ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် တစ်ပတ်ခန့် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနေမည်ဟု YESC အသိပေး

 6529

စော(NP News)-ဧပြီ ၁၀
ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်မည်ဖြစ်ရာ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တို့တွင် ဧပြီလ ၁၀ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းရှိ သဘာဝဓာတ်ငွေသုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝဓာတ်‌‌ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းကို ယနေ့ (ဧပြီလ ၁၀ရက်)မှ (ဧပြီလ ၁၇ ရက်)နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်နေစဉ် သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အား ထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းနေမည်ဖြစ်ကြောင်း YESC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းနေမည်ဖြစ်၍ အရေးပေါ်ဝန်အားလျော့ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်နေရာအချို့တို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်ကြောင်း YESCက ဆိုထားသည်။

Zawgyi Version


စော(NP News)-ဧပြီ ၁၀




Related news

© 2021. All rights reserved.