ကလေးမွေးဖွားမှုနှုန်းကို မြှင့်တင်ရန်အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ယူကရိန်းက လိုအပ်နေကြောင်း သမ္မတဇီလန်စကီးပြော

 601

Pika (NP News) - မတ် ၂၉

ယူကရိန်းနိုင်ငံသားများတွင် ကလေးငယ်များ ပိုမိုရရှိလာစေရန်အတွက် ကူညီပေးရန် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ယူကရိန်းက ပိုမိုလိုအပ်နေကြောင်း သမ္မတဇီလန်စကီးက မတ်လ(၂၈)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ယူကရိန်းသည် လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ ကလေးမွေးဖွားမှုနှုန်းအနိမ့်ဆုံးဖြစ်နေကြောင်းလည်း သိရသည်။ ရုရှားနယ်စပ်အနီးရှိ Sumy မြို့တွင် ဇီလန်စကီးနှင့် ကျောင်းသားများတွေ့ဆုံပွဲအတွင်း လူဦးရေစာရင်းဆိုင်ရာပြဿနာ ထွက်ပေါ်လာခြင်းဖြစ်သည်။ မိဘအသစ်များကို ငွေကြေးထောက်ပံ့ပေးမှု အစီအစဉ်ရှိ/မရှိဆိုသည့်မေးခွန်းများကို ဇီလန်စကီးက ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။ ဇီလန်စကီးက 'ငွေကြေးအကူအညီတစ်ခုတည်းကိုပဲ ကျွန်တော်တို့ လိုအပ်တာမဟုတ်ပါဘူး။ ကျွန်တော့်အမြင်အရပြောရမယ်ဆိုရင် ငွေကြေးကူညီမှုတွေက အထောက်အကူဖြစ်စေပေမယ့် စစ်ပွဲအတွင်းမှာ ကလေးမွေးဖွားဖို့ လှုံ့ဆော်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကလေးမွေးဖွားတာနဲ့ပတ်သက်ပြီးတော့ အရေးအကြီးဆုံးက လုံခြုံရေးကိစ္စလို့ ကျွန်တော်ထင်ပါတယ်'ဟုပြောဆိုခဲ့သည်။

ထို့ပြင် ယူကရိန်းအစိုးရသည် စာသင်ကျောင်းများနှင့် သူငယ်တန်းကျောင်းများတွင် လေကြောင်းရန်ကာကွယ်ရေး အမိုးအကာများထားရှိပေးသင့်ကြောင်းလည်း ဇီလန်စကီးက ထပ်မံပြောဆိုခဲ့သည်။ ယူကရိန်းအစိုးရအနေဖြင့် ပြည်ပမိတ်ဖက်နိုင်ငံများထံမှ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နောက်ဆုံးပေါ်နည်းပညာများကို ရယူကာ ပြည်တွင်းတွင် ထုတ် လုပ်သင့်ကြောင်းနှင့် ပြည်သူလူထုကို အဆိုပါအကြောင်းအရာများအား အသိပေးသင့်ကြောင်း ဇီလန်စကီးက ပြောဆိုခဲ့သည်။ ယူကရိန်း၏ စုစုပေါင်းကလေးမွေးဖွားမှုနှုန်းသည် လက်ရှိအချိန်တွင် (သုည ဒသမ ၇)ရာခိုင်နှုန်းသာရှိပြီး ကမ္ဘာပေါ်တွင် ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးဖြစ်နေကြောင်း သိရသည်။ အနောက်အုပ်စုနိုင်ငံများသို့ ယူကရိန်းနိုင်ငံသားအများအပြား ထွက်ခွါမှုနှင့်အတူ စစ်မြေပြင်တွင် သိသာသော အသေအပျောက်များကြောင့် လူဦး ရေစာရင်းအပေါ် ထိခိုက်မှုများရှိလာခဲ့ကြောင်းလည်းသိရသည်။ ယူကရိန်း အမျိုးသားသိပ္ပံအကယ်ဒမီမှ လူဦးရေနှင့် လူမှုရေးလေ့လာရေး အင်စတီကျုမှ အကြီးအကဲ Ella Libanova က 'စစ်ပွဲမစတင်ခင်အချိန်တုန်းက အမျိုးသားတွေရဲ့ ပျမ်းမျှသက်တမ်းဟာ (၆၆-၆၇)နှစ်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ (၅၇-၅၈)နှစ်ထိ ကျဆင်းသွားပါပြီ'ဟု ပြောဆိုခဲ့သည်။

zawgyi version
ကေလးေမြးဖြားမႈႏႈန္းကို ျမႇင့္တင္ရန္အတြက္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားကို ယူကရိန္းက လိုအပ္ေနေၾကာင္း သမၼတဇီလန္စကီးေျပာ
Pika (NP News) - မတ္ ၂၉

ယူကရိန္းႏိုင္ငံသားမ်ားတြင္ ကေလးငယ္မ်ား ပိုမိုရရွိလာေစရန္အတြက္ ကူညီေပးရန္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားကို ယူကရိန္းက ပိုမိုလိုအပ္ေနေၾကာင္း သမၼတဇီလန္စကီးက မတ္လ(၂၈)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ယူကရိန္းသည္ လက္ရွိအခ်ိန္တြင္ ကမာၻေပၚ၌ ကေလးေမြးဖြားမႈႏႈန္းအနိမ့္ဆုံးျဖစ္ေနေၾကာင္းလည္း သိရသည္။ ႐ုရွားနယ္စပ္အနီးရွိ Sumy ၿမိဳ႕တြင္ ဇီလန္စကီးႏွင့္ ေက်ာင္းသားမ်ားေတြ႕ဆုံပြဲအတြင္း လူဦးေရစာရင္းဆိုင္ရာျပႆနာ ထြက္ေပၚလာျခင္းျဖစ္သည္။ မိဘအသစ္မ်ားကို ေငြေၾကးေထာက္ပံ့ေပးမႈ အစီအစဥ္ရွိ/မရွိဆိုသည့္ေမးခြန္းမ်ားကို ဇီလန္စကီးက ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့ေၾကာင္းလည္း သိရသည္။ ဇီလန္စကီးက 'ေငြေၾကးအကူအညီတစ္ခုတည္းကိုပဲ ကြၽန္ေတာ္တို႔ လိုအပ္တာမဟုတ္ပါဘူး။ ကြၽန္ေတာ့္အျမင္အရေျပာရမယ္ဆိုရင္ ေငြေၾကးကူညီမႈေတြက အေထာက္အကူျဖစ္ေစေပမယ့္ စစ္ပြဲအတြင္းမွာ ကေလးေမြးဖြားဖို႔ လႈံ႕ေဆာ္ေပးႏိုင္မွာ မဟုတ္ပါဘူး။ ကေလးေမြးဖြားတာနဲ႔ပတ္သက္ၿပီးေတာ့ အေရးအႀကီးဆုံးက လုံၿခဳံေရးကိစၥလို႔ ကြၽန္ေတာ္ထင္ပါတယ္'ဟုေျပာဆိုခဲ့သည္။

ထို႔ျပင္ ယူကရိန္းအစိုးရသည္ စာသင္ေက်ာင္းမ်ားႏွင့္ သူငယ္တန္းေက်ာင္းမ်ားတြင္ ေလေၾကာင္းရန္ကာကြယ္ေရး အမိုးအကာမ်ားထားရွိေပးသင့္ေၾကာင္းလည္း ဇီလန္စကီးက ထပ္မံေျပာဆိုခဲ့သည္။ ယူကရိန္းအစိုးရအေနျဖင့္ ျပည္ပမိတ္ဖက္ႏိုင္ငံမ်ားထံမွ ေလေၾကာင္းရန္ကာကြယ္ေရးဆိုင္ရာ ေနာက္ဆုံးေပၚနည္းပညာမ်ားကို ရယူကာ ျပည္တြင္းတြင္ ထုတ္ လုပ္သင့္ေၾကာင္းႏွင့္ ျပည္သူလူထုကို အဆိုပါအေၾကာင္းအရာမ်ားအား အသိေပးသင့္ေၾကာင္း ဇီလန္စကီးက ေျပာဆိုခဲ့သည္။ ယူကရိန္း၏ စုစုေပါင္းကေလးေမြးဖြားမႈႏႈန္းသည္ လက္ရွိအခ်ိန္တြင္ (သုည ဒသမ ၇)ရာခိုင္ႏႈန္းသာရွိၿပီး ကမာၻေပၚတြင္ ကေလးေမြးဖြားမႈႏႈန္း အနိမ့္ဆုံးျဖစ္ေနေၾကာင္း သိရသည္။ အေနာက္အုပ္စုႏိုင္ငံမ်ားသို႔ ယူကရိန္းႏိုင္ငံသားအမ်ားအျပား ထြက္ခြါမႈႏွင့္အတူ စစ္ေျမျပင္တြင္ သိသာေသာ အေသအေပ်ာက္မ်ားေၾကာင့္ လူဦး ေရစာရင္းအေပၚ ထိခိုက္မႈမ်ားရွိလာခဲ့ေၾကာင္းလည္းသိရသည္။ ယူကရိန္း အမ်ိဳးသားသိပၸံအကယ္ဒမီမွ လူဦးေရႏွင့္ လူမႈေရးေလ့လာေရး အင္စတီက်ဳမွ အႀကီးအကဲ Ella Libanova က 'စစ္ပြဲမစတင္ခင္အခ်ိန္တုန္းက အမ်ိဳးသားေတြရဲ႕ ပ်မ္းမွ်သက္တမ္းဟာ (၆၆-၆၇)ႏွစ္ရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ (၅၇-၅၈)ႏွစ္ထိ က်ဆင္းသြားပါၿပီ'ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.