TikTok အပ်ပ်ကို တားမြစ်ပိတ်ပင်ဖို့ လုပ်ဆောင်နိုင်စေမယ့် ဥပဒေအသစ်တစ်ရပ်ကို အမေရိကန်သမ္မတလက်မှတ်ရေးထိုး

 417

Pika (NP News) - ဧပြီ ၂၅

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ နိုင်ငံတွင်းမှာ TikTok အသုံးပြုမှုကို တားမြစ်ပိတ်ပင်ဖို့ ဦးတည်စေမယ့် ဥပဒေအသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်တယ်လို့ သိရပါတယ်။

အဲဒီဥပဒေအသစ်ဟာ ယူကရိန်း၊ အစ္စရေးနဲ့ထိုင်ဝမ်တို့အတွက် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ(၉၅)ဘီလျံကျော် ပါဝင်တဲ့ ဥပဒေမူကြမ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ဥပဒေအသစ်အရ TikTok အပ်ပ်ပိုင်ရှင် ByteDance ကုမ္ပဏီဟာ ၎င်း၏လုပ်ငန်းကို ရောင်းချဖို့ (၉)လအချိန်ရမှာဖြစ်တယ်လို့ သိရပါတယ်။ (၉)လအတွင်း မရောင်းချခဲ့ဘူးဆိုရင် TikTok အပ်ပ်ကို အမေရိကန်အပ်ပ်စတိုးတွေကနေ ပိတ်ပင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဥပဒေမူကြမ်းကို အမေရိကန်အောက် လွှတ်တော်က ဧပြီလ(၂၀)ရက်နေ့မှာ အတည်ပြုခဲ့ပြီး အထက်လွှတ်တော်က ဧပြီလ(၂၃)ရက်နေ့မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ TikTok အပ်ပ်ဟာ နိုင်ငံလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အမေရိကန်အရာရှိအများအပြားက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အဲ့ဒီဥပဒေထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါ့ပြင် တရုတ်အာဏာပိုင်တွေဟာ အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေး ကိုယ်တာအချက်အလက်တွေကိုရယူဖို့ TikTok အပ်ပ်ကို အသုံးပြုနိုင်တယ်လို့လည်း အမေရိကန်အရာရှိအများအပြားက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အထက်လွှတ်တော် ကုန်သွယ်ရေးကော်မတီဥက္ကဋ္ဌ Maria Cantwell က 'အမေရိကန်လွှတ်တော်ဟာ ByteDanceကုမ္ပဏီရဲ့ TikTokအပ်ပ် ဒါမှမဟုတ် အခြားပုဂ္ဂလိက ကုမ္ပဏီတွေကို အပြစ်ပေးအရေးယူဖို့ လုပ်ဆောင်နေတာမဟုတ်ပါဘူး။ ပြည်ပရန်ဘက်တွေက သူလျှိူလုပ်တာတွေ၊စောင့်ကြည့်တာတွေ၊အမေရိကန်နိုင်ငံသားတွေ၊ အစိုးရဝန်ထမ်းတွေကို ထိခိုက်အောင်လုပ်မှာတွေကို တားဆီးဖို့ ဒီလိုလုပ်ဆောင်နေရတာဖြစ်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရကို ဥပဒေနဲ့အညီ စိန်ခေါ်သွားမယ်လို့ TikTok က ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။ TikTok စီအီးအို Shou Zi Chew ဟာ အပ်ပ်အသုံးပြုသူတွေကို မိန့်ခွန်းပြောကြားခဲ့ပြီး အမေရိကန်ရဲ့ဥပဒေအသစ်ကို တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ Shou Zi Chew က 'အမှားတွေ မလုပ်ကြပါနဲ့။ ဒါဟာ တားမြစ်ပိတ်ပင်မှုတစ်ခုပဲဖြစ်ပါတယ်။အားလုံးရဲ့ အခွင့်အရေးအတွက် တရားရုံးမှာ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ အချက်အလက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျွန်တော်တို့ဘက်မှာရှိနေပြီး အောင်မြင်မှုကို ရမယ်လို့ မျှော်လင့်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
TikTok အပ္ပ္ကို တားျမစ္ပိတ္ပင္ဖို႔ လုပ္ေဆာင္ႏိုင္ေစမယ့္ ဥပေဒအသစ္တစ္ရပ္ကို အေမရိကန္သမၼတလက္မွတ္ေရးထိုး
Pika (NP News) - ဧၿပီ ၂၅

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ႏိုင္ငံတြင္းမွာ TikTok အသုံးျပဳမႈကို တားျမစ္ပိတ္ပင္ဖို႔ ဦးတည္ေစမယ့္ ဥပေဒအသစ္တစ္ရပ္ကို လက္မွတ္ေရးထိုးလိုက္တယ္လို႔ သိရပါတယ္။

အဲဒီဥပေဒအသစ္ဟာ ယူကရိန္း၊ အစၥေရးနဲ႔ထိုင္ဝမ္တို႔အတြက္ စစ္ေရးအကူအညီ အေမရိကန္ေဒၚလာ(၉၅)ဘီလ်ံေက်ာ္ ပါဝင္တဲ့ ဥပေဒမူၾကမ္းရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။ ဥပေဒအသစ္အရ TikTok အပ္ပ္ပိုင္ရွင္ ByteDance ကုမၸဏီဟာ ၎၏လုပ္ငန္းကို ေရာင္းခ်ဖို႔ (၉)လအခ်ိန္ရမွာျဖစ္တယ္လို႔ သိရပါတယ္။ (၉)လအတြင္း မေရာင္းခ်ခဲ့ဘူးဆိုရင္ TikTok အပ္ပ္ကို အေမရိကန္အပ္ပ္စတိုးေတြကေန ပိတ္ပင္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီဥပေဒမူၾကမ္းကို အေမရိကန္ေအာက္ လႊတ္ေတာ္က ဧၿပီလ(၂၀)ရက္ေန႔မွာ အတည္ျပဳခဲ့ၿပီး အထက္လႊတ္ေတာ္က ဧၿပီလ(၂၃)ရက္ေန႔မွာ အတည္ျပဳခဲ့တာျဖစ္ပါတယ္။ TikTok အပ္ပ္ဟာ ႏိုင္ငံလုံၿခဳံေရးကို အႏၲရာယ္ျဖစ္ေစႏိုင္ေၾကာင္း အေမရိကန္အရာရွိအမ်ားအျပားက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ အဲ့ဒီဥပေဒထြက္ေပၚလာတာျဖစ္ပါတယ္။

ဒါ့ျပင္ တ႐ုတ္အာဏာပိုင္ေတြဟာ အေမရိကန္ႏိုင္ငံသားေတြရဲ႕ ကိုယ္ေရး ကိုယ္တာအခ်က္အလက္ေတြကိုရယူဖို႔ TikTok အပ္ပ္ကို အသုံးျပဳႏိုင္တယ္လို႔လည္း အေမရိကန္အရာရွိအမ်ားအျပားက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။အထက္လႊတ္ေတာ္ ကုန္သြယ္ေရးေကာ္မတီဥကၠ႒ Maria Cantwell က 'အေမရိကန္လႊတ္ေတာ္ဟာ ByteDanceကုမၸဏီရဲ႕ TikTokအပ္ပ္ ဒါမွမဟုတ္ အျခားပုဂၢလိက ကုမၸဏီေတြကို အျပစ္ေပးအေရးယူဖို႔ လုပ္ေဆာင္ေနတာမဟုတ္ပါဘူး။ ျပည္ပရန္ဘက္ေတြက သူလွ်ိဴလုပ္တာေတြ၊ေစာင့္ၾကည့္တာေတြ၊အေမရိကန္ႏိုင္ငံသားေတြ၊ အစိုးရဝန္ထမ္းေတြကို ထိခိုက္ေအာင္လုပ္မွာေတြကို တားဆီးဖို႔ ဒီလိုလုပ္ေဆာင္ေနရတာျဖစ္ပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

အဲဒီလုပ္ရပ္နဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရကို ဥပေဒနဲ႔အညီ စိန္ေခၚသြားမယ္လို႔ TikTok က ၿခိမ္းေျခာက္ေျပာဆိုထားတယ္လို႔ သိရပါတယ္။ TikTok စီအီးအို Shou Zi Chew ဟာ အပ္ပ္အသုံးျပဳသူေတြကို မိန႔္ခြန္းေျပာၾကားခဲ့ၿပီး အေမရိကန္ရဲ႕ဥပေဒအသစ္ကို တုံ႔ျပန္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ Shou Zi Chew က 'အမွားေတြ မလုပ္ၾကပါနဲ႔။ ဒါဟာ တားျမစ္ပိတ္ပင္မႈတစ္ခုပဲျဖစ္ပါတယ္။အားလုံးရဲ႕ အခြင့္အေရးအတြက္ တရား႐ုံးမွာ ကြၽန္ေတာ္တို႔ ဆက္လက္တိုက္ပြဲဝင္သြားမွာပါ။ အခ်က္အလက္ေတြနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒက ကြၽန္ေတာ္တို႔ဘက္မွာရွိေနၿပီး ေအာင္ျမင္မႈကို ရမယ္လို႔ ေမွ်ာ္လင့္ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.