တရုတ်အစိုးရက တတိယမြောက်နှင့် အဆင့်အမြင့်ဆုံး လေယာဉ်တင်သင်္ဘောကို စတင်ရေချစမ်းသပ်

 3202

Pika (NP News) - မေ ၁

တရုတ်နိုင်ငံဟာ ၎င်းတို့ရဲ့ တတိယမြောက်နဲ့အဆင့်အမြင့်ဆုံး လေယာဉ်တင်သင်္ဘော Fujian ကို မေလ(၁)ရက်နေ့မှာ ရေချခဲ့ပြီး စမ်းသပ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။

အဲဒီလေယာဉ်တင်သင်္ဘောကို ၂၀၂၂ ခုနှစ် ဇွန်လမှာစတင်ထုတ်ဖော်ပြသခဲ့ပြီးတဲ့နောက်မှာတော့ (၂)နှစ်အကြာမှာ တရုတ်ရေတပ်ဟာ ဒီလိုမျိုးရေချမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းမှာ ဒီဇိုင်းဆွဲတည်ဆောက်ထားတဲ့ Fujian လေယာဉ်တင်သင်္ဘောဟာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ တာဝန်ပေးအပ်ခံခဲ့ရတဲ့ Shandong လေယာဉ်တင်သင်္ဘော၊ ၁၉၉၈ ခုနှစ်မှာ ယူကရိန်းဆီကနေ ဝယ်ယူခဲ့တဲ့ Liaoning လေယာဉ်တင်သင်္ဘောတွေထက် ပိုကြီး၊ ပိုအဆင့်မြင့်တယ်လို့လည်း သိရပါတယ်။ Fujian လေယာဉ်တင်သင်္ဘောရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဒေသတွင်းမှာ စစ်အင်အားကို ကြီးမားအောင်လုပ်ဆောင်လိုနေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Fujian လေယာဉ်တင်သင်္ဘောမှာ တိုက်လေယာဉ်တွေအတွက် အဆင့်မြင့် catapult-launch စနစ်နဲ့အတူ ရှည်လျားတဲ့ ပြေးလမ်းကုန်းပတ်လည်း ပါဝင်တယ်လို့ သိရပါတယ်။Fujian လေယာဉ်တင်သင်္ဘောဟာ ရှန်ဟိုင်းမြို့ Jiangnan သင်္ဘောကျင်းမှာ ရှိနေခဲ့တာဖြစ်ပြီး စမ်းသပ်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ Fujian ကို မေလ(၁)ရက်နေ့မှာ နံနက်(၈)နာရီအချိန်မှာ စတင်ရေချခဲ့တာဖြစ်တယ်လို့ CCTV သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ဒီလေယာဉ်တင်သင်္ဘောကို တရုတ်ရေတပ်မှာ တာဝန်မပေးအပ်ခင် ဒီလိုမျိုးရေချပြီး စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် စမ်းသပ်မှုလုပ်ငန်းစဉ်ဟာ အချိန်(၁)နှစ်ခန့် ကြာမြင့်နိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ Shandong လေယာဉ်တင်သင်္ဘောဟာ တာဝန်မထမ်းဆောင်ခင် ပင်လယ်ပြင်မှာစမ်းသပ်မှု(၉)ကြိမ် လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မှာ Fujian လေယာဉ်တင်သင်္ဘောရဲ့ ရေချစမ်းသပ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

zawgyi version
တ႐ုတ္အစိုးရက တတိယေျမာက္ႏွင့္ အဆင့္အျမင့္ဆုံး ေလယာဥ္တင္သေဘၤာကို စတင္ေရခ်စမ္းသပ္
Pika (NP News) - ေမ ၁

တ႐ုတ္ႏိုင္ငံဟာ ၎တို႔ရဲ႕ တတိယေျမာက္နဲ႔အဆင့္အျမင့္ဆုံး ေလယာဥ္တင္သေဘၤာ Fujian ကို ေမလ(၁)ရက္ေန႔မွာ ေရခ်ခဲ့ၿပီး စမ္းသပ္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာေတြကေဖာ္ျပခဲ့ပါတယ္။

အဲဒီေလယာဥ္တင္သေဘၤာကို ၂၀၂၂ ခုႏွစ္ ဇြန္လမွာစတင္ထုတ္ေဖာ္ျပသခဲ့ၿပီးတဲ့ေနာက္မွာေတာ့ (၂)ႏွစ္အၾကာမွာ တ႐ုတ္ေရတပ္ဟာ ဒီလိုမ်ိဳးေရခ်မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ျပည္တြင္းမွာ ဒီဇိုင္းဆြဲတည္ေဆာက္ထားတဲ့ Fujian ေလယာဥ္တင္သေဘၤာဟာ ၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္းမွာ တာဝန္ေပးအပ္ခံခဲ့ရတဲ့ Shandong ေလယာဥ္တင္သေဘၤာ၊ ၁၉၉၈ ခုႏွစ္မွာ ယူကရိန္းဆီကေန ဝယ္ယူခဲ့တဲ့ Liaoning ေလယာဥ္တင္သေဘၤာေတြထက္ ပိုႀကီး၊ ပိုအဆင့္ျမင့္တယ္လို႔လည္း သိရပါတယ္။ Fujian ေလယာဥ္တင္သေဘၤာရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈဟာ ေဒသတြင္းမွာ စစ္အင္အားကို ႀကီးမားေအာင္လုပ္ေဆာင္လိုေနတဲ့ တ႐ုတ္သမၼတရွီက်င့္ဖ်င္ရဲ႕ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။

Fujian ေလယာဥ္တင္သေဘၤာမွာ တိုက္ေလယာဥ္ေတြအတြက္ အဆင့္ျမင့္ catapult-launch စနစ္နဲ႔အတူ ရွည္လ်ားတဲ့ ေျပးလမ္းကုန္းပတ္လည္း ပါဝင္တယ္လို႔ သိရပါတယ္။Fujian ေလယာဥ္တင္သေဘၤာဟာ ရွန္ဟိုင္းၿမိဳ႕ Jiangnan သေဘၤာက်င္းမွာ ရွိေနခဲ့တာျဖစ္ၿပီး စမ္းသပ္မႈေတြလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ Fujian ကို ေမလ(၁)ရက္ေန႔မွာ နံနက္(၈)နာရီအခ်ိန္မွာ စတင္ေရခ်ခဲ့တာျဖစ္တယ္လို႔ CCTV သတင္းဌာနက ေရးသားေဖာ္ျပထားပါတယ္။ ဒီေလယာဥ္တင္သေဘၤာကို တ႐ုတ္ေရတပ္မွာ တာဝန္မေပးအပ္ခင္ ဒီလိုမ်ိဳးေရခ်ၿပီး စမ္းသပ္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ စမ္းသပ္မႈလုပ္ငန္းစဥ္ဟာ အခ်ိန္(၁)ႏွစ္ခန႔္ ၾကာျမင့္ႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ Shandong ေလယာဥ္တင္သေဘၤာဟာ တာဝန္မထမ္းေဆာင္ခင္ ပင္လယ္ျပင္မွာစမ္းသပ္မႈ(၉)ႀကိမ္ လုပ္ေဆာင္ခဲ့တာလို႔လည္း သိရပါတယ္။ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး တင္းမာမႈေတြျမင့္တက္ေနတဲ့အခ်ိန္မွာ Fujian ေလယာဥ္တင္သေဘၤာရဲ႕ ေရခ်စမ္းသပ္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.