အိန္ဒိယနိုင်ငံ Ladakh ဒေသရှိ ဘုန်းကြီးများနှင့် မွတ်ဆလင်များက ဒေသ၏အခွင့်အလမ်းများအတွက် တောင်းဆိုရင်း ဆန္ဒမဲပေးခဲ့ကြ

 306

ALynn (NP News) - မေ ၂၁

အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာနယ်မြေ Ladakh မှ ဗုဒ္ဓဘာသာဘုန်းကြီးများနှင့် မွတ်ဆလင်များသည် မေလ ၂၀ ရက် (တနင်္လာနေ့)တွင် ဆန္ဒမဲပေးရန် အလှည့်ကြလာပြီး ၎င်းတို့ဒေသ၏ ယဉ်ကျေးမှုများကို အကာအကွယ်ပေးကြရန် ဟိန္ဒူလူမျိုးများအား တောင်းဆိုခဲ့ကြသည်။

မွတ်စလင်များသည် တရုတ်နိုင်ငံနှင့် ပါကစ္စတန်နယ်စပ်ရှိ အေးမြသော သဲကန္တာရဒေသများတွင် နေထိုင်ကြပြီး ဗုဒ္ဓဘာသာဝင် ၄၀ ရာခိုင်နှုန်းခန့် ရှိသည်။ Ladakh သည် နိုင်ငံအတွင်းရှိ ဟိန္ဒူအနည်းဆုံးနယ်မြေများအနက်တစ်ခုဖြစ်သည်။ ဟိန္ဒူအမျိုးသားရေးဝါဒီ၊ အိန္ဒိယ၀န်ကြီးချုပ် မိုဒီအစိုးရသည် ယခုအချိန်အထိ Ladakh ဒေသခံများ၏တောင်းဆိုချက်များကို မဖြည့်ဆည်းနိုင်သေးဘဲ နောက်ထပ်အာဏာရရေးအတွက်သာ အားစိုက်နေခဲ့သည်။ အိန္ဒိယနိုင်ငံနေရာအနှံ့အပြားတွင် အပူလှိုင်းဒဏ်ကို ခံစားနေကြရသော်လည်း Ladakh ဒေသမှာမူ နှင်းများဖုံးလွှမ်းနေသေးကာ ၎င်း၏အဓိကမြို့ဖြစ်သော Leh ရှိ မဲရုံများတွင် ဘုန်းကြီးများအပါအဝင် မဲဆန္ဒရှင်များက မေလ ၂၀ ရက်တွင် စီတန်း မဲပေးခဲ့ကြသည်။

အိမ်နီးချင်းနိုင်ငံများနှင့်ဆင်နွှဲသော တိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် စစ်သားများအတွက် အောက်မေ့ဖွယ်အဖြစ် Leh တွင် ဗုဒ္ဓဘာသာအ ဆောက်အဦများ၊ ဘုန်းကြီးကျောင်းများနှင့် သင်္ကေတများ နေရာအနှံ့တွင် တည်ရှိနေသည်။ အဆိုပါဒေသသည် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နှင့် နယ်စပ်ပဋိပက္ခဖြစ်ပွားချိန်မှစ၍ စစ်ရေးအရ အလွန်အမင်း တင်းမာနေခဲ့သည်။ Ladakh သည် ဆယ်စုနှစ်များစွာကြာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်များဖြစ်သော Jammu နှင့် Kashmir အစိတ်အပိုင်းတွင် ပါဝင်သည်။ ဒေသခံများက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေသဆိုင်ရာ ယဉ်ကျေးမှုကို ကာကွယ်ပေးရန်နှင့် ၎င်း၏ ပျက်စီးလွယ်သော ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရန် အတွက် ကာလရှည်ကြာ တောင်းဆိုခဲ့ကြသည်။ မိုဒီ၏အစိုးရသည် Ladakh အား အိန္ဒိယပိုင်ကက်ရှ်မီးယားဒေသမှ ခွဲထုတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်မူ ၎င်းနယ်မြေနှစ်ခုလုံး၏ တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်လည်ရုတ်သိမ်းကာ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ပြီး တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များသည် မကြာမီတွင် ပိုမိုကောင်းမွန် သောအခွင့်အလမ်းများ ရရှိလာမည်ဟု မျှော်လင့်နေကြသည်။

သို့သော် ဖက်ဒရယ်အစိုးရသည် ဌာနေလူမျိုးစုများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဥပဒေများနှင့် မူဝါဒများချမှတ်နိုင်စေမည့် အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေ ဆဋ္ဌမဇယားတွင် Ladakh ကို ထည့်သွင်းရန် ကတိကဝတ်ကို ယခုထိမဖြည့်ဆည်းရသေးပေ။ မိုဒီ၏ BJP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ် စားလှယ်လောင်းသုံးဦးစလုံးသည် ဒေသ၏ ယဉ်ကျေးမှုနှင့်မြေယာများကို အကာအကွယ်ပေးရန် အပြောင်းအလဲများဖြစ်လာမည်မှာ သေချာကြောင်းကတိပြုခဲ့ကြသည်။

zawgyi version
အိႏၵိယႏိုင္ငံ Ladakh ေဒသရွိ ဘုန္းႀကီးမ်ားႏွင့္ မြတ္ဆလင္မ်ားက ေဒသ၏ အခြင့္အလမ္းမ်ားအတြက္ ေတာင္းဆိုရင္း ဆႏၵမဲေပးခဲ့ၾက
ALynn (NP News) - ေမ ၂၁

အိႏၵိယႏိုင္ငံ၊ ဟိမဝႏၲာနယ္ေျမ Ladakh မွ ဗုဒၶဘာသာဘုန္းႀကီးမ်ားႏွင့္ မြတ္ဆလင္မ်ားသည္ ေမလ ၂၀ ရက္ (တနလၤာေန႔)တြင္ ဆႏၵမဲေပးရန္ အလွည့္ၾကလာၿပီး ၎တို႔ေဒသ၏ ယဥ္ေက်းမႈမ်ားကို အကာအကြယ္ေပးၾကရန္ ဟိႏၵဴလူမ်ိဳးမ်ားအား ေတာင္းဆိုခဲ့ၾကသည္။

မြတ္စလင္မ်ားသည္ တ႐ုတ္ႏိုင္ငံႏွင့္ ပါကစၥတန္နယ္စပ္ရွိ ေအးျမေသာ သဲကႏၲာရေဒသမ်ားတြင္ ေနထိုင္ၾကၿပီး ဗုဒၶဘာသာဝင္ ၄၀ ရာခိုင္ႏႈန္းခန႔္ ရွိသည္။ Ladakh သည္ ႏိုင္ငံအတြင္းရွိ ဟိႏၵဴအနည္းဆုံးနယ္ေျမမ်ားအနက္တစ္ခုျဖစ္သည္။ ဟိႏၵဴအမ်ိဳးသားေရးဝါဒီ၊ အိႏၵိယ၀န္ႀကီးခ်ဳပ္ မိုဒီအစိုးရသည္ ယခုအခ်ိန္အထိ Ladakh ေဒသခံမ်ား၏ေတာင္းဆိုခ်က္မ်ားကို မျဖည့္ဆည္းႏိုင္ေသးဘဲ ေနာက္ထပ္အာဏာရေရးအတြက္သာ အားစိုက္ေနခဲ့သည္။ အိႏၵိယႏိုင္ငံေနရာအႏွံ႔အျပားတြင္ အပူလႈိင္းဒဏ္ကို ခံစားေနၾကရေသာ္လည္း Ladakh ေဒသမွာမူ ႏွင္းမ်ားဖုံးလႊမ္းေနေသးကာ ၎၏အဓိကၿမိဳ႕ျဖစ္ေသာ Leh ရွိ မဲ႐ုံမ်ားတြင္ ဘုန္းႀကီးမ်ားအပါအဝင္ မဲဆႏၵရွင္မ်ားက ေမလ ၂၀ ရက္တြင္ စီတန္း မဲေပးခဲ့ၾကသည္။

အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ဆင္ႏႊဲေသာ တိုက္ပြဲမ်ားအတြင္း က်ဆုံးခဲ့သည့္ စစ္သားမ်ားအတြက္ ေအာက္ေမ့ဖြယ္အျဖစ္ Leh တြင္ ဗုဒၶဘာသာအ ေဆာက္အဦမ်ား၊ ဘုန္းႀကီးေက်ာင္းမ်ားႏွင့္ သေကၤတမ်ား ေနရာအႏွံ႔တြင္ တည္ရွိေနသည္။ အဆိုပါေဒသသည္ ၂၀၂၀ ျပည့္ႏွစ္တြင္ တ႐ုတ္ႏွင့္ နယ္စပ္ပဋိပကၡျဖစ္ပြားခ်ိန္မွစ၍ စစ္ေရးအရ အလြန္အမင္း တင္းမာေနခဲ့သည္။ Ladakh သည္ ဆယ္စုႏွစ္မ်ားစြာၾကာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ျပည္နယ္မ်ားျဖစ္ေသာ Jammu ႏွင့္ Kashmir အစိတ္အပိုင္းတြင္ ပါဝင္သည္။ ေဒသခံမ်ားက ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ေဒသဆိုင္ရာ ယဥ္ေက်းမႈကို ကာကြယ္ေပးရန္ႏွင့္ ၎၏ ပ်က္စီးလြယ္ေသာ ပတ္ဝန္းက်င္ကို ထိန္းသိမ္းေပးရန္ အတြက္ ကာလရွည္ၾကာ ေတာင္းဆိုခဲ့ၾကသည္။ မိုဒီ၏အစိုးရသည္ Ladakh အား အိႏၵိယပိုင္ကက္ရွ္မီးယားေဒသမွ ခြဲထုတ္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္မူ ၎နယ္ေျမႏွစ္ခုလုံး၏ တစ္စိတ္တစ္ပိုင္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို ျပန္လည္႐ုတ္သိမ္းကာ ျပည္ေထာင္စုနယ္ေျမအျဖစ္ သတ္မွတ္ၿပီး တိုက္႐ိုက္အုပ္ခ်ဳပ္ခဲ့သည္။ ထို႔ေၾကာင့္ ဗုဒၶဘာသာဝင္မ်ားသည္ မၾကာမီတြင္ ပိုမိုေကာင္းမြန္ ေသာအခြင့္အလမ္းမ်ား ရရွိလာမည္ဟု ေမွ်ာ္လင့္ေနၾကသည္။

သို႔ေသာ္ ဖက္ဒရယ္အစိုးရသည္ ဌာေနလူမ်ိဳးစုမ်ားအေနျဖင့္ ၎တို႔၏ ကိုယ္ပိုင္ဥပေဒမ်ားႏွင့္ မူဝါဒမ်ားခ်မွတ္ႏိုင္ေစမည့္ အိႏၵိယဖြဲ႕စည္းပုံ အေျခခံဥပေဒ ဆ႒မဇယားတြင္ Ladakh ကို ထည့္သြင္းရန္ ကတိကဝတ္ကို ယခုထိမျဖည့္ဆည္းရေသးေပ။ မိုဒီ၏ BJP ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္ေသာ ကိုယ္ စားလွယ္ေလာင္းသုံးဦးစလုံးသည္ ေဒသ၏ ယဥ္ေက်းမႈႏွင့္ေျမယာမ်ားကို အကာအကြယ္ေပးရန္ အေျပာင္းအလဲမ်ားျဖစ္လာမည္မွာ ေသခ်ာေၾကာင္းကတိျပဳခဲ့ၾကသည္။

Related news

© 2021. All rights reserved.