ထိုင်းနိုင်ငံတွင် ကာစီနို လုပ်ငန်းကို တရားဝင်လုပ်ငန်းအဖြစ် ခွင့်ပြုလုပ်ကိုင်ရန် စဉ်းစားနေကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

 208

ဂျန်ဇက် (NP News) - မတ် ၂၉

ထိုင်းအစိုးရအနေဖြင့် ကာစီနို ဥပဒေမူကြမ်းကိုရေးဆွဲတင်ပြရန် စဉ်းစားနေပြီး လွှတ်တော်က ဥပဒေမူကြမ်းကို ခွင့်ပြုပေးခွင့်မည်ဆိုလျှင် အလုပ်ကိုင်အခွင့်လမ်းများပိုမိုရစေမည်ဖြစ်သကဲ့သို့ နိုင်ငံဝင်ငွေ ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်ကထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းလွှတ်တော်က ဥပဒေမူကြမ်းကို ခွင့်ပြုပေးခဲ့မည်ဆိုလျှင် ကာစီနိုနှင့်ပတ်သက်ပြိး ကြီးမားသော အင်တာတိန်းမန့် စီမံကိန်းတစ်ခုလုပ်ဆောင်ရန်စီစဉ်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။ ထိုင်းနိုင်ငံတွင် ကာစီနိုလုပ်ငန်းကိုတရားဝင်လောင်းကစားလုပ်ငန်းအဖြစ်သတ်မှတ်ထားပြီး အစိုးရက မြင်းပွဲနှင့် ထိုင်းထီလုပ်ငန်းများကို နိုင်ငံပိုင်အဖြစ်တရားဝင်ထိန်းချုပ်လုပ်ကိုင်နေကြောင်းသိရသည်။ သို့သော်လည်းထိုင်းနိုင်ငံတွင် တရားမဝင်လောင်းကစားလုပ်ငန်းများလုပ်ကိုင်နေဆဲဖြစ်သလို ဘောလုံးပွဲလောင်းကစားခြင်းများ၊ကာစီနိုလုပ်ငန်းများတရားမဝင်လုပ်ကိုင်နေဆဲဖြစ်ကြောင်းသိရသည်။ ထိုင်းအစိုးရက ကာစီနိုလုပ်ငန်းကိုတရားဝင်လုပ်ကိုင်ခွင့်ပြုမည်ဆိုလျှင် ရင်းနှီးမြှုပ်နှံ့မှု နှင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ထားသည်။ ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွားများလာရောက်မှုမြင့်တက်နေခြင်းကြောင့် ကာစီနိုလုပ်ငန်းကို တရားဝင်ခွင့်ပြုမည်ဆိုလျှင် ကမ္ဘာအကြီးဆုံးလောင်းကစားမြို့ဖြစ်သော မာကာအိုကို ယှဉ်ပြိုင်နိုင်မည်ဟု ထိုင်းအစိုးရကမျှော်လင့်နေသည်။မာကာအိုသည် ကာစီနိုလုပ်ငန်းကိုတရားဝင်ခွင့်ပြုထားသော တရုတ်နိုင်ငံ၏တစ်ခုတည်းသောအရပ်ဒေသဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်က "ကျွန်တော်တို့ဟာ ဂရေး အရောင်စီးပွားရေးကနေ အခွန်ကောက်ခံမယ်။ လောင်ကစားလုပ်ငန်းကို အရှိန်မြင့်ဖို့ မလိုလားပေမယ့် အလုပ်ကိုင်အခွင့်လမ်းတွေနဲ့ရင်းနှီးမြှုပ်နှံ့မှုအသစ်တွေဖန်တီးနိုင်အောင် လိုအပ်တဲစည်းကြပ်မှုတွေနဲ့ လုပ်ကိုင်သင့်တယ်။" ဟုပြောသည်။ ထိုင်းနိုင်ငံတွင်မြေအောက်ကာစီနိုလုပ်ငန်းများရှိနေသော်လည်း ထိုင်းနိုင်ငံသားအများစုက အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံ အပြင်အခြားနိုင်ငံများသို့ သွားရောက်ကာကာစီနို လုပ်ငန်းများတွင်ပါဝင် လုပ်ကိုင် ဆော့ကစားနေကြောင်းသိရသည်။

zawgyi version
ထိုင္းႏိုင္ငံတြင္ ကာစီႏို လုပ္ငန္းကို တရားဝင္လုပ္ငန္းအျဖစ္ ခြင့္ျပဳလုပ္ကိုင္ရန္ စဥ္းစားေနေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၉

ထိုင္းအစိုးရအေနျဖင့္ ကာစီႏို ဥပေဒမူၾကမ္းကိုေရးဆြဲတင္ျပရန္ စဥ္းစားေနၿပီး လႊတ္ေတာ္က ဥပေဒမူၾကမ္းကို ခြင့္ျပဳေပးခြင့္မည္ဆိုလွ်င္ အလုပ္ကိုင္အခြင့္လမ္းမ်ားပိုမိုရေစမည္ျဖစ္သကဲ့သို႔ ႏိုင္ငံဝင္ေငြ ပိုမိုျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ဆာရက္သာတာဗီဆင္ကထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ထိုင္းလႊတ္ေတာ္က ဥပေဒမူၾကမ္းကို ခြင့္ျပဳေပးခဲ့မည္ဆိုလွ်င္ ကာစီႏိုႏွင့္ပတ္သက္ၿပိး ႀကီးမားေသာ အင္တာတိန္းမန႔္ စီမံကိန္းတစ္ခုလုပ္ေဆာင္ရန္စီစဥ္သြားမည္ျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္က ေျပာသည္။ ထိုင္းႏိုင္ငံတြင္ ကာစီႏိုလုပ္ငန္းကိုတရားဝင္ေလာင္းကစားလုပ္ငန္းအျဖစ္သတ္မွတ္ထားၿပီး အစိုးရက ျမင္းပြဲႏွင့္ ထိုင္းထီလုပ္ငန္းမ်ားကို ႏိုင္ငံပိုင္အျဖစ္တရားဝင္ထိန္းခ်ဳပ္လုပ္ကိုင္ေနေၾကာင္းသိရသည္။ သို႔ေသာ္လည္းထိုင္းႏိုင္ငံတြင္ တရားမဝင္ေလာင္းကစားလုပ္ငန္းမ်ားလုပ္ကိုင္ေနဆဲျဖစ္သလို ေဘာလုံးပြဲေလာင္းကစားျခင္းမ်ား၊ကာစီႏိုလုပ္ငန္းမ်ားတရားမဝင္လုပ္ကိုင္ေနဆဲျဖစ္ေၾကာင္းသိရသည္။ ထိုင္းအစိုးရက ကာစီႏိုလုပ္ငန္းကိုတရားဝင္လုပ္ကိုင္ခြင့္ျပဳမည္ဆိုလွ်င္ ရင္းႏွီးျမႇဳပ္ႏွံ႔မႈ ႏွင့္ ခရီးသြားလုပ္ငန္းမ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာမည္ဟု ေမွ်ာ္လင့္ထားသည္။ ထိုင္းႏိုင္ငံသို႔ ျပည္ပခရီးသြားမ်ားလာေရာက္မႈျမင့္တက္ေနျခင္းေၾကာင့္ ကာစီႏိုလုပ္ငန္းကို တရားဝင္ခြင့္ျပဳမည္ဆိုလွ်င္ ကမာၻအႀကီးဆုံးေလာင္းကစားၿမိဳ႕ျဖစ္ေသာ မာကာအိုကို ယွဥ္ၿပိဳင္ႏိုင္မည္ဟု ထိုင္းအစိုးရကေမွ်ာ္လင့္ေနသည္။မာကာအိုသည္ ကာစီႏိုလုပ္ငန္းကိုတရားဝင္ခြင့္ျပဳထားေသာ တ႐ုတ္ႏိုင္ငံ၏တစ္ခုတည္းေသာအရပ္ေဒသျဖစ္သည္။

ထိုင္းဝန္ႀကီးခ်ဳပ္က "ကြၽန္ေတာ္တို႔ဟာ ဂေရး အေရာင္စီးပြားေရးကေန အခြန္ေကာက္ခံမယ္။ ေလာင္ကစားလုပ္ငန္းကို အရွိန္ျမင့္ဖို႔ မလိုလားေပမယ့္ အလုပ္ကိုင္အခြင့္လမ္းေတြနဲ႔ရင္းႏွီးျမႇဳပ္ႏွံ႔မႈအသစ္ေတြဖန္တီးႏိုင္ေအာင္ လိုအပ္တဲစည္းၾကပ္မႈေတြနဲ႔ လုပ္ကိုင္သင့္တယ္။" ဟုေျပာသည္။ ထိုင္းႏိုင္ငံတြင္ေျမေအာက္ကာစီႏိုလုပ္ငန္းမ်ားရွိေနေသာ္လည္း ထိုင္းႏိုင္ငံသားအမ်ားစုက အိမ္နီးခ်င္းကေမာၻဒီးယားႏိုင္ငံ အျပင္အျခားႏိုင္ငံမ်ားသို႔ သြားေရာက္ကာကာစီႏို လုပ္ငန္းမ်ားတြင္ပါဝင္ လုပ္ကိုင္ ေဆာ့ကစားေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.