လူထောင်ပေါင်းများစွာကို ကယ်ဆယ်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံရှိ Ruang မီးတောင် ထပ်မံပေါက်ကွဲမှုဖြစ်ပွား

 137

Pika (NP News) - ဧပြီ ၂ဝ

အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မီးတောင်တစ်ခုဟာ ယခုသီတင်းပတ်အစောပိုင်းမှာ အကြိမ်ပေါင်းများစွာပေါက်ကွဲခဲ့ပြီးနောက် ဧပြီလ(၁၉)ရက်နေ့မှာ ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေစီပြည်နယ်ရဲ့အပြင်ဘက်စွန်းမှာရှိတဲ့ Ruang မီးတောင်ဟာ ဧပြီလ(၁၆)ရက်နေ့ နှောင်းပိုင်းမှာ စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး လူထောင်ချီကို ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ Ruang မီးတောင်ဟာ ငြိမ်သက်သွားပြီဖြစ်တယ်လို့ ဧပြီလ(၁၉)ရက်နေ့ နံနက်ပိုင်းမှာ အာဏာပိုင်တွေက ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဟာ အမြင့်ဆုံးသတိပေးချက်ကို ဆက်လက်ထုတ်ပြန်ထားပြီး ဒေသခံတွေကို မီးတောင်နဲ့(၆)ကီလိုမီတာအကွာမှာ နေထိုင်ကြဖို့ ပြောကြားထားခဲ့တယ်လို့လည်း သိရပါတယ်။

အာဏာပိုင်တွေက အခုလိုပြောဆိုပြီးတဲ့နောက် နာရီအနည်းငယ်အကြာမှာပဲ Ruang မီးတောင်ဟာ ထပ်မံပေါက်ကွဲခဲ့တာလို့လည်း သိရပါတယ်။ Tagulandang ကျွန်းမှာ နေထိုင်တဲ့ အသက်(၃၀)နှစ်အရွယ် Riko က 'Ruang မီးတောင်က ထပ်မံပေါက်ကွဲတယ်လို့ ကြားတဲ့အချိန်မှာ ကျွန်တော်တကယ်ကို အံ့ဩသွားခဲ့ပါတယ်။ ကျွန်တော်တို့ တကယ်ကို ကြောက်ရွံ့နေတာပါ။”လို့ ပြောဆိုခဲ့ပါတယ်။ Ruang မီးတောင် ထပ်မံပေါက်ကွဲခဲ့ပြီးနောက် တောင်ထိပ်ကနေ ကောင်းကင်ပေါ်သို့ မီတာ(၄၀၀)ခန့်အထိ မီးခိုးတွေနဲ့ ပြာတွေ အလုံးလိုက်ထွက်လာခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံ မီးတောင်အေဂျင်စီကပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ မီးတောင်အေဂျင်စီ'ဧပြီလ(၁၉)ရက်နေ့ ညနေ(၅)နာရီ(၆)မိနစ်မှာ Ruang မီးတောင်ဟာ ထပ်မံပေါက်ကွဲခဲ့ပါတယ်။ ပြာတွေနဲ့ မီးခိုးတွေ အများအပြား ထွက်လာပြီး တောင်ဘက်ကို ဦးတည်သွားနေတာကို တွေ့ခဲ့ပါတယ်။”လို့ သတင်းထုတ်ပြန်ထားပါတယ်။

zawgyi version
လူေထာင္ေပါင္းမ်ားစြာကို ကယ္ဆယ္ၿပီးေနာက္ အင္ဒိုနီးရွားႏိုင္ငံရွိ Ruang မီးေတာင္ ထပ္မံေပါက္ကြဲမႈျဖစ္ပြား
Pika (NP News) - ဧၿပီ ၂ဝ

အင္ဒိုနီးရွားႏိုင္ငံမွာရွိတဲ့ မီးေတာင္တစ္ခုဟာ ယခုသီတင္းပတ္အေစာပိုင္းမွာ အႀကိမ္ေပါင္းမ်ားစြာေပါက္ကြဲခဲ့ၿပီးေနာက္ ဧၿပီလ(၁၉)ရက္ေန႔မွာ ထပ္မံေပါက္ကြဲမႈျဖစ္ပြားခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ ေျမာက္ဆူလာေဝစီျပည္နယ္ရဲ႕အျပင္ဘက္စြန္းမွာရွိတဲ့ Ruang မီးေတာင္ဟာ ဧၿပီလ(၁၆)ရက္ေန႔ ေႏွာင္းပိုင္းမွာ စတင္ေပါက္ကြဲခဲ့တာျဖစ္ၿပီး လူေထာင္ခ်ီကို ေဘးလြတ္ကင္းရာသို႔ ေျပာင္းေ႐ႊ႕ေပးခဲ့ရတယ္လို႔လည္း သိရပါတယ္။ Ruang မီးေတာင္ဟာ ၿငိမ္သက္သြားၿပီျဖစ္တယ္လို႔ ဧၿပီလ(၁၉)ရက္ေန႔ နံနက္ပိုင္းမွာ အာဏာပိုင္ေတြက ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့ အာဏာပိုင္ေတြဟာ အျမင့္ဆုံးသတိေပးခ်က္ကို ဆက္လက္ထုတ္ျပန္ထားၿပီး ေဒသခံေတြကို မီးေတာင္နဲ႔(၆)ကီလိုမီတာအကြာမွာ ေနထိုင္ၾကဖို႔ ေျပာၾကားထားခဲ့တယ္လို႔လည္း သိရပါတယ္။

အာဏာပိုင္ေတြက အခုလိုေျပာဆိုၿပီးတဲ့ေနာက္ နာရီအနည္းငယ္အၾကာမွာပဲ Ruang မီးေတာင္ဟာ ထပ္မံေပါက္ကြဲခဲ့တာလို႔လည္း သိရပါတယ္။ Tagulandang ကြၽန္းမွာ ေနထိုင္တဲ့ အသက္(၃၀)ႏွစ္အ႐ြယ္ Riko က 'Ruang မီးေတာင္က ထပ္မံေပါက္ကြဲတယ္လို႔ ၾကားတဲ့အခ်ိန္မွာ ကြၽန္ေတာ္တကယ္ကို အံ့ဩသြားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ တကယ္ကို ေၾကာက္႐ြံ႕ေနတာပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။ Ruang မီးေတာင္ ထပ္မံေပါက္ကြဲခဲ့ၿပီးေနာက္ ေတာင္ထိပ္ကေန ေကာင္းကင္ေပၚသို႔ မီတာ(၄၀၀)ခန႔္အထိ မီးခိုးေတြနဲ႔ ျပာေတြ အလုံးလိုက္ထြက္လာခဲ့တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံ မီးေတာင္ေအဂ်င္စီကေျပာၾကားခဲ့ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံ မီးေတာင္ေအဂ်င္စီ'ဧၿပီလ(၁၉)ရက္ေန႔ ညေန(၅)နာရီ(၆)မိနစ္မွာ Ruang မီးေတာင္ဟာ ထပ္မံေပါက္ကြဲခဲ့ပါတယ္။ ျပာေတြနဲ႔ မီးခိုးေတြ အမ်ားအျပား ထြက္လာၿပီး ေတာင္ဘက္ကို ဦးတည္သြားေနတာကို ေတြ႕ခဲ့ပါတယ္။”လို႔ သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.