မြဝတီမြို့ရှိ ခလရ(၂၇၅)တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ မြဝတီမြို့ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများရှိနေ

 6038

မြူနစ် (NP News) - ဧပြီ ၁၀
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ခလရ (၂၇၅)တပ်ရင်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြဝတီမြို့ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများလည်းရှိနေသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် KNLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် ခလရ(၂၇၅)ကို ယမန်နေ့ နေ့လည်ပိုင်းမှစတင်ကာ ဝိုင်းဝန်းတိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့စတင်တိုက်ခိုက်မှုကြောင့် ခလရ (၂၇၅)အနီးတွင် တပ်မတော်နှင့် KNLA ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲများသည် ယနေ့(ဧပြီ ၁၀ ရက်)အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း မြဝတီမြို့ခံများက ပြောသည်။

“တိုက်ပွဲကတော့ မြဝတီမြို့ထဲကို မရောက်ဘူး။ မြို့အပြင်မှာရှိတဲ့ (၂၇၅)မှာ ဖြစ်နေတာ။ ဒီနေ့မနက်အထိကို ပြင်းထန်နေတုန်းပဲ။ အခုချိန်ထိတော့ မြဝတီမြို့ထဲမှာ ပုံမှန်ပါပဲ။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကတော့ ဟိုဖက်ကမ်း ထိုင်းဘက်ကို ရှောင်နေကြတာရှိတယ်။ ပုံမှန်အသွားအလာတော့ ရှိနေပါတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် မြဝတီကုန်သွယ်ရေးဇုန်၊ စိမ်းလဲ့မြိုင်ကားဝန်းအပါအဝင် နေရာဒေသအချို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့တွင် စစ်ပွဲမဖြစ်ပွားစေရေးနှင့် မြို့ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးရန်တို့ကို စစ်ဘေးရှောင်များနှင့် မြို့ခံပြည်သူလူထုပူးပေါင်းကာ ယမန်နေ့ ညနေပိုင်းတွင် မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘောလုံးကွင်း၌ ဆန္ဒပြတောင်းဆိုမှုများရှိခဲ့ကြောင်း သိရသည်။

“မြဝတီမြို့အား လက်နက်ကိုင်အဖွဲ့များမှ စစ်မဲ့ဇုန်သတ်မှတ်ပေးပါ ပြည်သူများမှ တောင်းဆိုပါသည်၊ ဆက်ပြေးစရာမြေလည်း မရှိတော့သည့်အတွက် မြဝတီမြို့အား စစ်မဲ့ဇုန်သတ်မှတ်ပေးပါ၊ စစ်ဘေးဒုက္ခသည်များ နောက်ဆုံးခိုလုံရာ မြဝတီမြို့ကို ချမ်းသာပေးပါ” စသည့် ဗီနိုင်းများကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်ကိုလည်း တွေ့ရသည်။

ပြီးခဲ့သောကာလများအတွင်း၌ KNLA ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့၊ သင်္ဃန်းညီနောင်၊ ရွာသစ်၊ ဝှေ့ရှမ်း၊ မဲ့ပလဲ့ဒေသတို့တွင် တိုက်ပွဲဖော်ဆောင်မှုများရှိခဲ့ပြီး ၎င်းဒေသများမှ ပြည်သူလူထုသည် မြဝတီမြို့တွင် စစ်ဘေးရှောင်ခဲ့ကြရသည်။

“စစ်မဲ့ဇုန်တောင်းဆိုတာက မြဝတီပတ်ဝန်းကျင်မှာရှိတဲ့ ကော့ကရိတ်တို့၊ ရွာသစ်တို့၊ ညီနောင်တို့မှာရှိတဲ့ဒေသခံတွေက မြဝတီမှာရှိတဲ့ အမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ စစ်လာရှောင်နေရတာကို။ အဲဒီတော့ မြဝတီမှာ အခုလိုအသံတွေကြားတော့ မြဝတီမှာလည်း သူတို့ရွာတွေလို ဖြစ်မှာစိုးတဲ့အတွက် တောင်းဆိုတာ” ဟု မြဝတီမြို့ခံက ဆက်လက်ပြောသည်။

ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့အပါအဝင် နေရာဒေသအချို့တွင် နေအိမ်အဆောက်အဦများစွာသည် လုံးဝပျက်စီးခဲ့ရပြီး မြို့ပျက်ကြီးသဖွယ် ဖြစ်ပေါ်ခဲ့ရသည်။

Zawgyi Version

ျမဝတီၿမိဳ႕ရွိ ခလရ(၂၇၅)တြင္ တိုက္ပြဲဆက္လက္ျပင္းထန္၊ ျမဝတီၿမိဳ႕ကို စစ္မဲ့ဇုန္အျဖစ္ သတ္မွတ္ေပးရန္ ေတာင္းဆိုမႈမ်ားရွိေန

ျမဴနစ္ (NP News) - ဧၿပီ ၁၀
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕အနီးရွိ ခလရ (၂၇၅)တပ္ရင္းတြင္ တိုက္ပြဲဆက္လက္ျပင္းထန္ေနၿပီး ျမဝတီၿမိဳ႕ကို စစ္မဲ့ဇုန္အျဖစ္ သတ္မွတ္ေပးရန္ ေတာင္းဆိုမႈမ်ားလည္းရွိေနသည္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၏ လက္နက္ကိုင္အဖြဲ႕အစည္းျဖစ္သည့္ KNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ခလရ(၂၇၅)ကို ယမန္ေန႔ ေန႔လည္ပိုင္းမွစတင္ကာ ဝိုင္းဝန္းတိုက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔စတင္တိုက္ခိုက္မႈေၾကာင့္ ခလရ (၂၇၅)အနီးတြင္ တပ္မေတာ္ႏွင့္ KNLA ပူးေပါင္းအဖြဲ႕မ်ားအၾကား တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ၎တိုက္ပြဲမ်ားသည္ ယေန႔(ဧၿပီ ၁၀ ရက္)အထိ ဆက္လက္ျပင္းထန္ေနဆဲျဖစ္ေၾကာင္း ျမဝတီၿမိဳ႕ခံမ်ားက ေျပာသည္။

“တိုက္ပြဲကေတာ့ ျမဝတီၿမိဳ႕ထဲကို မေရာက္ဘူး။ ၿမိဳ႕အျပင္မွာရွိတဲ့ (၂၇၅)မွာ ျဖစ္ေနတာ။ ဒီေန႔မနက္အထိကို ျပင္းထန္ေနတုန္းပဲ။ အခုခ်ိန္ထိေတာ့ ျမဝတီၿမိဳ႕ထဲမွာ ပုံမွန္ပါပဲ။ ကေလးေတြ၊ သက္ႀကီး႐ြယ္အိုေတြကေတာ့ ဟိုဖက္ကမ္း ထိုင္းဘက္ကို ေရွာင္ေနၾကတာရွိတယ္။ ပုံမွန္အသြားအလာေတာ့ ရွိေနပါတယ္” ဟု ျမဝတီၿမိဳ႕ခံတစ္ဦးက ေျပာသည္။

အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ျမဝတီကုန္သြယ္ေရးဇုန္၊ စိမ္းလဲ့ၿမိဳင္ကားဝန္းအပါအဝင္ ေနရာေဒသအခ်ိဳ႕တြင္ ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚေနလ်က္ရွိေၾကာင္း သိရသည္။

ျမဝတီၿမိဳ႕တြင္ စစ္ပြဲမျဖစ္ပြားေစေရးႏွင့္ ၿမိဳ႕ကို စစ္မဲ့ဇုန္အျဖစ္ သတ္မွတ္ေပးရန္တို႔ကို စစ္ေဘးေရွာင္မ်ားႏွင့္ ၿမိဳ႕ခံျပည္သူလူထုပူးေပါင္းကာ ယမန္ေန႔ ညေနပိုင္းတြင္ ျမဝတီၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္ရွိ ေဘာလုံးကြင္း၌ ဆႏၵျပေတာင္းဆိုမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

“ျမဝတီၿမိဳ႕အား လက္နက္ကိုင္အဖြဲ႕မ်ားမွ စစ္မဲ့ဇုန္သတ္မွတ္ေပးပါ ျပည္သူမ်ားမွ ေတာင္းဆိုပါသည္၊ ဆက္ေျပးစရာေျမလည္း မရွိေတာ့သည့္အတြက္ ျမဝတီၿမိဳ႕အား စစ္မဲ့ဇုန္သတ္မွတ္ေပးပါ၊ စစ္ေဘးဒုကၡသည္မ်ား ေနာက္ဆုံးခိုလုံရာ ျမဝတီၿမိဳ႕ကို ခ်မ္းသာေပးပါ” စသည့္ ဗီႏိုင္းမ်ားကိုင္ေဆာင္ကာ ဆႏၵျပေတာင္းဆိုခဲ့ၾကသည္ကိုလည္း ေတြ႕ရသည္။

ၿပီးခဲ့ေသာကာလမ်ားအတြင္း၌ KNLA ပူးေပါင္းအဖြဲ႕သည္ ေကာ့ကရိတ္ၿမိဳ႕၊ သဃၤန္းညီေနာင္၊ ႐ြာသစ္၊ ေဝွ႔ရွမ္း၊ မဲ့ပလဲ့ေဒသတို႔တြင္ တိုက္ပြဲေဖာ္ေဆာင္မႈမ်ားရွိခဲ့ၿပီး ၎ေဒသမ်ားမွ ျပည္သူလူထုသည္ ျမဝတီၿမိဳ႕တြင္ စစ္ေဘးေရွာင္ခဲ့ၾကရသည္။

“စစ္မဲ့ဇုန္ေတာင္းဆိုတာက ျမဝတီပတ္ဝန္းက်င္မွာရွိတဲ့ ေကာ့ကရိတ္တို႔၊ ႐ြာသစ္တို႔၊ ညီေနာင္တို႔မွာရွိတဲ့ေဒသခံေတြက ျမဝတီမွာရွိတဲ့ အမ်ိဳးအိမ္ေတြ၊ ဘုန္းႀကီးေက်ာင္းေတြမွာ စစ္လာေရွာင္ေနရတာကို။ အဲဒီေတာ့ ျမဝတီမွာ အခုလိုအသံေတြၾကားေတာ့ ျမဝတီမွာလည္း သူတို႔႐ြာေတြလို ျဖစ္မွာစိုးတဲ့အတြက္ ေတာင္းဆိုတာ” ဟု ျမဝတီၿမိဳ႕ခံက ဆက္လက္ေျပာသည္။

ထိုကဲ့သို႔ တိုက္ပြဲျဖစ္ပြားခဲ့ေသာ ေကာ့ကရိတ္ၿမိဳ႕အပါအဝင္ ေနရာေဒသအခ်ိဳ႕တြင္ ေနအိမ္အေဆာက္အဦမ်ားစြာသည္ လုံးဝပ်က္စီးခဲ့ရၿပီး ၿမိဳ႕ပ်က္ႀကီးသဖြယ္ ျဖစ္ေပၚခဲ့ရသည္။

Related news

© 2021. All rights reserved.