Miss Grand Thailand ပြိုင်ပွဲတွင် အလှမယ်တစ်ဦး ဝတ်ဆင်ခဲ့သော ကယန်းရိုးရာမှီငြမ်းဝတ်စုံနှင့်ပတ်သက်၍ တာဝန်ရှိသူများက ကန့်ကွက်သင့်ကြောင်း ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ပညာရှင်တစ်ဦးအကြံပြု

 8521

သုတကျော် (NP News) - ဧပြီ ၁၁

Miss Grand Thailand ပြိုင်ပွဲတွင် အလှမယ်တစ်ဦး ဝတ်ဆင်ခဲ့သော ကယန်းရိုးရာ မှီငြမ်းဝတ်စုံနှင့် ပတ်သက်၍ တာဝန်ရှိသူများက ကန့်ကွက်သင့်ကြောင်းရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ပညာရှင်တစ်ဦးက NP News မှတစ်ဆင့် အကြံပြုပြောကြားသည်။

Miss Grand Thailand အလှမယ်ပြိုင်ပွဲတွင် မယ်ဟောင်ဆောင် ကိုယ်စားပြု အလှမယ် ဝတ်ဆင်ခဲ့ သော ကယန်းရိုးရာ မှီငြိမ်းဝတ်စုံနှင့်ပတ်သက်၍ အဆိုပါ ပြိုင်ပွဲ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေ့ချ်တွင် ဖော်ပြခဲ့ရာ လူမှုကွန်ရက်သုံးစွဲသူ မြန်မာနိုင်ငံသား အများအပြားက အထက်ပါ တိုင်ရင်းသားများ ဖြစ်ကြောင်းနှင့် အသုံးမပြုသင့်ကြောင်း ဝေဖန်သည့် မှတ်ချက်များကို ပေးခဲ့ကြကာ ထိုင်းနိုင်ငံသား လူမှုကွန်ရက် သုံးစွဲသူအချို့ကလည်းထောက် ခံရေးသားခဲ့ကြောင်း တွေ့မြင်ရသည်။

အဆိုပါဝတ်စုံနှင့်ပတ်သက်၍ ကရင်မျိုးနွယ်စုမှဖြစ်ကြောင်း၊ အဆိုပါ မျိုးနွယ်စုသည် မယ်ဟောင်ဆောင်ခရိုင် တွင် ထိုင်းနှင့် နိုင်ငံခြားသားများကို ဆွဲ ဆောင်နိုင်ကြောင်းနှင့် မယ်ဟောင်ဆောင် သည် ယဉ်ကျေးမှုပေါင်းစုံကွဲပြားစွာရှိ ကြောင်း စသည်ဖြင့် ထည့်သွင်းရေးသား ခဲ့ကာ ဝတ်ဆင်ခဲ့သူမှာလည်း မယ်ဟောင် ဆောင်ကိုယ်စားပြု အလှမယ်ဖြစ်သည်။

“ဒီဟာက ကျွန်တော်တို့က ယဉ်ကျေး မှုဝန်ကြီးဌာန ဒါမှမဟုတ် သံရုံးက ကျွန် တော်တို့ဆီမှာ ဒါနဲ့ပတ်သက်ပြီး ခိုင်ခိုင်မာမာပြနိုင်တယ်ဆိုရင် ဒါမျိုး အသုံးပြုဖို့ အရင် ဆုံးခွင့်တောင်းသင့်တာပေါ့။

ကျွန်တော်တို့ကခွင့်ပြုမှ သူတို့ သုံးသင့်တာပေါ့။ ကျွန်တော်တို့က ခွင့်မပြုဘူး ဆိုရင်တော့ မသုံးသင့်ဘူး။ ခွင့်မတောင်းဘဲ ဒီလိုမျိုးလုပ်တယ်ဆိုရင်တော့ ကျွန်တော်တို့က သူတို့ ရဲ့ ထိုင်းသံရုံးတို့ကို ဘာတို့ကို ကန့်ကွက်စာပို့ရတာပေါ့။ ဒါမျိုးပေါ့။ ဒါကတော့ သံရေးတမန်ရေးမှာ လုပ်လေ့လုပ် ထရှိတာမျိုးပေါ့” ဟု အထက်ပါ ပညာရှင်ကဆိုသည်။

ယခုကဲ့သို့ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု ဖြစ် သည့်အတွက် အရေးကြီးပြီး ယူမသုံးသင့်ကြောင်း၊ လူမျိုးချင်း၊ နိုင်ငံချင်း ကျင့်ဝတ်ရှိရမည် ဖြစ်ကြောင်း လည်း ၎င်းကဆိုသည်။

“သူတို့ရဲ့အထိမ်းအမှတ် ယဉ်ကျေးမှုတစ်ခုကို ကျွန်တော်တို့ဆီမှာ ရှိတဲ့ပုံစံမျိုးနဲ့ လုပ်လို့ရှိရင် မကောင်းဘူးလေ။ ကျင့်ဝတ်ရှိရတယ်ပေါ့။ တိုင်းပြည် ဘယ်လောက်ပဲ အဆင်ပြေပြေ ချမ်းသာချမ်းသာ ယဉ်ကျေးမှု ထိုးဖောက်တာ မဖြစ်သင့်ဘူးလို့ မြင်တာ ပဲ” ဟု ၎င်းက ဆိုသည်။

zawgyi version
Miss Grand Thailand ၿပိဳင္ပြဲတြင္ အလွမယ္တစ္ဦး ဝတ္ဆင္ခဲ့ေသာ ကယန္း႐ိုးရာမွီျငမ္းဝတ္စုံႏွင့္ပတ္သက္၍ တာဝန္ရွိသူမ်ားက ကန႔္ကြက္သင့္ေၾကာင္း ယဥ္ေက်းမႈအေမြအႏွစ္ဆိုင္ရာ ပညာရွင္တစ္ဦးအႀကံျပဳ
သုတေက်ာ္ (NP News) - ဧၿပီ ၁၁

Miss Grand Thailand ၿပိဳင္ပြဲတြင္ အလွမယ္တစ္ဦး ဝတ္ဆင္ခဲ့ေသာ ကယန္း႐ိုးရာ မွီျငမ္းဝတ္စုံႏွင့္ ပတ္သက္၍ တာဝန္ရွိသူမ်ားက ကန႔္ကြက္သင့္ေၾကာင္းေရွးေဟာင္းသုေတသနႏွင့္ ယဥ္ေက်းမႈ အေမြအႏွစ္ဆိုင္ရာ ပညာရွင္တစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳေျပာၾကားသည္။

Miss Grand Thailand အလွမယ္ၿပိဳင္ပြဲတြင္ မယ္ေဟာင္ေဆာင္ ကိုယ္စားျပဳ အလွမယ္ ဝတ္ဆင္ခဲ့ ေသာ ကယန္း႐ိုးရာ မွီၿငိမ္းဝတ္စုံႏွင့္ပတ္သက္၍ အဆိုပါ ၿပိဳင္ပြဲ၏ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ေပ့ခ်္တြင္ ေဖာ္ျပခဲ့ရာ လူမႈကြန္ရက္သုံးစြဲသူ ျမန္မာႏိုင္ငံသား အမ်ားအျပားက အထက္ပါ တိုင္ရင္းသားမ်ား ျဖစ္ေၾကာင္းႏွင့္ အသုံးမျပဳသင့္ေၾကာင္း ေဝဖန္သည့္ မွတ္ခ်က္မ်ားကို ေပးခဲ့ၾကကာ ထိုင္းႏိုင္ငံသား လူမႈကြန္ရက္ သုံးစြဲသူအခ်ိဳ႕ကလည္းေထာက္ ခံေရးသားခဲ့ေၾကာင္း ေတြ႕ျမင္ရသည္။

အဆိုပါဝတ္စုံႏွင့္ပတ္သက္၍ ကရင္မ်ိဳးႏြယ္စုမွျဖစ္ေၾကာင္း၊ အဆိုပါ မ်ိဳးႏြယ္စုသည္ မယ္ေဟာင္ေဆာင္ခ႐ိုင္ တြင္ ထိုင္းႏွင့္ ႏိုင္ငံျခားသားမ်ားကို ဆြဲ ေဆာင္ႏိုင္ေၾကာင္းႏွင့္ မယ္ေဟာင္ေဆာင္ သည္ ယဥ္ေက်းမႈေပါင္းစုံကြဲျပားစြာရွိ ေၾကာင္း စသည္ျဖင့္ ထည့္သြင္းေရးသား ခဲ့ကာ ဝတ္ဆင္ခဲ့သူမွာလည္း မယ္ေဟာင္ ေဆာင္ကိုယ္စားျပဳ အလွမယ္ျဖစ္သည္။

“ဒီဟာက ကြၽန္ေတာ္တို႔က ယဥ္ေက်း မႈဝန္ႀကီးဌာန ဒါမွမဟုတ္ သံ႐ုံးက ကြၽန္ ေတာ္တို႔ဆီမွာ ဒါနဲ႔ပတ္သက္ၿပီး ခိုင္ခိုင္မာမာျပႏိုင္တယ္ဆိုရင္ ဒါမ်ိဳး အသုံးျပဳဖို႔ အရင္ ဆုံးခြင့္ေတာင္းသင့္တာေပါ့။

ကြၽန္ေတာ္တို႔ကခြင့္ျပဳမွ သူတို႔ သုံးသင့္တာေပါ့။ ကြၽန္ေတာ္တို႔က ခြင့္မျပဳဘူး ဆိုရင္ေတာ့ မသုံးသင့္ဘူး။ ခြင့္မေတာင္းဘဲ ဒီလိုမ်ိဳးလုပ္တယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က သူတို႔ ရဲ႕ ထိုင္းသံ႐ုံးတို႔ကို ဘာတို႔ကို ကန႔္ကြက္စာပို႔ရတာေပါ့။ ဒါမ်ိဳးေပါ့။ ဒါကေတာ့ သံေရးတမန္ေရးမွာ လုပ္ေလ့လုပ္ ထရွိတာမ်ိဳးေပါ့” ဟု အထက္ပါ ပညာရွင္ကဆိုသည္။

ယခုကဲ့သို႔ လူမ်ိဳးတစ္မ်ိဳး၏ ယဥ္ေက်းမႈ ျဖစ္ သည့္အတြက္ အေရးႀကီးၿပီး ယူမသုံးသင့္ေၾကာင္း၊ လူမ်ိဳးခ်င္း၊ ႏိုင္ငံခ်င္း က်င့္ဝတ္ရွိရမည္ ျဖစ္ေၾကာင္း လည္း ၎ကဆိုသည္။

“သူတို႔ရဲ႕အထိမ္းအမွတ္ ယဥ္ေက်းမႈတစ္ခုကို ကြၽန္ေတာ္တို႔ဆီမွာ ရွိတဲ့ပုံစံမ်ိဳးနဲ႔ လုပ္လို႔ရွိရင္ မေကာင္းဘူးေလ။ က်င့္ဝတ္ရွိရတယ္ေပါ့။ တိုင္းျပည္ ဘယ္ေလာက္ပဲ အဆင္ေျပေျပ ခ်မ္းသာခ်မ္းသာ ယဥ္ေက်းမႈ ထိုးေဖာက္တာ မျဖစ္သင့္ဘူးလို႔ ျမင္တာ ပဲ” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.