အီးစီးကရက်သုံးစွဲမှုကို ကာကွယ်တားဆီးရေးအတွက် ဥပဒေပြဋ္ဌာန်းချက်များ ချမှတ်ရန် လိုအပ်ဟု ကျန်းမာရေးဝန်ကြီးပြော

 814

ယွန်း (NP News) - ဧပြီ ၁၀
အီးစီးကရက်ကဲ့သို့သော အီလက်ထရောနစ် အငွေ့ရှူစက်သုံးစွဲမှုကို ကာကွယ်တားဆီးရေးအတွက် ဥပဒေပြဋ္ဌာန်းချက်များ ချမှတ်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးက အသိပေးပြောထားသည်။

ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ဧပြီ(၉)ရက်တွင် ဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဗဟိုအဖွဲ့အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုသည် နှလုံးသွေးကြောကျဥ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါ စသည့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း သိရသည်။

အသစ်ပေါ်ထွက်လာသည့် အီးစီးကရက်ကဲ့သို့သော အီလက်ထရောနစ်အငွေ့ရှူစက်များသုံးစွဲမှုသည် ကျန်းမာရေးကို ထိခိုက်စေသည့်အတွက် လူငယ်များအနေဖြင့် အဆိုပါအီလက်ထရောနစ်အငွေ့ရှူစက်များသုံးစွဲမှုမှ ကာကွယ်တားဆီးရန် လိုအပ်သော မူဝါဒ၊ အစီအမံနှင့် ဥပဒေပြဋ္ဌာန်းချက်များ ချမှတ်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောထားသည်။

ထို့ပြင် နိုင်ငံတကာအတွေ့အကြုံများအရ ဆေးလိပ်ဈေးနှုန်းမြင့်လေ၊ သုံးစွဲမှုလျော့ကျလေဖြစ်သည့်အတွက် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းကိုလည်း ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေးအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းကို (၂၀၀၃) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး (၂၀၀၆)ခုနှစ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်း၍ လိုအပ်သောအမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးရွက်ကြီးစိုက်ပျိုးမှု၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုကို စနစ်တကျကန့်သတ်ထိန်းချုပ် ဆောင်ရွက်လာသည့်အတွက် အဆိုပါပစ္စည်းများကို ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပစ်မှတ်ထား၍ ရင်းနှီးမြှုပ်နှံလာသည်ကို တွေ့ရကြောင်း ‌လည်း ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ၏ ဆေးလိပ်သောက်သုံးမှုနှုန်းသည် ကမ္ဘာ့နိုင်ငံများအနက် ဆေးလိပ်သောက်သုံးမှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေပြီး ဆေးလိပ်နှင့်ပတ်သက်သောရောဂါများကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် ၆ဝဝဝဝ ကျော် သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ထုတ်ပြန်ချက်များအရ သိရသည်။

Zawgyi Version

အီးစီးကရက္သုံးစြဲမႈကို ကာကြယ္တားဆီးေရးအတြက္ ဥပေဒျပ႒ာန္းခ်က္မ်ား ခ်မွတ္ရန္ လိုအပ္ဟု က်န္းမာေရးဝန္ႀကီးေျပာ

ယြန္း (NP News) - ဧၿပီ ၁၀
အီးစီးကရက္ကဲ့သို႔ေသာ အီလက္ထေရာနစ္ အေငြ႕ရႉစက္သုံးစြဲမႈကို ကာကြယ္တားဆီးေရးအတြက္ ဥပေဒျပ႒ာန္းခ်က္မ်ား ခ်မွတ္ရန္ လိုအပ္ေၾကာင္း က်န္းမာေရးဝန္ႀကီးက အသိေပးေျပာထားသည္။

က်န္းမာေရးဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက ဧၿပီ(၉)ရက္တြင္ ဝန္ႀကီးဌာန၊ ႐ုံးအမွတ္(၄) အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္ ေဆးလိပ္ႏွင့္ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈထိန္းခ်ဳပ္ေရး ဗဟိုအဖြဲ႕အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္း သုံးစြဲမႈသည္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါႏွင့္ ေလျဖတ္ေရာဂါ၊ ကင္ဆာေရာဂါ၊ နာတာရွည္အဆုတ္ႏွင့္ အသက္ရႉလမ္းေၾကာင္းေရာဂါ စသည့္ မကူးစက္ႏိုင္ေသာေရာဂါမ်ား ျဖစ္ပြားရျခင္း၏ အဓိကအေၾကာင္းရင္းျဖစ္ေၾကာင္း သိရသည္။

အသစ္ေပၚထြက္လာသည့္ အီးစီးကရက္ကဲ့သို႔ေသာ အီလက္ထေရာနစ္အေငြ႕ရႉစက္မ်ားသုံးစြဲမႈသည္ က်န္းမာေရးကို ထိခိုက္ေစသည့္အတြက္ လူငယ္မ်ားအေနျဖင့္ အဆိုပါအီလက္ထေရာနစ္အေငြ႕ရႉစက္မ်ားသုံးစြဲမႈမွ ကာကြယ္တားဆီးရန္ လိုအပ္ေသာ မူဝါဒ၊ အစီအမံႏွင့္ ဥပေဒျပ႒ာန္းခ်က္မ်ား ခ်မွတ္ရန္လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာထားသည္။

ထို႔ျပင္ ႏိုင္ငံတကာအေတြ႕အႀကဳံမ်ားအရ ေဆးလိပ္ေဈးႏႈန္းျမင့္ေလ၊ သုံးစြဲမႈေလ်ာ့က်ေလျဖစ္သည့္အတြက္ ေဆးလိပ္ႏွင့္ေဆး႐ြက္ႀကီးထြက္ပစၥည္းမ်ားအေပၚ အခြန္တိုးျမႇင့္ေကာက္ခံျခင္းကိုလည္း ေဆာင္႐ြက္ရန္ ၎က တိုက္တြန္းထားသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ေဆး႐ြက္ႀကီးထိန္းခ်ဳပ္ေရးအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းကို (၂၀၀၃) ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး (၂၀၀၆)ခုႏွစ္တြင္ ေဆးလိပ္ႏွင့္ေဆး႐ြက္ႀကီး ထြက္ပစၥည္းေသာက္သုံးမႈထိန္းခ်ဳပ္ေရးဥပေဒကို ျပ႒ာန္း၍ လိုအပ္ေသာအမိန႔္ႏွင့္ ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားတြင္ ေဆး႐ြက္ႀကီးစိုက္ပ်ိဳးမႈ၊ ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္း ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်မႈကို စနစ္တက်ကန႔္သတ္ထိန္းခ်ဳပ္ ေဆာင္႐ြက္လာသည့္အတြက္ အဆိုပါပစၥည္းမ်ားကို ျဖန႔္ျဖဴးေရာင္းခ်သူမ်ားအေနျဖင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားကို ပစ္မွတ္ထား၍ ရင္းႏွီးျမႇဳပ္ႏွံလာသည္ကို ေတြ႕ရေၾကာင္း ‌လည္း ေဒါက္တာသက္ခိုင္ဝင္းက ေျပာသည္။

ျမန္မာႏိုင္ငံ၏ ေဆးလိပ္ေသာက္သုံးမႈႏႈန္းသည္ ကမာၻ႔ႏိုင္ငံမ်ားအနက္ ေဆးလိပ္ေသာက္သုံးမႈ အမ်ားဆုံးႏိုင္ငံမ်ားထဲတြင္ ပါဝင္လ်က္ရွိေနၿပီး ေဆးလိပ္ႏွင့္ပတ္သက္ေသာေရာဂါမ်ားေၾကာင့္ ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ ၆ဝဝဝဝ ေက်ာ္ ေသဆုံးေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.