စစ်ကိုင်းမြို့နယ်တွင် ဘုရားဖူးကားနှင့် အန်စာတုံးကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံး

 684

သန့်ဇင် (NP News) - မေ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ဘုရားဖူးကားနှင့် အန်စာတုံးကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ တစ်ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အိုးဘိုလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(မေလ ၂ ရက်) နံနက် ၈နာရီအချိန်ခန့်က စစ်ကိုင်းမြို့နယ်၊ မြင်းမွှေးကျေးရွာ၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခွေးဘီလူးက ကောင်းမှုတော်ဘုရားကနေ ကန်တလူဘုရားကိုသွားဖူးဖို့ အထွက်မှာ မုံရွာဘက်ကိုလာတဲ့ အန်စာတုံးကားက ကားတစ်စီးကိုကျော်တက်ပြီး ခွေးဘီလူးကိုဝင်တိုက်တာပါ။ မိုးလေးကလည်း ဖွဲဖွဲလေးရွာနေတော့ ဘရိတ်အုပ်ဖို့မလွယ်တာလည်းပါတာပေါ့”ဟု အိုးဘိုလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် SUZUKI ကားပေါ်တွင်လိုက်ပါလာသည့် လူ(၅)ဦးအနက် အသက်(၃၅)နှစ်အရွယ် ကိုမင်းသူဟိန်းတွင် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“အန်စာတုံးကားကလူတွေကတော့ ဘာမှမဖြစ်ဘူး။ ဘုရားဖူးကားပေါ်က လူ(၅)ယောက်မှာ ယာဉ်မောင်းဘေးကတစ်ယောက်က ကားခေါင်းထဲမှာညှပ်ပြီးဆုံးသွားတာ။ အဲဒီနေရာက ဖြစ်လေ့ရှိတဲ့နေရာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို အိုးဘိုလူမှုကူညီရေးအသင်းက စစ်ကိုင်းပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
စစ္ကိုင္းၿမိဳ႕နယ္တြင္ ဘုရားဖူးကားႏွင့္ အန္စာတုံးကားတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ တစ္ဦးပြဲခ်င္းၿပီးေသဆုံး

သန႔္ဇင္ (NP News) - ေမ ၂

စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္တြင္ ဘုရားဖူးကားႏွင့္ အန္စာတုံးကားတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ တစ္ဦးပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း အိုးဘိုလူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ေမလ ၂ ရက္) နံနက္ ၈နာရီအခ်ိန္ခန႔္က စစ္ကိုင္းၿမိဳ႕နယ္၊ ျမင္းေမႊးေက်း႐ြာ၊ မုံ႐ြာ-မႏၲေလးလမ္းမႀကီးေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေခြးဘီလူးက ေကာင္းမႈေတာ္ဘုရားကေန ကန္တလူဘုရားကိုသြားဖူးဖို႔ အထြက္မွာ မုံ႐ြာဘက္ကိုလာတဲ့ အန္စာတုံးကားက ကားတစ္စီးကိုေက်ာ္တက္ၿပီး ေခြးဘီလူးကိုဝင္တိုက္တာပါ။ မိုးေလးကလည္း ဖြဲဖြဲေလး႐ြာေနေတာ့ ဘရိတ္အုပ္ဖို႔မလြယ္တာလည္းပါတာေပါ့”ဟု အိုးဘိုလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ SUZUKI ကားေပၚတြင္လိုက္ပါလာသည့္ လူ(၅)ဦးအနက္ အသက္(၃၅)ႏွစ္အ႐ြယ္ ကိုမင္းသူဟိန္းတြင္ ထိခိုက္ဒဏ္ရာမ်ား ျပင္းထန္စြာရရွိကာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“အန္စာတုံးကားကလူေတြကေတာ့ ဘာမွမျဖစ္ဘူး။ ဘုရားဖူးကားေပၚက လူ(၅)ေယာက္မွာ ယာဥ္ေမာင္းေဘးကတစ္ေယာက္က ကားေခါင္းထဲမွာညႇပ္ၿပီးဆုံးသြားတာ။ အဲဒီေနရာက ျဖစ္ေလ့ရွိတဲ့ေနရာပါ”ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို အိုးဘိုလူမႈကူညီေရးအသင္းက စစ္ကိုင္းျပည္သူ႔ေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.