အမေရိကန်မှာ မီးမှုတ်နိုင်တဲ့ကိရိယာပါဝင်တဲ့ စက်ရုပ်ခွေးကို အမေရိကန်ဒေါ်လာ(၁)သောင်းနီးပါးနဲ့ ရောင်းချ

 1645

Pika(NP News) - ဧပြီ ၂၄

အမေရိကန်နိုင်ငံသားတိုင်းနီးပါးဟာ ကျောပေါ်မှာမီးမှုတ်နိုင်တဲ့ ပစ္စည်းကိရိယာတပ်ဆင်ထားတဲ့ စက်ရုပ်ခွေးကို အမေရိကန်ဒေါ်လာ(၁)သောင်းခန့်နဲ့ ပိုင်ဆိုင်နိုင်ပြီလို့ အိုဟိုင်းရိုးပြည်နယ်အခြေစိုက်ကုမ္ပဏီ Throwflame က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

‘Thermonator’လို့ အမည်ပေးထားတဲ့ စက်ရုပ်ခွေးဟာ first-person-view (FPV) မျက်နှာပြင်ကနေတစ်ဆင့် ထိန်းချုပ်တဲ့ စက်ရုပ်တစ်ခုဖြစ်ပြီး ဘတ္ထရီသက်တမ်းက တစ်နာရီအထိ အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။စက်ရုပ်ခွေးရဲ့ ကျောပေါ်မှာ တပ်ဆင်ထားတဲ့ မီးမှုတ်တဲ့ကိရိယာဟာ အကွာအဝေးပေ(၃၀)အထိ မီးမှုတ်နိုင်တယ်လို့ Throwflame ကုမ္ပဏီက ထုတ်ပြန်တဲ့အချက်အလက်တွေအရသိရပါတယ်။ Throwflame ကုမ္ပဏီက 'Thermonator စက်ရုပ်ခွေးဟာ မီးမှုတ်နိုင်တဲ့ပစ္စည်းကိရိယာပါဝင်တဲ့ ပထမဆုံး စက်ရုပ်ခွေးလည်းဖြစ်ပါတယ်။”လို့ ပြောဆိုထားပါတယ်။

Thermonator ဟာ Boston Dynamics ကုမ္ပဏီရဲ့ နာမည်ကြီး ‘Spot’ စက်ရုပ်ခွေးရဲ့ သေးငယ်ပြီးပေါ့ပါးတဲ့ဗားရှင်း Unitree Go1 အပေါ် အခြေခံထားပုံပေါ်တယ်လို့လည်း သိရပါတယ်။ Thermonator စက်ရုပ်ခွေးရဲ့ လက်လီဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၉၄၂၀)ဖြစ်ပြီး အမေရိကန်ပြည်နယ်တိုင်းကို အခမဲ့ပို့ဆောင်ပေးတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်ပြည်နယ်နှစ်ခုမှာသာ Thermonator စက်ရုပ်ခွေးနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေရှိတယ်လို့လည်း သိရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ Thermonator စက်ရုပ်ခွေးကို ဝယ်ယူဖို့အတွက် ခွင့်ပြုချက်လိုအပ်ပြီး မေရီလန်းပြည်နယ်မှာ ၎င်းတို့ကို လုံးဝပိတ်ပင်တားမြစ်ထားတယ်လို့လည်း သိရပါတယ်။

zawgyi version
အေမရိကန္မွာ မီးမႈတ္ႏိုင္တဲ့ကိရိယာပါဝင္တဲ့ စက္႐ုပ္ေခြးကို အေမရိကန္ေဒၚလာ(၁)ေသာင္းနီးပါးနဲ႔ ေရာင္းခ်
Pika(NP News) - ဧၿပီ ၂၄

အေမရိကန္ႏိုင္ငံသားတိုင္းနီးပါးဟာ ေက်ာေပၚမွာမီးမႈတ္ႏိုင္တဲ့ ပစၥည္းကိရိယာတပ္ဆင္ထားတဲ့ စက္႐ုပ္ေခြးကို အေမရိကန္ေဒၚလာ(၁)ေသာင္းခန႔္နဲ႔ ပိုင္ဆိုင္ႏိုင္ၿပီလို႔ အိုဟိုင္း႐ိုးျပည္နယ္အေျခစိုက္ကုမၸဏီ Throwflame က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

‘Thermonator’လို႔ အမည္ေပးထားတဲ့ စက္႐ုပ္ေခြးဟာ first-person-view (FPV) မ်က္ႏွာျပင္ကေနတစ္ဆင့္ ထိန္းခ်ဳပ္တဲ့ စက္႐ုပ္တစ္ခုျဖစ္ၿပီး ဘတၳရီသက္တမ္းက တစ္နာရီအထိ အသုံးျပဳႏိုင္တယ္လို႔လည္း သိရပါတယ္။စက္႐ုပ္ေခြးရဲ႕ ေက်ာေပၚမွာ တပ္ဆင္ထားတဲ့ မီးမႈတ္တဲ့ကိရိယာဟာ အကြာအေဝးေပ(၃၀)အထိ မီးမႈတ္ႏိုင္တယ္လို႔ Throwflame ကုမၸဏီက ထုတ္ျပန္တဲ့အခ်က္အလက္ေတြအရသိရပါတယ္။ Throwflame ကုမၸဏီက 'Thermonator စက္႐ုပ္ေခြးဟာ မီးမႈတ္ႏိုင္တဲ့ပစၥည္းကိရိယာပါဝင္တဲ့ ပထမဆုံး စက္႐ုပ္ေခြးလည္းျဖစ္ပါတယ္။”လို႔ ေျပာဆိုထားပါတယ္။

Thermonator ဟာ Boston Dynamics ကုမၸဏီရဲ႕ နာမည္ႀကီး ‘Spot’ စက္႐ုပ္ေခြးရဲ႕ ေသးငယ္ၿပီးေပါ့ပါးတဲ့ဗားရွင္း Unitree Go1 အေပၚ အေျခခံထားပုံေပၚတယ္လို႔လည္း သိရပါတယ္။ Thermonator စက္႐ုပ္ေခြးရဲ႕ လက္လီေဈးႏႈန္းမွာ အေမရိကန္ေဒၚလာ(၉၄၂၀)ျဖစ္ၿပီး အေမရိကန္ျပည္နယ္တိုင္းကို အခမဲ့ပို႔ေဆာင္ေပးတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ျပည္နယ္ႏွစ္ခုမွာသာ Thermonator စက္႐ုပ္ေခြးနဲ႔ပတ္သက္ၿပီး ကန႔္သတ္ခ်က္ေတြရွိတယ္လို႔လည္း သိရပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္မွာ Thermonator စက္႐ုပ္ေခြးကို ဝယ္ယူဖို႔အတြက္ ခြင့္ျပဳခ်က္လိုအပ္ၿပီး ေမရီလန္းျပည္နယ္မွာ ၎တို႔ကို လုံးဝပိတ္ပင္တားျမစ္ထားတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.