မြောက်ဥက္ကလာပမြို့နယ်တွင် ခရီးသည်အဖြစ် လိုက်ပါကာ ဓားထောက်လုယက်မှု မအောင်မြင်

 3930

စော (NP News) - မတ် ၃၁

ခရီးသည်ဟန်ဆောင်လိုက်ပါကာ မြောက်ဥက္ကလာပမြို့နယ်အရောက်တွင် ဓားဖြင့်ထောက်၍ ကားနှင့်ငွေ လုယက် ရန် ကြိုးပမ်းခဲ့သော်လည်း ယာဉ်မောင်းက ပြန်လည်ခုခံခဲ့ရာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၃ဝ ရက်)၊ မွန်းလွဲ (၂)နာရီဝန်းကျင်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဂိတ်၊ HOLLY Hotel‌ရှေ့ဘက်၊ မီးပွိုင့်နား၌ အသက် (၅၆)နှစ်အရွယ်ရှိသူ ယာဉ်မောင်း တစ်ဦးမှာ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သွားရောက်ကူညီခဲ့သည့်အသင်းထံမှ သိရသည်။

“မြို့ထဲ ၃၁ လမ်းကနေ ကုလားနှစ်ယောက်၊ မြန်မာတစ်ယောက် ကားငှားစီးလာတယ်။ ကားငှားစီးရင်းနဲ့ အဝေး‌ပြေး ဂိတ်၁နားက မီးပွိုင့်မရောက်ခင်မှာ ယာဉ်မောင်းကိုနောက်ကနေပြီးတော့ လည်ပင်းကို သိုင်းဖက်ပြီးတော့ ဓားနဲ့ ထောက်တယ်ပေါ့။ ဓားနဲ့ထောက်တဲ့အချိန်မှာ သူကလည်းမသင်္ကာလို့ ခါးပတ်ကြိုးကိုချွတ်ထားတာ။ ခါးပတ်ကြိုး ကို ချွတ်ထားပြီးတော့ အတင်းရုန်းပစ်လိုက်တယ်။ သူလည်း ကြောက်ကန် ကန်ထုတ်ပစ်လိုက်တာ ဟိုကောင်တွေ ကလည်း တံခါးဖွင့်ပြီးဆင်းပြေးသွားတယ်” ဟု အထက်ပါအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

လုယက်မှုတွင် မည်သည့်ပစ္စည်းများမှ မပါသွားခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူမှာ နဖူး၊ လက်ဖျံ နှင့် ရင်ဘတ်တို့ တွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်ကြားထားခြင်းမရှိသော်လည်း သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားထားကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားအား မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီဆေးရုံသို့ ကူညီဆောင်ရွက်ပေးခဲ့သူများ က ပို့‌ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ ခရီးသည္အျဖစ္ လိုက္ပါကာ ဓားေထာက္လုယက္မႈ မေအာင္ျမင္
ေစာ (NP News) - မတ္ ၃၁

ခရီးသည္ဟန္ေဆာင္လိုက္ပါကာ ေျမာက္ဥကၠလာပၿမိဳ႕နယ္အေရာက္တြင္ ဓားျဖင့္ေထာက္၍ ကားႏွင့္ေငြ လုယက္ ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ယာဥ္ေမာင္းက ျပန္လည္ခုခံခဲ့ရာ လြတ္ေျမာက္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၃ဝ ရက္)၊ မြန္းလြဲ (၂)နာရီဝန္းက်င္အခ်ိန္တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေအာင္မဂၤလာအေဝးေျပးကားဂိတ္၊ HOLLY Hotel‌ေရွ႕ဘက္၊ မီးပြိဳင့္နား၌ အသက္ (၅၆)ႏွစ္အ႐ြယ္ရွိသူ ယာဥ္ေမာင္း တစ္ဦးမွာ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သြားေရာက္ကူညီခဲ့သည့္အသင္းထံမွ သိရသည္။

“ၿမိဳ႕ထဲ ၃၁ လမ္းကေန ကုလားႏွစ္ေယာက္၊ ျမန္မာတစ္ေယာက္ ကားငွားစီးလာတယ္။ ကားငွားစီးရင္းနဲ႔ အေဝး‌ေျပး ဂိတ္၁နားက မီးပြိဳင့္မေရာက္ခင္မွာ ယာဥ္ေမာင္းကိုေနာက္ကေနၿပီးေတာ့ လည္ပင္းကို သိုင္းဖက္ၿပီးေတာ့ ဓားနဲ႔ ေထာက္တယ္ေပါ့။ ဓားနဲ႔ေထာက္တဲ့အခ်ိန္မွာ သူကလည္းမသကၤာလို႔ ခါးပတ္ႀကိဳးကိုခြၽတ္ထားတာ။ ခါးပတ္ႀကိဳး ကို ခြၽတ္ထားၿပီးေတာ့ အတင္း႐ုန္းပစ္လိုက္တယ္။ သူလည္း ေၾကာက္ကန္ ကန္ထုတ္ပစ္လိုက္တာ ဟိုေကာင္ေတြ ကလည္း တံခါးဖြင့္ၿပီးဆင္းေျပးသြားတယ္” ဟု အထက္ပါအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

လုယက္မႈတြင္ မည္သည့္ပစၥည္းမ်ားမွ မပါသြားခဲ့ေသာ္လည္း ယာဥ္ေမာင္းျဖစ္သူမွာ နဖူး၊ လက္ဖ်ံ ႏွင့္ ရင္ဘတ္တို႔ တြင္ ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ တိုင္ၾကားထားျခင္းမရွိေသာ္လည္း သက္ဆိုင္ရာသို႔ အသိေပးအေၾကာင္းၾကားထားေၾကာင္း ႏွင့္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားအား ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေမဓါဝီေဆး႐ုံသို႔ ကူညီေဆာင္႐ြက္ေပးခဲ့သူမ်ား က ပို႔‌ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.