အရှေ့အလယ်ပိုင်းဒေသအကျပ်အတည်းများကြားတွင် ရေနံအကျိုးအမြတ်များပြားလာ

 439

ALynn (NP News) - ဧပြီ ၁၁

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့် ရင်းနှီးမြှုပ်နှံသူများက အခြေအနေပိုမို ဆိုးရွားသွားခြင်းမရှိအောင် ထိန်းထားနေရသည်။ ရေနံဈေးနှုန်းများသည် အစောပိုင်းကာလအတွင်း တစ်စည်လျှင် တစ်ဒေါ်လာဈေးနှုန်းတက်ပြီးနောက် ယနေ့ (ဧပြီလ ၁၁ ရက်) တွင် အာရှကုန်သွယ်ရေးတွင် ဈေးတည်ငြိမ်မှုရှိလာကြောင်း တွေ့ရသည်။

၎င်းအရှေ့အလယ် ပိုင်းပဋိပက္ခများတွင် OPEC ၏ တတိယရေနံထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်သူ အီရန်လည်းပါဝင် နေသည်။ Brent ရေနံစိမ်းဈေးနှုန်းခန့်မှန်းခြေသည် တစ်စည်လျှင် ၄ ဆင့်မှ ၉၀ ဒသမ ၅၂ ဒေါ်လာသို့ တက်သွားပြီး အမေရိကန် West Texas Intermediate ရေနံစိမ်းမှာမူ ၂ ဆင့်မှ ၈၆ ဒသမ ၂၄ ဒေါ်လာသို့ ခုန်တက်သွားခဲ့သည်။

ဂါဇာစစ်ပွဲအတွင်း အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမက်စ်ခေါင်းဆောင်၏သား ၃ ဦးသေဆုံးသွားပြီးနောက် ၎င်းစာချုပ်နှစ်ခုလုံး၏ တန်ဖိုးသည် ၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်တွင် အစ္စရေးနှင့် ဟားမက်စ်တို့သည် အပစ်အခက်ရပ်စဲရေးအတွက် ဆွေးနွေးမှုများရှိခဲ့သော်လည်း သဘောတူညီချက်တစ်စုံတရာမရခဲ့ပေ။ ထို့ပြင် ဆီးရီးယားရှိ အီရန် သံရုံးကို သံသယဖြစ်ဖွယ် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်၏ လက်တုံ့ပြန်မှုလည်း ရှိလာနိုင်သည့်အတွက် သတိထားနေရသည်။ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက အီရန်၏ အစ္စရေးအပေါ် ဒရုန်းများ၊ ဒုံးကျည်များဖြင့်တိုက်ခိုက်မှု ပြုလုပ်တော့မည်ဟု ယုံကြည်လျက် ရှိသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးကာကွယ်ရေးဝန်ကြီးအား အီရန်မှ အစ္စရေး အပေါ် ခြိမ်းခြောက်လာမှုများကို အတူတကွရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ANZ မှ ပညာရှင် Daniel Hynes က “အစ္စရေး-ဟားမက်စ်စစ်ပွဲသည် ရေနံဈေးကွက်အပေါ် များစွာ သက်ရောက်လာမည်ဖြစ်ကာ ရေနံပို့ဆောင်ရေးတွင်ပင် အန္တရာယ်ရှိလာကြောင်း” သုံးသပ်ခဲ့သည်။ ရေနံကုန်သည်များသည် OPEC ကထုတ်ပြန်သော လစဉ်ရေနံဈေးကွက်အစီရင်ခံစာကို သုံးသပ် ကြည့်ရှုသွားရမည်ဖြစ်ပြီး ယနေ့တွင် ထုတ်ပြန်ကြေညာသွားဖွယ်ရှိနေသည်။

zawgyi version
အေရွ႕အလယ္ပိုင္းေဒသအက်ပ္အတည္းမ်ားၾကားတြင္ ေရနံအက်ိဳးအျမတ္မ်ားျပားလာ
ALynn (NP News) - ဧၿပီ ၁၁
အေရွ႕အလယ္ပိုင္းေဒသတြင္ ျဖစ္ပြားလ်က္ရွိေသာ ပဋိပကၡမ်ားေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက အေျခအေနပိုမို ဆိုး႐ြားသြားျခင္းမရွိေအာင္ ထိန္းထားေနရသည္။ ေရနံေဈးႏႈန္းမ်ားသည္ အေစာပိုင္းကာလအတြင္း တစ္စည္လွ်င္ တစ္ေဒၚလာေဈးႏႈန္းတက္ၿပီးေနာက္ ယေန႔ (ဧၿပီလ ၁၁ ရက္) တြင္ အာရွကုန္သြယ္ေရးတြင္ ေဈးတည္ၿငိမ္မႈရွိလာေၾကာင္း ေတြ႕ရသည္။

၎အေရွ႕အလယ္ ပိုင္းပဋိပကၡမ်ားတြင္ OPEC ၏ တတိယေရနံထုတ္လုပ္မႈအမ်ားဆုံးႏိုင္ငံျဖစ္သူ အီရန္လည္းပါဝင္ ေနသည္။ Brent ေရနံစိမ္းေဈးႏႈန္းခန႔္မွန္းေျခသည္ တစ္စည္လွ်င္ ၄ ဆင့္မွ ၉၀ ဒသမ ၅၂ ေဒၚလာသို႔ တက္သြားၿပီး အေမရိကန္ West Texas Intermediate ေရနံစိမ္းမွာမူ ၂ ဆင့္မွ ၈၆ ဒသမ ၂၄ ေဒၚလာသို႔ ခုန္တက္သြားခဲ့သည္။

ဂါဇာစစ္ပြဲအတြင္း အစၥေရးတို႔၏ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ဟားမက္စ္ေခါင္းေဆာင္၏သား ၃ ဦးေသဆုံးသြားၿပီးေနာက္ ၎စာခ်ဳပ္ႏွစ္ခုလုံး၏ တန္ဖိုးသည္ ၁ ရာခိုင္ႏႈန္းျမင့္တက္လာခဲ့သည္။ ယခုသီတင္းပတ္အေစာပိုင္တြင္ အစၥေရးႏွင့္ ဟားမက္စ္တို႔သည္ အပစ္အခက္ရပ္စဲေရးအတြက္ ေဆြးေႏြးမႈမ်ားရွိခဲ့ေသာ္လည္း သေဘာတူညီခ်က္တစ္စုံတရာမရခဲ့ေပ။ ထို႔ျပင္ ဆီးရီးယားရွိ အီရန္ သံ႐ုံးကို သံသယျဖစ္ဖြယ္ အစၥေရးေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အီရန္၏ လက္တုံ႔ျပန္မႈလည္း ရွိလာႏိုင္သည့္အတြက္ သတိထားေနရသည္။ အေမရိကန္ႏွင့္ ၎၏မဟာမိတ္မ်ားက အီရန္၏ အစၥေရးအေပၚ ဒ႐ုန္းမ်ား၊ ဒုံးက်ည္မ်ားျဖင့္တိုက္ခိုက္မႈ ျပဳလုပ္ေတာ့မည္ဟု ယုံၾကည္လ်က္ ရွိသည္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက အစၥေရးကာကြယ္ေရးဝန္ႀကီးအား အီရန္မွ အစၥေရး အေပၚ ၿခိမ္းေျခာက္လာမႈမ်ားကို အတူတကြရင္ဆိုင္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ANZ မွ ပညာရွင္ Daniel Hynes က “အစၥေရး-ဟားမက္စ္စစ္ပြဲသည္ ေရနံေဈးကြက္အေပၚ မ်ားစြာ သက္ေရာက္လာမည္ျဖစ္ကာ ေရနံပို႔ေဆာင္ေရးတြင္ပင္ အႏၲရာယ္ရွိလာေၾကာင္း” သုံးသပ္ခဲ့သည္။ ေရနံကုန္သည္မ်ားသည္ OPEC ကထုတ္ျပန္ေသာ လစဥ္ေရနံေဈးကြက္အစီရင္ခံစာကို သုံးသပ္ ၾကည့္ရႈသြားရမည္ျဖစ္ၿပီး ယေန႔တြင္ ထုတ္ျပန္ေၾကညာသြားဖြယ္ရွိေနသည္။

Related news

© 2021. All rights reserved.