ဂျပန်နိုင်ငံက ကမ္ဘာ့ပထမဆုံး ပြန်လည်အသုံးပြုနိုင်တဲ့ ကလေးဒိုင်ဘာများ ထုတ်လုပ်ဖြန့်ချိ

 212

ရောင်နီ (NP News) - ဧပြီ ၂၃

နာမည်ကျော် MamyPoko အမှတ်တံဆိပ်ရဲ့ ဂျပန်ထုတ်လုပ်သူ Unicharm က ကမ္ဘာ့ပထမဆုံး ပြန်လည်အသုံးပြု နိုင်တဲ့ ကလေးဒိုင်ဘာတွေကို ဧပြီလ ၂ဝ ရက်က စတင်ရောင်းချခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Unicharm မှ ထုတ်လုပ်တဲ့အနှီးတွေကို ပြန်လည်အသုံးပြုနိုင်အောင် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ကုန်ကြမ်းပစ္စည်း တွေမှာ ပြုပြင်ဖန်တီးထားခြင်းများ ပါဝင်တယ်လို့ ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ ပြန်လည်အသုံးပြု နိုင်တဲ့ ကလေးဒိုင်ဘာတွေကို စူပါမားကတ်ဆိုင်ခွဲ Aeon Kyushu မှ စတိုးဆိုင်ပေါင်း ၆၈ ဆိုင်ကို ဖြည်းဖြည်းချင်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
ဒိုင်ဘာ ၄၂ ခု ပါတဲ့ တစ်ထုပ်ကို ၁,၀၇၈ ယန်း ထိ ကျသင့်မှာဖြစ်ပါတယ်။

ဂျပန်သတင်းဌာနတွေရဲ့ဖော်ပြချက်အရ Unicharm ဟာ ပြန်လည်အသုံးပြုနိုင်တဲ့ ဒိုင်ဘာတွေကို ထုတ်လုပ်တာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂ဝ၂၂ ခုနှစ်ကလည်း ကုမ္ပဏီဟာ ဆေးရုံနဲ့ စောင့်ရှောက်မှု အိမ် (ဘိုးဘွားရိပ်သာ) များအတွက် အရွယ်ရောက်ပြီးသူသုံး ပြန်လည်အသုံးပြုနိုင်တဲ့ ဒိုင်ဘာတွေကို ဖန်တီးခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုဦးရေ တိုးမြင့်လာတာနဲ့အမျှ တစ်ခါသုံး ဒိုင်ဘာနဲ့ စွန့်ပစ်ပစ္စည်း စုစုပေါင်း အချိုးဟာ ၂၀၂၀ ပြည့်နှစ်မှာ တန်ချိန် ၂.၂ သန်း ရှိပြီး ၂၀၁၅ ခုနှစ်ကထက် တန်ချိန် ၂ သန်း မြင့်တက်ခဲ့ကာ ၂၀၃၀ ပြည့်နှစ်မှာ ၇ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံက ကမာၻ႔ပထမဆုံး ျပန္လည္အသုံးျပဳႏိုင္တဲ့ ကေလးဒိုင္ဘာမ်ား ထုတ္လုပ္ျဖန႔္ခ်ိ
ေရာင္နီ (NP News) - ဧၿပီ ၂၃

နာမည္ေက်ာ္ MamyPoko အမွတ္တံဆိပ္ရဲ႕ ဂ်ပန္ထုတ္လုပ္သူ Unicharm က ကမာၻ႔ပထမဆုံး ျပန္လည္အသုံးျပဳ ႏိုင္တဲ့ ကေလးဒိုင္ဘာေတြကို ဧၿပီလ ၂ဝ ရက္က စတင္ေရာင္းခ်ခဲ့တယ္လို႔ ဂ်ပန္မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

Unicharm မွ ထုတ္လုပ္တဲ့အႏွီးေတြကို ျပန္လည္အသုံးျပဳႏိုင္ေအာင္ ထုတ္လုပ္ထားျခင္းျဖစ္ၿပီး ကုန္ၾကမ္းပစၥည္း ေတြမွာ ျပဳျပင္ဖန္တီးထားျခင္းမ်ား ပါဝင္တယ္လို႔ က်ိဳဒိုသတင္းမွာ ေဖာ္ျပထားပါတယ္။ အဆိုပါ ျပန္လည္အသုံးျပဳ ႏိုင္တဲ့ ကေလးဒိုင္ဘာေတြကို စူပါမားကတ္ဆိုင္ခြဲ Aeon Kyushu မွ စတိုးဆိုင္ေပါင္း ၆၈ ဆိုင္ကို ျဖည္းျဖည္းခ်င္း ျဖန႔္ခ်ိသြားမယ္လို႔ သိရပါတယ္။
ဒိုင္ဘာ ၄၂ ခု ပါတဲ့ တစ္ထုပ္ကို ၁,၀၇၈ ယန္း ထိ က်သင့္မွာျဖစ္ပါတယ္။

ဂ်ပန္သတင္းဌာနေတြရဲ႕ေဖာ္ျပခ်က္အရ Unicharm ဟာ ျပန္လည္အသုံးျပဳႏိုင္တဲ့ ဒိုင္ဘာေတြကို ထုတ္လုပ္တာ ဒါ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ ၂ဝ၂၂ ခုႏွစ္ကလည္း ကုမၸဏီဟာ ေဆး႐ုံနဲ႔ ေစာင့္ေရွာက္မႈ အိမ္ (ဘိုးဘြားရိပ္သာ) မ်ားအတြက္ အ႐ြယ္ေရာက္ၿပီးသူသုံး ျပန္လည္အသုံးျပဳႏိုင္တဲ့ ဒိုင္ဘာေတြကို ဖန္တီးခဲ့ပါတယ္။

ဂ်ပန္ႏိုင္ငံမွာ သက္ႀကီး႐ြယ္အိုဦးေရ တိုးျမင့္လာတာနဲ႔အမွ် တစ္ခါသုံး ဒိုင္ဘာနဲ႔ စြန႔္ပစ္ပစၥည္း စုစုေပါင္း အခ်ိဳးဟာ ၂၀၂၀ ျပည့္ႏွစ္မွာ တန္ခ်ိန္ ၂.၂ သန္း ရွိၿပီး ၂၀၁၅ ခုႏွစ္ကထက္ တန္ခ်ိန္ ၂ သန္း ျမင့္တက္ခဲ့ကာ ၂၀၃၀ ျပည့္ႏွစ္မွာ ၇ ရာခိုင္ႏႈန္းအထိ ရွိလာမယ္လို႔ ခန္႔မွန္းထားပါတယ္။

Related news

© 2021. All rights reserved.