မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နေသည့် နည်းလမ်းများကို ဗဟိုဘဏ်ချပြ

 5380

ယွန်း (NP News) - မေ ၄

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများကို ထိန်းချုပ်နေသည့် နည်းလမ်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေ(၃)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၏အပ်ငွေနှင့် ချေးငွေများတိုးမြင့်လာသော်လည်း ပြည်တွင်းလှည့်လည်သုံးစွဲငွေ အပါအဝင် စုစုပေါင်းငွေကြေးပမာဏ တိုးတက်မှုကို ထိန်းကျောင်းရန်နှင့် ငွေကြေးဖောင်းပွမှုဖိအားလျှော့ချရန် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးကို ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၇၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ထားကြောင်း သိရသည်။

ထို့ပြင် ပျမ်းမျှပိုလျှံသီးသန့်ငွေပေါ်ပေးသည့် အတိုးနှုန်းကိုလည်း လက်ရှိ ၃ ဒသမ ၆ ရာခိုင် နှုန်းမှ ၃ ဒသမ ၈ ရာခိုင်နှုန်းအား မြှင့်တင်ပေးခြင်းကို ယခုမေလမှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

“ငွေကြေးဖောင်းပွမှုဆိုတာက သက်ရောက်မှုကတော့ အကုန်ဆိုင်တယ်လေ။ အကုန်လုံးတော့မဖြစ်နိုင်ဘူး။ အတိုင်းအတာတစ်ခုအထိတော့ အကြမ်းဖျင်းပြောလို့ရကောင်းရမယ်။ ဒါပေမယ့် အနာနဲ့ဆေးဆိုတာက ဆေးကလည်း အကုန်စုံမှရမှာလေ။ အတိုင်းအတာတစ်ခုအထိတော့ အနည်းအကျဥ်းပြောလို့ရ တယ်လေ။ ဒီလိုမျိုးလုပ်ပေးတာကောင်းပါတယ်။ နိုင်ငံတိုင်းလိုလို ငွေကြေးကဏ္ဍကို လျှော့လိုက်တင်းလိုက်လုပ်တဲ့အရာတစ်ခုပဲ။ အမြဲလိုလို နိုင်ငံတိုင်းမှာ ၆ လတစ်ကြိမ်၊ ၁ နှစ်တစ်ကြိမ်တော့ လုပ်ကြတယ်။ ဒီမှာက ဘဏ်တိုးကိုကစားထားတာမျိုးမဟုတ်ဘူး။ လက်ထဲမှာ ငွေသားကိုင်နိုင်စွမ်းကို နည်းနည်းလေး တိုးလိုက်တာပဲရှိတယ်။ အဲဒါကလည်း ဘဏ်မှာလာပြီးထုတ်နိုင်တဲ့ငွေသား အဆင်သင့်ရှိပါတယ် ဆိုတာကို ပြောချင်တဲ့သဘောလို့ ပြောရမှာပေါ့။ ဘဏ်တွေ ခိုင်မာတယ်။ အပြင်မှာ ဂယောက်ဂယက်တွေနဲ့ ဆူပူနေတာကို နားမယောင်ဖို့ ပြောတဲ့သဘောပါ” ဟု ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက NP News ကို သုံးသပ်ပြောကြားသည်။

ထိုသို့ ပျမ်းမျှပိုလျှံသီးသန့်ငွေပေါ်ပေးသည့် အတိုးနှုန်းကို မြှင့်တင်လိုက်ခြင်းကြောင့် ဘဏ်များမှ အပ်နှံငွေပေါ်ပေးရသည့် အတိုးစရိတ်အား အထိုက်အလျောက်ပံ့ပိုးပေးနိုင်ပြီး ဘဏ်များ၏စီးပွားရေးကဏ္ဍများကို ချေးငွေများပိုမိုထုတ်ချေးနိုင်ရေးကိုလည်း အထောက်အကူပြုနိုင်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

ထို့ပြင် ဘဏ်များအနေဖြင့် ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေစာရင်း၌ အပ်နှံငွေများပိုမိုထားရှိခြင်းကြောင့် ဈေးကွက်အတွင်းရှိ ငွေကြေးများကို သွယ်ဝိုက် နုတ်သိမ်းရာရောက်ပြီး ငွေကြေးဖောင်းပွမှုနှုန်းဖိအားကိုလည်း လျော့နည်းစေနိုင်ကြောင်းလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ရခြင်း၏ ပြည်တွင်း၊ ပြည်ပအခြေအနေများကို စောင့်ကြည့်လေ့လာပြီး သင့်လျော်သည့် ငွေကြေးမူဝါဒများ ချမှတ်ဆောင်ရွက်နေသည်ဟု ဗဟိုဘဏ်က ဆိုသည်။

zawgyi version
ျမန္မာႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈအား ထိန္းခ်ဳပ္ေနသည့္ နည္းလမ္းမ်ားကို ဗဟိုဘဏ္ခ်ျပ

ယြန္း (NP News) - ေမ ၄

ျမန္မာႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈမ်ားကို ထိန္းခ်ဳပ္ေနသည့္ နည္းလမ္းမ်ားကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ေမ(၃)ရက္တြင္ အသိေပးထုတ္ျပန္ထားသည္။

ဗဟိုဘဏ္အေနျဖင့္ ဘဏ္မ်ား၏အပ္ေငြႏွင့္ ေခ်းေငြမ်ားတိုးျမင့္လာေသာ္လည္း ျပည္တြင္းလွည့္လည္သုံးစြဲေငြ အပါအဝင္ စုစုေပါင္းေငြေၾကးပမာဏ တိုးတက္မႈကို ထိန္းေက်ာင္းရန္ႏွင့္ ေငြေၾကးေဖာင္းပြမႈဖိအားေလွ်ာ့ခ်ရန္ အနည္းဆုံးသီးသန႔္ေငြလိုအပ္ခ်က္အခ်ိဳးကို ၃ ဒသမ ၅ ရာခိုင္ႏႈန္းမွ ၃ ဒသမ ၇၅ ရာခိုင္ႏႈန္းသို႔ တိုးျမႇင့္ထားေၾကာင္း သိရသည္။

ထို႔ျပင္ ပ်မ္းမွ်ပိုလွ်ံသီးသန႔္ေငြေပၚေပးသည့္ အတိုးႏႈန္းကိုလည္း လက္ရွိ ၃ ဒသမ ၆ ရာခိုင္ ႏႈန္းမွ ၃ ဒသမ ၈ ရာခိုင္ႏႈန္းအား ျမႇင့္တင္ေပးျခင္းကို ယခုေမလမွစ၍ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္က ဆိုထားသည္။

“ေငြေၾကးေဖာင္းပြမႈဆိုတာက သက္ေရာက္မႈကေတာ့ အကုန္ဆိုင္တယ္ေလ။ အကုန္လုံးေတာ့မျဖစ္ႏိုင္ဘူး။ အတိုင္းအတာတစ္ခုအထိေတာ့ အၾကမ္းဖ်င္းေျပာလို႔ရေကာင္းရမယ္။ ဒါေပမယ့္ အနာနဲ႔ေဆးဆိုတာက ေဆးကလည္း အကုန္စုံမွရမွာေလ။ အတိုင္းအတာတစ္ခုအထိေတာ့ အနည္းအက်ဥ္းေျပာလို႔ရ တယ္ေလ။ ဒီလိုမ်ိဳးလုပ္ေပးတာေကာင္းပါတယ္။ ႏိုင္ငံတိုင္းလိုလို ေငြေၾကးက႑ကို ေလွ်ာ့လိုက္တင္းလိုက္လုပ္တဲ့အရာတစ္ခုပဲ။ အၿမဲလိုလို ႏိုင္ငံတိုင္းမွာ ၆ လတစ္ႀကိမ္၊ ၁ ႏွစ္တစ္ႀကိမ္ေတာ့ လုပ္ၾကတယ္။ ဒီမွာက ဘဏ္တိုးကိုကစားထားတာမ်ိဳးမဟုတ္ဘူး။ လက္ထဲမွာ ေငြသားကိုင္ႏိုင္စြမ္းကို နည္းနည္းေလး တိုးလိုက္တာပဲရွိတယ္။ အဲဒါကလည္း ဘဏ္မွာလာၿပီးထုတ္ႏိုင္တဲ့ေငြသား အဆင္သင့္ရွိပါတယ္ ဆိုတာကို ေျပာခ်င္တဲ့သေဘာလို႔ ေျပာရမွာေပါ့။ ဘဏ္ေတြ ခိုင္မာတယ္။ အျပင္မွာ ဂေယာက္ဂယက္ေတြနဲ႔ ဆူပူေနတာကို နားမေယာင္ဖို႔ ေျပာတဲ့သေဘာပါ” ဟု ျပည္တြင္းရွိ စီးပြားေရး လုပ္ငန္းရွင္တစ္ဦးက NP News ကို သုံးသပ္ေျပာၾကားသည္။

ထိုသို႔ ပ်မ္းမွ်ပိုလွ်ံသီးသန႔္ေငြေပၚေပးသည့္ အတိုးႏႈန္းကို ျမႇင့္တင္လိုက္ျခင္းေၾကာင့္ ဘဏ္မ်ားမွ အပ္ႏွံေငြေပၚေပးရသည့္ အတိုးစရိတ္အား အထိုက္အေလ်ာက္ပံ့ပိုးေပးႏိုင္ၿပီး ဘဏ္မ်ား၏စီးပြားေရးက႑မ်ားကို ေခ်းေငြမ်ားပိုမိုထုတ္ေခ်းႏိုင္ေရးကိုလည္း အေထာက္အကူျပဳႏိုင္ေၾကာင္း ဗဟိုဘဏ္က ဆိုသည္။

ထို႔ျပင္ ဘဏ္မ်ားအေနျဖင့္ ဗဟိုဘဏ္ရွိ စာရင္းရွင္အပ္ေငြစာရင္း၌ အပ္ႏွံေငြမ်ားပိုမိုထားရွိျခင္းေၾကာင့္ ေဈးကြက္အတြင္းရွိ ေငြေၾကးမ်ားကို သြယ္ဝိုက္ ႏုတ္သိမ္းရာေရာက္ၿပီး ေငြေၾကးေဖာင္းပြမႈႏႈန္းဖိအားကိုလည္း ေလ်ာ့နည္းေစႏိုင္ေၾကာင္းလည္း ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္ရျခင္း၏ ျပည္တြင္း၊ ျပည္ပအေျခအေနမ်ားကို ေစာင့္ၾကည့္ေလ့လာၿပီး သင့္ေလ်ာ္သည့္ ေငြေၾကးမူဝါဒမ်ား ခ်မွတ္ေဆာင္႐ြက္ေနသည္ဟု ဗဟိုဘဏ္က ဆိုသည္။

Picture

My Mine

04/05/2024 17:49

တရားမဝင် ငွေစျေးကစားခွင့်မရှိစေရ...ငွေကြေး စျေးကစားရင် သေဒဏ် သို့မဟုတ် တစ်သက်စလုံး...ထောင်သားသိူ့မဟုတ် သူမွဲ စာရင်း သွင်းခံရမည် ပြည်ပ ခရီးသွား.ခွင့်မရ.. ဆက်သွယ်ခွင့်မရ.. စေရ.

Related news

© 2021. All rights reserved.