဆိုင္ေနရေပမယ့္ သူရဲ႕လက္ထက္မွာ သိမ္းပိုက္ခံထားရတဲ့ နယ္ေျမေတြ ကို ႐ုရွားထံက ျပန္လည္ရယူႏိုင္ေအာင္ ဘက္ေပါင္းစုံႀကိဳးပမ္းဖြယ္ရွိေနသူလည္းျဖစ္ပါတယ္။

နယ္ေျမေတြ သိမ္းပိုက္ခံထားရေပမယ့္ လက္ရွိအခ်ိန္အထိ ႐ုရွားကို အရႈံးမေပးဘဲ တတ္အား သေ႐ြ႕ႀကိဳးပမ္းေနသူျဖစ္ရာသူရဲ႕ စိတ္ဓာတ္ႀကံ့ခိုင္မႈ သို႔မဟုတ္ ေခါင္းမာမႈေတြက စိတ္ဝင္စားဖြယ္ ေကာင္းေနခဲ့ပါတယ္။

Related news

© 2021. All rights reserved.