တက္ကစီတစ်စီးပေါ်၌ ဓားဒဏ်ရာဖြင့်သေဆုံးနေသည့် ယာဉ်မောင်းအမျိုးသားတစ်ဦးကို တာမွေအဝိုင်းအနီး၌တွေ့ရှိ

 2466

Pearl (NP News) - ဧပြီ ၂၅

တာမွေအဝိုင်းအနီးတွင် တက္ကစီတစ်စီးပေါ်၌ ဓားဒဏ်ရာဖြင့်သေဆုံးနေသည့် ယာဉ်မောင်းအမျိုးသားတစ်ဦးကိုတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါအလောင်းကို ယမန်နေ့(ဧပြီလ ၂၄ ရက်)၊ ည(၁၀) နာရီခန့်တွင် ရန်ကုန်တိုင်း၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ၁၆၄ လမ်းထိပ်၊ Y တံတားအောက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတံတားအောက်တွင် Toyota Passo အမျိုးအစား အငှားယာဥ်ပေါ်၌ အသက်(၅၀) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဓားဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

"ဖြစ်စဉ်ကတော့ ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး ။ ကျွန်မတို့ရောက်သွားတော့ လူနာက ဆုံးနေပြီ။ ဓားဒဏ်ရာကတော့ တစ်ချက်ပါ"ဟု မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့(MMRO)မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။

သေဆုံးသူသည် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး လက်ရှိတွင် ၎င်းရုပ်အလောင်းကို င်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ ယာဉ်မောင်းအား ဓားဖြင့်ထိုး၍ Taxi လုယက်မှုဖြစ်စဉ်များသည်လည်း မကြာခဏ ဖြစ်ပွားလာသည်ကို တွေ့ရှိနေရသည်။

zawgyi version
တကၠစီတစ္စီးေပၚ၌ ဓားဒဏ္ရာျဖင့္ေသဆုံးေနသည့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးကို တာေမြအဝိုင္းအနီး၌ေတြ႕ရွိ
Pearl (NP News) - ဧၿပီ ၂၅

တာေမြအဝိုင္းအနီးတြင္ တကၠစီတစ္စီးေပၚ၌ ဓားဒဏ္ရာျဖင့္ေသဆုံးေနသည့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးကိုေတြ႕ရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အဆိုပါအေလာင္းကို ယမန္ေန႔(ဧၿပီလ ၂၄ ရက္)၊ ည(၁၀) နာရီခန္႔တြင္ ရန္ကုန္တိုင္း၊ တာေမြႀကီး(ခ)ရပ္ကြက္၊ အေရွ႕ျမင္းၿပိဳင္ကြင္းလမ္း၊ ၁၆၄ လမ္းထိပ္၊ Y တံတားေအာက္တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ ၎တံတားေအာက္တြင္ Toyota Passo အမ်ိဳးအစား အငွားယာဥ္ေပၚ၌ အသက္(၅၀) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ ဓားဒဏ္ရာတစ္ခ်က္ျဖင့္ ေသဆုံးေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ျဖစ္စဥ္ကေတာ့ ဘယ္လိုျဖစ္သြားလဲေတာ့ မသိဘူး ။ ကြၽန္မတို႔ေရာက္သြားေတာ့ လူနာက ဆုံးေနၿပီ။ ဓားဒဏ္ရာကေတာ့ တစ္ခ်က္ပါ"ဟု ျမန္မာမြတ္စလင္မ္ပရဟိတအဖြဲ႕(MMRO)မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။

ေသဆုံးသူသည္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ ေနထိုင္သူျဖစ္ၿပီး လက္ရွိတြင္ ၎႐ုပ္အေလာင္းကို ဃၤန္းကြၽန္းၿမိဳ႕နယ္ စံျပေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။ လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၌ ယာဥ္ေမာင္းအား ဓားျဖင့္ထိုး၍ Taxi လုယက္မႈျဖစ္စဥ္မ်ားသည္လည္း မၾကာခဏ ျဖစ္ပြားလာသည္ကို ေတြ႕ရွိေနရသည္။

Related news

© 2021. All rights reserved.