တရုတ်နိုင်ငံမှာ iPhone ရောင်းအားတွေ ကျဆင်းနေ

 1509

Pika (NP News) - ဧပြီ ၂၄

တရုတ်နိုင်ငံမှာ ပြည်တွင်းအမှတ်တံဆိပ်တွေနဲ့ ပြိုင်ဆိုင်မှုတွေမြင့်တက်လာမှုနဲ့အတူ Apple ကုမ္ပဏီရဲ့ iPhone ရောင်းအားဟာ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း (၁၉)ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ Counterpoint Research ကုမ္ပဏီရဲ့ အစီရင်ခံစာ အသစ်အရသိရပါတယ်။

ပြိုင်ဘက်ကုမ္ပဏီ Huawei ရဲ့ဖိအားပေးမှုတွေနဲ့အတူ Apple ကုမ္ပဏီဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဈေးကွက်မှာ တတိယနေရာကို ကျဆင်းသွားတယ်လို့ Counterpoint Research ကပြောကြားခဲ့ပါတယ်။ Shenzhen မြို့အခြေ စိုက် Huawei ကုမ္ပဏီရဲ့ စမတ်ဖုန်းရောင်းအားဟာ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်းမှာ (၆၉ ဒသမ ၇)ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် Huawei ကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ စတုတ္ထမြောက်အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်လာခဲ့တယ်လို့ အစီရင်ခံစာအရသိရပါတယ်။

တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်ဟာ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်နဲ့ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်ကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် (၁ ဒသမ ၅) ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့လည်း သိရပါတယ်။ Vivo ကုမ္ပဏီရဲ့ Y35 Plus ၊ Y36 နဲ့ S18 မော်ဒယ်တွေ ရောင်းအားမြင့်တက်လာမှုနဲ့အတူ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း Vivo ကုမ္ပဏီဟာ ရှယ်ယာ(၁၇ ဒသမ ၄)ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းစမတ်ဖုန်းရောင်းချတဲ့ ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ Honor ကုမ္ပဏီဟာ ရှယ်ယာ(၁၆ ဒသမ ၁)ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာရှိနေပြီး Apple ကုမ္ပဏီက ရှယ်ယာ(၁၅ ဒသမ ၇)ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

Counterpoint Research ကုမ္ပဏီရဲ့ အကြီးတန်းခွဲခြမ်းစိတ်ဖြာသူ အိုင်ဗန်လမ်က 'Huawei ကုမ္ပဏီရဲ့ တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာမှုက Apple ကုမ္ပဏီအပေါ် သိသိသာသာအကျိုးသက်ရောက်မှုတွေရှိခဲ့ပြီး Apple ရဲ့ စမတ်ဖုန်းရောင်းအားဟာ ပထမသုံးလပတ်အတွင်းမှာ ကျဆင်းသွားခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံမွာ iPhone ေရာင္းအားေတြ က်ဆင္းေန
Pika (NP News) - ဧၿပီ ၂၄

တ႐ုတ္ႏိုင္ငံမွာ ျပည္တြင္းအမွတ္တံဆိပ္ေတြနဲ႔ ၿပိဳင္ဆိုင္မႈေတြျမင့္တက္လာမႈနဲ႔အတူ Apple ကုမၸဏီရဲ႕ iPhone ေရာင္းအားဟာ ၂၀၂၄ ခုႏွစ္ ပထမသုံးလပတ္အတြင္း (၁၉)ရာခိုင္ႏႈန္းက်ဆင္းသြားတယ္လို႔ Counterpoint Research ကုမၸဏီရဲ႕ အစီရင္ခံစာ အသစ္အရသိရပါတယ္။

ၿပိဳင္ဘက္ကုမၸဏီ Huawei ရဲ႕ဖိအားေပးမႈေတြနဲ႔အတူ Apple ကုမၸဏီဟာ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ေဈးကြက္မွာ တတိယေနရာကို က်ဆင္းသြားတယ္လို႔ Counterpoint Research ကေျပာၾကားခဲ့ပါတယ္။ Shenzhen ၿမိဳ႕အေျခ စိုက္ Huawei ကုမၸဏီရဲ႕ စမတ္ဖုန္းေရာင္းအားဟာ ၂၀၂၄ ခုႏွစ္ ပထမသုံးလပတ္အတြင္းမွာ (၆၉ ဒသမ ၇)ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ Huawei ကုမၸဏီဟာ တ႐ုတ္ႏိုင္ငံမွာ စတုတၳေျမာက္အႀကီးဆုံး စမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီျဖစ္လာခဲ့တယ္လို႔ အစီရင္ခံစာအရသိရပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ စမတ္ဖုန္းေဈးကြက္ဟာ ၂၀၂၄ ခုႏွစ္ ပထမသုံးလပတ္နဲ႔ ၂၀၂၃ ခုႏွစ္ ပထမသုံးလပတ္ကို ႏႈိင္းယွဥ္လိုက္မယ္ဆိုရင္ (၁ ဒသမ ၅) ရာခိုင္ႏႈန္းတိုးလာခဲ့တယ္လို႔လည္း သိရပါတယ္။ Vivo ကုမၸဏီရဲ႕ Y35 Plus ၊ Y36 နဲ႔ S18 ေမာ္ဒယ္ေတြ ေရာင္းအားျမင့္တက္လာမႈနဲ႔အတူ ၂၀၂၄ ခုႏွစ္ ပထမသုံးလပတ္အတြင္း Vivo ကုမၸဏီဟာ ရွယ္ယာ(၁၇ ဒသမ ၄)ရာခိုင္ႏႈန္းနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ ထိပ္တန္းစမတ္ဖုန္းေရာင္းခ်တဲ့ ကုမၸဏီျဖစ္လာခဲ့ပါတယ္။ Honor ကုမၸဏီဟာ ရွယ္ယာ(၁၆ ဒသမ ၁)ရာခိုင္ႏႈန္းနဲ႔ ဒုတိယေနရာမွာရွိေနၿပီး Apple ကုမၸဏီက ရွယ္ယာ(၁၅ ဒသမ ၇)ရာခိုင္ႏႈန္းနဲ႔ တတိယေနရာမွာ ရွိေနပါတယ္။

Counterpoint Research ကုမၸဏီရဲ႕ အႀကီးတန္းခြဲျခမ္းစိတ္ျဖာသူ အိုင္ဗန္လမ္က 'Huawei ကုမၸဏီရဲ႕ တစ္ေက်ာ့ျပန္ ျပန္လည္ေရာက္ရွိလာမႈက Apple ကုမၸဏီအေပၚ သိသိသာသာအက်ိဳးသက္ေရာက္မႈေတြရွိခဲ့ၿပီး Apple ရဲ႕ စမတ္ဖုန္းေရာင္းအားဟာ ပထမသုံးလပတ္အတြင္းမွာ က်ဆင္းသြားခဲ့ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.