အီရန်နျူကလီးယားနေရာတွေကို အစ္စရေးနိုင်ငံတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေဟုဆို

 360

ဂျန်ဇက် (NP News) - ဧပြီ ၁ဝ

အစ္စရေးနိုင်ငံဟာ အီရန်နိုင်ငံရဲ့နျူကလီးယား လုပ်ဆောင်နေတဲ့နေရာတွေကို တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

အီရန်ဟာ ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးတိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး လက်တုံ့ပြန်မယ်ဆိုရင် အစ္စရေးဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်သွားဖွယ်ရှိနေကြောင်း လန်ဒန်အခြေစိုက်မီဒီယာ တွေက ဖော်ပြထားပါတယ်။

အစ္စရေးဟာ ဧပြီလအစောပိုင်းက ဆီးရီးယားနိုင်ငံကိုလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်ဗိုလ်ချုပ်နှစ်ဦး အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။ အီရန်ဘာသာရေးခေါင်းဆောင်က အစ္စရေးဟာ ၎င်းတို့ လုပ်ဆောင်ခဲ့တဲ့အတိုင်း တုံ့ပြန်ခံရဖွယ်ရှိနေကြောင်း မကြာသေးမီက သတိပေးခဲ့ပါတယ်။

ဒါပေမယ့် ဗြိတိန်အခြေစိုက် Elaph News သတင်းဌာနက အစ္စရေးဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေ လုပ်ဆောင်နေတဲ့နေရာတွေကို လေကြောင်းက တိုက်ခိုက်ဖို့ လေယာဉ်မှူးတွေကို အထူးလေ့ကျင့်သင်ကြားပေးနေ ကြောင်း ဖော်ပြထားပါတယ်။ ဗြိတိန်အခြေစိုက် The Sun သတင်းဌာနက အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ အရှေ့ အလယ်ပိုင်းဒေသအတွင်းမှာ တင်းမာမှုတွေပိုမိုဖြစ်လာဖွယ်ရှိနေပြီး အမေရိကန်အစိုးရက အစ္စရေးရဲ့တိုက်ခိုက်မှု တွေကို ကူညီထောက်ပံ့ပေးဖွယ်ရှိနေကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေက အီရန်ဟာ ရာမာဒန် ကာလပြီးဆုံးချိန်မှာ အစ္စရေးနိုင်ငံရှိ အခြေခံ အဆောက်အဦးကို ဒရုန်းတွေနဲ့တိုက်ခိုက်လာဖွယ်ရှိနေကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဂါဇာစစ်ပွဲဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်းတည်းက အစ္စရေးနဲ့ အီရန်တို့ဟာ တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး အစ္စရေး ရဲ့ဆီးရီးယားနိုင်ငံကို တိုက်ခိုက်မှုတွေအတွင်း အီရန်ဗိုလ်ချုပ်တွေ သေဆုံးခဲ့ရကြောင်း သိရပါတယ်။

Zawgyi Version;
အီရန္န်ဴကလီးယားေနရာေတြကို အစၥေရးႏိုင္ငံတိုက္ခိုက္ဖို႔ အဆင္သင့္ျဖစ္ေနဟုဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၁ဝ

အစၥေရးႏိုင္ငံဟာ အီရန္ႏိုင္ငံရဲ႕န်ဴကလီးယား လုပ္ေဆာင္ေနတဲ့ေနရာေတြကို တိုက္ခိုက္ဖို႔ အဆင္သင့္ရွိေနေၾကာင္း ၿဗိတိန္မီဒီယာေတြက ေဖာ္ျပထားပါတယ္။

အီရန္ဟာ ဆီးရီးယားႏိုင္ငံရွိ အီရန္သံ႐ုံးတိုက္ခိုက္ခံရမႈေတြနဲ႔ပတ္သက္ၿပီး လက္တုံ႔ျပန္မယ္ဆိုရင္ အစၥေရးဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ေတြကို ပစ္မွတ္ထားတိုက္ခိုက္သြားဖြယ္ရွိေနေၾကာင္း လန္ဒန္အေျခစိုက္မီဒီယာ ေတြက ေဖာ္ျပထားပါတယ္။

အစၥေရးဟာ ဧၿပီလအေစာပိုင္းက ဆီးရီးယားႏိုင္ငံကိုေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ အီရန္ဗိုလ္ခ်ဳပ္ႏွစ္ဦး အပါအဝင္ လူအမ်ားအျပား ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ အီရန္ဘာသာေရးေခါင္းေဆာင္က အစၥေရးဟာ ၎တို႔ လုပ္ေဆာင္ခဲ့တဲ့အတိုင္း တုံ႔ျပန္ခံရဖြယ္ရွိေနေၾကာင္း မၾကာေသးမီက သတိေပးခဲ့ပါတယ္။

ဒါေပမယ့္ ၿဗိတိန္အေျခစိုက္ Elaph News သတင္းဌာနက အစၥေရးဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ေတြ လုပ္ေဆာင္ေနတဲ့ေနရာေတြကို ေလေၾကာင္းက တိုက္ခိုက္ဖို႔ ေလယာဥ္မႉးေတြကို အထူးေလ့က်င့္သင္ၾကားေပးေန ေၾကာင္း ေဖာ္ျပထားပါတယ္။ ၿဗိတိန္အေျခစိုက္ The Sun သတင္းဌာနက အစၥေရးရဲ႕တိုက္ခိုက္မႈေတြဟာ အေရွ႕ အလယ္ပိုင္းေဒသအတြင္းမွာ တင္းမာမႈေတြပိုမိုျဖစ္လာဖြယ္ရွိေနၿပီး အေမရိကန္အစိုးရက အစၥေရးရဲ႕တိုက္ခိုက္မႈ ေတြကို ကူညီေထာက္ပံ့ေပးဖြယ္ရွိေနေၾကာင္း ေဖာ္ျပထားပါတယ္။

အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ေတြက အီရန္ဟာ ရာမာဒန္ ကာလၿပီးဆုံးခ်ိန္မွာ အစၥေရးႏိုင္ငံရွိ အေျခခံ အေဆာက္အဦးကို ဒ႐ုန္းေတြနဲ႔တိုက္ခိုက္လာဖြယ္ရွိေနေၾကာင္း မၾကာေသးမီက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဂါဇာစစ္ပြဲျဖစ္ပြားလာခဲ့ၿပီးေနာက္ပိုင္းတည္းက အစၥေရးနဲ႔ အီရန္တို႔ဟာ တင္းမာမႈအရွိန္ျမင့္တက္လာခဲ့ၿပီး အစၥေရး ရဲ႕ဆီးရီးယားႏိုင္ငံကို တိုက္ခိုက္မႈေတြအတြင္း အီရန္ဗိုလ္ခ်ဳပ္ေတြ ေသဆုံးခဲ့ရေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.