မြန်မာ- တရုတ်နှစ်နိုင်ငံ ကုမ္ပဏီများ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် မြန်မာကုန်သွယ်ရေးစင်တာကို ကူမင်းမြို့၌ စတင်ဖွင့်လှစ်

 779

ယွန်း (NP News) - ဧပြီ ၁

မြန်မာနှင့် တရုတ်နှစ်နိုင်ငံရှိ ကုမ္ပဏီများ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် မြန်မာကုန်သွယ်ရေးစင်တာကို တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ မြန်မာကုန်သွယ်ရေးစင်တာကို ယမန်နေ့(မတ်လ ၃၁ ရက်)က ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ကွမ်းတုရပ်ကွက်၊ China (Yunnan) Pilot Free Trade Zone ၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာကုန်သွယ်ရေးစင်တာ(ကူမင်းမြို့)သည် မြန်မာနိုင်ငံမှ AJ Myanmar Co., Ltd နှင့် တရုတ်နိုင်ငံမှ Kunming Aosidi International Trade Co., Ltd တို့ ပူပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး စင်တာအနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖလှယ်ရေး လုပ်ငန်းများကို ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတိုးတက်ရေးအပြင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာစေရေးကို အဓိကထား၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။ ထို့ပြင် မြန်မာ့ထုတ်ကုန်များကို မိတ်ဆက်ပြသခြင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို မိတ်ဆက်ပြသ၍ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

zawgyi version
ျမန္မာ- တ႐ုတ္ႏွစ္ႏိုင္ငံ ကုမၸဏီမ်ား ပူးေပါင္းဖြင့္လွစ္ခဲ့သည့္ ျမန္မာကုန္သြယ္ေရးစင္တာကို ကူမင္းၿမိဳ႕၌ စတင္ဖြင့္လွစ္

ယြန္း (NP News) - ဧၿပီ ၁

ျမန္မာႏွင့္ တ႐ုတ္ႏွစ္ႏိုင္ငံရွိ ကုမၸဏီမ်ား ပူးေပါင္းဖြင့္လွစ္ခဲ့သည့္ ျမန္မာကုန္သြယ္ေရးစင္တာကို တ႐ုတ္ႏိုင္ငံ၊ ကူမင္းၿမိဳ႕တြင္ စတင္ဖြင့္လွစ္ခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနထံမွ သိရသည္။

အဆိုပါ ျမန္မာကုန္သြယ္ေရးစင္တာကို ယမန္ေန႔(မတ္လ ၃၁ ရက္)က ယူနန္ျပည္နယ္၊ ကူမင္းၿမိဳ႕၊ ကြမ္းတုရပ္ကြက္၊ China (Yunnan) Pilot Free Trade Zone ၌ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာကုန္သြယ္ေရးစင္တာ(ကူမင္းၿမိဳ႕)သည္ ျမန္မာႏိုင္ငံမွ AJ Myanmar Co., Ltd ႏွင့္ တ႐ုတ္ႏိုင္ငံမွ Kunming Aosidi International Trade Co., Ltd တို႔ ပူေပါင္းဖြင့္လွစ္ျခင္းျဖစ္ၿပီး စင္တာအေနျဖင့္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဖလွယ္ေရး လုပ္ငန္းမ်ားကို ဦးတည္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ ပို႔ကုန္တင္ပို႔မႈတိုးတက္ေရးအျပင္ တ႐ုတ္ႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျမန္မာႏိုင္ငံသို႔ ပိုမိုဝင္ေရာက္လာေစေရးကို အဓိကထား၍ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။ ထို႔ျပင္ ျမန္မာ့ထုတ္ကုန္မ်ားကို မိတ္ဆက္ျပသျခင္း၊ ျမန္မာႏိုင္ငံ၏ စီးပြားေရးအခြင့္အလမ္းမ်ားကို မိတ္ဆက္ျပသ၍ ရင္းႏွီးျမႇဳပ္ႏွံမႈ ဖိတ္ေခၚျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရာတြင္ ႏိုင္ငံေတာ္၏စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျဖစ္ရန္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။

Related news

© 2021. All rights reserved.