ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာ၌ မီးလောင်မှုဖြစ်ပွားခဲ့

 1571

စော (NP News) - ဧပြီ ၂၂

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာ၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယနေ့(ဧပြီလ ၂၂ ရက်)၊ မွန်းလွဲ (၁၁)နာရီခွဲဝန်းကျင်အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်၊ ရတနာနှင်းဆီအိမ်ရာ၊ (၁၃)လွှာရှိ အခန်းတစ်ခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဘယ်လိုဖြစ်ပြီးလောင်တာလဲတော့ မသိလိုက်ဘူး။ ကျွန်တော်တို့ သိတဲ့အချိန်က နောက်ကျနေပြီ။ အထဲမှာကတော့ မျက်နှာကျက်တော်တော်များများ ပျက်စီးသွားတယ်။ စစလောင်တဲ့အချိန် မီးကတော်တော်များမယ့် သဘောရှိတယ်။ အခြားအခန်းတော့ တအားကူးတာမျိုးမရှိပါဘူး”ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။

မီးလောင်မှုကြောင့် လူတစ်ချို့ လက်ပွန်းပဲ့ဒဏ်ရာရခြင်း၊ အသက်ရှူမွန်းကြပ်ခြင်းနှင့် တစ်ချို့သောသက်ကြီးရွယ်အိုများမှာ မောဟိုက်သည့် အခြေအနေများကို ကြုံတွေ့ခဲ့ရသော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

မီးလောင်မှုအား အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ဒဂုံဆိပ်ကမ်းမြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးနှင့် သာကေတမြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ (၁၂)နာရီဝန်းကျင်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းအရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်းဖိုးများကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ ရတနာႏွင္းဆီအိမ္ရာ၌ မီးေလာင္မႈျဖစ္ပြားခဲ့
ေစာ (NP News) - ဧၿပီ ၂၂

ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ ရတနာႏွင္းဆီအိမ္ရာ၌ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ရွင္သန္ေရးလူမႈကူညီေရးအသင္းထံမွ သိရသည္။

ယေန႔(ဧၿပီလ ၂၂ ရက္)၊ မြန္းလြဲ (၁၁)နာရီခြဲဝန္းက်င္အခ်ိန္တြင္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ (၆၀)ရပ္ကြက္၊ ရတနာႏွင္းဆီအိမ္ရာ၊ (၁၃)လႊာရွိ အခန္းတစ္ခန္း၌ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ဘယ္လိုျဖစ္ၿပီးေလာင္တာလဲေတာ့ မသိလိုက္ဘူး။ ကြၽန္ေတာ္တို႔ သိတဲ့အခ်ိန္က ေနာက္က်ေနၿပီ။ အထဲမွာကေတာ့ မ်က္ႏွာက်က္ေတာ္ေတာ္မ်ားမ်ား ပ်က္စီးသြားတယ္။ စစေလာင္တဲ့အခ်ိန္ မီးကေတာ္ေတာ္မ်ားမယ့္ သေဘာရွိတယ္။ အျခားအခန္းေတာ့ တအားကူးတာမ်ိဳးမရွိပါဘူး”ဟု ရွင္သန္ေရးလူမႈကူညီေရးအသင္းက တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။

မီးေလာင္မႈေၾကာင့္ လူတစ္ခ်ိဳ႕ လက္ပြန္းပဲ့ဒဏ္ရာရျခင္း၊ အသက္ရႉမြန္းၾကပ္ျခင္းႏွင့္ တစ္ခ်ိဳ႕ေသာသက္ႀကီး႐ြယ္အိုမ်ားမွာ ေမာဟိုက္သည့္ အေျခအေနမ်ားကို ႀကဳံေတြ႕ခဲ့ရေသာ္လည္း စိုးရိမ္ရသည့္ အေျခအေနမရွိေၾကာင္း ၎ကဆက္လက္ေျပာသည္။

မီးေလာင္မႈအား အေရွ႕ပိုင္းခ႐ိုင္မီးသတ္စခန္းမွ မီးသတ္ယာဥ္(၄)စီး၊ ဒဂုံဆိပ္ကမ္းၿမိဳနယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္(၄)စီးႏွင့္ သာေကတၿမိဳနယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္(၂)စီးတို႔ျဖင့္ ထြက္ခြာျငႇိမ္းသတ္ခဲ့ရာ မြန္းလြဲ (၁၂)နာရီဝန္းက်င္အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။ မီးေလာင္မႈျဖစ္ပြားရျခင္း အေၾကာင္းအရင္းႏွင့္ပ်က္စီးဆုံးရႈံးမႈတန္းဖိုးမ်ားကို သက္ဆိုင္ရာမွ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.