ရုပ်ရှင်လောက၌ မင်းသား/မင်းသမီးနှင့် အခြေခံစက်မှုလုပ်သားများအကြား ဝင်ငွေရရှိမှု မမျှတသည့် လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုမျိုး ဖြစ်ပေါ်နေ

1031

အေဝိုင်အီး (NP News) – ဧပြီ ၄
မြန်မာ့ရုပ်ရှင်ဗီဒီယိုလောက၌ မင်းသားနှင့် မင်းသမီးတို့ကသာ ဇာတ်ကားရိုက်ကူးထုတ်လုပ် စရိတ်များ၏ ထက်ဝက်ကျော်သောငွေကြေးများကို ရရှိကြပြီး အခြေခံစက်မှုလုပ်သားများအတွက် မမျှတသော လုပ်အားခ အခြေအနေများနှင့် ခေါင်းပုံဖြတ်ခံနေရသဖွယ်ဖြစ်နေကြောင်း ပြည်ပြေး ဒါရိုက်တာ ပြည်ဟိန်းသီဟက ထုတ်ဖော် ပြောကြားလိုက်သည်။
ပြည်သူလူထုမြင်တွေ့နေရသော ကြည်နူးဖွယ်မြင်ကွင်းများ၏ အမှောင်ခြမ်း၌ ယင်းကဲ့သို့ တရားမျှတမှုကင်းမဲ့လွန်း လှသောဖြစ်စဉ်များရှိနေသည့် အကြောင်းမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာ ကတည်းကဖြစ်ပြီး အမှန်အတိုင်း ဖွင့်ဟပြောကြားပေးမည့်သူမရှိသောကြောင့် အခြေခံစက်မှုလုပ်သား များ၏ဘဝမှာ ရေငုံနှုတ်ပိတ်၍ ရှင်သန်နေထိုင်ရခြင်းလည်း ဖြစ်သည်။ ဥပမာအားဖြင့် ရုပ်ရှင်ကားတစ်ကား ရိုက်ကူးရေးအတွက် ကုန်ကျစရိတ် သိန်း(၁၀ဝဝ) သုံးမည်ဆိုပါက သိန်း(၅၀ဝ)ကျော်မှာ မင်းသားနှင့် မင်းသမီးအတွက်ဖြစ်ပြီး ဒါရိုက်တာနှင့် အခြားသော စက်မှုလုပ်သားများ၏ လုပ်အားခမှာ မင်းသားတစ်ဦးချင်းစီ၏ အစွန်အဖျားပင်မရှိသော ငွေကြေးမျိုးဖြစ်ကြောင်း ဆိုနိုင်သည်။
“အဓိက သရုပ်ဆောင် မင်းသား၊မင်းသမီးရဲ့အနုပညာကြေးက ဇာတ်ကားထုတ်လုပ်မှုကုန်ကျစရိတ်ရဲ့ ထက်ဝက် ကျော်မှာ ရှိတယ်။ မြန်မာနိုင်ငံမှာနေရင် ဒီလိုစကားတွေ ကျွန်တော်ပြောလို့မရဘူး။ မှန်တာပြောရင် ရွာပြင် အထုတ်ခံရမယ်။ အရှင်းဆုံးပြောရရင် နာမည်ကြီးမင်းသား မင်းသမီးကို မှီခိုပြီး ရိုက်ရတယ်။ ဒီအစီအစဉ် ကို ကြည့်မိတဲ့ မြန်မာနိုင်ငံက ရုပ်ရှင်မင်းသား၊ မင်းသမီး၊ ဒါရိုက်တာတွေ ကိုယ်ချင်းစာတတ်မယ်ထင် ပါတယ် ” ဟု ဒါရိုက်တာ ပြည်ဟိန်းသီဟက ၎င်း၏ ယူကျုမှတစ်ဆင့် ထုတ်ဖော်ပြောကြားသည်။ ၎င်းကိုယ်တိုင် ဒါရိုက်တာပင်ဖြစ်လင့်ကစား မင်းသားကို အလိုလိုက်ရကြောင်း၊ မင်းသား ငြိုငြင်မည်ကို စိုးရိမ်၍ မင်းသား သဘောအတိုင်းသာ ရပ်တည်ရှင်သန်ရကြောင်းလည်း ဆိုသည်။ ရုပ်ရှင်လောကထဲမှ သတင်းစကားများတွင်လည်း သရုပ်ဆောင်မင်းသား အများစုနှင့် နာမည်ကျော် မင်းသမီးအများစုက ရိုက်ကူးချိန်မမှန်ခြင်း၊ ရိုက်ကွင်း၌ စောင့်ဆိုင်းနေရသော ဒါရိုက်တာနှင့် ရုပ်ရှင်လောကသားများအားလုံးကို လေးစားမှုအားနည်းခြင်း အပါအဝင် ဆိုးရွားလှသော လူ့ကျင့်ဝတ်ချိုးဖောက်မှုများ ရှိနေသည် ဟု သိရသည်။
“ထုတ်လုပ်ရေးတွေက နာမည်ကြီး မင်းသားမင်းသမီးတွေနောက် လိုက်လာတယ်။ ကျွန်တော်တို့ ဒါရိုက်တာတွေ ကလည်း မင်းသား မင်းသမီးတွေကို အဆင်ပြေအောင် ပေါင်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမင်းသားက ဒီဒါရိုက်တာနဲ့ မရိုက်ချင်ပါဘူးဆိုရင် ဘယ်လောက်နာမည်ကြီးကြီး ထုတ်လုပ်ရေးက ငှားမှာ မဟုတ်ဘူးလေ ” ဟု ပြည်ဟိန်းသီဟက ပြောသည်။
မြန်မာနိုင်ငံ၌ အမည်ခံ ဒါရိုက်တာများစွာ ပေါများနေကြောင်း၊ သို့သော်လည်း ဒါရိုက်တာအများစုမှာ King of the set မဟုတ်တော့ဘဲ ထုတ်လုပ်ရေးကဖြစ်စေ၊ မင်းသား မင်းသမီးက ဖြစ်စေ ၎င်းတို့ လိုလားသော ဇာတ်ရုပ် မျိုး ပြောင်းလဲစေလိုသည့်ဆန္ဒအတိုင်း လိုက်နာလုပ်ဆောင်ပေးနေရသည်ဟု ဆိုသည်။ ထုတ်လုပ်ရေး ကုမ္ပဏီအများစု ကလည်း ငွေကြေးအမြတ်အစွန်းရနိုင်မည့် ပေါပေါပဲပဲ ဇာတ်ကားများကိုသာ ရွေးချယ် ရိုက်ကူးခြင်း၊ ရုံပိုင်ရှင်များကလည်း ပရိသတ်၏သဘောထားဆန္ဒကို အလေးထားမှုမရှိဘဲ ၎င်းတို့ အလိုရှိ သော ဇာတ်ကားမျိုး ကိုသာ ပြသလိုခြင်းများကြောင့် ရုပ်ရှင်လောကတစ်ခုလုံး အတွင်းလှိုက်၍ ခြစားမှု များ ဖြစ်လာနေသည်ဟု ဆိုသည်။
တစ်နည်းအားဖြင့် ရုပ်ရှင်လောကသားအချင်းချင်း နိုင်ထက်စီးနင်း ဇာတ်လမ်းများကြောင့် ပိုမိုညံ့ဖျင်းလာသော ဇာတ်ကားများသာ ပေါ်ထွက်လာနေကြောင်း ဆိုလိုခြင်း ဖြစ်သည်။ “ ထုတ်လုပ်သူ ချမ်းသာသွားတယ်။ ရုံရှင် ချမ်းသာသွားတယ်။ ကိုယ့်အနုပညာသမားလေးတွေ ပြေလည်နေတယ်ဆိုပေမယ့် နိုင်ငံအတွက် မကောင်းဘူး ” ဟု ပြည်ဟိန်းသီဟက ပြောသည်။
ရုပ်ရှင်လုပ်ငန်းကြီး၏အောက်တွင် အလုပ်လုပ်ကိုင်နေသော လုပ်သားများမှာ မင်းသား၊ မင်းသမီး၊ ဒါရိုက်တာ၊ ဇာတ်ဝန်းအပါအဝင် မီးထိုးမှန်ထိုး အဆင့်များဟူ၍ရှိနေပြီး အဆင့်လိုက်တွင် ရသင့်ရထိုက်သော ငွေကြေးများ ရရှိခြင်းမျိုးမရှိဘဲ အောက်ခြေစက်မှုလုပ်သားများမှာ မင်းသား၊ မင်းသမီးနှင့် ထုတ်လုပ်သူတို့၏ ခွဲခြားဆက်ဆံ ခေါင်းပုံဖြတ် အနှိမ်ခံရခြင်းများရှိနေသည်ဟု ဆိုသည်။ အထူးသဖြင့် ရုပ်ရှင်လုပ်ငန်းတွင် အနုပညာရှင်ကသာ အရေးပါလှသည် မဟုတ်ဘဲ အတတ်ပညာရှင်များ၏ အခန်း ကဏ္ဍကလည်း မဖြစ်မနေ စဉ်းစားရမည်ဖြစ်ကြောင်း၊ သို့ သော်လည်း အတတ်ပညာရှင်များမှာ ဈေး အနှိမ်ခံရဆုံး ဖြစ်နေသည်ဟု ၎င်းက ပြောသည်။
“ အတတ်ပညာရှင်က မင်းသား၊ မင်းသမီးနဲ့ ဒါရိုက်တာ တွေရဲ့ အပုံ (၁၀ဝ)ပုံ တစ်ပုံတောင် မရဘူး။ မီးထိုးမှန်ထိုးဘဝတွေ မပြေလည်ဘူး။ ရှုတင်ထမင်းစား ရင်တောင် မျိုမကျဘူး။ ထုတ်လုပ်သူက ဒါရိုက်တာ၊ မင်းသား မင်းသမီးတွေကိုပဲ ဦးစားပေးတယ်။ ကျွန်တော်တို့က အလျှံပယ်ပဲ။ ထုတ်လုပ်သူတစ်ယောက် ပြောတာရှိတယ်။ အောက်က စက်မှုအဖွဲ့သား တွေကို ကျွန်တော် ပိုက်ဆံပေးထားတယ်။ တန်အောင်ခိုင်းလို့ကို ပြောတာ။ လုပ်အား ခေါင်းပုံဖြတ်ချင် ကြတယ်။ ည ၁၂ နာရီအထိ ခိုင်းစမ်းပါလို့ကို ပြောတာ ” ဟု ၎င်းက ပြောသည်။ ရုပ်ရှင်ကားတစ်ကား ရုံတင်ပြသ၍ အောင်မြင်သွားခဲ့ပါက ရရှိသည့်အမြတ်အစွန်းများကို ရုံပိုင်ရှင်နှင့် ထုတ်လုပ်သူက အများဆုံး ရရှိခဲ့သော်လည်း အဆိုပါပုဂ္ဂိုလ်များက ရုပ်ရှင်လောကသားများအတွက် မည်သည့် ထောက်ပံ့ကူညီမှုမှ မပေးဘဲ မသိကျိုးကျွန်ပြုနေကြ ကြောင်း ပြောသည်။ ယင်းအတွက်ကြောင့် ရုပ်ရှင် လောကသည် ခန်းဆီးကန့်လန့်ကာ၏ ရှေ့၌ ကြည်နူး ချစ်ခင်ဖွယ်ရာအဖြစ် မြင်နေရနိုင်သော်လည်း ခန်းဆီး ကန့်လန့်ကာ၏ နောက်ကွယ်တွင် သေလုမြောပါးဖြစ်နေသော အောက်ခြေ စက်မှုလုပ်သားများ ၏ဘဝက နင်းပြားဘဝမှ တက်လာခြင်းမျိုး မရှိတော့သည်ကို တွေ့ရသည်။

Zawgyi Version;
႐ုပ္ရွင္ေလာက၌ မင္းသား/မင္းသမီးႏွင့္ အေျခခံစက္မႈလုပ္သားမ်ားအၾကား ဝင္ေငြရရွိမႈ မမွ်တသည့္ လုပ္အား ခေခါင္းပုံျဖတ္ခံရမႈမ်ိဳး ျဖစ္ေပၚေန
ေအဝိုင္အီး (NP News) – ဧၿပီ ၄
ျမန္မာ့႐ုပ္ရွင္ဗီဒီယိုေလာက၌ မင္းသားႏွင့္ မင္းသမီးတို႔ကသာ ဇာတ္ကား႐ိုက္ကူးထုတ္လုပ္ စရိတ္မ်ား၏ ထက္ဝက္ေက်ာ္ေသာေငြေၾကးမ်ားကို ရရွိၾကၿပီး အေျခခံစက္မႈလုပ္သားမ်ားအတြက္ မမွ်တေသာ လုပ္အားခ အေျခအေနမ်ားႏွင့္ ေခါင္းပုံျဖတ္ခံေနရသဖြယ္ျဖစ္ေနေၾကာင္း ျပည္ေျပး ဒါ႐ိုက္တာ ျပည္ဟိန္းသီဟက ထုတ္ေဖာ္ ေျပာၾကားလိုက္သည္။
ျပည္သူလူထုျမင္ေတြ႕ေနရေသာ ၾကည္ႏူးဖြယ္ျမင္ကြင္းမ်ား၏ အေမွာင္ျခမ္း၌ ယင္းကဲ့သို႔ တရားမွ်တမႈကင္းမဲ့လြန္း လွေသာျဖစ္စဥ္မ်ားရွိေနသည့္ အေၾကာင္းမွာ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာ ကတည္းကျဖစ္ၿပီး အမွန္အတိုင္း ဖြင့္ဟေျပာၾကားေပးမည့္သူမရွိေသာေၾကာင့္ အေျခခံစက္မႈလုပ္သား မ်ား၏ဘဝမွာ ေရငုံႏႈတ္ပိတ္၍ ရွင္သန္ေနထိုင္ရျခင္းလည္း ျဖစ္သည္။ ဥပမာအားျဖင့္ ႐ုပ္ရွင္ကားတစ္ကား ႐ိုက္ကူးေရးအတြက္ ကုန္က်စရိတ္ သိန္း(၁၀ဝဝ) သုံးမည္ဆိုပါက သိန္း(၅၀ဝ)ေက်ာ္မွာ မင္းသားႏွင့္ မင္းသမီးအတြက္ျဖစ္ၿပီး ဒါ႐ိုက္တာႏွင့္ အျခားေသာ စက္မႈလုပ္သားမ်ား၏ လုပ္အားခမွာ မင္းသားတစ္ဦးခ်င္းစီ၏ အစြန္အဖ်ားပင္မရွိေသာ ေငြေၾကးမ်ိဳးျဖစ္ေၾကာင္း ဆိုႏိုင္သည္။
“အဓိက သ႐ုပ္ေဆာင္ မင္းသား၊မင္းသမီးရဲ႕အႏုပညာေၾကးက ဇာတ္ကားထုတ္လုပ္မႈကုန္က်စရိတ္ရဲ႕ ထက္ဝက္ ေက်ာ္မွာ ရွိတယ္။ ျမန္မာႏိုင္ငံမွာေနရင္ ဒီလိုစကားေတြ ကြၽန္ေတာ္ေျပာလို႔မရဘူး။ မွန္တာေျပာရင္ ႐ြာျပင္ အထုတ္ခံရမယ္။ အရွင္းဆုံးေျပာရရင္ နာမည္ႀကီးမင္းသား မင္းသမီးကို မွီခိုၿပီး ႐ိုက္ရတယ္။ ဒီအစီအစဥ္ ကို ၾကည့္မိတဲ့ ျမန္မာႏိုင္ငံက ႐ုပ္ရွင္မင္းသား၊ မင္းသမီး၊ ဒါ႐ိုက္တာေတြ ကိုယ္ခ်င္းစာတတ္မယ္ထင္ ပါတယ္ ” ဟု ဒါ႐ိုက္တာ ျပည္ဟိန္းသီဟက ၎၏ ယူက်ဳမွတစ္ဆင့္ ထုတ္ေဖာ္ေျပာၾကားသည္။ ၎ကိုယ္တိုင္ ဒါ႐ိုက္တာပင္ျဖစ္လင့္ကစား မင္းသားကို အလိုလိုက္ရေၾကာင္း၊ မင္းသား ၿငိဳျငင္မည္ကို စိုးရိမ္၍ မင္းသား သေဘာအတိုင္းသာ ရပ္တည္ရွင္သန္ရေၾကာင္းလည္း ဆိုသည္။ ႐ုပ္ရွင္ေလာကထဲမွ သတင္းစကားမ်ားတြင္လည္း သ႐ုပ္ေဆာင္မင္းသား အမ်ားစုႏွင့္ နာမည္ေက်ာ္ မင္းသမီးအမ်ားစုက ႐ိုက္ကူးခ်ိန္မမွန္ျခင္း၊ ႐ိုက္ကြင္း၌ ေစာင့္ဆိုင္းေနရေသာ ဒါ႐ိုက္တာႏွင့္ ႐ုပ္ရွင္ေလာကသားမ်ားအားလုံးကို ေလးစားမႈအားနည္းျခင္း အပါအဝင္ ဆိုး႐ြားလွေသာ လူ႔က်င့္ဝတ္ခ်ိဳးေဖာက္မႈမ်ား ရွိေနသည္ ဟု သိရသည္။
“ထုတ္လုပ္ေရးေတြက နာမည္ႀကီး မင္းသားမင္းသမီးေတြေနာက္ လိုက္လာတယ္။ ကြၽန္ေတာ္တို႔ ဒါ႐ိုက္တာေတြ ကလည္း မင္းသား မင္းသမီးေတြကို အဆင္ေျပေအာင္ ေပါင္းရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီမင္းသားက ဒီဒါ႐ိုက္တာနဲ႔ မ႐ိုက္ခ်င္ပါဘူးဆိုရင္ ဘယ္ေလာက္နာမည္ႀကီးႀကီး ထုတ္လုပ္ေရးက ငွားမွာ မဟုတ္ဘူးေလ ” ဟု ျပည္ဟိန္းသီဟက ေျပာသည္။
ျမန္မာႏိုင္ငံ၌ အမည္ခံ ဒါ႐ိုက္တာမ်ားစြာ ေပါမ်ားေနေၾကာင္း၊ သို႔ေသာ္လည္း ဒါ႐ိုက္တာအမ်ားစုမွာ King of the set မဟုတ္ေတာ့ဘဲ ထုတ္လုပ္ေရးကျဖစ္ေစ၊ မင္းသား မင္းသမီးက ျဖစ္ေစ ၎တို႔ လိုလားေသာ ဇာတ္႐ုပ္ မ်ိဳး ေျပာင္းလဲေစလိုသည့္ဆႏၵအတိုင္း လိုက္နာလုပ္ေဆာင္ေပးေနရသည္ဟု ဆိုသည္။ ထုတ္လုပ္ေရး ကုမၸဏီအမ်ားစု ကလည္း ေငြေၾကးအျမတ္အစြန္းရႏိုင္မည့္ ေပါေပါပဲပဲ ဇာတ္ကားမ်ားကိုသာ ေ႐ြးခ်ယ္ ႐ိုက္ကူးျခင္း၊ ႐ုံပိုင္ရွင္မ်ားကလည္း ပရိသတ္၏သေဘာထားဆႏၵကို အေလးထားမႈမရွိဘဲ ၎တို႔ အလိုရွိ ေသာ ဇာတ္ကားမ်ိဳး ကိုသာ ျပသလိုျခင္းမ်ားေၾကာင့္ ႐ုပ္ရွင္ေလာကတစ္ခုလုံး အတြင္းလႈိက္၍ ျခစားမႈ မ်ား ျဖစ္လာေနသည္ဟု ဆိုသည္။
တစ္နည္းအားျဖင့္ ႐ုပ္ရွင္ေလာကသားအခ်င္းခ်င္း ႏိုင္ထက္စီးနင္း ဇာတ္လမ္းမ်ားေၾကာင့္ ပိုမိုညံ့ဖ်င္းလာေသာ ဇာတ္ကားမ်ားသာ ေပၚထြက္လာေနေၾကာင္း ဆိုလိုျခင္း ျဖစ္သည္။ “ ထုတ္လုပ္သူ ခ်မ္းသာသြားတယ္။ ႐ုံရွင္ ခ်မ္းသာသြားတယ္။ ကိုယ့္အႏုပညာသမားေလးေတြ ေျပလည္ေနတယ္ဆိုေပမယ့္ ႏိုင္ငံအတြက္ မေကာင္းဘူး ” ဟု ျပည္ဟိန္းသီဟက ေျပာသည္။
႐ုပ္ရွင္လုပ္ငန္းႀကီး၏ေအာက္တြင္ အလုပ္လုပ္ကိုင္ေနေသာ လုပ္သားမ်ားမွာ မင္းသား၊ မင္းသမီး၊ ဒါ႐ိုက္တာ၊ ဇာတ္ဝန္းအပါအဝင္ မီးထိုးမွန္ထိုး အဆင့္မ်ားဟူ၍ရွိေနၿပီး အဆင့္လိုက္တြင္ ရသင့္ရထိုက္ေသာ ေငြေၾကးမ်ား ရရွိျခင္းမ်ိဳးမရွိဘဲ ေအာက္ေျခစက္မႈလုပ္သားမ်ားမွာ မင္းသား၊ မင္းသမီးႏွင့္ ထုတ္လုပ္သူတို႔၏ ခြဲျခားဆက္ဆံ ေခါင္းပုံျဖတ္ အႏွိမ္ခံရျခင္းမ်ားရွိေနသည္ဟု ဆိုသည္။ အထူးသျဖင့္ ႐ုပ္ရွင္လုပ္ငန္းတြင္ အႏုပညာရွင္ကသာ အေရးပါလွသည္ မဟုတ္ဘဲ အတတ္ပညာရွင္မ်ား၏ အခန္း က႑ကလည္း မျဖစ္မေန စဥ္းစားရမည္ျဖစ္ေၾကာင္း၊ သို႔ ေသာ္လည္း အတတ္ပညာရွင္မ်ားမွာ ေဈး အႏွိမ္ခံရဆုံး ျဖစ္ေနသည္ဟု ၎က ေျပာသည္။
“ အတတ္ပညာရွင္က မင္းသား၊ မင္းသမီးနဲ႔ ဒါ႐ိုက္တာ ေတြရဲ႕ အပုံ (၁၀ဝ)ပုံ တစ္ပုံေတာင္ မရဘူး။ မီးထိုးမွန္ထိုးဘဝေတြ မေျပလည္ဘူး။ ရႈတင္ထမင္းစား ရင္ေတာင္ မ်ိဳမက်ဘူး။ ထုတ္လုပ္သူက ဒါ႐ိုက္တာ၊ မင္းသား မင္းသမီးေတြကိုပဲ ဦးစားေပးတယ္။ ကြၽန္ေတာ္တို႔က အလွ်ံပယ္ပဲ။ ထုတ္လုပ္သူတစ္ေယာက္ ေျပာတာရွိတယ္။ ေအာက္က စက္မႈအဖြဲ႕သား ေတြကို ကြၽန္ေတာ္ ပိုက္ဆံေပးထားတယ္။ တန္ေအာင္ခိုင္းလို႔ကို ေျပာတာ။ လုပ္အား ေခါင္းပုံျဖတ္ခ်င္ ၾကတယ္။ ည ၁၂ နာရီအထိ ခိုင္းစမ္းပါလို႔ကို ေျပာတာ ” ဟု ၎က ေျပာသည္။ ႐ုပ္ရွင္ကားတစ္ကား ႐ုံတင္ျပသ၍ ေအာင္ျမင္သြားခဲ့ပါက ရရွိသည့္အျမတ္အစြန္းမ်ားကို ႐ုံပိုင္ရွင္ႏွင့္ ထုတ္လုပ္သူက အမ်ားဆုံး ရရွိခဲ့ေသာ္လည္း အဆိုပါပုဂၢိဳလ္မ်ားက ႐ုပ္ရွင္ေလာကသားမ်ားအတြက္ မည္သည့္ ေထာက္ပံ့ကူညီမႈမွ မေပးဘဲ မသိက်ိဳးကြၽန္ျပဳေနၾက ေၾကာင္း ေျပာသည္။ ယင္းအတြက္ေၾကာင့္ ႐ုပ္ရွင္ ေလာကသည္ ခန္းဆီးကန႔္လန႔္ကာ၏ ေရွ႕၌ ၾကည္ႏူး ခ်စ္ခင္ဖြယ္ရာအျဖစ္ ျမင္ေနရႏိုင္ေသာ္လည္း ခန္းဆီး ကန႔္လန႔္ကာ၏ ေနာက္ကြယ္တြင္ ေသလုေျမာပါးျဖစ္ေနေသာ ေအာက္ေျခ စက္မႈလုပ္သားမ်ား ၏ဘဝက နင္းျပားဘဝမွ တက္လာျခင္းမ်ိဳး မရွိေတာ့သည္ကို ေတြ႕ရသည္။