မရမ်းကုန်မြို့နယ်တွင် CNG သုံးတက္ကစီတစ်စီး ကားစက်နှိုးစဉ် ဝါယာရှော့ဖြစ်ကာ မီးလောင်ခြင်းကြောင့် တစ်စီးလုံးပျက်စီးဆုံးရှုံး

 1293

သန့်ဇင် (NP News) - ဧပြီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့နယ်တွင် CNG သုံးတက္ကစီတစ်စီး ကားစက်နှိုးစဉ် ဝါယာရှော့ဖြစ်ကာ မီးလောင်ခြင်းကြောင့် တစ်စီးလုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းထံမှ သိရသည်။

ကားမီးလောင်မှုသည် ယနေ့(ဧပြီလ ၁၀ ရက်)၊ နံနက် ၃နာရီ ၅၀မိနစ်အချိန်က မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဝါယာလက်(၂)လမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“Probox ဂတ်(စ်)ကားတစ်စီးလောင်တာပါ။ ကားစက်နှိုးရင်းကနေ ဝါယာရှော့ဖြစ်ပြီး လောင်တာပေါ့။ ကားတစ်စီးလုံးလောင်သွားတာပါ”ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ကားမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း Probox ကားတစ်စီးလုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ “အကြံပြုချင်တာကတော့ ဒီရာသီက ပူပြင်းတဲ့ရာသီဖြစ်တဲ့အတွက် ကားသမားတွေအနေနဲ့ အထူးဂရုစိုက်စေချင်ပါတယ်”ဟု ၎င်းက အကြံပြုပြောဆိုသည်။

ထို့ကြောင့် ၎င်းကားမီးလောင်မှုဖြစ်စဉ်ကို မရမ်းကုန်းမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားပရဟိတအသင်းအဖွဲ့များက ဝိုင်းဝန်းမီငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

zawgyi version
မရမ္းကုန္ၿမိဳ႕နယ္တြင္ CNG သုံးတကၠစီတစ္စီး ကားစက္ႏႈိးစဥ္ ဝါယာေရွာ့ျဖစ္ကာ မီးေလာင္ျခင္းေၾကာင့္ တစ္စီးလုံးပ်က္စီးဆုံးရႈံး
သန႔္ဇင္ (NP News) - ဧၿပီ ၁၀

ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္ၿမိဳ႕နယ္တြင္ CNG သုံးတကၠစီတစ္စီး ကားစက္ႏႈိးစဥ္ ဝါယာေရွာ့ျဖစ္ကာ မီးေလာင္ျခင္းေၾကာင့္ တစ္စီးလုံးပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ျမန္မာ့ၾကယ္ျဖဴလူမႈကူညီေရးအသင္းထံမွ သိရသည္။

ကားမီးေလာင္မႈသည္ ယေန႔(ဧၿပီလ ၁၀ ရက္)၊ နံနက္ ၃နာရီ ၅၀မိနစ္အခ်ိန္က မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၉)ရပ္ကြက္၊ ဝါယာလက္(၂)လမ္းတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“Probox ဂတ္(စ္)ကားတစ္စီးေလာင္တာပါ။ ကားစက္ႏႈိးရင္းကေန ဝါယာေရွာ့ျဖစ္ၿပီး ေလာင္တာေပါ့။ ကားတစ္စီးလုံးေလာင္သြားတာပါ”ဟု ျမန္မာ့ၾကယ္ျဖဴလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ကားမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း Probox ကားတစ္စီးလုံးမီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။ “အႀကံျပဳခ်င္တာကေတာ့ ဒီရာသီက ပူျပင္းတဲ့ရာသီျဖစ္တဲ့အတြက္ ကားသမားေတြအေနနဲ႔ အထူးဂ႐ုစိုက္ေစခ်င္ပါတယ္”ဟု ၎က အႀကံျပဳေျပာဆိုသည္။

ထို႔ေၾကာင့္ ၎ကားမီးေလာင္မႈျဖစ္စဥ္ကို မရမ္းကုန္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ အျခားပရဟိတအသင္းအဖြဲ႕မ်ားက ဝိုင္းဝန္းမီျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.