ဆက်သွယ်ရေးတာဝါတိုင် ဖျက်ဆီးခံရမှုကြောင့် မြဝတီမြို့တွင် ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်နေပြီး မြို့အခြေအနေမှာ တည်ငြိမ်လျက်ရှိ

 4644

မြူနစ် (NP News) - ဧပြီ ၆

ဆက်သွယ်ရေးတာဝါတိုင် ဖျက်ဆီးခံရမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်နေပြီး မြို့အခြေအနေသည် ပုံမှန်အတိုင်းတည်ငြိမ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မြဝတီမြို့တွင် ယနေ့(ဧပြီ ၆ ရက်) နံနက်ပိုင်းမှစ၍ ဆက်သွယ်ရေးကွန်ရက်များမှာ ပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ပြတ်တောက်နေမှုနှင့်အတူ ကောလာဟလသတင်းများလည်း ပျံ့နှံ့နေလျက်ရှိသည်။

“တာဝါတိုင်တွေ အချိုးခံရလို့ ဖုန်းလိုင်းတွေက ပြတ်တောက်နေတာ။ ဒါပေမဲ့ ဒီဘက်မှာက ထိုင်းကတ်တွေနဲ့ အသုံးပြုလို့ရတယ်။ တစ်ချို့လည်း သုံးနေကြတာရှိတယ်။ အခုညနေပိုင်းအထိတော့ မြဝတီက ပုံမှန်ပါပဲ။ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်”ဟု မြဝတီမြို့တစ်ဦးက ပြောသည်။

KNLA၊ PDF ပူးပေါင်းအဖွဲ့သည် မြဝတီမြို့အနီးရှိ တပ်မတော်၏ ခမရ (၂၇၅)ကို ဝိုင်းဝန်းပိတ်ဆို့ထားသည့်အခြေအနေရှိကြောင်းလည်း သိရသည်။

ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်ရှိ တပ်မတော်၏ ဗျုဟာကုန်းကို KNLA၊ PDF ပူးပေါင်းအဖွဲ့သည် အင်အားအလုံးအရင်းဖြင့် ဧပြီ ၅ ရက်တွင် ဝင်တိုက်ကာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNLA က ထုတ်ပြန်ထား သည်ကို တွေ့ရသည်။

“သင်္ဃန်းညီနောင် ဗျူဟာကုန်းကို KNLA ဘက်က အင်အားတော်တော်များများနဲ့ ဝင်တိုက်တယ်လို့ သိရတယ်။ အင်အားများတော့ တပ်ဘက်ကလည်း နောက်ဆုတ်ပေးလိုက်တယ်လို့ ကြားတယ်”ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။

အထက်ပါအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရန် NP News အနေဖြင့် နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံသို့ ဧပြီလ ၆ ရက် ညနေ ၆ နာရီအချိန်ထိ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

zawgyi version
ဆက္သြယ္ေရးတာဝါတိုင္ ဖ်က္ဆီးခံရမႈေၾကာင့္ ျမဝတီၿမိဳ႕တြင္ ဆက္သြယ္ေရးကြန္ရက္ ျပတ္ေတာက္ေနၿပီး ၿမိဳ႕အေျခအေနမွာ တည္ၿငိမ္လ်က္ရွိ
ျမဴနစ္ (NP News) - ဧၿပီ ၆

ဆက္သြယ္ေရးတာဝါတိုင္ ဖ်က္ဆီးခံရမႈေၾကာင့္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တြင္ ဆက္သြယ္ေရးကြန္ရက္မ်ား ျပတ္ေတာက္ေနၿပီး ၿမိဳ႕အေျခအေနသည္ ပုံမွန္အတိုင္းတည္ၿငိမ္လ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ျမဝတီၿမိဳ႕တြင္ ယေန႔(ဧၿပီ ၆ ရက္) နံနက္ပိုင္းမွစ၍ ဆက္သြယ္ေရးကြန္ရက္မ်ားမွာ ျပတ္ေတာက္သြားခဲ့ျခင္းျဖစ္ၿပီး ယင္းကဲ့သို႔ ျပတ္ေတာက္ေနမႈႏွင့္အတူ ေကာလာဟလသတင္းမ်ားလည္း ပ်ံ႕ႏွံ႔ေနလ်က္ရွိသည္။

“တာဝါတိုင္ေတြ အခ်ိဳးခံရလို႔ ဖုန္းလိုင္းေတြက ျပတ္ေတာက္ေနတာ။ ဒါေပမဲ့ ဒီဘက္မွာက ထိုင္းကတ္ေတြနဲ႔ အသုံးျပဳလို႔ရတယ္။ တစ္ခ်ိဳ႕လည္း သုံးေနၾကတာရွိတယ္။ အခုညေနပိုင္းအထိေတာ့ ျမဝတီက ပုံမွန္ပါပဲ။ တည္တည္ၿငိမ္ၿငိမ္ ရွိေနပါတယ္”ဟု ျမဝတီၿမိဳ႕တစ္ဦးက ေျပာသည္။

KNLA၊ PDF ပူးေပါင္းအဖြဲ႕သည္ ျမဝတီၿမိဳ႕အနီးရွိ တပ္မေတာ္၏ ခမရ (၂၇၅)ကို ဝိုင္းဝန္းပိတ္ဆို႔ထားသည့္အေျခအေနရွိေၾကာင္းလည္း သိရသည္။

ကရင္ျပည္နယ္၊ သဃၤန္းညီေနာင္ရွိ တပ္မေတာ္၏ ဗ်ဳဟာကုန္းကို KNLA၊ PDF ပူးေပါင္းအဖြဲ႕သည္ အင္အားအလုံးအရင္းျဖင့္ ဧၿပီ ၅ ရက္တြင္ ဝင္တိုက္ကာ သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၏ လက္နက္ကိုင္အဖြဲ႕ျဖစ္သည့္ KNLA က ထုတ္ျပန္ထား သည္ကို ေတြ႕ရသည္။

“သဃၤန္းညီေနာင္ ဗ်ဴဟာကုန္းကို KNLA ဘက္က အင္အားေတာ္ေတာ္မ်ားမ်ားနဲ႔ ဝင္တိုက္တယ္လို႔ သိရတယ္။ အင္အားမ်ားေတာ့ တပ္ဘက္ကလည္း ေနာက္ဆုတ္ေပးလိုက္တယ္လို႔ ၾကားတယ္”ဟု အမည္မေဖာ္လိုေသာ ေဒသခံတစ္ဦးက ေျပာသည္။

အထက္ပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ေမးျမန္းရန္ NP News အေနျဖင့္ နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းထံသို႔ ဧၿပီလ ၆ ရက္ ညေန ၆ နာရီအခ်ိန္ထိ ဆက္သြယ္ခဲ့ေသာ္လည္း အဆက္အသြယ္မရရွိခဲ့ေပ။

Related news

© 2021. All rights reserved.